Double Dating အစီအစဉ် ဒုတိယပိုင်းရိုက်ဖို့ရှိတယ်ဆိုတဲ့ ယွန်းယွန်း

Double Dating အစီအစဉ် ဒုတိယပိုင်းရိုက်ဖို့ရှိတယ်ဆိုတဲ့ ယွန်းယွန်း

Double Dating အစီအစဉ် ဒုတိယပိုင်းရိကလေးသရုပ်ဆောင်ဘ၀ကနေ လူသိများလာခဲ့တဲ့ သရုပ်ဆောင် ယွန်းယွန်းဟာ Double Dating အစီအစဉ်အဖြစ် သရုပ်ဆောင် အောင်မင်းခန့်နဲ့ အတူတွဲကာရိုက်ကူးခဲ့ပြီး မထင်ထားလောက်အောင် အားပေးသူတွေများခဲ့တာကြောင့် ဒုတိယပိုင်းအစီအစဉ်မျိုးကို ဆက်လက်ရိုက်ကူးလုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

 
“အခုက ပရိုဂရမ်အဖြစ်လုပ်ထားတာပါ၊ ဒါတောင် Fan Page တစ်ခုတည်းတင် အားပေးသူ မီလီယံချီတယ်၊ မထင်ထားလောက်အောင်ကိုပဲ အားပေးတဲ့သူတွေများခဲ့ပါတယ်၊ အစတုန်းကတော့ ဒီလိုကာလမှာ အလှပုံလေးတွေ ဘာလေးတွေ ရိုက်မယ်ဆိုပြီးတော့ ရိုက်ထားတာကနေ အခုလိုပရိသတ်တွေစိတ်ဝင်စားပြီး မထင်ထားလောက်အောင် ပါဝင်ခဲ့တာကြောင့် ဒုတိယပိုင်းအနေနဲ့ ထပ်ပြီးတော့ ရိုက်ကြဖို့ရှိတယ်” လို့ ၎င်းက ရှင်းပြပါတယ်။ 
 
အဆိုပါ Double Dating အစီအစဉ်မှာ ချစ်သူစုံတွဲတွေရဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ သရုပ်ဆောင်မှုတွေကို စုံတွဲရိုက်ကူးထားတာဖြစ်သလို စီးရီးတွဲလိုမျိုး ဆက်လက်ရိုက်ကူးသွားဖို့ရှိကြောင်း၊ ယင်းအစီအစဉ်မှာ သရုပ်ဆောင် ယွန်းယွန်း က သရုပ်ဆောင် အောင်မင်းခန့်နဲ့အတူ ရိုက်ကူးခဲ့သလို သရုပ်ဆောင် စည်သူဝင်း က သရုပ်ဆောင် သဇင်ထူးမြင့်နဲ့အတူ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
 
“ယွန်း က ပျော်ပျော်နေတတ်တဲ့သူဆိုတော့ ပြောရင်းဆိုရင်းနဲ့ တစ်ရက်လောက်ရိုက်ကူးကြမယ်ဆိုပြီးတော့ ကိုယ့်မောင်နှမလို ခင်မင်တဲ့သူတွေ အချင်းချင်း သွားရိုက်ဖြစ်ကြတာ၊ အချစ်ရေးကိစ္စကတော့ ပြောဖို့စောနေသေးပါတယ်၊ ပြောရရင် ယွန်း က အသက်ကြီးတဲ့သူကို ပိုကြိုက်တယ်၊ အချစ်ရေးအတွက်ရွေးရင်လည်း အသက်ကြီးတဲ့သူ လူကြီးလူကောင်းပီသတဲ့လူမျိုး ရွေးချယ်မှာပါ” လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။
 
သူမဟာ လက်ရှိမှာလည်း တက္ကသိုလ်ပညာကို သင်ယူနေသူတစ်ဦးဖြစ်ပြီး တစ်ဖက်ကလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ပေမယ့် ကျောင်းစာတစ်ဖက်ရှိနေတာကြောင့် ကျောင်းစာနဲ့ အနုပညာအလုပ်တွေ လွန်ဆွဲသလိုဖြစ်နေတယ်လို့ သိရပါတယ်။ COVID အလွန်ကာလမှာ လုပ်ဆောင်မယ့် အနုပညာအလုပ်တွေထဲမှာ ဇာတ်လမ်းတွဲတွေရိုက်ကူးဖို့လည်း ရှိနေတယ်လို့ ဆက်လက်သိရပါတယ်။
 
မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၃၁
 
( Zawgyi )
 
ကေလးသ႐ုပ္ေဆာင္ဘ၀ကေန လူသိမ်ားလာခဲ့တဲ့ သ႐ုပ္ေဆာင္ ယြန္းယြန္းဟာ Double Dating အစီအစဥ္အျဖစ္ သ႐ုပ္ေဆာင္ ေအာင္မင္းခန႔္နဲ႕ အတူတြဲကာရိုက္ကူးခဲ့ၿပီး မထင္ထားေလာက္ေအာင္ အားေပးသူေတြမ်ားခဲ့တာေၾကာင့္ ဒုတိယပိုင္းအစီအစဥ္မ်ိဳးကို ဆက္လက္ရိုက္ကူးလုပ္ေဆာင္သြားဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။
 
“အခုက ပရိုဂရမ္အျဖစ္လုပ္ထားတာပါ၊ ဒါေတာင္ Fan Page တစ္ခုတည္းတင္ အားေပးသူ မီလီယံခ်ီတယ္၊ မထင္ထားေလာက္ေအာင္ကိုပဲ အားေပးတဲ့သူေတြမ်ားခဲ့ပါတယ္၊ အစတုန္းကေတာ့ ဒီလိုကာလမွာ အလွပုံေလးေတြ ဘာေလးေတြ ရိုက္မယ္ဆိုၿပီးေတာ့ ရိုက္ထားတာကေန အခုလိုပရိသတ္ေတြစိတ္ဝင္စားၿပီး မထင္ထားေလာက္ေအာင္ ပါဝင္ခဲ့တာေၾကာင့္ ဒုတိယပိုင္းအေနနဲ႕ ထပ္ၿပီးေတာ့ ရိုက္ၾကဖို႔ရွိတယ္” လို႔ ၎က ရွင္းျပပါတယ္။ 
 
အဆိုပါ Double Dating အစီအစဥ္မွာ ခ်စ္သူစုံတြဲေတြရဲ႕ ေပ်ာ္႐ႊင္ၾကည္ႏူးဖြယ္ရာ သ႐ုပ္ေဆာင္မႈေတြကို စုံတြဲရိုက္ကူးထားတာျဖစ္သလို စီးရီးတြဲလိုမ်ိဳး ဆက္လက္ရိုက္ကူးသြားဖို႔ရွိေၾကာင္း၊ ယင္းအစီအစဥ္မွာ သ႐ုပ္ေဆာင္ ယြန္းယြန္း က သ႐ုပ္ေဆာင္ ေအာင္မင္းခန႔္နဲ႕အတူ ရိုက္ကူးခဲ့သလို သ႐ုပ္ေဆာင္ စည္သူဝင္း က သ႐ုပ္ေဆာင္ သဇင္ထူးျမင့္နဲ႕အတူ ရိုက္ကူးခဲ့တာျဖစ္ပါတယ္။
 
“ယြန္း က ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူဆိုေတာ့ ေျပာရင္းဆိုရင္းနဲ႕ တစ္ရက္ေလာက္ရိုက္ကူးၾကမယ္ဆိုၿပီးေတာ့ ကိုယ့္ေမာင္ႏွမလို ခင္မင္တဲ့သူေတြ အခ်င္းခ်င္း သြားရိုက္ျဖစ္ၾကတာ၊ အခ်စ္ေရးကိစၥကေတာ့ ေျပာဖို႔ေစာေနေသးပါတယ္၊ ေျပာရရင္ ယြန္း က အသက္ႀကီးတဲ့သူကို ပိုႀကိဳက္တယ္၊ အခ်စ္ေရးအတြက္ေ႐ြးရင္လည္း အသက္ႀကီးတဲ့သူ လူႀကီးလူေကာင္းပီသတဲ့လူမ်ိဳး ေ႐ြးခ်ယ္မွာပါ” လို႔ ၎က ရွင္းျပခဲ့ပါတယ္။
 
သူမဟာ လက္ရွိမွာလည္း တကၠသိုလ္ပညာကို သင္ယူေနသူတစ္ဦးျဖစ္ၿပီး တစ္ဖက္ကလည္း အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေပမယ့္ ေက်ာင္းစာတစ္ဖက္ရွိေနတာေၾကာင့္ ေက်ာင္းစာနဲ႕ အႏုပညာအလုပ္ေတြ လြန္ဆြဲသလိုျဖစ္ေနတယ္လို႔ သိရပါတယ္။ COVID အလြန္ကာလမွာ လုပ္ေဆာင္မယ့္ အႏုပညာအလုပ္ေတြထဲမွာ ဇာတ္လမ္းတြဲေတြရိုက္ကူးဖို႔လည္း ရွိေနတယ္လို႔ ဆက္လက္သိရပါတယ္။
 
မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၃၁