Remix တွေနဲ့အတူ အများအကျိုးပြုသီချင်းလေးတွေ လုပ်ဖို့ရှိနေတယ်ဆိုတဲ့ သားစိုး

Remix တွေနဲ့အတူ အများအကျိုးပြုသီချင်းလေးတွေ လုပ်ဖို့ရှိနေတယ်ဆိုတဲ့ သားစိုး

ပရိသတ်တွေရဲ့ကြားမှာ ဆန်းသစ်တဲ့ ဂီတတေးသံတွေနဲ့ Remix သီချင်းတွေအဖြစ် ဖန်တီးနေတဲ့ တေးသံရှင် သားစိုးဟာ သူစိတ်ဝင်စားတဲ့ Remix တီးလုံးတွေနဲ့အတူ အများအကျိုးပြုစေတဲ့ သီချင်းလေးတွေ ဖန်တီးသွားဖို့ရှိတယ်လို့ သိရပါတယ်။

 
“ပရိသတ်တွေနှစ်သက်မယ့် တေးဂီတ တီးလုံးတွေဖြစ်ဖို့အပြင် အများအတွက်လည်းအကျိုးပြုစေတဲ့ အခြေအနေမျိုးဖြစ်အောင် တတ်နိုင်တဲ့အပိုင်းက ဖန်တီးသွားဖို့ကြိုးစားနေပါတယ်၊ အခုက COVID ကာလလည်း ဖြစ်နေတော့ ဘယ်လောက်အပြီးလုပ်မယ်ဆိုတာတော့ ပြောမရသေးပေမယ့် လာမယ့်နှစ်ဆန်းထဲဖြစ်ဖြစ်တော့ အကြမ်းဖျဉ်းမှန်းထားပါတယ်” လို့ သူကရှင်းပြပါတယ်။
 
မြန်မာနိုင်ငံမှာ တိုင်းပြည်အတွက်အရေးကြီးတဲ့ နိုင်ငံရေးအရွေ့တစ်ခုကို ဖော်ဆောင်နိုင်မယ့် ရွေးကောက်ပွဲတစ်ရပ်ကိုလည်း နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့ရာ ရွေးကောက်ပွဲမတိုင်ခင်မှာ ပြည်သူတွေအနေနဲ့ တိုင်းပြည်ရဲ့အနာဂတ်အတွက် အရေးကြီးတဲ့ပုံဖော်မှုတွေနဲ့အတူ ပူးပေါင်းပါဝင်ကာ ဆန္ဒမဲပေးတာကို စိတ်ဝင်တစား လုပ်ဆောင်နိုင်ဖို့အတွက် “မဲပေးကြမယ်ဟေ့” လို့ နာမည်ပေးထားတဲ့ တေးသီချင်းကိုလည်း ရေးသားခဲ့ပြီး သူကိုယ်တိုင် ရတနာမိုင်နဲ့အတူ သီဆိုခဲ့သလို အေးမြတ်သူနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
 
“အဲ့လိုမျိုးသီချင်းလေးတွေပေါ့၊ တိုင်းပြည်အတွက်လည်း အကျိုးရှိစေမယ့်ဟာမျိုး ကိုယ်တတ်ကျွမ်းတဲ့ နယ်ပယ်ကနေ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပံ့ပိုးပါဝင်ခွင့်ရဖို့ ကြိုးစားသွားမှာပါ၊ ကျွန်တော့်ရဲ့သီချင်းတွေကို နှစ်သက်အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ဒီကာလမှာ COVID ကလည်း မပြီးသေးတာကြောင့် ကျန်းမာရေးကိုလည်း ဂရုပြုကြဖို့ ပြောချင်ပါတယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။
 
လက်ရှိကာလမှာ အနုပညာဝါသနာပါတဲ့ သားဖြစ်သူအတွက် လိုအပ်တဲ့ပံ့ပိုးမှုလေးတွေ လုပ်ဆောင်ပေးနေသလို အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်တွေအပေါ် လေးစားတတ်ဖို့ တန်ဖိုးထားတတ်စေဖို့ စိတ်ထားမျိုးတွေ၊ သူ့ထက် ပိုမိုထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ထွန်းလာဖို့ မြေတောင်မြှောက်ကာ ပံ့ပိုးလုပ်ဆောင်ပေးနေကြောင်း၊ COVID ကာလထဲ အနားယူနေထိုင်သလို အားလပ်ချိန်တွေမှာလည်း စီးပွားရေးကိစ္စတွေကို ဆက်သွယ်ပြောဆို လုပ်ကိုင်နေလျက်ရှိတယ်လို့ သိရပါတယ်။ 
 
မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၁၃
 
( Zawgyi )
 
ပရိသတ္ေတြရဲ႕ၾကားမွာ ဆန္းသစ္တဲ့ ဂီတေတးသံေတြနဲ႔ Remix သီခ်င္းေတြအျဖစ္ ဖန္တီးေနတဲ့ ေတးသံရွင္ သားစိုးဟာ သူစိတ္ဝင္စားတဲ့ Remix တီးလုံးေတြနဲ႔အတူ အမ်ားအက်ိဳးျပဳေစတဲ့ သီခ်င္းေလးေတြ ဖန္တီးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။
 
“ပရိသတ္ေတြႏွစ္သက္မယ့္ ေတးဂီတ တီးလုံးေတြျဖစ္ဖို႔အျပင္ အမ်ားအတြက္လည္းအက်ိဳးျပဳေစတဲ့ အေျခအေနမ်ိဳးျဖစ္ေအာင္ တတ္ႏိုင္တဲ့အပိုင္းက ဖန္တီးသြားဖို႔ႀကိဳးစားေနပါတယ္၊ အခုက COVID ကာလလည္း ျဖစ္ေနေတာ့ ဘယ္ေလာက္အၿပီးလုပ္မယ္ဆိုတာေတာ့ ေျပာမရေသးေပမယ့္ လာမယ့္ႏွစ္ဆန္းထဲျဖစ္ျဖစ္ေတာ့ အၾကမ္းဖ်ဥ္းမွန္းထားပါတယ္” လို႔ သူကရွင္းျပပါတယ္။
 
ျမန္မာႏိုင္ငံမွာ တိုင္းျပည္အတြက္အေရးႀကီးတဲ့ ႏိုင္ငံေရးအေ႐ြ႕တစ္ခုကို ေဖာ္ေဆာင္ႏိုင္မယ့္ ေ႐ြးေကာက္ပြဲတစ္ရပ္ကိုလည္း ႏိုဝင္ဘာ ၈ ရက္က က်င္းပခဲ့ရာ ေ႐ြးေကာက္ပြဲမတိုင္ခင္မွာ ျပည္သူေတြအေနနဲ႔ တိုင္းျပည္ရဲ႕အနာဂတ္အတြက္ အေရးႀကီးတဲ့ပုံေဖာ္မႈေတြနဲ႔အတူ ပူးေပါင္းပါဝင္ကာ ဆႏၵမဲေပးတာကို စိတ္ဝင္တစား လုပ္ေဆာင္ႏိုင္ဖို႔အတြက္ “မဲေပးၾကမယ္ေဟ့” လို႔ နာမည္ေပးထားတဲ့ ေတးသီခ်င္းကိုလည္း ေရးသားခဲ့ၿပီး သူကိုယ္တိုင္ ရတနာမိုင္နဲ႔အတူ သီဆိုခဲ့သလို ေအးျမတ္သူနဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။
 
“အဲ့လိုမ်ိဳးသီခ်င္းေလးေတြေပါ့၊ တိုင္းျပည္အတြက္လည္း အက်ိဳးရွိေစမယ့္ဟာမ်ိဳး ကိုယ္တတ္ကြၽမ္းတဲ့ နယ္ပယ္ကေန အုတ္တစ္ခ်ပ္သဲတစ္ပြင့္အေနနဲ႔ ပံ့ပိုးပါဝင္ခြင့္ရဖို႔ ႀကိဳးစားသြားမွာပါ၊ ကြၽန္ေတာ့္ရဲ႕သီခ်င္းေတြကို ႏွစ္သက္အားေပးတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္၊ ဒီကာလမွာ COVID ကလည္း မၿပီးေသးတာေၾကာင့္ က်န္းမာေရးကိုလည္း ဂ႐ုျပဳၾကဖို႔ ေျပာခ်င္ပါတယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။
 
လက္ရွိကာလမွာ အႏုပညာဝါသနာပါတဲ့ သားျဖစ္သူအတြက္ လိုအပ္တဲ့ပံ့ပိုးမႈေလးေတြ လုပ္ေဆာင္ေပးေနသလို အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြအေပၚ ေလးစားတတ္ဖို႔ တန္ဖိုးထားတတ္ေစဖို႔ စိတ္ထားမ်ိဳးေတြ၊ သူ႔ထက္ ပိုမိုထူးခြၽန္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ထြန္းလာဖို႔ ေျမေတာင္ေျမႇာက္ကာ ပံ့ပိုးလုပ္ေဆာင္ေပးေနေၾကာင္း၊ COVID ကာလထဲ အနားယူေနထိုင္သလို အားလပ္ခ်ိန္ေတြမွာလည္း စီးပြားေရးကိစၥေတြကို ဆက္သြယ္ေျပာဆို လုပ္ကိုင္ေနလ်က္ရွိတယ္လို႔ သိရပါတယ္။ 
 
မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၃