COVID ကြောင့် သင်ကြားမှုပုံစံပြောင်းလဲရတော့မယ်ဆိုတဲ့ ဂီတမှူး နိုင်ဇော်

COVID ကြောင့် သင်ကြားမှုပုံစံပြောင်းလဲရတော့မယ်ဆိုတဲ့ ဂီတမှူး နိုင်ဇော်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအဝန်းမှာဖြစ်ပွားနေတဲ့ COVID ၁၉ ရောဂါကြောင့် သင်ကြားမှု ပုံစံတွေကို ပြောင်းလဲ ရမယ့် အခြေအနေမျိုးဖြစ်လာတယ်လို့ ဂီတမှူး နိုင်ဇော်က ပြောပါတယ်။“ဒီရောဂါက တစ်ကမ္ဘာလုံးမှာလည်းဖြစ်နေတာ ဘယ်တော့ပြီး မှန်းမသိတော့ ဒီဟာနဲ့ လိုက်ပြီး ရောဂါကာကွယ်ရေး ဆိုင်ရာ Culture တွေကို လိုက်ပါပြောင်းလဲလုပ်ဆောင်မှ အဆင်ပြေနိုင်မယ် လို့ ယူဆရပါတယ်၊ မဟုတ်ရင် ဒီအတိုင်းကြီးပဲ ဘယ်တော့ပြီးမလဲ ထိုင်စောင့်နေလို့ စားဝတ် နေရေး ကိစ္စတွေကလည်း ရှိတော့ ရေရှည်မှာက အဆင်မပြေနိုင်ဘူး၊ ရေရှည်အတွက် ကျွန်တော်တို့က စဉ်းစားပြီး ပြုပြင်ပြောင်းလဲ ရမယ်”လို့ သူက ရှင်းပြပါတယ်။

သူဟာ ဂီတနဲ့ပတ်သက်တဲ့ သင်ကြားမှုတွေကိုလည်း အွန်လိုင်းကနေ လုပ်ဆောင်ခဲ့တာတွေရှိ သလို မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မျက်နှာသစ်တေးသံရှင်တွေအတွက် လိုအပ်သော တေးဂီတပိုင်း အကူအညီတွေကိုလည်း အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်ပေးခဲ့တာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် COVID 19 အတွက် မိမိတတ်နိုင်တဲ့အပိုင်းကဏ္ဍကနေ ပါဝင်နိုင်အောင် ကြိုးပမ်းနေသလို ပညာပေးတေးသီချင်းအချို့မှာလည်း တေးဂီတပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အတွက် ကူညီလုပ်ဆောင်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

“ရောဂါကာကွယ်ရေး အတွက် ညွှန်ကြားချက်တွေကို မဖြစ်မနေလိုက်နာရမယ်၊ အဲ့ဒီလို လိုက်နာ ရင်း နဲ့ ကျွန်တော်တို့ Culture တွေပြောင်းမှ အဆင်ပြေပါလိမ့်မယ်၊ ဒီနေရာမှာ ကျွန်တော်တို့ လူငယ်တွေကြားမှာ အကျိုးအမြတ်အနေနဲ့ အွန်လိုင်းကို မှန်မှန်ကန်ကန်နဲ့အသုံးချသွားတတ်မယ်၊ အဆင့်မြင့်နည်းပညာတွေဟာလည်း ပြည်သူတွေကြားမှာ လက်ပွန်းတနှီးဖြစ်လာမယ်လို့ ယုံကြည်တယ်၊ ဒါက COVID ကာလမှာ ပြန်လည်ခံစားရမယ့် effective တစ်ခုပဲလို့ ကျွန်တော်က အဲ့လိုမြင်တယ်”လို့ သူက ဆက်ပြောပါတယ်။

တေးဂီတနဲ့ပတ်သက်လို့ သူ့ကိုအကူအညီတောင်းထားတဲ့ စီးရီးတွေအတွက် စီစဉ်တီးခတ်နေတာ တွေ ရှိသလို စာရေးတာတွေကိုလည်း လုပ်ဆောင်နေကြောင်း၊ ခေတ်ကာလနဲ့ လိုက်လျောညီထွေ တဲ့ စနစ်မျိုး အခြေအနေမျိုးအတွက် ပြင်ဆင်ရင်း နေထိုင်လုပ်ကိုင်နေလျက်ရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၂၂

(  Zawgyi  )

 ျမန္မာႏိုင္ငံအပါအဝင္ ကမာၻအဝန္းမွာျဖစ္ပြားေနတဲ့ COVID ၁၉ ေရာဂါေၾကာင့္ သင္ၾကားမႈ ပုံစံေတြကို ေျပာင္းလဲ ရမယ့္ အေျခအေနမ်ိဳးျဖစ္လာတယ္လို႔ ဂီတမႉး ႏိုင္ေဇာ္က ေျပာပါတယ္။“ဒီေရာဂါက တစ္ကမာၻလုံးမွာလည္းျဖစ္ေနတာ ဘယ္ေတာ့ၿပီး မွန္းမသိေတာ့ ဒီဟာနဲ႔ လိုက္ၿပီး ေရာဂါကာကြယ္ေရး ဆိုင္ရာ Culture ေတြကို လိုက္ပါေျပာင္းလဲလုပ္ေဆာင္မွ အဆင္ေျပႏိုင္မယ္ လို႔ ယူဆရပါတယ္၊ မဟုတ္ရင္ ဒီအတိုင္းႀကီးပဲ ဘယ္ေတာ့ၿပီးမလဲ ထိုင္ေစာင့္ေနလို႔ စားဝတ္ ေနေရး ကိစၥေတြကလည္း ရွိေတာ့ ေရရွည္မွာက အဆင္မေျပႏိုင္ဘူး၊ ေရရွည္အတြက္ ကြၽန္ေတာ္တို႔က စဥ္းစားၿပီး ျပဳျပင္ေျပာင္းလဲ ရမယ္”လို႔ သူက ရွင္းျပပါတယ္။

သူဟာ ဂီတနဲ႔ပတ္သက္တဲ့ သင္ၾကားမႈေတြကိုလည္း အြန္လိုင္းကေန လုပ္ေဆာင္ခဲ့တာေတြရွိ သလို မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ မ်က္ႏွာသစ္ေတးသံရွင္ေတြအတြက္ လိုအပ္ေသာ ေတးဂီတပိုင္း အကူအညီေတြကိုလည္း အြန္လိုင္းမွတစ္ဆင့္ လုပ္ေဆာင္ေပးခဲ့တာေတြရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ COVID 19 အတြက္ မိမိတတ္ႏိုင္တဲ့အပိုင္းက႑ကေန ပါဝင္ႏိုင္ေအာင္ ႀကိဳးပမ္းေနသလို ပညာေပးေတးသီခ်င္းအခ်ိဳ႕မွာလည္း ေတးဂီတပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြ အတြက္ ကူညီလုပ္ေဆာင္ခဲ့တာေတြရွိတယ္လို႔ သိရပါတယ္။

“ေရာဂါကာကြယ္ေရး အတြက္ ၫႊန္ၾကားခ်က္ေတြကို မျဖစ္မေနလိုက္နာရမယ္၊ အဲ့ဒီလို လိုက္နာ ရင္း နဲ႔ ကြၽန္ေတာ္တို႔ Culture ေတြေျပာင္းမွ အဆင္ေျပပါလိမ့္မယ္၊ ဒီေနရာမွာ ကြၽန္ေတာ္တို႔ လူငယ္ေတြၾကားမွာ အက်ိဳးအျမတ္အေနနဲ႔ အြန္လိုင္းကို မွန္မွန္ကန္ကန္နဲ႔အသုံးခ်သြားတတ္မယ္၊ အဆင့္ျမင့္နည္းပညာေတြဟာလည္း ျပည္သူေတြၾကားမွာ လက္ပြန္းတႏွီးျဖစ္လာမယ္လို႔ ယုံၾကည္တယ္၊ ဒါက COVID ကာလမွာ ျပန္လည္ခံစားရမယ့္ effective တစ္ခုပဲလို႔ ကြၽန္ေတာ္က အဲ့လိုျမင္တယ္”လို႔ သူက ဆက္ေျပာပါတယ္။

ေတးဂီတနဲ႔ပတ္သက္လို႔ သူ႔ကိုအကူအညီေတာင္းထားတဲ့ စီးရီးေတြအတြက္ စီစဥ္တီးခတ္ေနတာ ေတြ ရွိသလို စာေရးတာေတြကိုလည္း လုပ္ေဆာင္ေနေၾကာင္း၊ ေခတ္ကာလနဲ႔ လိုက္ေလ်ာညီေထြ တဲ့ စနစ္မ်ိဳး အေျခအေနမ်ိဳးအတြက္ ျပင္ဆင္ရင္း ေနထိုင္လုပ္ကိုင္ေနလ်က္ရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၂၂