ခံတွင်းအနံ့ နံခြင်း (bad breath) အကြောင်းသိကောင်းစရာ

 
ခံတွင်းအနံ့ နံတာကို အင်္ဂလိပ်လို bad breath လို့ခေါ်ပြီး ဆေးပညာက halitosis လို့သုံးပါတယ်။ ပါးစပ်နံစေသောအစားအသောက်များဆိုရင် ် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဒညင်းသီး၊
ဒူးရင်းသီး ဗမာဝမ်းနုတ်ဆေး ခံတွင်းအနံ့နံစေခြင်းမှာ အထက်ကပြောခဲ့သလို အစားအသောက်အပြင် ပါးစပ်နဲ့ဆိုင်တဲ့ ရောဂါ၊သွားဖုံးရောဂါတွေ ကြောင့်လည်းအဖြစ်များပါတယ်။ သွားဆရာဝန်တွေဆီ
သွားပြကြတဲ့ ရောဂါတွေထဲမယ်တတိယမြောက်အဖြစ်များဆုံး လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။ အဖြစ်အများဆုံးက ခံတွင်းရောဂါဆိုပေမယ့် တခြားအကြောင်းခံကြောင့်ဆိုရင်တော့
အထွေထွေရောဂါကုဆရာဝန်တွေ နဲ့သက်ဆိုင်လာတယ်။အဲ့ဒါတွေကတော့ နှာခေါင်းရောဂါ၊ အာသီးရောင်တာ၊ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေ ွ
အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ ဆေးရွက်ကြီးသုံးစွဲသူတွေမှာလဲ တွေ့ရပါတယ်။ အများအားဖြင့် ပါးစပ်သန့်ရှင်းရေး အားနည်းသူတွေမှာ ပိုမိုတွေ့ရတယ်။
ညပိုင်းမှာ အစားအသောက်စားပြီး ပါးစပ်မသန့်ရှင်းသူများပာာ မနက်ပိုင်းအိပ်ရာထတဲ့ အခါမျိုးမှာ အာခံတွင်းနံ့ နံတတ်ပါတယ်။ပါးစပ်ထဲမှာ ကျွင်းကျန်ရစ်တဲ့စားကြွင်းစားကျန်တွေကို ပိုးမွှားတွေက
ပြောင်းလဲခြင်းဖြင့် ထွက်လာတဲ့ gasကြောင့် နံလာခြင်းဖြစ်ပါတယ်။ ဒါမျိုးကို physiological halitosis လို့ခေါ်ပါတယ်။ ဒါမျိုးဟာ ရောဂါကြောင့်မဟုတ်ပဲ သာမန်ဇီဝဖြစ်စဉ်မျှသာ ဖြစ်ပါတယ်။ဒါကြောင့်
ခံတွင်းနံ့ရတိုင်း ရောဂါရှိတယ်လို့ မသတ်မှတ်စေချင်ဘူး။ ဒီလိုဖြစ်တဲ့ အခါမျိုးမှာ ခံတွင်းကို သန့်ရှင်းအောင် ထားခြင်းဖြင့် သက်သာနိုင်ပါတယ်။အနံ့ပျောက်ဆေးများကို သုံးစွဲခြင်းဟာ
ယာယီသာသက်သာနိုင်မှာဖြစ်ပါတယ်။ ရောဂါအခံရှိသူများကတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်။မိမိတွင် ခံတွင်းအနံံ့ နံသည်ဟု သံသယရှိပါက မိဘဆွေမျိုး အသိုင်းအဝိုင်းကို
သေချာစွာ မေးမြန်းပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။သို့မဟုတ်ပါက halitophobia ခေါ် ခံတွင်းအနံ့ နံသည်ဟု လွဲမှားစွာ ယုံကြည်တတ်ကြသဖြင့် သတိထားရန် လိုအပ်ပါတယ်။ ကြိုတင်ကာကွယ်ထားသင့်သည့်
အချက်များ ၁။တစ်နေ့လျှင် သုံးကြိမ် (သို့) အစာစားပြီးတိုင်း သွားတိုက်ရန်၊ ၂။ညအိပ်ခါနီးတိုင်း ပါးစပ်ကို ဆေးကြောသန့်စင်ရန်၊ ၃။မနက်အိပ်ရာ ထပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ရန်၊
၄။အစားအသောက်၊မနက်စာကို ပုံမှန်စားသုံးရန်၊ ၅။ခံတွင်းအနံ့ နံစေသောအစားအသောက်များကို တတ်နိုင်သမျှရှောင်ရှားရန်၊ ၆။အချို၊အဆိမ့်(ချောကလက်၊ကော်ဖီ၊လက်ဖက်ရည်) လျှော့စားရန်၊
၇။ခံတွင်းကို အမြဲစိုစွတ်၍ သန့်ရှင်းအောင်ထားသင့်သည်။ ၈။ပါးစပ်နံ့ပျောက်စေသော mouthwash များ၊ sprayများ သုံးလိုက အသုံးပြုနိုင်ပါသည်။ ၉။ပါးစပ်နံ့ ပျောက်ရန်ကွမ်းယာစားခြင်းနှင့်ဆေးလိပ်သောက်ခြင်းကို
ရှောင်ကြဉ် သင့်သည်။ ကွမ်းယာစားခြင်းမှ သွားနှင့် သွားဖုံးကို ပျက်စီးနိုင်သည့်ပြင် ပါးစပ်ကင်ဆာပါ ဖြစ်ပွားနိုင်သဖြင့် ရှောင်ကြဉ်ရမည် ဖြစ်သည်။ ၁၀။လိုအပ်လျှင် သွားဆရာဝန်(သို့)
အထွေထွေ ရောဂါကုဆရာဝန်နှင့် ပြသ တိုင်ပင်သင့်လေသည်။
 
 
ဇီဝက ဆေး(၁)

ခံတြင္းအနံ႕ နံျခင္း (bad breath) အေၾကာင္းသိေကာင္းစရာ
ခံတြင္းအနံ႕ နံတာကို အဂၤလိပ္လို bad breath လို႔ေခၚၿပီး ေဆးပညာက halitosis လို႔သံုးပါတယ္။ ပါးစပ္နံေစေသာအစားအေသာက္မ်ားဆိုရင္ ္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ ဒညင္းသီး၊
ဒူးရင္းသီး ဗမာဝမ္းႏုတ္ေဆး ခံတြင္းအနံ႔နံေစျခင္းမွာ အထက္ကေျပာခဲ႔သလို အစားအေသာက္အျပင္ ပါးစပ္နဲ႔ဆိုင္တဲ႔ ေရာဂါ၊သြားဖံုးေရာဂါေတြ ေၾကာင္႔လည္းအျဖစ္မ်ားပါတယ္
။ သြားဆရာဝန္ေတြဆီ သြားျပၾကတဲ႔ ေရာဂါေတြထဲမယ္တတိယေျမာက္အျဖစ္မ်ားဆံုး လကၡဏာျဖစ္တယ္လို႔ ဆိုပါတယ္။ အျဖစ္အမ်ားဆံုးက ခံတြင္းေရာဂါဆိုေပမယ္႕ တျခားအေၾကာင္းခံေၾကာင္႔ဆိုရင္ေတာ႔
အေထြေထြေရာဂါကုဆရာဝန္ေတြ နဲ႔သက္ဆိုင္လာတယ္။အဲ့ဒါေတြကေတာ့ ႏွာေခါင္းေရာဂါ၊ အာသီးေရာင္တာ၊ အသက္ရႈလမ္းေၾကာင္းပိုးဝင္ျခင္း၊ အစာအိမ္နဲ႔အူလမ္းေၾကာင္းေရာဂါေတြ ြအသည္းေရာဂါ၊
ေက်ာက္ကပ္ေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ကင္ဆာေရာဂါ၊ ေဆးရြက္ႀကီးသံုးစြဲသူေတြမွာလဲ ေတြ႔ရပါတယ္။ အမ်ားအားျဖင္႔ ပါးစပ္သန္႔ရွင္းေရး အားနည္းသူေတြမွာ ပိုမိုေတြ႔ရတယ္။ ညပိုင္းမွာ အစားအေသာက္စားၿပီး
ပါးစပ္မသန္႔ရွင္းသူမ်ားပာာ မနက္ပိုင္းအိပ္ရာထတဲ႔ အခါမ်ဳိးမွာ အာခံတြင္းနံ႔ နံတတ္ပါတယ္။ပါးစပ္ထဲမွာ ကၽြင္းက်န္ရစ္တဲ႔စားျကြင္းစားက်န္ေတြကို ပိုးမႊားေတြက ေျပာင္းလဲျခင္းျဖင္႔ ထြက္လာတဲ႔
gasေၾကာင္႔ နံလာျခင္းျဖစ္ပါတယ္။ ဒါမ်ဳိးကို physiological halitosis လို႔ေခၚပါတယ္။ ဒါမ်ဳိးဟာ ေရာဂါေၾကာင္႔မဟုတ္ပဲ သာမန္ဇီဝျဖစ္စဥ္မွ်သာ ျဖစ္ပါတယ္။ဒါေၾကာင္႔ ခံတြင္းနံ႕ရတိုင္း ေရာဂါရွိတယ္လို႔
မသတ္မွတ္ေစခ်င္ဘူး။ ဒီလိုျဖစ္တဲ႔ အခါမ်ဳိးမွာ ခံတြင္းကို သန္႔ရွင္းေအာင္ ထားျခင္းျဖင္႔ သက္သာႏိုင္ပါတယ္။အန႔ံေပ်ာက္ေဆးမ်ားကို သံုးစဲြျခင္းဟာ ယာယီသာသက္သာႏိုင္မွာျဖစ္ပါတယ္။ ေရာဂါအခံရွိသူမ်ားကေတာ႔
ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးဖို႔လုိအပ္ပါတယ္။မိမိတြင္ ခံတြင္းအနံံ႕ နံသည္ဟု သံသယရွိပါက မိဘေဆြမ်ဳိး အသိုင္းအဝိုင္းကို ေသခ်ာစြာ ေမးျမန္းၿပီးမွသာ ဆံုးျဖတ္သင္႔ပါတယ္။သို႔မဟုတ္ပါက
halitophobia ေခၚ ခံတြင္းအနံ႕ နံသည္ဟု လြဲမွားစြာ ယံုၾကည္တတ္ၾကသျဖင္႔ သတိထားရန္ လိုအပ္ပါတယ္။ ႀကိဳတင္ကာကြယ္ထားသင္႔သည္႔ အခ်က္မ်ား ၁။တစ္ေန႔လွ်င္ သံုးႀကိမ္ (သို႔)
အစာစားၿပီးတိုင္း သြားတိုက္ရန္၊ ၂။ညအိပ္ခါနီးတိုင္း ပါးစပ္ကို ေဆးေၾကာသန္႔စင္ရန္၊ ၃။မနက္အိပ္ရာ ထၿပီးတိုင္း ေရတစ္ဖန္ခြက္ ေသာက္ရန္၊ ၄။အစားအေသာက္၊မနက္စာကို ပံုမွန္စားသံုးရန္၊
၅။ခံတြင္းအနံ႔ နံေစေသာအစားအေသာက္မ်ားကို တတ္ႏိုင္သမွ်ေရွာင္ရွားရန္၊ ၆။အခ်ဳိ၊အဆိမ္႔(ေခ်ာကလက္၊ေကာ္ဖီ၊လက္ဖက္ရည္) ေလွ်ာ႔စားရန္၊ ၇။ခံတြင္းကို အၿမဲစိုစြတ္၍ သန္႔ရွင္းေအာင္ထားသင္႔သည္။
၈။ပါးစပ္နံ႔ေပ်ာက္ေစေသာ mouthwash မ်ား၊ sprayမ်ား သံုးလိုက အသံုးျပဳႏိုင္ပါသည္။ ၉။ပါးစပ္နံ႔ ေပ်ာက္ရန္ကြမ္းယာစားျခင္းႏွင့္ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ၾကဥ္ သင္႔သည္။
ကြမ္းယာစားျခင္းမွ သြားႏွင္႕ သြားဖံုးကို ပ်က္စီးႏိုင္သည္႔ျပင္ ပါးစပ္ကင္ဆာပါ ျဖစ္ပြားႏိုင္သျဖင္႔ ေရွာင္ၾကဥ္ရမည္ ျဖစ္သည္။ ၁၀။လိုအပ္လွ်င္ သြားဆရာဝန္(သို႔) အေထြေထြ ေရာဂါကုဆရာဝန္ႏွင္႔ ျပသ
တိုင္ပင္သင္႔ေလသည္။
 
ဇီ၀က ေဆး(၁)