K-Pop ကြယ်ပွင့် ဆောင်ယွန်းဂီ ကို တရားမဝင်လောင်းကစားမှုဖြင့် ထပ်မံစွဲချက်တင်

K-Pop ကြယ်ပွင့် ဆောင်ယွန်းဂီ ကို တရားမဝင်လောင်းကစားမှုဖြင့် ထပ်မံစွဲချက်တင်

တောင်ကိုရီးယားနာမည်ကျော် K-Popအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BigBang အဖွဲ့ဝင်ဟောင်း ဆောင်ယွန်းဂီ (Seungri) ဟာ တရားမဝင် လောင်းကစား လုပ်မှုနဲ့ စွပ်စွဲခံနေရပါတယ်။ အဲဒီစွပ်စွဲမှုနဲ့ပတ်သက်ပြီး သြဂုတ်လ ၂၈ ရက်မှာ ရဲတပ်ဖွဲ့က သူ့ကို ခေါ်ယူစစ်မေးခဲ့ပါတယ်။ ဒါဟာ အသက် ၂၈ နှစ်အရွယ် K-Popစတားတစ်ဦးဖြစ်သူ ဆောင်ယွန်းဂီရဲ့နောက်ဆုံးစွပ်စွဲခံရမှုဖြစ်ပြီး၊အဲဒီမတိုင်ခင်စီးပွားရေးအကျိုးအမြတ်ရလိုမှုနဲ့လိင်ဖျော်ဖြေးရေး လုပ်ငန်းစီစဉ်သူ၊ မူးယစ်ဆေးဝါး အမှုစတဲ့အရှုပ်တော်ပုံတွေနဲ့ တရားစွဲခံထားရပါတယ်။

အခုနောက်ဆုံးကတော့ တရားမဝင်နိုင်ငံခြား ငွေလွှဲပြောင်းပေးမှုအပါအဝင် Las Vegas ကာစီနိုလောင်းကစားရုံတွေမှာ တရားမဝင်လောင်းကစား လုပ်မှုတွေနဲ့ စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။  အခုလ ၂၈ ရက်က စစ်ဆေးမေးမြန်းခံဖို့ ဆိုးလ်ရဲဌာနချုပ်ကိုရောက်လာတဲ့ ဆောင်ယွန်းဂီ ကိုမေးမြန်း တဲ့အခါ ‘အခုလို ကျွန်တော့်အတွက် စိတ်ပူပန်သောကဖြစ်ရတဲ့အတွက် ထပ်ပြီးတောင်ပန်ပါတယ်။ ကျွန်တော် ရိုးရိုး သားသား၊ အမှန်အတိုင်းထွက်ဆိုမှာပါ’လို့ သတင်းထောက်တွေကို ပြန်ဖြေပါတယ်။

K-pop စတားတစ်ဦးဖြစ်တဲ့ ဆောင်ယွန်းဂီ ဟာ ၂၀၁၅ ခုနှစ်က စီးပွားရေးလုပ်ငန်းအကျိုးအမြတ်ရလိုမှုနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ စီစဉ်ပေးသူအဖြစ် စွပ်စွဲခံထားရပါတယ်။ လိင် ဖျော်ဖြေရေးလုပ်သားတွေနဲ့ ပွဲစားတွေက အမှုမှန်ဝန်ခံထားပေမဲ့ ဆောင်ယွန်းဂီ ကတော့ သူအမှား အယွင်းတစ်စုံတစ်ရာလုပ်မထားဘူးလို့ ငြင်းဆိုထားပါတယ်။

ရည်မွန်
Ref: AFP
ဆိုးလ်၊ သြဂုတ် ၂၈

(  Zawgyi  )

 ေတာင္ကိုရီးယားနာမည္ေက်ာ္ K-Popအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ BigBang အဖြဲ႕ဝင္ေဟာင္း ေဆာင္ယြန္းဂီ (Seungri) ဟာ တရားမဝင္ ေလာင္းကစား လုပ္မႈနဲ႔ စြပ္စြဲခံေနရပါတယ္။ အဲဒီစြပ္စြဲမႈနဲ႔ပတ္သက္ၿပီး ၾသဂုတ္လ ၂၈ ရက္မွာ ရဲတပ္ဖြဲ႕က သူ႔ကို ေခၚယူစစ္ေမးခဲ့ပါတယ္။ ဒါဟာ အသက္ ၂၈ ႏွစ္အ႐ြယ္ K-Popစတားတစ္ဦးျဖစ္သူ ေဆာင္ယြန္းဂီရဲ႕ေနာက္ဆုံးစြပ္စြဲခံရမႈျဖစ္ၿပီး၊အဲဒီမတိုင္ခင္စီးပြားေရးအက်ိဳးအျမတ္ရလိုမႈနဲ႔လိင္ေဖ်ာ္ေျဖးေရး လုပ္ငန္းစီစဥ္သူ၊ မူးယစ္ေဆးဝါး အမႈစတဲ့အရႈပ္ေတာ္ပုံေတြနဲ႔ တရားစြဲခံထားရပါတယ္။

အခုေနာက္ဆုံးကေတာ့ တရားမဝင္ႏိုင္ငံျခား ေငြလႊဲေျပာင္းေပးမႈအပါအဝင္ Las Vegas ကာစီႏိုေလာင္းကစား႐ုံေတြမွာ တရားမဝင္ေလာင္းကစား လုပ္မႈေတြနဲ႔ စြဲခ်က္တင္ခံရတာ ျဖစ္ပါတယ္။  အခုလ ၂၈ ရက္က စစ္ေဆးေမးျမန္းခံဖို႔ ဆိုးလ္ရဲဌာနခ်ဳပ္ကိုေရာက္လာတဲ့ ေဆာင္ယြန္းဂီ ကိုေမးျမန္း တဲ့အခါ ‘အခုလို ကြၽန္ေတာ့္အတြက္ စိတ္ပူပန္ေသာကျဖစ္ရတဲ့အတြက္ ထပ္ၿပီးေတာင္ပန္ပါတယ္။ ကြၽန္ေတာ္ ႐ိုး႐ိုး သားသား၊ အမွန္အတိုင္းထြက္ဆိုမွာပါ’လို႔ သတင္းေထာက္ေတြကို ျပန္ေျဖပါတယ္။

K-pop စတားတစ္ဦးျဖစ္တဲ့ ေဆာင္ယြန္းဂီ ဟာ ၂၀၁၅ ခုႏွစ္က စီးပြားေရးလုပ္ငန္းအက်ိဳးအျမတ္ရလိုမႈနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြအတြက္ လိင္ေဖ်ာ္ေျဖေရး လုပ္ငန္းေတြ စီစဥ္ေပးသူအျဖစ္ စြပ္စြဲခံထားရပါတယ္။ လိင္ ေဖ်ာ္ေျဖေရးလုပ္သားေတြနဲ႔ ပြဲစားေတြက အမႈမွန္ဝန္ခံထားေပမဲ့ ေဆာင္ယြန္းဂီ ကေတာ့ သူအမွား အယြင္းတစ္စုံတစ္ရာလုပ္မထားဘူးလို႔ ျငင္းဆိုထားပါတယ္။

ရည္မြန္
Ref: AFP
ဆိုးလ္၊ ၾသဂုတ္ ၂၈