COVID 19 ကူးစက်ခံရတဲ့ အလှမယ် မေဘရဏီသော် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရ

COVID 19 ကူးစက်ခံရတဲ့ အလှမယ် မေဘရဏီသော် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရ

လွန်ခဲ့သော ၂၀၁၅ ခုနှစ်က Miss Universe Myanmar 2015 ရဲ့ အလှမယ်တစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာစင်မြင့်ထက်မှာ မြန်မာနိုင်ငံကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် မေဘရဏီသော်ဟာ COVID 19 ကူးစက်ခံရပေမယ့် လက်ရှိမှာ ကျန်းမာရေးကောင်းမွန်နေလျက်ရှိတယ်လို့ သိရပါတယ်။

အိမ်မှာ အသက်ကြီးတဲ့သူတွေရှိတာကြောင့် သူမရယ် မိခင်ဖြစ်သူရယ် အဒေါ်ဖြစ်သူရယ် စုစုပေါင်းသုံးဦးဟာ မြောက်ဥက္ကလာဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သွားရောက်ခဲ့ရာမှ နိုဝင်ဘာ ၁၆ ရက်တွင် Positive အဖြစ် ကြုံခဲ့တာကြောင့် လက်ရှိမှာတော့ အောင်မြင့်မိုရ်မှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

“စစချင်းတုန်းကတော့ အမေက သိပ်ပြီးတော့နေမကောင်းဘူး၊ မေသော်ကိုယ်တိုင်ကလည်း အမေ့ကို အနီးကပ်ဂရုစိုက်ပြုစုနေရင်းနဲ့ နေမကောင်းချင်သလိုတွေဖြစ်ပြီးတော့ အခုလိုဖြစ်သွားခဲ့တာပါ၊ အိမ်မှာက လူကြီးတွေများတော့ ကူးစက်မှာစိုးရိမ်လို့ ကွာရန်တင်းဝင်ရင်း Positive ဖြစ်တော့ အောင်မြင့်မိုရ်ကိုရောက်နေတာ၊ အခုတော့ အမေလည်း ကိုယ်ပူပြန်ကျပြီး နေကောင်းသွားတယ်၊ မေသော်လည်း အရင်ရက်တွေကဖျားတယ်၊ လည်ချောင်းနာတယ်၊ ကိုယ်ပူတယ်၊ ညဘက်တွေဆို အိပ်မပျော်ဘူး၊ အခုက အဲဒါတွေပျောက်ပြီး ပြန်သက်သာနေပါပြီ၊ အဒေါ်လည်းသက်သာတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

အခုလိုကာလမှာ နေအိမ်အတွင်းမှာပဲနေထိုင်လျက်ရှိပေမယ့် ရွေးကောက်ပွဲမဲပေးဖို့ အပြင်ထွက်တာမျိုးသာရှိကြောင်း၊ မဲပေးတဲ့ရက်ပြီးတဲ့နောက်မှာ မိခင်ဖြစ်သူက အရင်ဖျားနာပြီး သူမနဲ့ သူမရဲ့အဒေါ်ဖြစ်သူတို့ကလည်း ဖျားပြီးအနံ့ပျောက်တာတွေကို ကြုံကာ Positive လူနာအဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

“ကျန်းမာရေးကို ဂရုစိုက်ပါလို့ပဲ ဒီအချိန်မှာပြောချင်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

သူမဟာ “အခမ်းနားဆုံးမေတ္တာ”လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို သရုပ်ဆောင်ဖို့ ဆက်လက်ပြင်ဆင်ထားတာတွေအများအပြားရှိပြီး အားပေးသူပရိသတ်တွေလည်း အခိုင်အမာရလာသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - မေဘရဏီသော်)
ရန်ကုန်၊ နိုဝင်ဘာ - ၂၁

( Zawgyi )

လြန္ခဲ့ေသာ ၂၀၁၅ ခုႏွစ္က Miss Universe Myanmar 2015 ရဲ႕ အလွမယ္တစ္ေယာက္ျဖစ္ခဲ့ၿပီး ႏိုင္ငံတကာစင္ျမင့္ထက္မွာ ျမန္မာႏိုင္ငံကိုယ္စားျပဳကာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ အလွမယ္ ေမဘရဏီေသာ္ဟာ COVID 19 ကူးစက္ခံရေပမယ့္ လက္ရွိမွာ က်န္းမာေရးေကာင္းမြန္ေနလ်က္ရွိတယ္လို႔ သိရပါတယ္။

အိမ္မွာ အသက္ႀကီးတဲ့သူေတြရွိတာေၾကာင့္ သူမရယ္ မိခင္ျဖစ္သူရယ္ အေဒၚျဖစ္သူရယ္ စုစုေပါင္းသုံးဦးဟာ ေျမာက္ဥကၠလာေဆး႐ုံမွာ ေစာင့္ၾကည့္လူနာအျဖစ္ သြားေရာက္ခဲ့ရာမွ ႏိုဝင္ဘာ ၁၆ ရက္တြင္ Positive အျဖစ္ ႀကဳံခဲ့တာေၾကာင့္ လက္ရွိမွာေတာ့ ေအာင္ျမင့္မိုရ္မွာ ကုသမႈခံယူေနတယ္လို႔ သိရပါတယ္။

“စစခ်င္းတုန္းကေတာ့ အေမက သိပ္ၿပီးေတာ့ေနမေကာင္းဘူး၊ ေမေသာ္ကိုယ္တိုင္ကလည္း အေမ့ကို အနီးကပ္ဂ႐ုစိုက္ျပဳစုေနရင္းနဲ႔ ေနမေကာင္းခ်င္သလိုေတြျဖစ္ၿပီးေတာ့ အခုလိုျဖစ္သြားခဲ့တာပါ၊ အိမ္မွာက လူႀကီးေတြမ်ားေတာ့ ကူးစက္မွာစိုးရိမ္လို႔ ကြာရန္တင္းဝင္ရင္း Positive ျဖစ္ေတာ့ ေအာင္ျမင့္မိုရ္ကိုေရာက္ေနတာ၊ အခုေတာ့ အေမလည္း ကိုယ္ပူျပန္က်ၿပီး ေနေကာင္းသြားတယ္၊ ေမေသာ္လည္း အရင္ရက္ေတြကဖ်ားတယ္၊ လည္ေခ်ာင္းနာတယ္၊ ကိုယ္ပူတယ္၊ ညဘက္ေတြဆို အိပ္မေပ်ာ္ဘူး၊ အခုက အဲဒါေတြေပ်ာက္ၿပီး ျပန္သက္သာေနပါၿပီ၊ အေဒၚလည္းသက္သာတယ္” လို႔ ၎က ရွင္းျပပါတယ္။

အခုလိုကာလမွာ ေနအိမ္အတြင္းမွာပဲေနထိုင္လ်က္ရွိေပမယ့္ ေ႐ြးေကာက္ပြဲမဲေပးဖို႔ အျပင္ထြက္တာမ်ိဳးသာရွိေၾကာင္း၊ မဲေပးတဲ့ရက္ၿပီးတဲ့ေနာက္မွာ မိခင္ျဖစ္သူက အရင္ဖ်ားနာၿပီး သူမနဲ႔ သူမရဲ႕အေဒၚျဖစ္သူတို႔ကလည္း ဖ်ားၿပီးအနံ႔ေပ်ာက္တာေတြကို ႀကဳံကာ Positive လူနာအျဖစ္သို႔ ေရာက္ရွိခဲ့တယ္လို႔ သိရပါတယ္။

“က်န္းမာေရးကို ဂ႐ုစိုက္ပါလို႔ပဲ ဒီအခ်ိန္မွာေျပာခ်င္ပါတယ္” လို႔ ၎က ဆက္ေျပာပါတယ္။

သူမဟာ “အခမ္းနားဆုံးေမတၱာ”လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားသလို သ႐ုပ္ေဆာင္ဖို႔ ဆက္လက္ျပင္ဆင္ထားတာေတြအမ်ားအျပားရွိၿပီး အားေပးသူပရိသတ္ေတြလည္း အခိုင္အမာရလာသူတစ္ဦး ျဖစ္လာခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ေမဘရဏီေသာ္)
ရန္ကုန္၊ ႏိုဝင္ဘာ - ၂၁