【 အနုပညာ 】 အမေရိကန် နာမည်ကြီးအဆိုတော် Daniel Johnston အသက် ၅၈ နှစ်မှာ ကွယ်လွန်

【 အနုပညာ 】 အမေရိကန် နာမည်ကြီးအဆိုတော် Daniel Johnston အသက် ၅၈ နှစ်မှာ ကွယ်လွန်

အမေရိကန်မှာ လွှမ်းမိုးမှုအရှိဆုံး ဂီတပညာရှင်တွေထဲ တစ်ဦးဖြစ်တဲ့ Daniel Johnston ဟာ တက္ကဆက်နေအိမ်မှာ စက်တင်ဘာ ၁၁ ရက်ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ သေရိုးသေစဉ် ဓမ္မတာအတိုင်း သေဆုံးတာလို့ မိသားစုက ထုတ်ပြန်ပြီး၊ ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်အခြေအနေ ဆိုးရွားလာလို့ မကြာသေးခင်လပိုင်းအတွင်း မကြာခဏ ဆေးရုံတက်ရတယ်လို့ အစ်ကိုဖြစ်သူက ပြောပါတယ်။ဒီလိုဆိုပေမဲ့ သူမသေခင် တစ်နေ့ကအထိ အကောင်းအတိုင်းတွေ့ရလို့ ဒီလိုဖြစ်မယ် မမျှော်လင့်ဘူးလို့လည်း ဆိုပါတယ်။Daniel ကွယ်လွန်တဲ့ သတင်းကြောင့် ဆိုရှယ်မီဒီယာတွေမှာ အနုပညာလောကသားတွေရဲ့ ဝမ်းနည်းစကားသံတွေ ပျံ့လွင့်နေပါတယ်။သူဟာ ပရိသတ်အားပေးမှုတင်မက အနုပညာလောက မောင်နှမတွေရဲ့ လေးစားချစ်ခင်မှုနဲ့ အားကျမှုတွေကိုပါ ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။

Duglas T Stewartက ‘ကျွန်တော် ဒီသတင်းကြားရတာ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။Daniel က ကျွန်တော့်ဘဝမှာ အကြိုက်ဆုံး ပေါ့ပ်တေးရေးဆရာ တစ်ယောက်ပါ။သူ့သီချင်းတွေက ရိုးသားမှု၊ ဟာသ၊ အလွမ်း၊ သံစဉ်ကောင်းတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်တယ်’ လို့ ရေးတင်ထားပါတယ်။

အလားတူ Lord of the Rings သရုပ်ဆောင် Elijah Wood ၊ တေးရေး/တေးဆို Beck အပါအဝင် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ Jon Ronson တို့ကလည်း ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။

Daniel Jonston ကို ၁၉၆၁ ခုနှစ်က အနောက်ဗာဂျီးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဂီတလောကထဲ စတင်ဝင်ရောက်ခဲ့ပါတယ်။အများနဲ့မတူ ထူးဆန်းတာကတော့ သူ့အိမ်မှာသွင်းထားတဲ့ သီချင်းတိတ်ခွေတွေကို လမ်းသွားလမ်းလာတွေကို ဝေပေးရာကနေ နာမည်ရလာခဲ့တာပဲ ဖြစ်ပါတယ်။

သူ့အကြောင်း ဖြစ်ရပ်မှန်တွေ ရိုက်ကူးထားတဲ့ ၂၀၀၅ ခုနှစ် The Devil and Daniel Johnston မှတ်တမ်းရုပ်ရှင်ဟာဆိုရင်လည်း အဲဒီနှစ်ရဲ့ Sundance ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

ရည်မွန်
တက္ကဆက်၊ စက်တင်ဘာ - ၁၃
Ref : Telegraph

( Zawgyi )

အေမရိကန္မွာ လႊမ္းမိုးမႈအရွိဆုံး ဂီတပညာရွင္ေတြထဲ တစ္ဦးျဖစ္တဲ့ Daniel Johnston ဟာ တကၠဆက္ေနအိမ္မွာ စက္တင္ဘာ ၁၁ ရက္ကပဲ ကြယ္လြန္သြားခဲ့ပါတယ္။

သူဟာ ေသ႐ိုးေသစဥ္ ဓမၼတာအတိုင္း ေသဆုံးတာလို႔ မိသားစုက ထုတ္ျပန္ၿပီး၊ ကြယ္လြန္ခ်ိန္မွာ အသက္ ၅၈ ႏွစ္ရွိၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

ေက်ာက္ကပ္အေျခအေန ဆိုး႐ြားလာလို႔ မၾကာေသးခင္လပိုင္းအတြင္း မၾကာခဏ ေဆး႐ုံတက္ရတယ္လို႔ အစ္ကိုျဖစ္သူက ေျပာပါတယ္။ဒီလိုဆိုေပမဲ့ သူမေသခင္ တစ္ေန႔ကအထိ အေကာင္းအတိုင္းေတြ႕ရလို႔ ဒီလိုျဖစ္မယ္ မေမွ်ာ္လင့္ဘူးလို႔လည္း ဆိုပါတယ္။Daniel ကြယ္လြန္တဲ့ သတင္းေၾကာင့္ ဆိုရွယ္မီဒီယာေတြမွာ အႏုပညာေလာကသားေတြရဲ႕ ဝမ္းနည္းစကားသံေတြ ပ်ံ႕လြင့္ေနပါတယ္။သူဟာ ပရိသတ္အားေပးမႈတင္မက အႏုပညာေလာက ေမာင္ႏွမေတြရဲ႕ ေလးစားခ်စ္ခင္မႈနဲ႔ အားက်မႈေတြကိုပါ ပိုင္ဆိုင္သူလည္း ျဖစ္ပါတယ္။

Duglas T Stewartက ‘ကြၽန္ေတာ္ ဒီသတင္းၾကားရတာ အရမ္းစိတ္မေကာင္းျဖစ္ရပါတယ္။Daniel က ကြၽန္ေတာ့္ဘဝမွာ အႀကိဳက္ဆုံး ေပါ့ပ္ေတးေရးဆရာ တစ္ေယာက္ပါ။သူ႔သီခ်င္းေတြက ႐ိုးသားမႈ၊ ဟာသ၊ အလြမ္း၊ သံစဥ္ေကာင္းေတြနဲ႔ ပရိသတ္ကို ဖမ္းစားႏိုင္တယ္’ လို႔ ေရးတင္ထားပါတယ္။

အလားတူ Lord of the Rings သ႐ုပ္ေဆာင္ Elijah Wood ၊ ေတးေရး/ေတးဆို Beck အပါအဝင္ မွတ္တမ္း႐ုပ္ရွင္ဒါ႐ိုက္တာ Jon Ronson တို႔ကလည္း ဝမ္းနည္းစကား ဆိုခဲ့ပါတယ္။

Daniel Jonston ကို ၁၉၆၁ ခုႏွစ္က အေနာက္ဗာဂ်ီးနီးယားျပည္နယ္မွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။၁၉၇၀ ျပည့္လြန္ႏွစ္ေတြမွာ ဂီတေလာကထဲ စတင္ဝင္ေရာက္ခဲ့ပါတယ္။အမ်ားနဲ႔မတူ ထူးဆန္းတာကေတာ့ သူ႔အိမ္မွာသြင္းထားတဲ့ သီခ်င္းတိတ္ေခြေတြကို လမ္းသြားလမ္းလာေတြကို ေဝေပးရာကေန နာမည္ရလာခဲ့တာပဲ ျဖစ္ပါတယ္။

သူ႔အေၾကာင္း ျဖစ္ရပ္မွန္ေတြ ႐ိုက္ကူးထားတဲ့ ၂၀၀၅ ခုႏွစ္ The Devil and Daniel Johnston မွတ္တမ္း႐ုပ္ရွင္ဟာဆိုရင္လည္း အဲဒီႏွစ္ရဲ႕ Sundance ႐ုပ္ရွင္ပြဲေတာ္မွာ အေကာင္းဆုံးဒါ႐ိုက္တာဆု ဆြတ္ခူးရရွိခဲ့ပါတယ္။

ရည္မြန္
တကၠဆက္၊ စက္တင္ဘာ - ၁၃
Ref : Telegraph