COVID ကာလ ဝါသနာအရဈေးရောင်းချနေတဲ့ သရုပ်ဆောင် ညောင်ညောင်

COVID ကာလ ဝါသနာအရဈေးရောင်းချနေတဲ့ သရုပ်ဆောင် ညောင်ညောင်

အခုလို COVID ကာလမှာ သရုပ်ဆောင် ညောင်ညောင် တစ်ယောက် ဝါသနာအရ ဟင်းတွေချက်ပြီး ဈေးရောင်းနေတာတွေကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။“အမေတို့က မြစ်ဝကျွန်းပေါ်ဇာတိဆိုတော့ ဟင်းချက်ကောင်းတယ်၊ အစ်ကိုလည်း အရင်ကတော့ မချက်တတ်ဘူး၊ ငယ်ငယ်ကပေါ့၊ ကိုယ်တိုင်ချက်ရင်းနဲ့ နောက်တော့လည်း ဝါသနာပါသွားတယ်၊ အခုတော့ အစ်ကိုယ့်လက်ရာ သိတဲ့သူတွေက ပုံမှန်လေးတော့မှာတယ်၊ အစ်ကိုက ပွဲ ၁၀၀ လောက်လည်းမလုပ်နိုင်ဘူး၊ တစ်ပတ်မှာ သုံး၊ လေး ရက်လောက်ပဲ ချက်ပြီးတော့ ရောင်းတယ်”လို့ သရုပ်ဆောင် ညောင်ညောင် က ပြောပါတယ်။

လူမှုကွန်ရက်ကနေ အမှာလက်ခံတာတွေကိုတစ်ရက်ကြိုတင်လုပ်ဆောင်ပြီးနောက် ချက်ပြုတ်ရောင်းချကာ မှာယူသူတွေဆီ အိမ်တိုင်ရာရောက် အရောက်ပို့ဆောင်တာတွေလည်းရှိတယ်လို့ သိရပါတယ်။ “ဆိတ်ခေါင်း၊ ကြက်သား၊ ဆတ်သား၊ ငါးရံ့အူ၊ ပုစွန်ငါးဆုပ်၊ ဝက်စတူး ဒါကတော့ပုံမှန်ချက်နေကျဟင်းတွေပေါ့၊ ဟင်းအသစ်တွေ ထပ်ပြီးတော့ စီစဉ်ထားတယ်၊ ဝက်ကောက်ညှင်းတို့ ကြက်ကောက်ညှင်းတို့ပေါ့လေ၊ ဘဲငန်းသားလည်းရတယ်၊ ဒါကတော့ မှာတာနည်းတယ်”လို့ သူက ဆက်ပြောပါတယ်။

သူချက်တဲ့ဟင်းတွေကို အနုပညာအသိုက်အဝန်းနဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေက အားပေးကာ မှာယူတာတွေလုပ်လေ့ရှိပြီး ဟင်းချက်တဲ့လက်ရာကောင်းတာကြောင့် ပုံမှန်မှာယူသူတွေလည်းရှိလာတယ်လို့ သိရပါတယ်။ အခုလို ဟင်းချက်ရောင်းချတာဟာ အနုပညာအလုပ်တွေရပ်နားထားချိန်မှာ အပျင်းလည်းပြေအောင်ဝါသနာအရ လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ သိရသလို အမြတ်အများကြီးကျန်တာမျိုးမဟုတ်ဘူးလို့လည်း သိရပါတယ်။

“ဈေးရောင်းတာက professional အလုပ်မဟုတ်ဘူး၊ အနုပညာအလုပ်က professional အလုပ်ဖြစ်ပေမယ့် ကိုယ်ကလည်း ဒီကာလမှာ ပျင်းနေတော့ လုပ်နေရတာပဲ၊ မနက် ၅ နာရီက ထရတယ်၊ မီးဖိုချောင်ထဲမှာ ချက်ပြုတ်ပြီး မနက် ၇ နာရီ ၈နာရီမှ ကိုယ့်ဗိုက်အတွက် စားရတယ်၊ ဒါတောင် ပို့တာက ကားနဲ့တခြားသူကို တင်ပေးပြီး ပို့ခိုင်းလိုက်တယ်၊ အင်မတန်မှ ပင်ပန်းတာပါ၊ ရတဲ့ပိုက်ဆံက သောင်း ဏန်းလေးပါ၊ တစ်ခါတလေ တစ်သောင်းကျော်၊ တစ်ခါတလေ သုံးသောင်း ပုံမှန်တော့မရှိဘူး၊ တစ်ခါတလေလည်း စားရတာ အမြတ်ပဲလေ၊ အဲ့ဒါမျိုး ကျန်တယ်၊ ကိုယ့်လက်ရာစားကြည့်ဖူးတဲ့သူတွေက ဘာဟင်းတွေချက်မယ်လို့ တင်လိုက်တာနဲ့ ပုံမှန်အားပေး ကြတယ်၊ မသိတဲ့သူတွေလည်း အခုတော့ စားကောင်းတယ် ဆိုပြီး ပါလာကြတယ်”လို့ သူက ရှင်းပြပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၂၈

(  Zawgyi  )

 အခုလို COVID ကာလမွာ သ႐ုပ္ေဆာင္ ေညာင္ေညာင္ တစ္ေယာက္ ဝါသနာအရ ဟင္းေတြခ်က္ၿပီး ေဈးေရာင္းေနတာေတြကို လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။“အေမတို႔က ျမစ္ဝကြၽန္းေပၚဇာတိဆိုေတာ့ ဟင္းခ်က္ေကာင္းတယ္၊ အစ္ကိုလည္း အရင္ကေတာ့ မခ်က္တတ္ဘူး၊ ငယ္ငယ္ကေပါ့၊ ကိုယ္တိုင္ခ်က္ရင္းနဲ႔ ေနာက္ေတာ့လည္း ဝါသနာပါသြားတယ္၊ အခုေတာ့ အစ္ကိုယ့္လက္ရာ သိတဲ့သူေတြက ပုံမွန္ေလးေတာ့မွာတယ္၊ အစ္ကိုက ပြဲ ၁၀၀ ေလာက္လည္းမလုပ္ႏိုင္ဘူး၊ တစ္ပတ္မွာ သုံး၊ ေလး ရက္ေလာက္ပဲ ခ်က္ၿပီးေတာ့ ေရာင္းတယ္”လို႔ သ႐ုပ္ေဆာင္ ေညာင္ေညာင္ က ေျပာပါတယ္။

လူမႈကြန္ရက္ကေန အမွာလက္ခံတာေတြကိုတစ္ရက္ႀကိဳတင္လုပ္ေဆာင္ၿပီးေနာက္ ခ်က္ျပဳတ္ေရာင္းခ်ကာ မွာယူသူေတြဆီ အိမ္တိုင္ရာေရာက္ အေရာက္ပို႔ေဆာင္တာေတြလည္းရွိတယ္လို႔ သိရပါတယ္။ “ဆိတ္ေခါင္း၊ ၾကက္သား၊ ဆတ္သား၊ ငါးရံ႕အူ၊ ပုစြန္ငါးဆုပ္၊ ဝက္စတူး ဒါကေတာ့ပုံမွန္ခ်က္ေနက်ဟင္းေတြေပါ့၊ ဟင္းအသစ္ေတြ ထပ္ၿပီးေတာ့ စီစဥ္ထားတယ္၊ ဝက္ေကာက္ညႇင္းတို႔ ၾကက္ေကာက္ညႇင္းတို႔ေပါ့ေလ၊ ဘဲငန္းသားလည္းရတယ္၊ ဒါကေတာ့ မွာတာနည္းတယ္”လို႔ သူက ဆက္ေျပာပါတယ္။

သူခ်က္တဲ့ဟင္းေတြကို အႏုပညာအသိုက္အဝန္းနဲ႔ သူငယ္ခ်င္းေတြ မိတ္ေဆြေတြက အားေပးကာ မွာယူတာေတြလုပ္ေလ့ရွိၿပီး ဟင္းခ်က္တဲ့လက္ရာေကာင္းတာေၾကာင့္ ပုံမွန္မွာယူသူေတြလည္းရွိလာတယ္လို႔ သိရပါတယ္။ အခုလို ဟင္းခ်က္ေရာင္းခ်တာဟာ အႏုပညာအလုပ္ေတြရပ္နားထားခ်ိန္မွာ အပ်င္းလည္းေျပေအာင္ဝါသနာအရ လုပ္ေဆာင္တာမ်ိဳးျဖစ္တယ္လို႔ သိရသလို အျမတ္အမ်ားႀကီးက်န္တာမ်ိဳးမဟုတ္ဘူးလို႔လည္း သိရပါတယ္။

“ေဈးေရာင္းတာက professional အလုပ္မဟုတ္ဘူး၊ အႏုပညာအလုပ္က professional အလုပ္ျဖစ္ေပမယ့္ ကိုယ္ကလည္း ဒီကာလမွာ ပ်င္းေနေတာ့ လုပ္ေနရတာပဲ၊ မနက္ ၅ နာရီက ထရတယ္၊ မီးဖိုေခ်ာင္ထဲမွာ ခ်က္ျပဳတ္ၿပီး မနက္ ၇ နာရီ ၈နာရီမွ ကိုယ့္ဗိုက္အတြက္ စားရတယ္၊ ဒါေတာင္ ပို႔တာက ကားနဲ႔တျခားသူကို တင္ေပးၿပီး ပို႔ခိုင္းလိုက္တယ္၊ အင္မတန္မွ ပင္ပန္းတာပါ၊ ရတဲ့ပိုက္ဆံက ေသာင္း ဏန္းေလးပါ၊ တစ္ခါတေလ တစ္ေသာင္းေက်ာ္၊ တစ္ခါတေလ သုံးေသာင္း ပုံမွန္ေတာ့မရွိဘူး၊ တစ္ခါတေလလည္း စားရတာ အျမတ္ပဲေလ၊ အဲ့ဒါမ်ိဳး က်န္တယ္၊ ကိုယ့္လက္ရာစားၾကည့္ဖူးတဲ့သူေတြက ဘာဟင္းေတြခ်က္မယ္လို႔ တင္လိုက္တာနဲ႔ ပုံမွန္အားေပး ၾကတယ္၊ မသိတဲ့သူေတြလည္း အခုေတာ့ စားေကာင္းတယ္ ဆိုၿပီး ပါလာၾကတယ္”လို႔ သူက ရွင္းျပပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၂၈