【 အနုပညာ 】COVID ကာလအတွင်းရိုက်ကူးမယ့် “ကြေကွဲမိုးတိမ်” ဇာတ်ကား ကန်တော့ပွဲပေး

【 အနုပညာ  】COVID ကာလအတွင်းရိုက်ကူးမယ့် “ကြေကွဲမိုးတိမ်” ဇာတ်ကား ကန်တော့ပွဲပေး

ယခုလို COVID 19 ကာလထဲမှာ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ ရိုက်ကူးသွားဖို့ ပြင်ဆင်ထားတဲ့ “ကြေကွဲမိုးတိမ်”လို့ နာမည်ရတဲ့ ဇာတ်ကားအတွက် ကန်တော့ပွဲပေးတဲ့အခမ်းအနားတစ်ရပ်ကို ဒီကနေ့ (ဇန်နဝါရီ ၂၄ရက်) မနက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ရွှေနားပန်ဘုရားမှာကျင်းပခဲ့ကြပါတယ်။
 
အဆိုပါ ဇာတ်ကားကို Bo Bo entertainment က ထုတ်လုပ်ပြီး ဒါရိုက်တာ သားကြီးက ရိုက်ကူးမှာဖြစ်သလို သရုပ်ဆောင်တွေအဖြစ် မင်းသွေးခန့်၊ နန်းဆုရတီစိုး၊ ဟန်တီ၊ ချစ်စနိုးဆု၊ ဝါဝါအောင် တို့အပြင် သရုပ်ဆောင် များစွာလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
 
 “မနန်းဆု နဲ့ Music Video ရိုက်ဖူးတယ်၊ ဟန်တီ တို့နဲ့လည်း Casting ဝင်ရင်း ရင်းနှီးနေပါပြီ၊ အခုဒီ ကျွန်တော့်ပထမဆုံးကားမှာ ပရိသတ်လက်ခံလာအောင် ဒါရိုက်တာ ကိုသားကြီးကလည်း အကောင်းဆုံးသင်ကြားပြသပေးနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ခေါင်းဆောင်မင်းသား အဖြစ်နဲ့ ကျွန်တော့်ရဲ့ပထမဆုံးသရုပ်ဆောင်ခွင့်အတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်”လို့ သရုပ်ဆောင် မင်းသွေးခန့်က ပြောပါတယ်။
 
ထိုဇာတ်ကားထဲ ပါဝင်မယ့် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုးကလည်း “ဒီကားက မင်းသွေးခန့်ရဲ့ ပထမဆုံး ခေါင်ဆောင်ကားဖြစ်သလို နန်းဆုအတွက်လည်း အခု ၂၀၂၁ ရဲ့ ပထမဆုံးဇာတ်ကားပါ၊ ရန်ကုန်မှာပဲ ဒီကနေ့ (ဇန်နဝါရီ ၂၄ ရက်) ကန့်တော့ပွဲပေးပြီးတာနဲ့ စရိုက်ကြမယ်၊ နန်းဆု ပါရမယ့်အခန်းက  နောက်နေ့မှပါ၊ COVID ကာလဆိုတော့ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ လူဦးရေသတ်မှတ်ချက်တွေ နဲ့အတူ နေထိုင် ရိုက်ကူးဖို့စီစဉ်ထားတာ ဖြစ်ပါတယ်၊ Meeting တွေလည်း အကြိမ်ကြိမ်လုပ်ထားတာမို့ ဇာတ်ကောင် Mood တွေလည်းဝင်နေကြပါပြီ”လို့ ပြောပါတယ်။ 
 
“ကြေကွဲမိုးတိမ်”လို့ နာမည်ရတဲ့ အဆိုပါဇာတ်ကားဟာ အွန်လိုင်းစနစ်နဲ့ ပြသမယ့် နှစ်နာရီစာ ဇာတ်ကားလည်း ဖြစ်သလို ပြည်တွင်းချန်နယ်တစ်ခုကနေလည်း ပြသဖို့ ပြင်ဆင်ထားကြောင်း၊ ဇာတ်ကားစအပိုင်းမှာ မင်းသား၊ မင်းသမီးတွေရဲ့ အချစ်၊ အပျော်ဇာတ်လမ်းတွေဖြစ်ပေမယ့် ဇာတ်လမ်းအလယ်လောက်မှာ ဒရမ်မာပိုင်းတွေ ပါဝင်ထားပြီး ဇာတ်လမ်းအဆုံးမှာ အလွမ်းအဆွေးတွေအပါအဝင် ဘယ်လိုမျိုးအဆုံးသတ်ထားတယ်ဆိုတာကို ပရိသတ်စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးဖို့ရှိတယ်လို့ ဒါရိုက်တာ သားကြီးက ပြောကြားခဲ့ပါတယ်။ 
 
မင်းခေတ်လင်း 
ရန်ကုန်၊ ဇန်နဝါရီ ၂၄ 
 
(  Zawgyi  )
 
 ယခုလို COVID 19 ကာလထဲမွာ က်န္းမာေရးစည္းကမ္းခ်က္ေတြနဲ႔အညီ ႐ိုက္ကူးသြားဖို႔ ျပင္ဆင္ထားတဲ့ “ေၾကကြဲမိုးတိမ္”လို႔ နာမည္ရတဲ့ ဇာတ္ကားအတြက္ ကန္ေတာ့ပြဲေပးတဲ့အခမ္းအနားတစ္ရပ္ကို ဒီကေန႔ (ဇန္နဝါရီ ၂၄ရက္) မနက္က ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္က ေ႐ႊနားပန္ဘုရားမွာက်င္းပခဲ့ၾကပါတယ္။
 
အဆိုပါ ဇာတ္ကားကို Bo Bo entertainment က ထုတ္လုပ္ၿပီး ဒါ႐ိုက္တာ သားႀကီးက ႐ိုက္ကူးမွာျဖစ္သလို သ႐ုပ္ေဆာင္ေတြအျဖစ္ မင္းေသြးခန႔္၊ နန္းဆုရတီစိုး၊ ဟန္တီ၊ ခ်စ္စႏိုးဆု၊ ဝါဝါေအာင္ တို႔အျပင္ သ႐ုပ္ေဆာင္ မ်ားစြာလည္း ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။
 
 “မနန္းဆု နဲ႔ Music Video ႐ိုက္ဖူးတယ္၊ ဟန္တီ တို႔နဲ႔လည္း Casting ဝင္ရင္း ရင္းႏွီးေနပါၿပီ၊ အခုဒီ ကြၽန္ေတာ့္ပထမဆုံးကားမွာ ပရိသတ္လက္ခံလာေအာင္ ဒါ႐ိုက္တာ ကိုသားႀကီးကလည္း အေကာင္းဆုံးသင္ၾကားျပသေပးႏိုင္မယ္လို႔ ယုံၾကည္ပါတယ္၊ ေခါင္းေဆာင္မင္းသား အျဖစ္နဲ႔ ကြၽန္ေတာ့္ရဲ႕ပထမဆုံးသ႐ုပ္ေဆာင္ခြင့္အတြက္ အေကာင္းဆုံးႀကိဳးစားသြားပါ့မယ္”လို႔ သ႐ုပ္ေဆာင္ မင္းေသြးခန႔္က ေျပာပါတယ္။
 
ထိုဇာတ္ကားထဲ ပါဝင္မယ့္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ နန္းဆုရတီစိုးကလည္း “ဒီကားက မင္းေသြးခန႔္ရဲ႕ ပထမဆုံး ေခါင္ေဆာင္ကားျဖစ္သလို နန္းဆုအတြက္လည္း အခု ၂၀၂၁ ရဲ႕ ပထမဆုံးဇာတ္ကားပါ၊ ရန္ကုန္မွာပဲ ဒီကေန႔ (ဇန္နဝါရီ ၂၄ ရက္) ကန႔္ေတာ့ပြဲေပးၿပီးတာနဲ႔ စ႐ိုက္ၾကမယ္၊ နန္းဆု ပါရမယ့္အခန္းက  ေနာက္ေန႔မွပါ၊ COVID ကာလဆိုေတာ့ က်န္းမာေရးစည္းကမ္းခ်က္ေတြနဲ႔အညီ လူဦးေရသတ္မွတ္ခ်က္ေတြ နဲ႔အတူ ေနထိုင္ ႐ိုက္ကူးဖို႔စီစဥ္ထားတာ ျဖစ္ပါတယ္၊ Meeting ေတြလည္း အႀကိမ္ႀကိမ္လုပ္ထားတာမို႔ ဇာတ္ေကာင္ Mood ေတြလည္းဝင္ေနၾကပါၿပီ”လို႔ ေျပာပါတယ္။ 
 
“ေၾကကြဲမိုးတိမ္”လို႔ နာမည္ရတဲ့ အဆိုပါဇာတ္ကားဟာ အြန္လိုင္းစနစ္နဲ႔ ျပသမယ့္ ႏွစ္နာရီစာ ဇာတ္ကားလည္း ျဖစ္သလို ျပည္တြင္းခ်န္နယ္တစ္ခုကေနလည္း ျပသဖို႔ ျပင္ဆင္ထားေၾကာင္း၊ ဇာတ္ကားစအပိုင္းမွာ မင္းသား၊ မင္းသမီးေတြရဲ႕ အခ်စ္၊ အေပ်ာ္ဇာတ္လမ္းေတြျဖစ္ေပမယ့္ ဇာတ္လမ္းအလယ္ေလာက္မွာ ဒရမ္မာပိုင္းေတြ ပါဝင္ထားၿပီး ဇာတ္လမ္းအဆုံးမွာ အလြမ္းအေဆြးေတြအပါအဝင္ ဘယ္လိုမ်ိဳးအဆုံးသတ္ထားတယ္ဆိုတာကို ပရိသတ္စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ ဖန္တီးဖို႔ရွိတယ္လို႔ ဒါ႐ိုက္တာ သားႀကီးက ေျပာၾကားခဲ့ပါတယ္။ 
 
မင္းေခတ္လင္း 
ရန္ကုန္၊ ဇန္နဝါရီ ၂၄