2019 Teen Choice Awardsဆုပေးပွဲမှာ First-Ever Icon Award ချီးမြှင့်ခံရမယ့် ပေါ့ပ်စတားတေလာဆွစ်

  2019 Teen Choice Awardsဆုပေးပွဲမှာ First-Ever Icon Award ချီးမြှင့်ခံရမယ့် ပေါ့ပ်စတားတေလာဆွစ်

ကမ္ဘာကျော်ပေ့ါပ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ တေလာဆွစ်ဟာ ၂၀၁၉ခုနှစ်အတွက် Teen Choice Awards တွေထဲကတစ်ခုဖြစ်တဲ့ First-Ever Icon Awardဆု ချီးမြှင့်ခံရမှာဖြစ်ပါတယ်။

ဆုပေးပွဲကို လာမယ့်သြဂုတ်လထဲ ကယ်လီဖိုးနီးယားမှာ ကျင်းပမယ်လို့လည်း သိရပါတယ်။ Teen Choice Awards ဆိုတာကတော့ ရုပ်ရှင်၊ ဂီတ၊ ရုပ်သံ၊ ဖက်ရှင်၊ ဟာသ၊ အင်တာနက်နဲ့ အားကစားဘက်မှာ ဆယ်ကျော် သက်အများစုကြိုက်နှစ်သက်တဲ့သူတွေကို မဲပေးရွေးချယ်ပြီး ချီးမြှင့်တဲ့ ဆုတွေ ဖြစ်ပါတယ်။

ဒီနှစ် ၂၀၁၉ခုနှစ်အတွက်ပေးအပ်မယ့်ဆုတွေမှာ အများဆုံးလျာထားခံရတာကတော့ Avengers: Endgame ဇာတ်ကားပဲ ဖြစ်ပါတယ်။ Jonas Brothers အဖွဲ့ကလည်း the Decade Award အထူးဆုရရှိမှာဖြစ်ပါတယ်။ ပေါ့ပ်အကျော်အမော်တစ်ဦးဖြစ်တဲ့ တေလာဆွစ်ရဲ့တေးအယ်လ်ဘမ် ချပ်ရေပေါင်းသန်း ၅၀ကျော် ရောင်းခဲ့ရပြီး၊ ဂီတသမိုင်းတလျှောက် ရောင်းအားအကောင်းဆုံးအဆိုရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းက ပရိသတ်တွေနှစ်ခြိုက်ရုံမက လူမှုကွန်ရက်မှာလည်း သြဇာအကြီးဆုံးစာရင်းဝင် ဖြစ်လာခဲ့ပါ တယ်။ ပရိသတ်တွေကို အသံနဲ့စွဲဆောင်ရုံတင်မကဘဲ အပြောင်းအလဲကောင်းတွေဖြစ်လာဖို့ အွန်လိုင်းကနေပါ အားပေးတိုက်တွန်းတတ်သူ ဖြစ်ပါတယ်။တေလာဆွစ် ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ဂီတလောကထဲ ခြေချခဲ့တာပါ။ လာမယ့်သြဂုတ်လ ၂၃ရက်မှာ လည်း သူ့ရဲ့ ၇ ခုမြောက် အယ်လ်ဘမ် Loverကို ဖြန့်ချိဖို့ရှိနေပါတယ်။ ဒီနှစ်အတွင်းမှာ မကြာခင်ကထွက်တဲ့ Me အပါအဝင် Single သီချင်းသစ် ၃ ပုဒ်လည်း ထွက် ခဲ့ပါတယ်။

တေလာဆွစ်ဟာ First-Ever Iconဆုအပြင် နောက်ထပ် Teen Choice Awardဆု ၇ ခုအတွက် လျာထား စာရင်း မှာ ပါဝင်တယ်လို့ သိရပါတယ်။

ရည်မွန်သော်
Ref: eonline.com
နယူးယောက်၊ဇူလိုင် ၂၆

(  Zawgyi  )

 ကမာၻေက်ာ္ေပ့ါပ္ၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ ေတလာဆြစ္ဟာ ၂၀၁၉ခုႏွစ္အတြက္ Teen Choice Awards ေတြထဲကတစ္ခုျဖစ္တဲ့ First-Ever Icon Awardဆု ခ်ီးျမႇင့္ခံရမွာျဖစ္ပါတယ္။

ဆုေပးပြဲကို လာမယ့္ၾသဂုတ္လထဲ ကယ္လီဖိုးနီးယားမွာ က်င္းပမယ္လို႔လည္း သိရပါတယ္။ Teen Choice Awards ဆိုတာကေတာ့ ႐ုပ္ရွင္၊ ဂီတ၊ ႐ုပ္သံ၊ ဖက္ရွင္၊ ဟာသ၊ အင္တာနက္နဲ႔ အားကစားဘက္မွာ ဆယ္ေက်ာ္ သက္အမ်ားစုႀကိဳက္ႏွစ္သက္တဲ့သူေတြကို မဲေပးေ႐ြးခ်ယ္ၿပီး ခ်ီးျမႇင့္တဲ့ ဆုေတြ ျဖစ္ပါတယ္။

ဒီႏွစ္ ၂၀၁၉ခုႏွစ္အတြက္ေပးအပ္မယ့္ဆုေတြမွာ အမ်ားဆုံးလ်ာထားခံရတာကေတာ့ Avengers: Endgame ဇာတ္ကားပဲ ျဖစ္ပါတယ္။ Jonas Brothers အဖြဲ႕ကလည္း the Decade Award အထူးဆုရရွိမွာျဖစ္ပါတယ္။ ေပါ့ပ္အေက်ာ္အေမာ္တစ္ဦးျဖစ္တဲ့ ေတလာဆြစ္ရဲ႕ေတးအယ္လ္ဘမ္ ခ်ပ္ေရေပါင္းသန္း ၅၀ေက်ာ္ ေရာင္းခဲ့ရၿပီး၊ ဂီတသမိုင္းတေလွ်ာက္ ေရာင္းအားအေကာင္းဆုံးအဆိုရွင္တစ္ဦး ျဖစ္လာခဲ့ပါတယ္။

ကမာၻတစ္ဝန္းက ပရိသတ္ေတြႏွစ္ၿခိဳက္႐ုံမက လူမႈကြန္ရက္မွာလည္း ၾသဇာအႀကီးဆုံးစာရင္းဝင္ ျဖစ္လာခဲ့ပါ တယ္။ ပရိသတ္ေတြကို အသံနဲ႔စြဲေဆာင္႐ုံတင္မကဘဲ အေျပာင္းအလဲေကာင္းေတြျဖစ္လာဖို႔ အြန္လိုင္းကေနပါ အားေပးတိုက္တြန္းတတ္သူ ျဖစ္ပါတယ္။ေတလာဆြစ္ ဟာ လြန္ခဲ့တဲ့ဆယ္စုႏွစ္ေက်ာ္က ဂီတေလာကထဲ ေျခခ်ခဲ့တာပါ။ လာမယ့္ၾသဂုတ္လ ၂၃ရက္မွာ လည္း သူ႔ရဲ႕ ၇ ခုေျမာက္ အယ္လ္ဘမ္ Loverကို ျဖန႔္ခ်ိဖို႔ရွိေနပါတယ္။ ဒီႏွစ္အတြင္းမွာ မၾကာခင္ကထြက္တဲ့ Me အပါအဝင္ Single သီခ်င္းသစ္ ၃ ပုဒ္လည္း ထြက္ ခဲ့ပါတယ္။

ေတလာဆြစ္ဟာ First-Ever Iconဆုအျပင္ ေနာက္ထပ္ Teen Choice Awardဆု ၇ ခုအတြက္ လ်ာထား စာရင္း မွာ ပါဝင္တယ္လို႔ သိရပါတယ္။

ရည္မြန္ေသာ္
Ref: eonline.com
နယူးေယာက္၊ဇူလိုင္ ၂၆