Stay Home နေရင်း သမီးတွေကို ဘာသာတရားသွန်သင်နေတဲ့ သရုပ်ဆောင် စမိုင်းလ်

Stay Home နေရင်း သမီးတွေကို ဘာသာတရားသွန်သင်နေတဲ့ သရုပ်ဆောင် စမိုင်းလ်

ယခုလို COVID 19 ကာလမှာ Stay Home နေရင်း ပျင်းရိငြီးငွေ့ဖွယ်မဖြစ်စေဖို့ ဘာသာတရား အဆုံးအမ တွေနဲ့ သွန်သင်နေထိုင်နေတယ်လို့ သရုပ်ဆောင် စမိုင်းလ်က ပြောပါတယ်။ သူမကိုယ်တိုင်အနုပညာအလုပ်ကို တစ်စိုက်မတ်မတ် မလုပ် တော့ဘဲ စီးပွားရေးကိုသာ လုပ်ကိုင်နေ ပေမယ့် သူမရဲ့ သမီးနှစ်ယောက်ကတော့ အနုပညာကို ဝါသနာပါသူတွေဖြစ်တာကြောင့် အရွယ် ရောက်လာတဲ့အခါ မြေတောင်မြှောက်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“အစ်မရဲ့ သမီးတွေက အနုပညာဝါသနာပါကြပါတယ်၊ ကိုယ်ကမိန်းကလေးတွေမွေးထားတော့ ပိုပြီးတော့လည်း သတိထားပြီး သွန်သင်ကိုင်တွယ်ရပါတယ်၊ ဘာသာတရားကိုလည်း ကိုင်းရှိုင်း အောင်၊ အခုလိုကာလမှာကျတော့ အစ်မတို့က စီးပွားရေးလုပ်ငန်းတွေ နားတဲ့ကာလလည်း ဖြစ်နေတော့ အစ်မရဲ့ သမီးတွေကို ဘာသာတရားအဆုံးအမနဲ့ တကယ့်ကို ဘာသာတရားအပေါ် သက်ဝင်ယုံကြည်လာစေဖို့ ကြိုးစားရပါတယ်၊ အစ်မတို့ဆိုရင် မိရိုးဖလာ ဗုဒ္ဓဘာသာ ဆိုတာထက် ကိုယ်ကတကယ့်ကိုသက်ဝင်ယုံကြည်မှလည်း ဖြစ်မှာလေ၊ ဒီလိုမဟုတ်ရင် ရေရှည်မှာ ပူပန်ရ တာပေါ့၊ ဒါကြောင့်လည်း တကယ့်ကို သက်ဝင်ယုံကြည်လာအောင် ဘုရားရဲ့ တရားတော်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေကို ပုံပြင်လေးတွေ၊ သရုပ်ဖော်ပုံလေးတွေနဲ့ ပြသတယ်၊ စိတ်ဝင်စား အောင်လည်း ပြောပြတယ်၊ ဘာသာတရားနဲ့ ဆုံးမတော့ ပိုပြီးတော့လည်း သိမ်မွေ့မှု ရှိလာစေမယ်”လို့ သရုပ်ဆောင် စမိုင်းလ်က ရှင်းပြပါတယ်။

လက်ရှိကာလမှာ Stay Home နေရင်း ဓမ္မစင်္ကြာရွတ်ဆိုပုံတွေ၊ ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်း အရာ တွေကို အွန်လိုင်းကနေ ရှာဖွေကာ ရုပ်ပြလေးတွေနဲ့ ပညာပေးသွန်သင်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “အခုဖြစ်နေတဲ့ ကပ်ရောဂါကြီး အမြန်ဆုံးပြီး မြောက်ပါစေ လို့ပဲ ဆုတောင်းချင်ပါတယ်၊ အစ်မတို့ လုပ်နိုင်တာက ဆုတောင်းပေးကြမယ်လေ၊ နောက်တစ်ခု က ကျန်းမာရေးက ညွှန်ကြားချက်တွေကို ဂရုတစိုက် လိုက်နာနေထိုင်ကြရင် ဒီကပ်ရောဂါကြီး အမြန်ဆုံး ပျောက်ကင်းသွားမယ်လို့ ယူဆမိပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၁၇

(  Zawgyi  )

 ယခုလို COVID 19 ကာလမွာ Stay Home ေနရင္း ပ်င္းရိၿငီးေငြ႕ဖြယ္မျဖစ္ေစဖို႔ ဘာသာတရား အဆုံးအမ ေတြနဲ႔ သြန္သင္ေနထိုင္ေနတယ္လို႔ သ႐ုပ္ေဆာင္ စမိုင္းလ္က ေျပာပါတယ္။ သူမကိုယ္တိုင္အႏုပညာအလုပ္ကို တစ္စိုက္မတ္မတ္ မလုပ္ ေတာ့ဘဲ စီးပြားေရးကိုသာ လုပ္ကိုင္ေန ေပမယ့္ သူမရဲ႕ သမီးႏွစ္ေယာက္ကေတာ့ အႏုပညာကို ဝါသနာပါသူေတြျဖစ္တာေၾကာင့္ အ႐ြယ္ ေရာက္လာတဲ့အခါ ေျမေတာင္ေျမႇာက္ေပးဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

“အစ္မရဲ႕ သမီးေတြက အႏုပညာဝါသနာပါၾကပါတယ္၊ ကိုယ္ကမိန္းကေလးေတြေမြးထားေတာ့ ပိုၿပီးေတာ့လည္း သတိထားၿပီး သြန္သင္ကိုင္တြယ္ရပါတယ္၊ ဘာသာတရားကိုလည္း ကိုင္းရႈိင္း ေအာင္၊ အခုလိုကာလမွာက်ေတာ့ အစ္မတို႔က စီးပြားေရးလုပ္ငန္းေတြ နားတဲ့ကာလလည္း ျဖစ္ေနေတာ့ အစ္မရဲ႕ သမီးေတြကို ဘာသာတရားအဆုံးအမနဲ႔ တကယ့္ကို ဘာသာတရားအေပၚ သက္ဝင္ယုံၾကည္လာေစဖို႔ ႀကိဳးစားရပါတယ္၊ အစ္မတို႔ဆိုရင္ မိ႐ိုးဖလာ ဗုဒၶဘာသာ ဆိုတာထက္ ကိုယ္ကတကယ့္ကိုသက္ဝင္ယုံၾကည္မွလည္း ျဖစ္မွာေလ၊ ဒီလိုမဟုတ္ရင္ ေရရွည္မွာ ပူပန္ရ တာေပါ့၊ ဒါေၾကာင့္လည္း တကယ့္ကို သက္ဝင္ယုံၾကည္လာေအာင္ ဘုရားရဲ႕ တရားေတာ္ေတြ၊ ငါးရာ့ငါးဆယ္ နိပါတ္ေတာ္ေတြကို ပုံျပင္ေလးေတြ၊ သ႐ုပ္ေဖာ္ပုံေလးေတြနဲ႔ ျပသတယ္၊ စိတ္ဝင္စား ေအာင္လည္း ေျပာျပတယ္၊ ဘာသာတရားနဲ႔ ဆုံးမေတာ့ ပိုၿပီးေတာ့လည္း သိမ္ေမြ႕မႈ ရွိလာေစမယ္”လို႔ သ႐ုပ္ေဆာင္ စမိုင္းလ္က ရွင္းျပပါတယ္။

လက္ရွိကာလမွာ Stay Home ေနရင္း ဓမၼစၾကၤာ႐ြတ္ဆိုပုံေတြ၊ ဗုဒၶဘာသာဆိုင္ရာ အေၾကာင္း အရာ ေတြကို အြန္လိုင္းကေန ရွာေဖြကာ ႐ုပ္ျပေလးေတြနဲ႔ ပညာေပးသြန္သင္တာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ “အခုျဖစ္ေနတဲ့ ကပ္ေရာဂါႀကီး အျမန္ဆုံးၿပီး ေျမာက္ပါေစ လို႔ပဲ ဆုေတာင္းခ်င္ပါတယ္၊ အစ္မတို႔ လုပ္ႏိုင္တာက ဆုေတာင္းေပးၾကမယ္ေလ၊ ေနာက္တစ္ခု က က်န္းမာေရးက ၫႊန္ၾကားခ်က္ေတြကို ဂ႐ုတစိုက္ လိုက္နာေနထိုင္ၾကရင္ ဒီကပ္ေရာဂါႀကီး အျမန္ဆုံး ေပ်ာက္ကင္းသြားမယ္လို႔ ယူဆမိပါတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၁၇