【 အနုပညာ 】 COVID ကာလထဲ ရိုက်ကူးရေးတွေဆက်တိုက်လုပ်ရတဲ့ ဝါဝါအောင်

【  အနုပညာ  】 COVID ကာလထဲ ရိုက်ကူးရေးတွေဆက်တိုက်လုပ်ရတဲ့ ဝါဝါအောင်

အခုလို COVID 19 ကာလထဲမှာ သရုပ်ဆောင် ဝါဝါအောင်ဟာ ကြော်ငြာတွေအပါအဝင် ရိုက်ကူးရေးတွေကို ဆက်တိုက် လုပ်လာရတယ်လို့ သိရပါတယ်။

“အစ်မက ဘုရားတရားကျေးဇူးကြောင့်ထင်တယ်၊ အလုပ်ကလေးတွေတော့ မပြတ်ဘူး၊ ပရိသတ်တွေ ချစ်ခင်အားပေးနေတဲ့ အပေါ်မှာလည်း ကျေးဇူးတင်ရပါတယ်၊ ဘုရားရှိခိုးတိုင်းလည်း ပရိသတ်တွေကို မေတ္တာပို့ပါတယ်”လို့ ၎င်းက ရှင်းပြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကြော်ငြာတွေ ရိုက်ခဲ့ရသလို ဒါရိုက်တာ ကိုသားကြီးရိုက်ကူးနေတဲ့ “ကြေကွဲမိုးတိမ်” ဇာတ်ကား ထဲမှာလည်း ပါဝင်သရုပ်ဆောင်နေရကြောင်း၊ ဇန်နဝါရီ ၂၆ ရက်ကလည်း သရုပ်ဆောင် ဖြူဖြူထွေး ဦးဆောင်ရိုက်ကူးတဲ့ သမာဓိချိန်ခွင်ကြော်ငြာအတွက်လည်း သရုပ်ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

“ကြော်ငြာရိုက်တဲ့အတွက် အနုပညာကြေးရယ် ဆန်ဆီနဲ့ တခြားလက်ဆောင်တွေ ကန်တော့ပါတယ်၊ ကန်တော့တဲ့ ဆန်က လည်း ပေါ်ဆန်းမွှေး အကောင်းစားဆိုတော့ “ဝ”မှာ ကြောက်လို့ အခြားဆန်နဲ့ ရောပြီးစားမယ်လေ၊ တခြားအလှူတွေက နေရတဲ့ ဆန်ဆီနဲ့ စားစရာတွေများနေတဲ့ အခါကျတော့  အဆင်မပြေတဲ့သူတွေကို ပြန်လှူတာတော့ရှိပါတယ်”လို့ ၎င်းက ရှင်းပြပါတယ်။

 သရုပ်ဆောင် ဖြူဖြူထွေး ဦးဆောင်ရိုက်ကူးတဲ့ သမာဓိချိန်ခွင်ကြော်ငြာမှာ ဟာသသရုပ်ဆောင် ဦးချစ်စရာနဲ့အတူ သရုပ်ဆောင်ခဲ့ရသလို “ကြေကွဲမိုးတိမ်”ဇာတ်ကားမှာ သရုပ်ဆောင် မင်းသွေးခန့်ရဲ့ မိခင်နေရာက သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိရိုက်ကူးနေတဲ့ “ရေနံ့သာခင်ခင်ကြီး”ဇာတ်လမ်းတွဲမှာ ခင်ခင်ကြီးရဲ့ငယ်ဘဝအဖြစ် သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် ဝေလာရီရဲ့ အဖွားနေရာက သရုပ်ဆောင်နေရသလို တခြားသော ကြော်ငြာလေးတွေလည်း ကမ်းလှမ်းလာတာ တွေရှိသေးတယ်လို့ သိရပါတယ်။

“အကောင်းဆုံးကတော့ ဘုရားတရားကို လေးလေးစားစားယုံယုံကြည်ကြည်နဲ့ လုပ်သင့်တယ်ထင်တယ်၊ ဒါကြောင့်လည်း အခက်အခဲတွေဖြစ်နေတဲ့အချိန်မှာ ဘုရားတန်ခိုးနဲ့ အဆင်ပြေခဲ့တယ်လို့ယုံကြည်မိတယ်”လို့ ၎င်းက ဆက်လက်ပြောကြား ခဲ့ပါတယ်။

မင်းခေတ်လင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၈

(  Zawgyi  )

 အခုလို COVID 19 ကာလထဲမွာ သ႐ုပ္ေဆာင္ ဝါဝါေအာင္ဟာ ေၾကာ္ျငာေတြအပါအဝင္ ႐ိုက္ကူးေရးေတြကို ဆက္တိုက္ လုပ္လာရတယ္လို႔ သိရပါတယ္။

“အစ္မက ဘုရားတရားေက်းဇူးေၾကာင့္ထင္တယ္၊ အလုပ္ကေလးေတြေတာ့ မျပတ္ဘူး၊ ပရိသတ္ေတြ ခ်စ္ခင္အားေပးေနတဲ့ အေပၚမွာလည္း ေက်းဇူးတင္ရပါတယ္၊ ဘုရားရွိခိုးတိုင္းလည္း ပရိသတ္ေတြကို ေမတၱာပို႔ပါတယ္”လို႔ ၎က ရွင္းျပပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ေၾကာ္ျငာေတြ ႐ိုက္ခဲ့ရသလို ဒါ႐ိုက္တာ ကိုသားႀကီး႐ိုက္ကူးေနတဲ့ “ေၾကကြဲမိုးတိမ္” ဇာတ္ကား ထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနရေၾကာင္း၊ ဇန္နဝါရီ ၂၆ ရက္ကလည္း သ႐ုပ္ေဆာင္ ျဖဴျဖဴေထြး ဦးေဆာင္႐ိုက္ကူးတဲ့ သမာဓိခ်ိန္ခြင္ေၾကာ္ျငာအတြက္လည္း သ႐ုပ္ေဆာင္ေပးခဲ့ရတယ္လို႔ သိရပါတယ္။

“ေၾကာ္ျငာ႐ိုက္တဲ့အတြက္ အႏုပညာေၾကးရယ္ ဆန္ဆီနဲ႔ တျခားလက္ေဆာင္ေတြ ကန္ေတာ့ပါတယ္၊ ကန္ေတာ့တဲ့ ဆန္က လည္း ေပၚဆန္းေမႊး အေကာင္းစားဆိုေတာ့ “ဝ”မွာ ေၾကာက္လို႔ အျခားဆန္နဲ႔ ေရာၿပီးစားမယ္ေလ၊ တျခားအလႉေတြက ေနရတဲ့ ဆန္ဆီနဲ႔ စားစရာေတြမ်ားေနတဲ့ အခါက်ေတာ့  အဆင္မေျပတဲ့သူေတြကို ျပန္လႉတာေတာ့ရွိပါတယ္”လို႔ ၎က ရွင္းျပပါတယ္။

 သ႐ုပ္ေဆာင္ ျဖဴျဖဴေထြး ဦးေဆာင္႐ိုက္ကူးတဲ့ သမာဓိခ်ိန္ခြင္ေၾကာ္ျငာမွာ ဟာသသ႐ုပ္ေဆာင္ ဦးခ်စ္စရာနဲ႔အတူ သ႐ုပ္ေဆာင္ခဲ့ရသလို “ေၾကကြဲမိုးတိမ္”ဇာတ္ကားမွာ သ႐ုပ္ေဆာင္ မင္းေသြးခန႔္ရဲ႕ မိခင္ေနရာက သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ လက္ရွိ႐ိုက္ကူးေနတဲ့ “ေရနံ႔သာခင္ခင္ႀကီး”ဇာတ္လမ္းတြဲမွာ ခင္ခင္ႀကီးရဲ႕ငယ္ဘဝအျဖစ္ သ႐ုပ္ေဆာင္ေနတဲ့ သ႐ုပ္ေဆာင္ ေဝလာရီရဲ႕ အဖြားေနရာက သ႐ုပ္ေဆာင္ေနရသလို တျခားေသာ ေၾကာ္ျငာေလးေတြလည္း ကမ္းလွမ္းလာတာ ေတြရွိေသးတယ္လို႔ သိရပါတယ္။

“အေကာင္းဆုံးကေတာ့ ဘုရားတရားကို ေလးေလးစားစားယုံယုံၾကည္ၾကည္နဲ႔ လုပ္သင့္တယ္ထင္တယ္၊ ဒါေၾကာင့္လည္း အခက္အခဲေတြျဖစ္ေနတဲ့အခ်ိန္မွာ ဘုရားတန္ခိုးနဲ႔ အဆင္ေျပခဲ့တယ္လို႔ယုံၾကည္မိတယ္”လို႔ ၎က ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

မင္းေခတ္လင္း

ရန္ကုန္၊ ဇန္နဝါရီ ၂၈