【 အနုပညာ 】“ဆိုးပေ”ဇာတ်လမ်းတွဲအတွက် ပြင်ဆင်နေတဲ့ သရုပ်ဆောင် သဇင်ထူးမြင့်

【  အနုပညာ  】“ဆိုးပေ”ဇာတ်လမ်းတွဲအတွက် ပြင်ဆင်နေတဲ့ သရုပ်ဆောင် သဇင်ထူးမြင့်

ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ခင်လှိုင်ရဲ့ သမီးဖြစ်သူ သရုပ်ဆောင် သဇင်ထူးမြင့်ဟာ မကြာခင်မှာ ရိုက်ကူးသွားမယ့် “ဆိုးပေ” ဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ စီစဉ်မှုတွေကိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဒီကားမှာသရုပ်ဆောင်ရမယ့် ကာရိုက်တာနေရာက ဖေဖေရွေးပေးထားတာပါ၊ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစား သွားပါ့မယ်၊ မရိုက်ခင် ကိုယ်လုပ်ရမယ့်ကာရိုက်တာအတွက် ကြိုးစားလေ့ကျင့်နေပါတယ်၊ ဒီကားလေမှာက ဖေဖေနဲ့ အတူတူရိုက်ရမှာဆိုတော့ ဘဝအတွက်လည်း အမှတ်တရဖြစ်စေမယ့်ဇာတ်ကားလေးပါပဲ၊ ရိုက်မယ့် Location နေရာ တွေကိုလည်း ခဏခဏသွားဖြစ်တယ်၊ အသေးစိတ်ကိုတော့ ပြင်ဆင်ထားတယ်”လို့ သရုပ်ဆောင် သဇင်ထူးမြင့်က ရှင်းပြပါတယ်။ အဆိုပါ ဇာတ်ကားမှာ သူမနဲ့အတူ သရုပ်ဆောင် ပိုင်ဖြိုးသုလည်းပါဝင်ကာ ယောက်မပုံစံအဖြစ်နဲ့ အပြိုင်ဇာတ်မျိုးသရုပ်ဆောင်ရမှာဖြစ်ကြောင်း၊ မြန်မာ့ ၁၂ လရာသီ ပွဲတော်တွေကို အခြေခံပြီးရိုက်ကူးမှာ ဖြစ်တဲ့အတွက် ကလေးတွေလည်း ပါဝင်မှာဖြစ်သလို ကြည့်ရှုသူတွေအတွက် ပျော်ရွှင် ကြည်နူးဖွယ်ရာ ရသမျိုးပေးစွမ်း နိုင်မယ့် ဇာတ်ကားအဖြစ် မျှောင့်ထားကြောင်း၊ ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးမှာဖြစ်တာကြောင့် အပိုင်းလိုက် အချိတ်ဆက် မိမိဖြစ်စေရန် သရုပ်ဆောင်မှုတွေကို ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“အစတုန်းကတော့ ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းကိုဖေဖေလုပ်နေတဲ့အချိန်မှာ ဒီကားထဲပါရမယ်ဆိုတာ မသိခဲ့ဘူး၊ ဒါပေမဲ့ ဖေဖေက ဘယ်နေရာလေးမှာ ဝင်ပါပါလို့ပြောတော့ အရမ်းကိုပျော်ရွှင်မိတယ်၊ အရမ်းလည်း ကြိုးစားဖို့ ခွန်အားတွေဖြစ်စေပါတယ်”လို့ သူမက ဆက်လက်ရှင်းပြပါတယ်။ အခုဇာတ်ကားမှာ သူမသရုပ်ဆောင်ရမယ့် ကာရိုက်တာဟာ သူမအနေနဲ့မလုပ်ဖူးတဲ့ ကာရိုက်တာ ပုံစံမျိုးဖြစ်တဲ့အတွက် ရင်ခုန်မိသော်လည်း အကောင်းဆုံး ဖြစ်စေနိုင်ဖို့ အဖန်တလဲလဲကြိုတင်ကြိုးစားနေတယ်လို့ သိရပါတယ်။

 အဲ့ဒီဇာတ်ကားမှာ ထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ ပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်မွှေး၊ Gဆိုင်းဂျာ၊ အံ့မင်းညို တို့ အပြင် ကလေးသရုပ်ဆောင်တွေကိုလည်း အများကြီးသုံးစွဲမှာဖြစ်သလို ကျေးလက်ပုံစံကို အခြေခံကာ ရိုက်ကွင်းဖွဲ့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဩဂုတ် ၁၂

(  Zawgyi  )

 

 ဝါရင့္သ႐ုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ ခင္လႈိင္ရဲ႕ သမီးျဖစ္သူ သ႐ုပ္ေဆာင္ သဇင္ထူးျမင့္ဟာ မၾကာခင္မွာ ႐ိုက္ကူးသြားမယ့္ “ဆိုးေပ” ဇာတ္လမ္းတြဲနဲ႔ ပတ္သက္တဲ့ စီစဥ္မႈေတြကိုလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“ဒီကားမွာသ႐ုပ္ေဆာင္ရမယ့္ ကာ႐ိုက္တာေနရာက ေဖေဖေ႐ြးေပးထားတာပါ၊ အေကာင္းဆုံးျဖစ္ေအာင္ေတာ့ ႀကိဳးစား သြားပါ့မယ္၊ မ႐ိုက္ခင္ ကိုယ္လုပ္ရမယ့္ကာ႐ိုက္တာအတြက္ ႀကိဳးစားေလ့က်င့္ေနပါတယ္၊ ဒီကားေလမွာက ေဖေဖနဲ႔ အတူတူ႐ိုက္ရမွာဆိုေတာ့ ဘဝအတြက္လည္း အမွတ္တရျဖစ္ေစမယ့္ဇာတ္ကားေလးပါပဲ၊ ႐ိုက္မယ့္ Location ေနရာ ေတြကိုလည္း ခဏခဏသြားျဖစ္တယ္၊ အေသးစိတ္ကိုေတာ့ ျပင္ဆင္ထားတယ္”လို႔ သ႐ုပ္ေဆာင္ သဇင္ထူးျမင့္က ရွင္းျပပါတယ္။ အဆိုပါ ဇာတ္ကားမွာ သူမနဲ႔အတူ သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသုလည္းပါဝင္ကာ ေယာက္မပုံစံအျဖစ္နဲ႔ အၿပိဳင္ဇာတ္မ်ိဳးသ႐ုပ္ေဆာင္ရမွာျဖစ္ေၾကာင္း၊ ျမန္မာ့ ၁၂ လရာသီ ပြဲေတာ္ေတြကို အေျခခံၿပီး႐ိုက္ကူးမွာ ျဖစ္တဲ့အတြက္ ကေလးေတြလည္း ပါဝင္မွာျဖစ္သလို ၾကည့္ရႈသူေတြအတြက္ ေပ်ာ္႐ႊင္ ၾကည္ႏူးဖြယ္ရာ ရသမ်ိဳးေပးစြမ္း ႏိုင္မယ့္ ဇာတ္ကားအျဖစ္ ေမွ်ာင့္ထားေၾကာင္း၊ ဇာတ္လမ္းတြဲအျဖစ္႐ိုက္ကူးမွာျဖစ္တာေၾကာင့္ အပိုင္းလိုက္ အခ်ိတ္ဆက္ မိမိျဖစ္ေစရန္ သ႐ုပ္ေဆာင္မႈေတြကို ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

“အစတုန္းကေတာ့ ဒီဇာတ္ကားအတြက္ ဇာတ္ၫႊန္းကိုေဖေဖလုပ္ေနတဲ့အခ်ိန္မွာ ဒီကားထဲပါရမယ္ဆိုတာ မသိခဲ့ဘူး၊ ဒါေပမဲ့ ေဖေဖက ဘယ္ေနရာေလးမွာ ဝင္ပါပါလို႔ေျပာေတာ့ အရမ္းကိုေပ်ာ္႐ႊင္မိတယ္၊ အရမ္းလည္း ႀကိဳးစားဖို႔ ခြန္အားေတြျဖစ္ေစပါတယ္”လို႔ သူမက ဆက္လက္ရွင္းျပပါတယ္။ အခုဇာတ္ကားမွာ သူမသ႐ုပ္ေဆာင္ရမယ့္ ကာ႐ိုက္တာဟာ သူမအေနနဲ႔မလုပ္ဖူးတဲ့ ကာ႐ိုက္တာ ပုံစံမ်ိဳးျဖစ္တဲ့အတြက္ ရင္ခုန္မိေသာ္လည္း အေကာင္းဆုံး ျဖစ္ေစႏိုင္ဖို႔ အဖန္တလဲလဲႀကိဳတင္ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

 အဲ့ဒီဇာတ္ကားမွာ ထြန္းထြန္း၊ ထြန္းဝီရ၊ ေနာင္ထူး၊ ပိုင္ၿဖိဳးသု၊ သဇင္ထူးျမင့္၊ ေဇာ္ဝင္းႏိုင္၊ ခင္လႈိင္၊ တကၠသိုလ္ဂြမ္းပုံ၊ နန္းခင္ေမႊး၊ Gဆိုင္းဂ်ာ၊ အံ့မင္းညိဳ တို႔ အျပင္ ကေလးသ႐ုပ္ေဆာင္ေတြကိုလည္း အမ်ားႀကီးသုံးစြဲမွာျဖစ္သလို ေက်းလက္ပုံစံကို အေျခခံကာ ႐ိုက္ကြင္းဖြဲ႕ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဩဂုတ္ ၁၂