Strong ဖြစ်ဖို့ အမြဲကြိုးစားနေတယ်ဆိုတဲ့ သရုပ်ဆောင် သံသာမိုးသိမ့်

Strong ဖြစ်ဖို့ အမြဲကြိုးစားနေတယ်ဆိုတဲ့ သရုပ်ဆောင် သံသာမိုးသိမ့်

ပြည်တွင်းက Free to Air ရုပ်သံလိုင်းတစ်ခုကနေ ထုတ်လွှင့်ပြသတဲ့ “ကျွန်မက မဟေသီ” လို့ နာမည်ရတဲ့ ဇာတ်လမ်းတွဲမှာ ပိုပြီးလူသိများလာခဲ့တဲ့ သရုပ်ဆောင် သံသာမိုးသိမ့်ဟာ သူမအနေနဲ့ အမြဲတမ်း Strong ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“သရုပ်ဆောင်ဆိုတာက သူများတော့ ဘယ်လိုခံယူမလဲမသိဘူး၊ ညီမကတော့ ကာရိုက်တာမျိုးစုံတွေ့မယ်၊ အခက်အခဲမျိုးစုံတွေ၊ စိန်ခေါ်မှုမျိုးစုံတွေ၊ မျက်စိပေါင်းများစွာက ကိုယ့်ကိုဝိုင်းကြည့်နေတာတွေလည်း ရှိမယ်၊ ဒါကြောင့် ကိုယ်က ခြေတစ်လှမ်းမှားသွားရင် ကိုယ့်ကိုဝိုင်းပြီး အပြစ်ပြောမယ့်သူတွေရှိတယ်၊ အနောက်ကို တစ်လှမ်းဆုတ်ရင်လည်း နောက်မှာ ချောက်ဆိုတာရှိတယ်၊ ဒါကြောင့်လည်း အမြဲတမ်း စားသတိ သွားသတိ လာသတိနဲ့ နေရတယ်၊ ဘယ်ဟာကနေ ဘာဖြစ်မလဲဆိုတာကိုလည်း သတိပြုနေရတယ်၊ ကာရိုက်တာ ဆိုလည်း ရွေးလို့မရဘူးလေ၊ ကာရိုက်တာသေမှာကို ကြောက်တယ်၊ ဒါရိုက်တာက မြေကြီးပေါ်လူးဆိုရင် လူးရမှာပဲ၊ အမြဲ Strong ဖြစ်နေမှ ရမယ်လေ၊ မလူးချင်ဘူးလို့ပြောဆိုရင် နောက်ဆိုဘယ်သူက ခေါ်ရိုက်တော့မလဲ၊ ဒါကြောင့်လည်း စိတ်ဓာတ်ရော လူကိုယ်တိုင်ရော Strong ဖြစ်အောင် အမြဲကြိုးပမ်းရပါတယ်”လို့ သရုပ်ဆောင် သံသာမိုးသိမ့်က ရုပ်ရှင်အခမ်းအနားပွဲတစ်ခုမှာ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

အဆိုပါ “ကျွန်မက မဟေသီ”ဆိုတဲ့ဇာတ်ကားမှာ မိန်းမချော အဖြစ် ဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင် ခဲ့တာကြောင့် ဝါရင့်သရုပ်ဆောင်တွေကပင် သတိပြုစောင့်ကြည့်ရသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ထိုသို့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် အချိန်တိုအတွင်း လူသိများလာကာ ပရိသတ်တွေ အခိုင်အမာရလာသူလည်းဖြစ်ပါတယ်။ သူမအနေနဲ့ ကာရိုက်တာသေမှာကို ကြောက်ရွံ့သူလည်းဖြစ်သလို ကာရိုက်တာမျိုးစုံကို ရိုက်ကူးနိုင်ဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။

“အရင်တော့ ဗီလိန်ကာရိုက်တာကို ရိုက်ရမှာ စိုးရိမ်တယ်၊ ကိုယ်ကအနုပညာသမားလို့ခံယူထားတော့ ပရိသတ်မုန်းမှာ စိုးရိမ်မိတယ်၊ ဒါပေမဲ့လည်း ဒရမ်မာရော၊ ဗီလိန်ရော ချစ်ဖို့ကောင်းအောင်လည်း လုပ်နိုင်ရမယ်လေ၊ ကာရိုက်တာရွေးရင် အနုပညာရှင်ကောင်း ဖြစ်မှာမဟုတ်တော့ဘူး၊ အဲ့ဒါကြောင့်လည်း ကာရိုက်တာမရွေးတော့ဘူး”လို့ သရုပ်ဆောင် သံသာမိုးသိမ့်က ရှင်းပြပါတယ်။

ယခုလတ်တလောမှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ Photo Shooting တွေရိုက်ကူးနေသလို မဂ္ဂဇင်းတွေအတွက် Cover ပုံတွေနဲ့ ကြော်ငြာပုံတွေကို ရိုက်ကူးနေသလို “အဖြူရောင်သက္ကရာဇ်”လို့နာမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုကိုလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၁၆

( Zawgyi )

ျပည္တြင္းက Free to Air ႐ုပ္သံလိုင္းတစ္ခုကေန ထုတ္လႊင့္ျပသတဲ့ “ကြၽန္မက မေဟသီ” လို႔ နာမည္ရတဲ့ ဇာတ္လမ္းတြဲမွာ ပိုၿပီးလူသိမ်ားလာခဲ့တဲ့ သ႐ုပ္ေဆာင္ သံသာမိုးသိမ့္ဟာ သူမအေနနဲ႔ အၿမဲတမ္း Strong ျဖစ္ဖို႔ ႀကိဳးစားေနတယ္လို႔ ေျပာပါတယ္။

“သ႐ုပ္ေဆာင္ဆိုတာက သူမ်ားေတာ့ ဘယ္လိုခံယူမလဲမသိဘူး၊ ညီမကေတာ့ ကာ႐ိုက္တာမ်ိဳးစုံေတြ႕မယ္၊ အခက္အခဲမ်ိဳးစုံေတြ၊ စိန္ေခၚမႈမ်ိဳးစုံေတြ၊ မ်က္စိေပါင္းမ်ားစြာက ကိုယ့္ကိုဝိုင္းၾကည့္ေနတာေတြလည္း ရွိမယ္၊ ဒါေၾကာင့္ ကိုယ္က ေျခတစ္လွမ္းမွားသြားရင္ ကိုယ့္ကိုဝိုင္းၿပီး အျပစ္ေျပာမယ့္သူေတြရွိတယ္၊ အေနာက္ကို တစ္လွမ္းဆုတ္ရင္လည္း ေနာက္မွာ ေခ်ာက္ဆိုတာရွိတယ္၊ ဒါေၾကာင့္လည္း အၿမဲတမ္း စားသတိ သြားသတိ လာသတိနဲ႔ ေနရတယ္၊ ဘယ္ဟာကေန ဘာျဖစ္မလဲဆိုတာကိုလည္း သတိျပဳေနရတယ္၊ ကာ႐ိုက္တာ ဆိုလည္း ေ႐ြးလို႔မရဘူးေလ၊ ကာ႐ိုက္တာေသမွာကို ေၾကာက္တယ္၊ ဒါ႐ိုက္တာက ေျမႀကီးေပၚလူးဆိုရင္ လူးရမွာပဲ၊ အၿမဲ Strong ျဖစ္ေနမွ ရမယ္ေလ၊ မလူးခ်င္ဘူးလို႔ေျပာဆိုရင္ ေနာက္ဆိုဘယ္သူက ေခၚ႐ိုက္ေတာ့မလဲ၊ ဒါေၾကာင့္လည္း စိတ္ဓာတ္ေရာ လူကိုယ္တိုင္ေရာ Strong ျဖစ္ေအာင္ အၿမဲႀကိဳးပမ္းရပါတယ္”လို႔ သ႐ုပ္ေဆာင္ သံသာမိုးသိမ့္က ႐ုပ္ရွင္အခမ္းအနားပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ေျပာၾကားခဲ့ပါတယ္။

အဆိုပါ “ကြၽန္မက မေဟသီ”ဆိုတဲ့ဇာတ္ကားမွာ မိန္းမေခ်ာ အျဖစ္ ဗီလိန္ဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္ ခဲ့တာေၾကာင့္ ဝါရင့္သ႐ုပ္ေဆာင္ေတြကပင္ သတိျပဳေစာင့္ၾကည့္ရသူတစ္ဦးျဖစ္လာခဲ့ပါတယ္။ ထိုသို႔ က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ အခ်ိန္တိုအတြင္း လူသိမ်ားလာကာ ပရိသတ္ေတြ အခိုင္အမာရလာသူလည္းျဖစ္ပါတယ္။ သူမအေနနဲ႔ ကာ႐ိုက္တာေသမွာကို ေၾကာက္႐ြံ႕သူလည္းျဖစ္သလို ကာ႐ိုက္တာမ်ိဳးစုံကို ႐ိုက္ကူးႏိုင္ဖို႔ ႀကိဳးစားေနသူလည္းျဖစ္ပါတယ္။

“အရင္ေတာ့ ဗီလိန္ကာ႐ိုက္တာကို ႐ိုက္ရမွာ စိုးရိမ္တယ္၊ ကိုယ္ကအႏုပညာသမားလို႔ခံယူထားေတာ့ ပရိသတ္မုန္းမွာ စိုးရိမ္မိတယ္၊ ဒါေပမဲ့လည္း ဒရမ္မာေရာ၊ ဗီလိန္ေရာ ခ်စ္ဖို႔ေကာင္းေအာင္လည္း လုပ္ႏိုင္ရမယ္ေလ၊ ကာ႐ိုက္တာေ႐ြးရင္ အႏုပညာရွင္ေကာင္း ျဖစ္မွာမဟုတ္ေတာ့ဘူး၊ အဲ့ဒါေၾကာင့္လည္း ကာ႐ိုက္တာမေ႐ြးေတာ့ဘူး”လို႔ သ႐ုပ္ေဆာင္ သံသာမိုးသိမ့္က ရွင္းျပပါတယ္။

ယခုလတ္တေလာမွာေတာ့ သူမရဲ႕ အႏုပညာလႈပ္ရွားမႈအေနနဲ႔ Photo Shooting ေတြ႐ိုက္ကူးေနသလို မဂၢဇင္းေတြအတြက္ Cover ပုံေတြနဲ႔ ေၾကာ္ျငာပုံေတြကို ႐ိုက္ကူးေနသလို “အျဖဴေရာင္သကၠရာဇ္”လို႔နာမည္ရတဲ့ ႐ုပ္သံဇာတ္လမ္းတြဲ တစ္ခုကိုလည္း ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၁၆