Rain တို့ ဂျွန်စောတို့ထက် ပိုပိန်သွားတဲ့ PSY

Rain တို့ ဂျွန်စောတို့ထက် ပိုပိန်သွားတဲ့ PSY

Gangnam Style နဲ့ တစ်ကမ္ဘာလုံးမှာ နာမည်ကျော်ကြား လူသိများခဲ့တဲ့ PSY က သူ့ရဲ့ တစ်မူထူးခြားတဲ့ ပျော်ရွင်မြူးကြွဖွယ် တေးသီချင်းသံအပြင် သူ့ရဲ့  ၀၀ကစ်ကစ် ခန္ဓာကိုယ်လေးကလည်း သူ့အမှတ်တံဆိပ်ပုံစံ ဖြစ်ပါတယ်။

အခုတလော သူရဲ့ လူမှုကွန်ယက်မှာ Rain နဲ့ ဂျွန်စောတို့နှင့်အတူ တွဲရိုက်ထားတဲ့ပုံကို ၂၀၂၀ sobangcha အဖွဲ့ဆိုတဲ့ စာသားနဲ့တွဲပြီး တင်လိုက်တော့ ပရိတ်သတ်တွေက သူဟာ Rain နဲ့ ဂျွန်စော နှစ်ဦးထက်ကိုတောင် ပိုပိန်နေတာကို အံ့အားသင့်စွာ တွေ့ရပါတယ်။

sobangcha ဆိုတာ ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ အရမ်းကိုနာမည်ကျော်ကြား လူသိများခဲ့တဲ့ ကိုရီးယားအဖွဲ့တစ်ခုဖြစ်ပါတယ်။

သူ့ပရိတ်သတ်တွေက ဓာတ်ပုံအောက်မှာကြည့်ရတာ အရမ်းပင်ပန်းနေသလိုပဲ၊ အရမ်းပိန်သွားတယ်၊  မျက်နာလေးက ၃ ယောက်ထဲမှာ အသေးဆုံးပဲ၊ အရမ်းကိုချောလွန်းတဲ့အဖွဲ့ဆိုပြီး အသီးသီးဝင်ရေးထားကြပါတယ်။

သူဟာ အနုပညာလောကမှာ လူချစ်လူခင်များတဲ့သူ ဖြစ်ပါတယ်။သူနဲ့ Rain က အရင်ကတည်းက ခင်တာဖြစ်ပြီး ၂၀၁၇ ခုနှစ် Rain က ချစ်ဇနီးကို လက်ထပ်ခွင့်တောင်းတဲ့သီချင်း the best present မှာလည်း သူပါဝင်ကူညီထားတာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်တုန်းကလည်း ဂျွန်စောနဲ့အတူတူ အမေရိကန်ကိုသွားတာ ဘေ့စ်ဘော သွားကြည့်ရူခဲ့ပါသေးတယ်။

TT
( Zawgyi )
Gangnam Style နဲ႔ တစ္ကမာၻလုံးမွာ နာမည္ေက်ာ္ၾကား လူသိမ်ားခဲ့တဲ့ PSY က သူ႔ရဲ႕ တစ္မူထူးျခားတဲ့ ေပ်ာ္႐ြင္ျမဴးႂကြဖြယ္ ေတးသီခ်င္းသံအျပင္ သူ႔ရဲ႕  ၀၀ကစ္ကစ္ ခႏၶာကိုယ္ေလးကလည္း သူ႔အမွတ္တံဆိပ္ပုံစံ ျဖစ္ပါတယ္။

အခုတေလာ သူရဲ႕ လူမႈကြန္ယက္မွာ Rain နဲ႔ ဂြၽန္ေစာတို႔ႏွင့္အတူ တြဲ႐ိုက္ထားတဲ့ပုံကို ၂၀၂၀ sobangcha အဖြဲ႕ဆိုတဲ့ စာသားနဲ႔တြဲၿပီး တင္လိုက္ေတာ့ ပရိတ္သတ္ေတြက သူဟာ Rain နဲ႔ ဂြၽန္ေစာ ႏွစ္ဦးထက္ကိုေတာင္ ပိုပိန္ေနတာကို အံ့အားသင့္စြာ ေတြ႕ရပါတယ္။

sobangcha ဆိုတာ ၁၉၈၀ ခုႏွစ္ဝန္းက်င္မွာ အရမ္းကိုနာမည္ေက်ာ္ၾကား လူသိမ်ားခဲ့တဲ့ ကိုရီးယားအဖြဲ႕တစ္ခုျဖစ္ပါတယ္။

သူ႔ပရိတ္သတ္ေတြက ဓာတ္ပုံေအာက္မွာၾကည့္ရတာ အရမ္းပင္ပန္းေနသလိုပဲ၊ အရမ္းပိန္သြားတယ္၊  မ်က္နာေလးက ၃ ေယာက္ထဲမွာ အေသးဆုံးပဲ၊ အရမ္းကိုေခ်ာလြန္းတဲ့အဖြဲ႕ဆိုၿပီး အသီးသီးဝင္ေရးထားၾကပါတယ္။

သူဟာ အႏုပညာေလာကမွာ လူခ်စ္လူခင္မ်ားတဲ့သူ ျဖစ္ပါတယ္။သူနဲ႔ Rain က အရင္ကတည္းက ခင္တာျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ Rain က ခ်စ္ဇနီးကို လက္ထပ္ခြင့္ေတာင္းတဲ့သီခ်င္း the best present မွာလည္း သူပါဝင္ကူညီထားတာ ျဖစ္ပါတယ္။

၂၀၁၃ ခုႏွစ္တုန္းကလည္း ဂြၽန္ေစာနဲ႔အတူတူ အေမရိကန္ကိုသြားတာ ေဘ့စ္ေဘာ သြားၾကည့္႐ူခဲ့ပါေသးတယ္။

TT