COVID အပြီးကာလမှာ ဖျော်ဖြေပွဲလုပ်ဖို့စီစဉ်နေတဲ့ တေးသံရှင် ရော်ရွက်

COVID အပြီးကာလမှာ ဖျော်ဖြေပွဲလုပ်ဖို့စီစဉ်နေတဲ့ တေးသံရှင် ရော်ရွက်

လူငယ်ပရိသတ်တွေရဲ့ကြားမှာ အခုနောက်ပိုင်းလူသိများကာ အားပေးမှုများပြားလာတဲ့ တေးသံရှင် ရော်ရွက် ဟာ COVID အပြီးကာလထဲ ဖျော်ဖြေပွဲတစ်ခု လုပ်သွားဖို့စီစဉ်ထားတယ်လို့ ပြောပါတယ်။

ဆယ်ကျော်သက်လူငယ်တေးသံရှင်တစ်ဦးဖြစ်တဲ့ ရော်ရွက်ဟာ အခုရက်ပိုင်းထဲမှာပဲ သူ့ရဲ့ အသက် ၂၁ နှစ်ပြည့် မွေးနေ့ပွဲကို တိုက်ကြီးမြို့နယ်ထဲက ပရဟိတမိဘမဲ့ကျောင်းကို သူ့ရဲ့ အမာခံ We Love ပရိသတ်တွေနဲ့အတူ သွားရောက်ပြီး မွေးနေ့ အလှူအဖြစ်ကုသိုလ်ပြုခဲ့တယ်လို့ သိရ ပါတယ်။

 “အခုအချိန်အထိ ခက်ခဲမှုတွေကတော့ ရှိနေတာပါပဲ၊ သီချင်းကို သေသေချာချာနဲ့လုပ်ဖြစ်နေ တယ်၊ ကျွန်တော် Music Video ထွက်ဖို့ရှိပါတယ်၊ ဒီကာလပြီးသွားတဲ့အခါ ပွဲလေးတွေ ကျင်းပ ပေးနိုင်ဖို့ အစီအစဉ်တွေရှိပါတယ်”လို့ တေးသံရှင် ရော်ရွက်က ပြောပါတယ်။

လူငယ်သဘာ၀ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနေထိုင်ချင်ပေမယ့် ပရိသတ်အားပေးမှုများ လာတဲ့ တေးသံရှင်ဖြစ်လာတဲ့အခါ သွားလာနေထိုင်တာတွေကိုလည်း ဆင်ခြင်နေရပြီး လူငယ် ဘဝရဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးသော်လည်း ကျေနပ်မိကြောင်း၊ အခက်အခဲများကို ကျော်လွှား ကြိုးပမ်းရင်း ယခုထက်ပိုမိုသော အောင်မြင်မှု အခြေအနေကိုရရှိဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

“COVID နဲ့ ပတ်သက်ရင်လား၊  စိုးရိမ်စိတ်တော့ရှိပါတယ်၊ ဒါကအများနဲ့ဆိုင်တဲ့ဟာလေ၊ တစ်ကမ္ဘာ လုံးမှာ သေတဲ့သူလည်းများသလို ပြန်ကောင်းသူလည်းများတယ်၊ အဓိကကတော့ စည်းကမ်းလိုက်နာမှုနဲ့ ဆင်ဆင်ခြင်ခြင်နေကြဖို့ပဲ၊ ပရိသတ်တွေ အနေနဲ့လည်း ဆင်ဆင်ခြင်ခြင် နေထိုင်ရင်း ကျွန်တော်တို့ ဒီ COVID ကာလကို အတူကျော်လွှား ကြပါစို့လို့ ပြောချင်ပါတယ်”လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။

ယခုအခါ သူ့ရဲ့တေးသီချင်းတွေကို ပရိသတ်တွေခံစားနားဆင်နိုင်ဖို့အတွက် လူမှုကွန်ရက်ကနေ ထုတ်လွှင့်တာတွေကိုလည်း လုပ်ဆောင်သွားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။          

 မင်းခေတ်လင်း
ရန်ကုန်၊ မေ ၂၇

(  Zawgyi  )

 လူငယ္ပရိသတ္ေတြရဲ႕ၾကားမွာ အခုေနာက္ပိုင္းလူသိမ်ားကာ အားေပးမႈမ်ားျပားလာတဲ့ ေတးသံရွင္ ေရာ္႐ြက္ ဟာ COVID အၿပီးကာလထဲ ေဖ်ာ္ေျဖပြဲတစ္ခု လုပ္သြားဖို႔စီစဥ္ထားတယ္လို႔ ေျပာပါတယ္။

ဆယ္ေက်ာ္သက္လူငယ္ေတးသံရွင္တစ္ဦးျဖစ္တဲ့ ေရာ္႐ြက္ဟာ အခုရက္ပိုင္းထဲမွာပဲ သူ႔ရဲ႕ အသက္ ၂၁ ႏွစ္ျပည့္ ေမြးေန႔ပြဲကို တိုက္ႀကီးၿမိဳ႕နယ္ထဲက ပရဟိတမိဘမဲ့ေက်ာင္းကို သူ႔ရဲ႕ အမာခံ We Love ပရိသတ္ေတြနဲ႔အတူ သြားေရာက္ၿပီး ေမြးေန႔ အလႉအျဖစ္ကုသိုလ္ျပဳခဲ့တယ္လို႔ သိရ ပါတယ္။

 “အခုအခ်ိန္အထိ ခက္ခဲမႈေတြကေတာ့ ရွိေနတာပါပဲ၊ သီခ်င္းကို ေသေသခ်ာခ်ာနဲ႔လုပ္ျဖစ္ေန တယ္၊ ကြၽန္ေတာ္ Music Video ထြက္ဖို႔ရွိပါတယ္၊ ဒီကာလၿပီးသြားတဲ့အခါ ပြဲေလးေတြ က်င္းပ ေပးႏိုင္ဖို႔ အစီအစဥ္ေတြရွိပါတယ္”လို႔ ေတးသံရွင္ ေရာ္႐ြက္က ေျပာပါတယ္။

လူငယ္သဘာ၀ လြတ္လြတ္လပ္လပ္သြားလာလႈပ္ရွားေနထိုင္ခ်င္ေပမယ့္ ပရိသတ္အားေပးမႈမ်ား လာတဲ့ ေတးသံရွင္ျဖစ္လာတဲ့အခါ သြားလာေနထိုင္တာေတြကိုလည္း ဆင္ျခင္ေနရၿပီး လူငယ္ ဘဝရဲ႕ လြတ္လပ္မႈေတြ ဆုံးရႈံးေသာ္လည္း ေက်နပ္မိေၾကာင္း၊ အခက္အခဲမ်ားကို ေက်ာ္လႊား ႀကိဳးပမ္းရင္း ယခုထက္ပိုမိုေသာ ေအာင္ျမင္မႈ အေျခအေနကိုရရွိဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သိရပါတယ္။

“COVID နဲ႔ ပတ္သက္ရင္လား၊  စိုးရိမ္စိတ္ေတာ့ရွိပါတယ္၊ ဒါကအမ်ားနဲ႔ဆိုင္တဲ့ဟာေလ၊ တစ္ကမာၻ လုံးမွာ ေသတဲ့သူလည္းမ်ားသလို ျပန္ေကာင္းသူလည္းမ်ားတယ္၊ အဓိကကေတာ့ စည္းကမ္းလိုက္နာမႈနဲ႔ ဆင္ဆင္ျခင္ျခင္ေနၾကဖို႔ပဲ၊ ပရိသတ္ေတြ အေနနဲ႔လည္း ဆင္ဆင္ျခင္ျခင္ ေနထိုင္ရင္း ကြၽန္ေတာ္တို႔ ဒီ COVID ကာလကို အတူေက်ာ္လႊား ၾကပါစို႔လို႔ ေျပာခ်င္ပါတယ္”လို႔ သူက ဆက္လက္ရွင္းျပခဲ့ပါတယ္။

ယခုအခါ သူ႔ရဲ႕ေတးသီခ်င္းေတြကို ပရိသတ္ေတြခံစားနားဆင္ႏိုင္ဖို႔အတြက္ လူမႈကြန္ရက္ကေန ထုတ္လႊင့္တာေတြကိုလည္း လုပ္ေဆာင္သြားဖို႔စီစဥ္ေနတယ္လို႔ သိရပါတယ္။          

 မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၂၇