【 Joke 】သြစတြေးလျရဲ့စမတ်အကျဆုံးအမျိုးသမီး

【 Joke 】သြစတြေးလျရဲ့စမတ်အကျဆုံးအမျိုးသမီး

 
 

လေယာဉ်ပျက်ကျတော့မည်။ လေယာဉ်ပေါ်တွင် ခရီးသည်၅ယောက်ရှိပြီး လေထီးက ၄ခုသာ ရှိနေသည်။ ပထမဆုံး ခရီးသည်တစ်ယောက်က ပြောလိုက်သည်။ “ကျနော်ဟာ သမ္မတအိုဘားမားပါ။ လူထုက ရွေးကောက်ခံထားရတာပါ။ ကမ္ဘာကြီးက ကျနော့်ကို လိုအပ်ပါတယ်။ ကျနေ်ာမသေနိုင်သေးပါဘူး”။ အိုဘားမားက ပထမဆုံးလေထီးကို ယူပြီး လေယာဉ်ပေါ်က ခုန်ဆင်းသွားသည်။

 ဒုတိယမြောက်ခရီးသည်က ဂျူလီယာ ဂီးလာ့ဖြစ်သည်။ “ကျမက သြစတြေးလျရဲ့ ဝန်ကြီးချုပ်ပါ။ သြစတြေးလျသမိုင်းမှာတော့ စမတ်အကျဆုံး အမျိုးသမီးပါ။ ဒါ့ကြောင့် သြစတြေးလျပြည်သူတွေ ကတော့ ကျမကို သေစေချင်မှာမဟုတ်ဘူး”။ သူမက ဒုတိယမြောက်လေထီးကို ပိုက်ပြီး ခုန်ဆင်းသွား သည်။

တတိယမြောက်ခရီးသည်က ဂျွန်ကယ်ရီဖြစ်သည်။ “ကျနော် အထက်လွှတ်တော်အမတ်ပါ။ ပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ရ စစ်သူရဲကောင်းတစ်ယောက်ပါ”။ ကယ်ရီက သူ့ဘေးနားက လေထီးကို ဆုပ်ပြီး ခုန်ဆင်းသွားပြန်သည်။

 စတုတ္ထမြောက်ခရီးသည်ဖြစ်သည့် သမ္မတဟောင်း ဂျော့ ဒဗလျူဘုရှ်က ပဉ္စမမြောက်ခရီးသည် ၁၀နှစ်အရွယ် ကျောင်းသူလေးကို ပြောလိုက်သည်။ “ငါက ဘဝကို ပြည့်ပြည့်၀၀နေခဲ့ပြီးပြီ။ နိုင်ငံ့အကျိုးကိုလည်း တတ်နိုင်သမျှ သယ်ပိုးခဲ့ပြီ။ နောက်ဆုံးလေထီးက မင်းအတွက်ပဲဖြစ်ရအောင် ငါ အသေခံလိုက်တောာ့မယ်”။

 ကျောင်းသူလေးက ပြန်ပြောသည်။ “အဆင်ပြေပါတယ် သမ္မတကြီးရှင့်။ သမ္မတကြီးအတွက်လည်း လေထီးတစ်ခု ကျန်ပါသေးတယ်။ သြစတြေးလျရဲ့ စမတ်အကျဆုံးအမျိုးသမီးက ကျမကျောင်း လွယ်အိတ်ကို ဆွဲပြီး ခုန်ဆင်းသွားခဲ့တာပါ”။  

 

 

(   Zawgyi  )

 

ေလယာဥ္ပ်က္က်ေတာ့မည္။ ေလယာဥ္ေပၚတြင္ ခရီးသည္၅ေယာက္ရွိၿပီး ေလထီးက ၄ခုသာ ရွိေနသည္။ ပထမဆံုး ခရီးသည္တစ္ေယာက္က ေျပာလိုက္သည္။ “က်ေနာ္ဟာ သမၼတအိုဘားမားပါ။ လူထုက ေရြးေကာက္ခံထားရတာပါ။ ကမၻာႀကီးက က်ေနာ့္ကို လိုအပ္ပါတယ္။ က်ေန္ာမေသႏိုင္ေသးပါဘူး”။ အိုဘားမားက ပထမဆံုးေလထီးကို ယူၿပီး ေလယာဥ္ေပၚက ခုန္ဆင္းသြားသည္။

 ဒုတိယေျမာက္ခရီးသည္က ဂ်ဴလီယာ ဂီးလာ့ျဖစ္သည္။ “က်မက ၾသစေၾတးလ်ရဲ႕ ၀န္ႀကီးခ်ဳပ္ပါ။ ၾသစေၾတးလ်သမုိင္းမွာေတာ့ စမတ္အက်ဆံုး အမ်ိဳးသမီးပါ။ ဒါ့ေၾကာင့္ ၾသစေၾတးလ်ျပည္သူေတြ ကေတာ့ က်မကို ေသေစခ်င္မွာမဟုတ္ဘူး”။ သူမက ဒုတိယေျမာက္ေလထီးကို ပိုက္ၿပီး ခုန္ဆင္းသြား သည္။

တတိယေျမာက္ခရီးသည္က ဂၽြန္ကယ္ရီျဖစ္သည္။ “က်ေနာ္ အထက္လႊတ္ေတာ္အမတ္ပါ။ ၿပီးေတာ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ဂုဏ္ထူးေဆာင္ဘြဲ႕ရ စစ္သူရဲေကာင္းတစ္ေယာက္ပါ”။ ကယ္ရီက သူ႔ေဘးနားက ေလထီးကို ဆုပ္ၿပီး ခုန္ဆင္းသြားျပန္သည္။

 စတုတၳေျမာက္ခရီးသည္ျဖစ္သည့္ သမၼတေဟာင္း ေဂ်ာ့ ဒဗလ်ဴဘုရွ္က ပဥၥမေျမာက္ခရီးသည္ ၁၀ႏွစ္အရြယ္ ေက်ာင္းသူေလးကို ေျပာလိုက္သည္။ “ငါက ဘ၀ကို ျပည့္ျပည့္၀၀ေနခဲ့ၿပီးၿပီ။ ႏိုင္ငံ့အက်ိဳးကိုလည္း တတ္ႏိုင္သမွ် သယ္ပိုးခဲ့ၿပီ။ ေနာက္ဆံုးေလထီးက မင္းအတြက္ပဲျဖစ္ရေအာင္ ငါ အေသခံလိုက္ေတာာ့မယ္”။

 ေက်ာင္းသူေလးက ျပန္ေျပာသည္။ “အဆင္ေျပပါတယ္ သမၼတႀကီးရွင့္။ သမၼတႀကီးအတြက္လည္း ေလထီးတစ္ခု က်န္ပါေသးတယ္။ ၾသစေၾတးလ်ရဲ႕ စမတ္အက်ဆံုးအမ်ိဳးသမီးက က်မေက်ာင္း လြယ္အိတ္ကို ဆြဲၿပီး ခုန္ဆင္းသြားခဲ့တာပါ”။