COVID ပြီးချိန်မှာ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် ဘုန်းလျှံ

COVID ပြီးချိန်မှာ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် ဘုန်းလျှံ

အခုကြုံနေရတဲ့ COVID ကာလ လွန်မြောက်ပြီးစီးချိန်မှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ခွင့်ရတဲ့အခါ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ပြင်ဆင်ထားတယ်လို့ သရုပ်ဆောင် ဘုန်းလျှံ က ပြောပါတယ်။

အဆိုပါဇာတ်လမ်းတွဲဟာ သူ့အနေနဲ့ ပထမဆုံးသော ဇာတ်လမ်းတွဲလည်းဖြစ်သလို မူးယစ်ဆေးဝါးအမှုဖြင့် ထောင်မကျခင်ကာလက မြန်မာဗီဒီယိုဇာတ်ကားအများအပြားနဲ့ Music Video များစွာမှာ သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။လက်ရှိကာလမှာလည်း အွန်လိုင်းပေါ်ကနေ ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“သမာအာဇီဝကျတဲ့ အလုပ်တစ်ခုအနေနဲ့ အခုလိုဈေးရောင်းတာတွေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်၊ အမျိုးသမီးရဲ့ တွန်းအားကြောင့်လည်း အခုလိုရောင်းဖြစ်တာလည်းပါသလို ကိုယ်ကိုယ်တိုင်ကလည်း အလုပ်မလုပ်ရရင် မနေတတ်တော့ အခုလိုရောင်းဖြစ်တာပါ၊ ကိုယ်က အနုပညာသမားဆိုတော့ စီးပွားရေးကို သိပ်ပြီးလုပ်တတ်တဲ့သူလည်း မဟုတ်ဘူးလေ၊ အရင်တုန်းကလို စိတ်မျိုးဆိုရင်တော့ အလုပ်မရှိရင် အိမ်ထဲမှာပဲ ထိုင်နေမိမှာပါ၊ ထောင်ကပြန်ထွက်လာတဲ့အချိန်မှာ ထိုင်ခဲ့ရတဲ့ရက်ပေါင်းကလည်း အရမ်းများခဲ့တယ်၊ အခုလည်း COVID နဲ့ ကြုံတော့ အနုပညာအလုပ်တွေလည်း နားနေရတဲ့အခါကျတော့ အလုပ်တစ်ခုခုလုပ်မယ ဆိုပြီး အခုလိုလုပ်ဖြစ်တာပါ” လို့ သူက ရှင်းပြပါတယ်။

သူဟာ မြန်မာဗီဒီယိုဇာတ်ကား အများအပြားမှာ ဒုတိယမင်းသားနေရာက အများဆုံးသရုပ်ဆောင်ခဲ့ရသလို ပရိသတ်အားပေးမှုတွေကိုလည်း အခိုင်အမာရရှိခဲ့သူဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရကာ ထောင်ထဲမှာ ၇ နှစ် ပြစ်ဒဏ်ကျခံပြီး အခု ၂၀၂၀ ပြည့်နှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်သလို သူ့အနေနဲ့ ထောင်ထဲမှာ ဘဝအတွက်သင်ခန်းစာတွေလည်း များစွာရရှိခဲ့ပြီး မူးယစ်ဆေးဝါးကို ဘယ်တော့မှပြန်လုပ်မှာမဟုတ်တော့ဘူးလို့ ပရိသတ်ကိုကတိပေးထားခဲ့သူလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ အခုလိုအချိန်မှာ နားနေကာ ထိုင်စားလို့ရတဲ့အခြေအနေမျိုးရှိနေပေမယ့် အလုပ်မလုပ်ရင်မနေနိုင်တာကြောင့် အွန်လိုင်းကနေ ဈေးရောင်းတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါ့အပြင် COVID ပြီးသွားတဲ့အချိန်မှာ ပြန်လည်လုပ်ကိုင်ရမယ့် အနုပညာအလုပ်တွေအတွက်လည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ဘုန်းလျှံ)
ရန်ကုန်၊ အောက်တိုဘာ - ၂၂

( Zawgyi )

အခုႀကဳံေနရတဲ့ COVID ကာလ လြန္ေျမာက္ၿပီးစီးခ်ိန္မွာ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ခြင့္ရတဲ့အခါ ႐ုပ္သံဇာတ္လမ္းတြဲ ႐ိုက္ကူးဖို႔ ျပင္ဆင္ထားတယ္လို႔ သ႐ုပ္ေဆာင္ ဘုန္းလွ်ံ က ေျပာပါတယ္။

အဆိုပါဇာတ္လမ္းတြဲဟာ သူ႔အေနနဲ႔ ပထမဆုံးေသာ ဇာတ္လမ္းတြဲလည္းျဖစ္သလို မူးယစ္ေဆးဝါးအမႈျဖင့္ ေထာင္မက်ခင္ကာလက ျမန္မာဗီဒီယိုဇာတ္ကားအမ်ားအျပားနဲ႔ Music Video မ်ားစြာမွာ သ႐ုပ္ေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။လက္ရွိကာလမွာလည္း အြန္လိုင္းေပၚကေန ေဈးေရာင္းတဲ့အလုပ္ကို လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

“သမာအာဇီဝက်တဲ့ အလုပ္တစ္ခုအေနနဲ႔ အခုလိုေဈးေရာင္းတာေတြနဲ႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္၊ အမ်ိဳးသမီးရဲ႕ တြန္းအားေၾကာင့္လည္း အခုလိုေရာင္းျဖစ္တာလည္းပါသလို ကိုယ္ကိုယ္တိုင္ကလည္း အလုပ္မလုပ္ရရင္ မေနတတ္ေတာ့ အခုလိုေရာင္းျဖစ္တာပါ၊ ကိုယ္က အႏုပညာသမားဆိုေတာ့ စီးပြားေရးကို သိပ္ၿပီးလုပ္တတ္တဲ့သူလည္း မဟုတ္ဘူးေလ၊ အရင္တုန္းကလို စိတ္မ်ိဳးဆိုရင္ေတာ့ အလုပ္မရွိရင္ အိမ္ထဲမွာပဲ ထိုင္ေနမိမွာပါ၊ ေထာင္ကျပန္ထြက္လာတဲ့အခ်ိန္မွာ ထိုင္ခဲ့ရတဲ့ရက္ေပါင္းကလည္း အရမ္းမ်ားခဲ့တယ္၊ အခုလည္း COVID နဲ႔ ႀကဳံေတာ့ အႏုပညာအလုပ္ေတြလည္း နားေနရတဲ့အခါက်ေတာ့ အလုပ္တစ္ခုခုလုပ္မယ ဆိုၿပီး အခုလိုလုပ္ျဖစ္တာပါ” လို႔ သူက ရွင္းျပပါတယ္။

သူဟာ ျမန္မာဗီဒီယိုဇာတ္ကား အမ်ားအျပားမွာ ဒုတိယမင္းသားေနရာက အမ်ားဆုံးသ႐ုပ္ေဆာင္ခဲ့ရသလို ပရိသတ္အားေပးမႈေတြကိုလည္း အခိုင္အမာရရွိခဲ့သူျဖစ္ေၾကာင္း၊ မူးယစ္ေဆးဝါးအမႈနဲ႔ ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္ခံခဲ့ရကာ ေထာင္ထဲမွာ ၇ ႏွစ္ ျပစ္ဒဏ္က်ခံၿပီး အခု ၂၀၂၀ ျပည့္ႏွစ္ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔မွာ ႏိုင္ငံေတာ္လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာခဲ့တာျဖစ္သလို သူ႔အေနနဲ႔ ေထာင္ထဲမွာ ဘဝအတြက္သင္ခန္းစာေတြလည္း မ်ားစြာရရွိခဲ့ၿပီး မူးယစ္ေဆးဝါးကို ဘယ္ေတာ့မွျပန္လုပ္မွာမဟုတ္ေတာ့ဘူးလို႔ ပရိသတ္ကိုကတိေပးထားခဲ့သူလည္း ျဖစ္ပါတယ္။

သူ႔အေနနဲ႔ အခုလိုအခ်ိန္မွာ နားေနကာ ထိုင္စားလို႔ရတဲ့အေျခအေနမ်ိဳးရွိေနေပမယ့္ အလုပ္မလုပ္ရင္မေနႏိုင္တာေၾကာင့္ အြန္လိုင္းကေန ေဈးေရာင္းတာေတြလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ဒါ့အျပင္ COVID ၿပီးသြားတဲ့အခ်ိန္မွာ ျပန္လည္လုပ္ကိုင္ရမယ့္ အႏုပညာအလုပ္ေတြအတြက္လည္း အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ဘုန္းလွ်ံ)
ရန္ကုန္၊ ေအာက္တိုဘာ - ၂၂