Agent King ကာတွန်းမှာ ဒုစရိုက်ဂိုဏ်းတွေ ကို ဖြိုခွင်းမယ့် အဲဗစ်ပရက်စလေ

Agent King ကာတွန်းမှာ ဒုစရိုက်ဂိုဏ်းတွေ ကို ဖြိုခွင်းမယ့် အဲဗစ်ပရက်စလေ

ရော့ခ်အန်ရိုးဘုရင် အဲဗစ်ပရက်စလေဇာတ်ကောင်ပါဝင်မယ့် Agent Kingကာတွန်းဇာတ်လမ်းတွဲကို Netflixမှာ ပြသဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒီစီးရီးအတွက် ပရက်စလေရဲ့ကျန်ရစ်သူဇနီးဖြစ်တဲ့ Priscilla Presleyက Executive Producerအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ပရက်စလေ ကွယ်လွန်တာ ၄၂နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့ သြဂုတ်လ ၁၆ ရက်မှာ ထုတ်ပြန်ကြေညာ ခဲ့တာ ပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ရော့ခ်အင်န်ရိုးဘုရင်ပရက်စလေဟာ သူသိပ်ချစ်ရတဲ့တိုင်းပြည်ကို ဒုက္ခပေး ခြိမ်းခြောက်နေတဲ့ ဒုစရိုက်အမှောင်ဂိုဏ်းတွေကိုဖြိုခွင်းဖို့ ထောက်လှမ်းရေးအစီအစဉ်တစ်ခုမှာ ပါဝင်ဖြစ်ပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။

ဒီစီးရီးနဲ့ပတ်သက်ပြီး ပရက်စလေအမျိုးသမီးဖြစ်သူ Priscillaကလည်း ‘အဲဗစ်ကလေးဘဝကတည်းက မကောင်းမှုဒုစရိုက်တွေကို ဖြိုခွင်းပြီး၊ ကမ္ဘာကြီးကို ကယ်တင်းပေးတဲ့  စူပါဟီးရိုးဖြစ်ချင်တဲ့အိပ်မက် ရှိခဲ့ပါတယ်။ အခု Agent Kingမှာ သူဖြစ်ချင်တာကို ဖြစ်ခွင့်ပေးလိုက်တဲ့သဘောပါ’လို့ ဆိုပါတယ်။ Angent King စီးရီးကို Sony Pictures Animationစတူဒီယို၊ Sony Pictures TVနဲ့ Authentic Brands Groupတို့ပေါင်းပြီး ရိုက်ကူးထားပါတယ်။

ရည်မွန်
Ref: billboard
နယူးယောက်၊ သြဂုတ် ၁၈

(  Zawgyi  )

 ေရာ့ခ္အန္႐ိုးဘုရင္ အဲဗစ္ပရက္စေလဇာတ္ေကာင္ပါဝင္မယ့္ Agent Kingကာတြန္းဇာတ္လမ္းတြဲကို Netflixမွာ ျပသဖို႔ရွိတယ္လို႔ သိရပါတယ္။ အဲဒီစီးရီးအတြက္ ပရက္စေလရဲ႕က်န္ရစ္သူဇနီးျဖစ္တဲ့ Priscilla Presleyက Executive Producerအျဖစ္ တာဝန္ယူမွာျဖစ္ပါတယ္။ ဒီအစီအစဥ္ကို ပရက္စေလ ကြယ္လြန္တာ ၄၂ႏွစ္ျပည့္တဲ့ေန႔ျဖစ္တဲ့ ၾသဂုတ္လ ၁၆ ရက္မွာ ထုတ္ျပန္ေၾကညာ ခဲ့တာ ပဲျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲမွာ ေရာ့ခ္အင္န္႐ိုးဘုရင္ပရက္စေလဟာ သူသိပ္ခ်စ္ရတဲ့တိုင္းျပည္ကို ဒုကၡေပး ၿခိမ္းေျခာက္ေနတဲ့ ဒုစ႐ိုက္အေမွာင္ဂိုဏ္းေတြကိုၿဖိဳခြင္းဖို႔ ေထာက္လွမ္းေရးအစီအစဥ္တစ္ခုမွာ ပါဝင္ျဖစ္ပုံေတြကို ႐ိုက္ကူးတင္ဆက္ထားပါတယ္။

ဒီစီးရီးနဲ႔ပတ္သက္ၿပီး ပရက္စေလအမ်ိဳးသမီးျဖစ္သူ Priscillaကလည္း ‘အဲဗစ္ကေလးဘဝကတည္းက မေကာင္းမႈဒုစ႐ိုက္ေတြကို ၿဖိဳခြင္းၿပီး၊ ကမာၻႀကီးကို ကယ္တင္းေပးတဲ့  စူပါဟီး႐ိုးျဖစ္ခ်င္တဲ့အိပ္မက္ ရွိခဲ့ပါတယ္။ အခု Agent Kingမွာ သူျဖစ္ခ်င္တာကို ျဖစ္ခြင့္ေပးလိုက္တဲ့သေဘာပါ’လို႔ ဆိုပါတယ္။ Angent King စီးရီးကို Sony Pictures Animationစတူဒီယို၊ Sony Pictures TVနဲ႔ Authentic Brands Groupတို႔ေပါင္းၿပီး ႐ိုက္ကူးထားပါတယ္။

ရည္မြန္
Ref: billboard
နယူးေယာက္၊ ၾသဂုတ္ ၁၈