【 အားလပ်ရက်ကြည့်ရှုစရာ 】ထိုင်းရုပ်ရှင် “Happy Old Year”

 【 အားလပ်ရက်ကြည့်ရှုစရာ 】ထိုင်းရုပ်ရှင် “Happy Old Year”

Opinion Leaders ပရိသတ်တွေ အားလပ်ရပ်မှာ အပန်းဖြေကြည့်ရှုဖို့ “Happy Old Year” ဆိုတဲ့ ရုပ်ရှင်ကား ကောင်း တစ်ကားကို ညွှန်းပေးချင်ပါတယ်။ Happy New Year ဆိုတဲ့ စကားလေး ကိုတော့ နှစ်သစ်ကို နှုတ်ခွန်း ဆက်တဲ့ ဒီစကားလေးကိုတော့ လူတိုင်းရင်းနှီးကြမှာပါ။

ဒီရုပ်ရှင်လေးကတော့ Happy New Year အကြောင်းမဟုတ်တဲ့ Happy Old Year အကြောင်း ပဲဖြစ်ပါ တယ်။ Jeanတစ်ယောက်  နိုင်ငံခြားကနေ ပညာသင်ပြီး ပြန်လာတဲ့အခါ အနှစ်နှစ် ဆယ်ကျော် သူမတို့ မိသားစု နေထိုင်ခဲ့တဲ့ အိမ်လေးကို ရုံးခန်းအဖြစ်ပြောင်းဖို့ ကြိုးစားခဲ့ပါ တယ်။

ကလေးဘဝကတည်းက နေထိုင်လာတဲ့ ဒီအိမ်မှာတော့ တစ်အိမ်လုံး ပစ္စည်းတွေ တောင်ပုံယာပုံဖြစ်နေပါပြီ။  အသုံးမဝင်တော့တဲ့ ဒီပစ္စည်းတွေကို အပြတ်ရှင်းဖို့ ပထမဆုံး တိုက်ပွဲဝင် ရမယ့် သူကတော့ Jean ရဲ့ အမေပါ။ ဒီလိုနဲ့ မိခင်ဖြစ်သူနဲ့ အတိုက်အခံလုပ်ရင်း အိမ်ကပစ္စည်းတွေကို မောင်လေးရဲ့ အကူအညီနဲ့ ရှင်းလင်း ပစ်ဖို့ ကြိုးစားရင်း ရည်းစားဟောင်းဖြစ်သူရဲ့ camera အဟောင်းလေးကို တွေ့လိုက်ရတဲ့အခါ သွားပြန်ပေးဖို့ Jean တစ်ယောက် ဝေခွဲမရဖြစ်နေပါ
တော့ တယ်။

 Jean တစ်ယောက် ရည်းစားဟောင်းဖြစ်သူရဲ့ camera လေးကို သွားပေးဖြစ်မလား၊ အမှတ်တရတွေ ကတစ်ဆင့် Jean ရဲ့ ဘဝထဲကို ဘယ်သူတွေ ပြန်လည်ရောက်ရှိလာအုံးမလဲ၊ အမှတ်တရတွေဆိုတာ ဆက်သိမ်း ထားသင့်သလား၊ စွန့်ပစ်လိုက်ဖို့ လွယ်ကူပါ့မလား ဆိုတာကို Jean ဆိုတဲ့ ဇာတ်လိုက် မင်းသမီးနဲ့ အတူ ခံစား အဖြေရှာကြည့်ကြမလား…။ဒီဇာတ်ကား မှာ  Jean အဖြစ် ၂၀၁၇ ခုနစ်တုန်းက ထွက်ရှိခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစား ခဲ့တဲ့ Bad Genius ဇာတ်ကားထဲက မင်းသမီး Chutimon Chuengcharoensukying က သရုပ်ဆောင် ထားတာဖြစ်ပါတယ်။

 IMDb Rating 7.6 အထိ ရရှိထားတဲ့ Happy Old Year ဇာတ်ကားလေးက ပရိသတ်တွေ ကြည့်ရှုနေကျ ထိုင်းရုပ်ရှင်ကားများနဲ့တော့ အနည်းငယ်ခွဲထွက်တဲ့ ပုံစံဖြစ်ပေမယ့် ကြည့်ရှုသူ ရင်ထဲမှာ ခံစားချက်တစ်စုံတစ်ရာ ကို ဖန်တီးပေးနိုင်မှာဖြစ်လို့ Opinion Leaders ကနေ ညွှန်းပေးလိုက်ရပါတယ်။

ဖြိုးသီ

(  Zawgyi  )

 Opinion Leaders ပရိသတ္ေတြ အားလပ္ရပ္မွာ အပန္းေျဖၾကည့္ရႈဖို႔ “Happy Old Year” ဆိုတဲ့ ႐ုပ္ရွင္ကား ေကာင္း တစ္ကားကို ၫႊန္းေပးခ်င္ပါတယ္။ Happy New Year ဆိုတဲ့ စကားေလး ကိုေတာ့ ႏွစ္သစ္ကို ႏႈတ္ခြန္း ဆက္တဲ့ ဒီစကားေလးကိုေတာ့ လူတိုင္းရင္းႏွီးၾကမွာပါ။

ဒီ႐ုပ္ရွင္ေလးကေတာ့ Happy New Year အေၾကာင္းမဟုတ္တဲ့ Happy Old Year အေၾကာင္း ပဲျဖစ္ပါ တယ္။ Jeanတစ္ေယာက္  ႏိုင္ငံျခားကေန ပညာသင္ၿပီး ျပန္လာတဲ့အခါ အႏွစ္ႏွစ္ ဆယ္ေက်ာ္ သူမတို႔ မိသားစု ေနထိုင္ခဲ့တဲ့ အိမ္ေလးကို ႐ုံးခန္းအျဖစ္ေျပာင္းဖို႔ ႀကိဳးစားခဲ့ပါ တယ္။

ကေလးဘဝကတည္းက ေနထိုင္လာတဲ့ ဒီအိမ္မွာေတာ့ တစ္အိမ္လုံး ပစၥည္းေတြ ေတာင္ပုံယာပုံျဖစ္ေနပါၿပီ။  အသုံးမဝင္ေတာ့တဲ့ ဒီပစၥည္းေတြကို အျပတ္ရွင္းဖို႔ ပထမဆုံး တိုက္ပြဲဝင္ ရမယ့္ သူကေတာ့ Jean ရဲ႕ အေမပါ။ ဒီလိုနဲ႔ မိခင္ျဖစ္သူနဲ႔ အတိုက္အခံလုပ္ရင္း အိမ္ကပစၥည္းေတြကို ေမာင္ေလးရဲ႕ အကူအညီနဲ႔ ရွင္းလင္း ပစ္ဖို႔ ႀကိဳးစားရင္း ရည္းစားေဟာင္းျဖစ္သူရဲ႕ camera အေဟာင္းေလးကို ေတြ႕လိုက္ရတဲ့အခါ သြားျပန္ေပးဖို႔ Jean တစ္ေယာက္ ေဝခြဲမရျဖစ္ေနပါ
ေတာ့ တယ္။

 Jean တစ္ေယာက္ ရည္းစားေဟာင္းျဖစ္သူရဲ႕ camera ေလးကို သြားေပးျဖစ္မလား၊ အမွတ္တရေတြ ကတစ္ဆင့္ Jean ရဲ႕ ဘဝထဲကို ဘယ္သူေတြ ျပန္လည္ေရာက္ရွိလာအုံးမလဲ၊ အမွတ္တရေတြဆိုတာ ဆက္သိမ္း ထားသင့္သလား၊ စြန႔္ပစ္လိုက္ဖို႔ လြယ္ကူပါ့မလား ဆိုတာကို Jean ဆိုတဲ့ ဇာတ္လိုက္ မင္းသမီးနဲ႔ အတူ ခံစား အေျဖရွာၾကည့္ၾကမလား…။ဒီဇာတ္ကား မွာ  Jean အျဖစ္ ၂၀၁၇ ခုနစ္တုန္းက ထြက္ရွိခဲ့ၿပီး ပရိသတ္ေတြၾကားမွာ ေရပန္းစား ခဲ့တဲ့ Bad Genius ဇာတ္ကားထဲက မင္းသမီး Chutimon Chuengcharoensukying က သ႐ုပ္ေဆာင္ ထားတာျဖစ္ပါတယ္။

 IMDb Rating 7.6 အထိ ရရွိထားတဲ့ Happy Old Year ဇာတ္ကားေလးက ပရိသတ္ေတြ ၾကည့္ရႈေနက် ထိုင္း႐ုပ္ရွင္ကားမ်ားနဲ႔ေတာ့ အနည္းငယ္ခြဲထြက္တဲ့ ပုံစံျဖစ္ေပမယ့္ ၾကည့္ရႈသူ ရင္ထဲမွာ ခံစားခ်က္တစ္စုံတစ္ရာ ကို ဖန္တီးေပးႏိုင္မွာျဖစ္လို႔ Opinion Leaders ကေန ၫႊန္းေပးလိုက္ရပါတယ္။

ၿဖိဳးသီ