(Internet Tech )ဂျက်မားနေရာ ဒနိုင်ရယ်ကျန်းက ဆက်ခံမည်ဟု လိမ့်မည်ဟု အလီဘာဘာအုပ်စုကြေညာ

(Internet Tech )ဂျက်မားနေရာ ဒနိုင်ရယ်ကျန်းက ဆက်ခံမည်ဟု လိမ့်မည်ဟု အလီဘာဘာအုပ်စုကြေညာ

ဂျက်မား မကြာခင်အနားယူတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာနေတုန်းမှာပဲ ဒီနေ့မှာပဲ အလီ ဘာဘာအုပ်စုက ၎င်းရဲ့စီအီးအို ဒနိုင်ရယ် ကျန်းက နောက်နှစ်မှာ ဥက္ကဋ္ဌအဖြစ် မားနေရာမှာ ဆက်ခံမှာဖြစ် တယ်လို့ ကြေညာလိုက်ပါတယ်။

၂၀၁၉ခုနှစ် စက်တင်ဘာာ၁၀ရက်နေ့မှာ ဥက္ကဋ္ဌအဖြစ်က ဆင်းပေးပြီးနောက်မှာလည်း မားဟာ ၂၀၂၀ နှစ်ပတ်လည် ရှယ်ယာရှင်အစည်းအဝေးအထိ ဘုတ်အဖွဲ့ဝင်အဖြစ် ဆက်ရှိနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မားဟာ အလီဘာဘာပါ့တနာရှစ် (သို့မဟုတ်) အကြီးတန်း စီမံခန့်ခွဲမှုအဆင့်မှ ရွေး နှုတ်ထားတဲ့ ပါ့တနာ ၃၆ယောက်အုပ်စုထဲမှာ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအုပ်စုဟာ ကုမ္ပဏီအပေါ် သြဇာအထိုက်အလျောက်ရှိပြီး ဘုတ်အဖွဲ့ဝင် ဒါရိုက်တာအမျာစုကို အချို့ သော အခြေအနေတွေမှာ လျာထားခန့်အပ်နိုင်ခွင့်လည်း ရှိနေပါတယ်။ ၁၉၉၉ခုနှစ်က အွန်လိုင်းဈေး ခင်း တစ်ခု အနေနဲ့ သူပူးတွဲတည်ထောင်ခဲ့တဲ့ ကုမ္ပဏီက မားတစ်ယောက် မကြာခင်အနားယူတော့ မယ်ဆိုတဲ့ သတင်း တွေ ထွက်ပေါ်လာအပြီးမှာ အလီဘာဘာက အခုလိုကြေညာလိုက်တာဖြစ်ပြီး အင်္ဂလိပ်စာသင်ဆရာဟောင်း တစ် ယောက်ဖြစ်တဲ့ မားဟာ သူ့ရဲ့အချိန်တွေကို ပညာရေး ပရဟိတ လုပ်ငန်းတွေမှာ မြုပ်နှံသွားဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။

အလီဘာဘာကပိုင်ဆိုင်တဲ့ South China Morning Postကတော့ ဆက်ခံမှုအစီအစဉ်အတိုင်း ကုမ္ပဏီ မှာ သူ့ရဲ့အခန်းကဏ္ဍကို ဖြည်းဖြည်းချင်းလျှော့ချသွားမယ်လို့ မားက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မားဟာ ၂၀၁၃ခုနှစ်က စီအီးအိုရာထူးကို ဂျိုနသန်လုကို လွှဲပြောင်းပေးခဲ့ပါတယ်။

၂၀၁၅ခုနှစ်မှာတော့ ဂျက်မားက ဝန်ထမ်းတွေ ကို အခုအချိန်ဟာ ကုမ္ပဏီကို ၁၉၇၀ခုနှစ်တွေမှာ မွေးဖွားသူတွေက ဦးဆောင်ရမယ့် အချိန် ရောက်ပြီလို့ ပြောကြားပြီး လုရဲ့နေရာကို ၁၉၇၂ခုနှစ်ဖွား အလီဘာဘာရဲ့ စီအိုအိုဟောင်း ကျန်းနဲ့ အစားထိုးလိုက်ပါတယ်။

ဒီနေ့ သတင်းဌာနတွေကို ပေးပို့လိုက်တဲ့ စာထဲမှာတော့ မားက ကျန်းဟာ စီအီးအိုနေရာကို လွှဲ ယူခဲ့ပြီးကတည်းက သူ့ရဲ့ ပြောင်မြောက်တဲ့ စီးပွားရေးစွမ်းဆောင်ရည်နဲ့ ပြတ်သားတဲ့ခေါင်းဆောင်မှု
ကို ထုတ် ပြခဲ့ပါပြီ။ သူရဲ့အုပ်ထိန်းမှုအောက်မှာ အလီဘာဘာာဟာ သုံးလပတ် ၁၃ပတ်ဆက်တိုက် အလျဉ်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။

သူ့ရဲ့ ဝေဖန်သုံးသပ်နိုင်စွမ်းက ပြိုင်ဘက်မရှိဘူး။ မစ်ရှင်လည်းရှိ၊ ရည်မှန်းချက်လည်းခိုင်မာ၊ တာဝန်ခံမှုလည်းရှိတဲ့အပြင် တီထွင်ဆန်းသစ်လိုတဲ့ အာသီသလည်းရှိတယ်”လို့ မားက ရေးသားခဲ့ပါတယ်။

Ref: Techcrunch