ကြက်သွန်ဖြူ အကြောင်းသိကောင်းစရာ
ကြက်သွန်ဖြူ ဆိုတာ ကမ္ဘာမှာအသုံးအများဆုံး ဟင်းခတ်အမွှေးအကြိုင်တွေထဲက တခု ဖြစ်ပါတယ်။ဒါပေမဲ့ကြက်သွန်ဖြူ ကို
အနံ့ကြောင့် တချို့က မကြိုက်ကြဘူး။ အနံ့ဆိုးပေမယ့် ကြက်သွန်ဖြူ မှာ ကျန်းမာရေးကောင်းကျိုးတွေ များစွာရှိတယ်။ အနံ့က စူးရှပြီ
း စပ်ဖျဉ်းဖျဉ်းအရသာရှိပေမယ့် ဟင်းထဲထည့်ချက်ရင် ချိုတဲ့အရသာ ဖြစ်စေတယ်။ 
လေ့လာတွေ့ရှိချက်တွေအရ ကြက်သွန်ဖြူ အစိမ်းစားခြင်းက ကျန်းမာရေးကောင်းကျိုး တွေကတော့ 
၁)ကြက်သွန်ဖြူ မှာပါတဲ့အင်ဇိုင်းဓာတ်တွေက အရောင်ကျစေခြင်း
၂)ကြက်သွန်ဖြူ မှာပါတဲ့ allicinဆိုတဲ့ ပူရှိန်းရှိန်း ဓာတ်တမျိုးက ပိုးသေစေတဲ့အပြင် အရောင်ကျစေတဲ့ အစွမ်းရှိခြင်း
၃)ကြက်သွန်ဖြူ မှာပါတဲ့ Diallyl sulfide ဓာတ်ပေါင်းက နှလုံးရောဂါ(heart attack) နှင့် နှလုံးပျက်ဆီးမှုကို လျှော့ချပေးနိုင်ခြင်း
၄) ကြက်သွန်ဖြူ က သွေးကြောနံရံတွေရဲ့ ရုန်းဆံ့နိုင်စွမ်းကို အားကောင်းစေခြင်း
၅)သွေးတိုးနဲ့ ကိုလက်စတော ကျဆင်းစေခြင်း
၆)သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
၇)ကိုယ်ဝန်ဆောင်အမျိုးသမီးများနေ့လ မစေ့မှီ ကလေးမီးဖွားခြင်းနဲ့ ပေါင်မပြည့်ခြင်းကို လျှော့နည်းခြင်း
၈)နောက်ပိုင်းတွေ့ရှိချက်တွေအရ ကြက်သွန်ဖြူ ရဲ့အာနိသင်ကကင်ဆာရောဂါဖြစ်ပွားမှုကိုပါ ကျဆင်းစေခြင်း (ဦးနှောက်အကျိတ်၊အစာအိမ်ကင်ဆာ၊
အူမကြီးကင်ဆာ၊အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ) 
၉)အသည်းအားကောင်းစေခြင်း
၁၀)အဆိပ်အတောက်များဖယ်ရှားပေးခြင်း
 **ကြက်သွန်ဖြူ ကို အပူနည်းနည်းပေးရုံနဲ့ အစွမ်းသတ္တိတွေ သိသိသာသာ လျှော့နည်းသွားတယ်။ ကျန်းမာရေးအတွက် ကြက်သွန်ဖြူ စားမယ်ဆိုရင်
အစိမ်းလိုက် စားမှသာ အာနိသင်ရှိမှာဖြစ်ပါတယ်။ **
ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ဆေး - (၁)
၎) ကြက်သွန်ဖြူ က သွေးကြောနံရံတွေရဲ့ ရုန်းဆံ့နိုင်စွမ်းကို အားကောင်းစေခြင်း
ဇီဝက ဆေး - (၁)