【 JOKE 】 အဖိုးအဖွားအချစ်

【 JOKE 】 အဖိုးအဖွားအချစ်

အဖိုးအဖွားစုံတွဲ အပျော်စီးသင်္ဘောပေါ် ရောက်နေချိန် ရာသီဥတုက မုန်တိုင်းထန်လာသည်။

သူတို့နှစ်ယောက်က သဘောၤပဲ့ပိုင်းတွင် လကို ငေးကြည့်နေတုန်း လှိုင်းလုံးတစ်လုံးတက်လာပြီး အဖိုးအိုကို ရိုက်ချသွားသည်။သူတို့ ရက်ပေါင်းများစွာရှာဖွေသော်လည်း အဖိုးအိုကို မတွေ့တော့ ကပ္ပတိန်က အဖွားအိုကို ကမ်းပေါ်ပြန်ပို့ပြီး အဖိုးအိုကို တွေ့တွေ့ချင်း အကြောင်းကြားပါမည် အကြောင်း ကတိပေးလိုက်သည်။

ရက်သတ္တပတ် သုံးပတ်လွန်မြောက်လာသည်တွင်မှ သင်္ဘောဆီမှ အဖွားအိုထံသို ဖက်စ် ရောက်လာသည်။

“မဒမ် ဝမ်းနည်းပါတယ်ခင်ဗျာ။ခင်ဗျားရဲ့အမျိုးသားကို ပင်လယ်ကြမ်းပြင်မှာ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ကျွန်တော်တို့ သူ့အလောင်းကို ကုန်းပတ်ပေါ် ပြန်ဆွဲတင်လိုက်တော့ သူ့တင်ပါးမှာ မုတ်ကောင်တစ်ကောင် ကပ်ပါလာတယ်။အထဲမှာ ဒေါ်လာ ၅ သောင်းလောက်တန်တဲ့ ပုလဲလည်းပါတယ်။အဲဒါဘာလုပ်ရမလဲ ပြောပါခင်ဗျာ”

အဖွားအိုက သင်္ဘောဆီသို့ ဖက်စ် ပြန်ပို့လိုက်သည်။

“ပုလဲကို ကျွန်မဆီပို့ပေးပါ။အလောင်းနဲ့ နောက်ထပ် မုတ်ကောင်တွေ ဆက်မျှားပါဦး”။

( Zawgyi )

အဖိုးအဖြားစုံတြဲ အေပ်ာ္စီးသေဘၤာေပၚ ေရာက္ေနခ်ိန္ ရာသီဥတုက မုန္တိုင္းထန္လာသည္။

သူတို႔ႏွစ္ေယာက္က သေဘာပၤဲ့ပိုင္းတြင္ လကို ေငးၾကည့္ေနတုန္း လႈိင္းလုံးတစ္လုံးတက္လာၿပီး အဖိုးအိုကို ႐ိုက္ခ်သြားသည္။သူတို႔ ရက္ေပါင္းမ်ားစြာရွာေဖြေသာ္လည္း အဖိုးအိုကို မေတြ႕ေတာ့ ကပၸတိန္က အဖြားအိုကို ကမ္းေပၚျပန္ပို႔ၿပီး အဖိုးအိုကို ေတြ႕ေတြ႕ခ်င္း အေၾကာင္းၾကားပါမည္ အေၾကာင္း ကတိေပးလိုက္သည္။

ရက္သတၱပတ္ သုံးပတ္လြန္ေျမာက္လာသည္တြင္မွ သေဘၤာဆီမွ အဖြားအိုထံသို ဖက္စ္ ေရာက္လာသည္။

“မဒမ္ ဝမ္းနည္းပါတယ္ခင္ဗ်ာ။ခင္ဗ်ားရဲ႕အမ်ိဳးသားကို ပင္လယ္ၾကမ္းျပင္မွာ ေသဆုံးေနတာကို ေတြ႕လိုက္ရပါတယ္။ကြၽန္ေတာ္တို႔ သူ႔အေလာင္းကို ကုန္းပတ္ေပၚ ျပန္ဆြဲတင္လိုက္ေတာ့ သူ႔တင္ပါးမွာ မုတ္ေကာင္တစ္ေကာင္ ကပ္ပါလာတယ္။အထဲမွာ ေဒၚလာ ၅ ေသာင္းေလာက္တန္တဲ့ ပုလဲလည္းပါတယ္။အဲဒါဘာလုပ္ရမလဲ ေျပာပါခင္ဗ်ာ”

အဖြားအိုက သေဘၤာဆီသို႔ ဖက္စ္ ျပန္ပို႔လိုက္သည္။

“ပုလဲကို ကြၽန္မဆီပို႔ေပးပါ။အေလာင္းနဲ႔ ေနာက္ထပ္ မုတ္ေကာင္ေတြ ဆက္မွ်ားပါဦး”။