【 အနုပညာ 】COVID လုပ်ငန်းများအတွက် အသုံးပြုရန် ရုပ်ရှင်ရုံများကို သရုပ်ဆောင် လွင်မိုး က ကူညီပေး

【 အနုပညာ 】COVID လုပ်ငန်းများအတွက် အသုံးပြုရန် ရုပ်ရှင်ရုံများကို သရုပ်ဆောင် လွင်မိုး က ကူညီပေး

ယခုဖြစ်ပွားနေတဲ့ COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သော အသုံးပြုမှုများလုပ်ဆောင် နိုင်ဖို့ သရုပ်ဆောင် လွင်မိုးက သူပိုင်ဆိုင်ထားသော ရုပ်ရှင်ရုံတွေကို အကူအညီပေးဖို့ စီစဉ်လုပ်ဆောင်နေလျက်ရှိပါတယ်။

            
“COVID အတွက် ပံ့ပိုးဖို့ လုပ်နေတယ်ဆိုတာ ဟုတ်ပါတယ်၊ အခုလိုကာလမှာက လိုအပ်တဲ့ နေရာတွေအတွက် အစိုးရနဲ့ အတူ အစ်ကိုတို့လို ပြည်သူတွေက ကိုယ်တတ်နိုင်သလောက် ဝိုင်းဝန်းကူညီကြရမှာ ဖြစ်ပါတယ်၊ အစ်ကိုယ့်အနေနဲ့လည်း ကိုယ်နိုင်သလောက်လေး အကူအညီ ပေးဖို့ လုပ်နေတာပါ၊ သန်လျင်က ရုပ်ရှင်ရုံကိုတော့ ကျန်းမာရေးက လူကြီးတွေ က အနေအထား ကို သွားကြည့်ခဲ့ကြပြီးပြီ၊ မအူပင်မှာလည်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လူကြီးတွေက စီစဉ် နေတာတွေရှိပါတယ်၊ ဒီလိုကာလမှာ လိုအပ်တဲ့နေရာကနေ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်နဲ့ အစ်ကိုတို့က ကိုယ်နိုင်သလောက်လေးနဲ့ ပါဝင်ပြီး အကူ အညီပေးဖို့ ကြိုးပမ်းနေတာပါ၊ ဘယ်လို ပုံစံနဲ့ အသုံးပြုမလဲ ဆိုတာတော့ မသိ သေးဘူး၊ အခုမှ ကွင်းဆင်း လေ့လာကြည့်တဲ့ အနေအထား ပေါ့၊ အစ်ကိုတို့ ရုပ်ရှင်ရုံတွေ အနေအထားက COVID ကုသရေး စင်တာပုံစံမျိုးတော့ သွားလို့ မရနိုင်ဘူး၊ အဲ့ဒီတော့ ဘယ်လိုပုံစံနဲ့သွားမလဲပေါ့၊ COVID လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်းတွေ စေတနာ့ဝန်ထမ်းတွေအနေနဲ့ စီမံခန့်ခွဲရေးအတွက် သုံးချင်လည်း သုံးပေါ့၊ အဲ့ဒီလို အသုံးပြုနိုင်လည်း အကျိုးရှိပါတယ်”လို့ သရုပ်ဆောင် လွင်မိုးက ရှင်းပြပါတယ်။

           

သူဟာ ဝါရင့်အနုပညာရှင်တစ်ဦးလည်းဖြစ်သလို စီးပွားရေးလုပ်ငန်းတွေကိုလည်း တစ်ဖက်က လုပ်ကိုင်နေပြီး အခုနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ အများအပြားလုပ်ကိုင်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံကို COVID 19 ကူးစက် ဝင်ရောက် လာတာမျိုးမဖြစ်ခင် အချိန်အထိ ရုံတင်ဇာတ်ကား ကြီးတွေအတွက် ပါဝင်ရိုက်ကူးခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။ မြို့နယ်ပေါင်း ၂၂ မြို့နယ်မှာ သူပိုင်ဆိုင်တဲ့ Paradiso ရုပ်ရှင်ရုံပေါင်း ၄၂ ရုံရှိပြီး အဆိုပါ ရုပ်ရှင်ရုံတွေက Lobby ခန်းမကျယ် တွေကို COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ၎င်းက အကူအညီပေးတာလည်း ဖြစ်ပါတယ်။

              
“ကျန်းမာရေးအတွက် လိုအပ်သလိုအသုံးပြုနိုင်ဖို့ကိုလည်း ရုပ်ရှင်ရုံအသီးသီးမှာရှိတဲ့ တာဝန်ခံ တွေ၊ မန်နေဂျာတွေကို အစ်ကို မှာကြားထားတယ်၊ အစ်ကိုတို့ အကောင်းဆုံးပူးပေါင်း ပါဝင်ကြမှာ ပါ၊ အခုအချိန်မှာက အရမ်းလည်း အရေးကြီးတဲ့ အချိန်ဖြစ်တယ်လေ”လို့ သူက ဆက်လက် ရှင်းပြခဲ့ပါတယ်။ အခုလို COVID ကြောင့်လည်း သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုဖြစ်တဲ့ ဘုရားပန်းရောင်းချမှုအပေါ်ထိခိုက်ခဲ့ပြီး ဆုံးရှုံးမှုတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

 
မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ ၁၃

 

(  Zawgyi  )

 

 ယခုျဖစ္ပြားေနတဲ့ COVID 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားအတြက္ လိုအပ္ေသာ အသုံးျပဳမႈမ်ားလုပ္ေဆာင္ ႏိုင္ဖို႔ သ႐ုပ္ေဆာင္ လြင္မိုးက သူပိုင္ဆိုင္ထားေသာ ႐ုပ္ရွင္႐ုံေတြကို အကူအညီေပးဖို႔ စီစဥ္လုပ္ေဆာင္ေနလ်က္ရွိပါတယ္။

            
“COVID အတြက္ ပံ့ပိုးဖို႔ လုပ္ေနတယ္ဆိုတာ ဟုတ္ပါတယ္၊ အခုလိုကာလမွာက လိုအပ္တဲ့ ေနရာေတြအတြက္ အစိုးရနဲ႔ အတူ အစ္ကိုတို႔လို ျပည္သူေတြက ကိုယ္တတ္ႏိုင္သေလာက္ ဝိုင္းဝန္းကူညီၾကရမွာ ျဖစ္ပါတယ္၊ အစ္ကိုယ့္အေနနဲ႔လည္း ကိုယ္ႏိုင္သေလာက္ေလး အကူအညီ ေပးဖို႔ လုပ္ေနတာပါ၊ သန္လ်င္က ႐ုပ္ရွင္႐ုံကိုေတာ့ က်န္းမာေရးက လူႀကီးေတြ က အေနအထား ကို သြားၾကည့္ခဲ့ၾကၿပီးၿပီ၊ မအူပင္မွာလည္း ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕က လူႀကီးေတြက စီစဥ္ ေနတာေတြရွိပါတယ္၊ ဒီလိုကာလမွာ လိုအပ္တဲ့ေနရာကေန အုတ္တစ္ခ်ပ္သဲတစ္ပြင့္အျဖစ္နဲ႔ အစ္ကိုတို႔က ကိုယ္ႏိုင္သေလာက္ေလးနဲ႔ ပါဝင္ၿပီး အကူ အညီေပးဖို႔ ႀကိဳးပမ္းေနတာပါ၊ ဘယ္လို ပုံစံနဲ႔ အသုံးျပဳမလဲ ဆိုတာေတာ့ မသိ ေသးဘူး၊ အခုမွ ကြင္းဆင္း ေလ့လာၾကည့္တဲ့ အေနအထား ေပါ့၊ အစ္ကိုတို႔ ႐ုပ္ရွင္႐ုံေတြ အေနအထားက COVID ကုသေရး စင္တာပုံစံမ်ိဳးေတာ့ သြားလို႔ မရႏိုင္ဘူး၊ အဲ့ဒီေတာ့ ဘယ္လိုပုံစံနဲ႔သြားမလဲေပါ့၊ COVID လူနာေတြကို ကုသေပးေနတဲ့ ဆရာဝန္၊ သူနာျပဳစတဲ့ က်န္းမာေရးဝန္ထမ္းေတြ ေစတနာ့ဝန္ထမ္းေတြအေနနဲ႔ စီမံခန႔္ခြဲေရးအတြက္ သုံးခ်င္လည္း သုံးေပါ့၊ အဲ့ဒီလို အသုံးျပဳႏိုင္လည္း အက်ိဳးရွိပါတယ္”လို႔ သ႐ုပ္ေဆာင္ လြင္မိုးက ရွင္းျပပါတယ္။

           

သူဟာ ဝါရင့္အႏုပညာရွင္တစ္ဦးလည္းျဖစ္သလို စီးပြားေရးလုပ္ငန္းေတြကိုလည္း တစ္ဖက္က လုပ္ကိုင္ေနၿပီး အခုေနာက္ပိုင္း အႏုပညာလႈပ္ရွားမႈေတြ အမ်ားအျပားလုပ္ကိုင္လာခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံကို COVID 19 ကူးစက္ ဝင္ေရာက္ လာတာမ်ိဳးမျဖစ္ခင္ အခ်ိန္အထိ ႐ုံတင္ဇာတ္ကား ႀကီးေတြအတြက္ ပါဝင္႐ိုက္ကူးခဲ့တာေတြ ရွိတယ္လို႔ သိရပါတယ္။ ၿမိဳ႕နယ္ေပါင္း ၂၂ ၿမိဳ႕နယ္မွာ သူပိုင္ဆိုင္တဲ့ Paradiso ႐ုပ္ရွင္႐ုံေပါင္း ၄၂ ႐ုံရွိၿပီး အဆိုပါ ႐ုပ္ရွင္႐ုံေတြက Lobby ခန္းမက်ယ္ ေတြကို COVID 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားအတြက္ အသုံးျပဳႏိုင္ရန္ ၎က အကူအညီေပးတာလည္း ျဖစ္ပါတယ္။

              
“က်န္းမာေရးအတြက္ လိုအပ္သလိုအသုံးျပဳႏိုင္ဖို႔ကိုလည္း ႐ုပ္ရွင္႐ုံအသီးသီးမွာရွိတဲ့ တာဝန္ခံ ေတြ၊ မန္ေနဂ်ာေတြကို အစ္ကို မွာၾကားထားတယ္၊ အစ္ကိုတို႔ အေကာင္းဆုံးပူးေပါင္း ပါဝင္ၾကမွာ ပါ၊ အခုအခ်ိန္မွာက အရမ္းလည္း အေရးႀကီးတဲ့ အခ်ိန္ျဖစ္တယ္ေလ”လို႔ သူက ဆက္လက္ ရွင္းျပခဲ့ပါတယ္။ အခုလို COVID ေၾကာင့္လည္း သူ႔ရဲ႕ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္း တစ္ခုျဖစ္တဲ့ ဘုရားပန္းေရာင္းခ်မႈအေပၚထိခိုက္ခဲ့ၿပီး ဆုံးရႈံးမႈေတြကိုလည္း ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။

 
မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ ၁၃