Single Songs တွေနဲ့ ပြင်ဆင်နေတဲ့ တေးသံရှင် သာဒီးလူ

Single Songs တွေနဲ့ ပြင်ဆင်နေတဲ့ တေးသံရှင် သာဒီးလူ

လက်ရှိမှာ တေးအယ်လ်ဘမ် နှစ်ခွေထွက်ရှိထားတဲ့ တေးသံရှင် သာဒီးလူဟာ ယခုနောက်ပိုင်း Single Songs တွေ ထုတ်လုပ်နိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့ တကယ်တမ်းဆိုရင် တေးအယ်လ်ဘမ် ထုတ်ချင်တာ၊ ဒါပေမဲ့ ခေတ်ကာလ အခြေအနေအရ ခက်ခဲာတယ်၊ ကျွန်တော်တို့ ဆရာ့ဆရာကြီးတွေတောင်မှ အယ်လ်ဘမ်လိုက် ထုတ်ဖို့ ခက်ခဲနေတဲ့ကာလပါ၊ အခွေတစ်ခွေကို သိန်း ၂၀၀၊ ၃၀၀ ကျော်လောက် အကုန်အကျ ခံပြီးတော့ ထုတ်လိုက်ရင် အဲ့လောက်ပြန်မရဘူး၊ တိပ်ခွေခေတ်တုန်းကတော့ အဆင်ပြေတယ်၊ စီးပွားရေးအရ ပရိသတ်ရဲ့ လက်ထဲကို မရောက်ရင်တောင်မှ ဘာပဲဖြစ်ဖြစ် ကူးခွေအဖြစ်နဲ့ ပရိသတ်လက်ထဲကို ရောက်တယ်၊ အခုက နေ့စဉ် Social Media သုံးဖြစ်တယ်၊ ကျွန်တော်တို့ ကိုယ်တိုင်လည်းဒီလိုပဲလေ၊ အဲ့ဒီတော့ အခွေလိုက်သွားဝယ်ဖို့ထက် ဖုန်းထဲမှာပဲ တက်လာမှ ကြည့်မယ်၊ အချိန်ကုန်မခံကြတော့သလို အချိန်လည်းမပေးနိုင်ကြတော့တာတွေရှိတယ်၊ တစ်နေ့ တစ်နေ့ ဖုန်းတွေနဲ့ လူမှုကွန်ရက်တွေထဲမှာပဲ ဒီလိုပဲရှိနေတော့ ဒီထဲရောက်အောင် ကြိုးစား ရတယ်” လို့ တေးသံရှင် သာဒီးလူက ရှင်းပြပါတယ်။

ယခုနောက်ပိုင်းမှာ တေးသီချင်းတွေကို အခကြေးငွေပေးပြီး ဝယ်ယူတဲ့ အလေ့အကျင့်တွေ နည်းနေ လာတဲ့ အပြင် ဂီတဈေးကွက်မှာ အရင်တုန်းကလို ကောင်းမွန်တာမျိုးမရှိကြောင်း၊ အဆိုတော်တွေ အနေနဲ့ တေးအယ်လ်ဘမ် တစ်ခွေကို အချိန်ကုန်ငွေကုန် လူပင်ပန်းခံကာ ထုတ်လုပ်ပေမယ့် စိုက်ထုတ်ရတဲ့ငွေနဲ့ယှဉ်ရင် အရှုံးများ နေတာကြောင့် အသစ်ထုတ်လုပ်ဖို့ လက်တွန့်နေကြကာ ကိုယ့်ဖန်တီးမှုကို ပရိသတ်ဆီ ရောက်နိုင်မယ့် Single Songs တွေကိုပဲ လုပ်ဆောင်လာကြပါတယ်။

“ကျွန်တော်တို့ အဆိုတော်တွေအနေနဲ့ အယ်လ်ဘမ်တစ်ချပ်ကို ထုတ်လိုက်ရင် ဟိုတုန်းက အွန်လိုင်းတွေ မရှိတဲ့အခါကျတော့ အဆင်လည်းပြေတယ်၊ ကောင်းတာပေါ့၊ နောက်တစ်ခုက အဲ့ဒီထဲပါတဲ့ သီချင်းတွေ အကြောင်းအရာတွေအကုန်လုံးက အဲ့ဒီထဲမှာ နစ်မြောသွားတယ်၊ ကျွန်တော်တို့ရဲ့ ရှိသမျှစိတ်တွေအကုန်လုံးကို အဲ့ဒီထဲကိုထည့်ပြီးလုပ်လိုက်တာ၊ ခေတ်ကာလအခြေအနေ အရ အခုလိုလည်းဖြစ်လာရော အဆင်မပြေဖြစ်လာတာပေါ့”လို့လည်း သူက ဆက်လက်ရှင်းပြပါတယ်။

သူဟာ “ပြယုဂ်” “ကျွန်တော်ရူးနေသည်” စတဲ့ တေးအယ်လ်ဘမ် နှစ်ခွေကို ထုတ်လုပ်ထားပြီး မကြာသေးခင် ကလည်း အိပ်မက်မဉ္ဇူရီ လို့နာမည်ရတဲ့ Single Songs သီချင်းကိုလည်း ဖန်တီး ထုတ်လုပ် ထားပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် ၁၈

(  Zawgyi  )

 လက္ရွိမွာ ေတးအယ္လ္ဘမ္ ႏွစ္ေခြထြက္ရွိထားတဲ့ ေတးသံရွင္ သာဒီးလူဟာ ယခုေနာက္ပိုင္း Single Songs ေတြ ထုတ္လုပ္ႏိုင္ဖို႔စီစဥ္ေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ တကယ္တမ္းဆိုရင္ ေတးအယ္လ္ဘမ္ ထုတ္ခ်င္တာ၊ ဒါေပမဲ့ ေခတ္ကာလ အေျခအေနအရ ခက္ခဲာတယ္၊ ကြၽန္ေတာ္တို႔ ဆရာ့ဆရာႀကီးေတြေတာင္မွ အယ္လ္ဘမ္လိုက္ ထုတ္ဖို႔ ခက္ခဲေနတဲ့ကာလပါ၊ အေခြတစ္ေခြကို သိန္း ၂၀၀၊ ၃၀၀ ေက်ာ္ေလာက္ အကုန္အက် ခံၿပီးေတာ့ ထုတ္လိုက္ရင္ အဲ့ေလာက္ျပန္မရဘူး၊ တိပ္ေခြေခတ္တုန္းကေတာ့ အဆင္ေျပတယ္၊ စီးပြားေရးအရ ပရိသတ္ရဲ႕ လက္ထဲကို မေရာက္ရင္ေတာင္မွ ဘာပဲျဖစ္ျဖစ္ ကူးေခြအျဖစ္နဲ႔ ပရိသတ္လက္ထဲကို ေရာက္တယ္၊ အခုက ေန႔စဥ္ Social Media သုံးျဖစ္တယ္၊ ကြၽန္ေတာ္တို႔ ကိုယ္တိုင္လည္းဒီလိုပဲေလ၊ အဲ့ဒီေတာ့ အေခြလိုက္သြားဝယ္ဖို႔ထက္ ဖုန္းထဲမွာပဲ တက္လာမွ ၾကည့္မယ္၊ အခ်ိန္ကုန္မခံၾကေတာ့သလို အခ်ိန္လည္းမေပးႏိုင္ၾကေတာ့တာေတြရွိတယ္၊ တစ္ေန႔ တစ္ေန႔ ဖုန္းေတြနဲ႔ လူမႈကြန္ရက္ေတြထဲမွာပဲ ဒီလိုပဲရွိေနေတာ့ ဒီထဲေရာက္ေအာင္ ႀကိဳးစား ရတယ္” လို႔ ေတးသံရွင္ သာဒီးလူက ရွင္းျပပါတယ္။

ယခုေနာက္ပိုင္းမွာ ေတးသီခ်င္းေတြကို အခေၾကးေငြေပးၿပီး ဝယ္ယူတဲ့ အေလ့အက်င့္ေတြ နည္းေန လာတဲ့ အျပင္ ဂီတေဈးကြက္မွာ အရင္တုန္းကလို ေကာင္းမြန္တာမ်ိဳးမရွိေၾကာင္း၊ အဆိုေတာ္ေတြ အေနနဲ႔ ေတးအယ္လ္ဘမ္ တစ္ေခြကို အခ်ိန္ကုန္ေငြကုန္ လူပင္ပန္းခံကာ ထုတ္လုပ္ေပမယ့္ စိုက္ထုတ္ရတဲ့ေငြနဲ႔ယွဥ္ရင္ အရႈံးမ်ား ေနတာေၾကာင့္ အသစ္ထုတ္လုပ္ဖို႔ လက္တြန႔္ေနၾကကာ ကိုယ့္ဖန္တီးမႈကို ပရိသတ္ဆီ ေရာက္ႏိုင္မယ့္ Single Songs ေတြကိုပဲ လုပ္ေဆာင္လာၾကပါတယ္။

“ကြၽန္ေတာ္တို႔ အဆိုေတာ္ေတြအေနနဲ႔ အယ္လ္ဘမ္တစ္ခ်ပ္ကို ထုတ္လိုက္ရင္ ဟိုတုန္းက အြန္လိုင္းေတြ မရွိတဲ့အခါက်ေတာ့ အဆင္လည္းေျပတယ္၊ ေကာင္းတာေပါ့၊ ေနာက္တစ္ခုက အဲ့ဒီထဲပါတဲ့ သီခ်င္းေတြ အေၾကာင္းအရာေတြအကုန္လုံးက အဲ့ဒီထဲမွာ နစ္ေျမာသြားတယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ရွိသမွ်စိတ္ေတြအကုန္လုံးကို အဲ့ဒီထဲကိုထည့္ၿပီးလုပ္လိုက္တာ၊ ေခတ္ကာလအေျခအေန အရ အခုလိုလည္းျဖစ္လာေရာ အဆင္မေျပျဖစ္လာတာေပါ့”လို႔လည္း သူက ဆက္လက္ရွင္းျပပါတယ္။

သူဟာ “ျပယုဂ္” “ကြၽန္ေတာ္႐ူးေနသည္” စတဲ့ ေတးအယ္လ္ဘမ္ ႏွစ္ေခြကို ထုတ္လုပ္ထားၿပီး မၾကာေသးခင္ ကလည္း အိပ္မက္မၪၨဴရီ လို႔နာမည္ရတဲ့ Single Songs သီခ်င္းကိုလည္း ဖန္တီး ထုတ္လုပ္ ထားပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ ၁၈