ဆီးချိုရောဂါ နှင့် မျက်လုံးကျန်းမာရေး

 
လူတိုင်းအတွက်စက္ခူအမြင်အာရုံသည်အလွန်အရေးကြီးလှပေသည်။ မျက်လုံးအမြင်သည် လောက ကြီးနှင့် ဆက်သွယ်ပေးသောတခုတည်းသောအရေးကြီးသည့်
ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သည်။ ဆီးချိုရော ဂါကြောင့်ဖြစ်ပွားသောနောက်ဆက်တွဲနာတာရaှည်ရောဂါများထဲမှ မျက်စိရောဂါအကြောင်းကိုပြောပြလိုပါတယ်။ 
မျက်စိရဲ့အမြင်လွှာမှာရှိတဲ့သွေးကြောမျှင်တွေဟာ မှန်ဘီလူးနဲ့ကြည့်မှမြင်ရပါတယ်။ ဆီးချို ရောဂါရဲ့ ဒဏ်ကြောင့် မျက်စိအမြင်လွှာမှာရှိတဲ့သွေးကြောမျှင်လေးတွေပျက်စီးသွားတဲ့အခါမှာတော့
မျက်စိအမြင်လွှာ ပျက်စီးမှုစတင်လာပါတော့တယ်။ အဆင့်(၄) ဆင့်ခွဲထားပါတယ်။ 
အဆင့်(၁) - Background retinopathy လို့ခေါ်ပြီးအဲ့ဒီအဆင့်ကတော့ မျက်စိအမြင်လွှာမှာသွေးထွက်လို့ အစက်အပျောက်လေးတွေဖြစ်တာမျိုး(Dot & Blot haemorrhage)၊
သွေးအပြည့်အဝမရလို့အဖြူစက်တွေ ပေါ်တာမျိုး(Hard educate)၊ဖောင်းနေတဲ့သွေး ကြောမျှင်သေးသေးလေးတွေပေါ်တာမျိုး(microaneurysm)။ အဆင့်(၁) ခံစားနေရတဲ့သူတွေက
အနည်းဆုံး(၁)နှစ်တခါမျက်စိအမြင်လွှာစစ်ဆေးကုသမှုခံယူူသင့်ပါတယ်။ 
အဆင့် (၂)- Preproliferative retinopathy လို့ခေါ်ပြီးအဲ့ဒီအဆင့်မှာ သွေးပြန်ကြောအမျှင်တွေဖုနေတာမျိုး ခွေနေတာမျိုး(venous beading & venous looping)၊
မျက်စိအမြင်လွှာမှာပုံစံမမှန်တဲ့သွေးကြောအမျှင် အယှက် တွေဖြစ်လာတာမျိုး(IRMA - intraretinal microvascular abnormalities)၊ မျက်စိအမြင်လွှာ သွေး လုံလုံလောက်လောက်မရရုံမျှမက
သွေးကြောထဲကအဆီဓာတ်တွေ သွေးကြောထဲကနေအပြင်ထွက်ပြီး ပွ ယောင်း ယောင်းအဖြူကွက်တွေဖြစ်လာတာမျိုး(soft exudate)။အဆင့် (၂) ကတော့ Semiurgent referral စတင်အရေးကြီးလာပါပြီ။ 
အဆင့်(၃)- Proliferative retinopathy ဟာအဆိုးဆုံးအဆင့်ဖြစ်ပါတယ်။အဲ့ဒီအဆင့်ရောက်ရင်တော့ မျက်စိ အမြင်လွှာမှာသွေးကြောမျှင်အသစ်တွေနေရာအနှံအပြားဖြစ်လာသလို
(new vessel formation or neovascularization)၊ကျုံ့နိုင်ဆန့်နိုင်တဲ့ အမျှင်ဓာတ်တွေလဲထူထပ်လာပါလိမ့်မယ် (proliferation of fibrous tissue - retinitis proliferans)အဲဒီ fibrous tissue ကြောင့်
မျက်စိအမြင်လွှာ ကိုတွယ်ဆက်ထားသော အမျှင်တွေ ပြုတ်ထွက်ကွာထွက်ပြီးမျက်စိအမြင်လွှာကျွတ်ထွက်သွားခြင်း (retinal detachment) သွေးကြောမျှင်တွေပြုတ်ထွက်သွားလို့
မျက်စိအိမ်အနောက်ဘက်ခန်း သွေးယိုစိမ့်ခြင်း (Vitrous Haemorrhage) ဆိုတဲ့ အခြေအနေရာက်ရင်တော့ အမြင်အာရုံရုတ်ခြည်းကျကာမျက်စိကန်းသွားတတ်ပါတယ်။ 
အဆင့်(၄)- ကတော့ Diabetes maculopathy ဖြစ်ပါတယ်။ မျက်စိအမြင်လွှာမှာစူးစူးစိုက်စိုက်ကြည့်တဲ့ အချိန် မှာ သုံးတဲ့ macula densa ဆိုတဲ့အစိတ်အပိုင်းရှိပါတယ်။
အဲဒီနေရာမှာ သွေးယိုစိမ့်နေရင်ဖြစ်စေ (haemorrhage) သွေးထဲကဓာတ်ပစ္စည်းတွေယိုစိမ့်၍ဖြစ်စေ (exudates) အမြင်အာရုံချို့တဲ့ခြင်းဖြစ် တတ်ပါတယ်။ 
အဆင့်(၃) နှင့် အဆင့်(၄) ကတော့ urgent referral ဖြစ်ပြီး Laser Coagulation ကုထုံးနဲ့အချိန်မီ ကုသလျှင် မျက်စိကွယ်ခြင်း အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 
သွေးချိုဝေဒနာရှင်တွေဟာ မျက်စိအမြင်လွှာထိခိုက်စေရုံမျှမက ငယ်ငယ်ရွယ်ရွယ်နဲ့အတွင်းတိမ် ဖြစ် ခြင်း၊ မျက်လုံးတွင်း ရေချိန်တက်တဲ့ရေတိမ်ဖြစ်ခြင်း၊မျက်လုံးအိမ်တွင်းရောဂါပိုးဝင်ခြင်းကြောင့်
အမြင် ချို့ ယွင်း စေတဲ့ပြဿနာတွေဟာသွေးချိုရောဂါကြောင့်ခံစားရတဲ့ မျက်လုံးပြဿနာတွေဖြစ်ပါတယ်။ Prevention is better than Cure လို့ အကြံပြုရင်း သွေးချိုကို ထိန်းကာ
မိမိတို့မျက်လုံးတွေကိုကာကွယ်ကြပါစို့။ သတ္တဝါ အားလုံးသက်ရှည်ကျန်းမာစေပါတယ်။
ဇီဝက ဆေး - ၁ 

(zawgyi)

 
ဆီးခ်ိဳေရာဂါ ႏွင့္ မ်က္လံုးက်န္းမာေရး 
လူတိုင္းအတြက္စကၡဴအျမင္အာရံုသည္အလြန္အေရးႀကီးလွေပသည္။ မ်က္လံုးအျမင္သည္ ေလာက ႀကီးႏွင့္ ဆက္သြယ္ေပးေသာတခုတည္းေသာအေရးႀကီးသည္႔ ခႏၶာကိုယ္အစိတ္အပိုင္းျဖစ္သည္။
ဆီးခ်ိဳေရာ ဂါေၾကာင့္ျဖစ္ပြားေသာေနာက္ဆက္တြဲနာတာရaွည္ေရာဂါမ်ားထဲမွ မ်က္စိေရာဂါအေၾကာင္းကိုေျပာျပလိုပါတယ္။ 
မ်က္စိရဲ႕အျမင္လႊာမွာရွိတဲ႔ေသြးေၾကာမွ်င္ေတြဟာ မွန္ဘီလူးနဲ႔ၾကည္႔မွျမင္ရပါတယ္။ ဆီးခ်ိဳ ေရာဂါရဲ႕ ဒဏ္ေၾကာင္႔ မ်က္စိအျမင္လႊာမွာရွိတဲ႔ေသြးေၾကာမွ်င္ေလးေတြပ်က္စီးသြားတဲ့အခါမွာေတာ့
မ်က္စိအျမင္လႊာ ပ်က္စီးမွဳစတင္လာပါေတာ႔တယ္။ အဆင္႔(၄) ဆင့္ခြဲထားပါတယ္။ 
အဆင္႔(၁) - Background retinopathy လို႔ေခၚျပီးအဲ႔ဒီအဆင္႔ကေတာ႔ မ်က္စိအျမင္လႊာမွာေသြးထြက္လို႔ အစက္အေပ်ာက္ေလးေတြျဖစ္တာမ်ိဳး(Dot & Blot haemorrhage)၊
ေသြးအျပည္႔အဝမရလို႔အျဖဴစက္ေတြ ေပၚတာမ်ိဳး(Hard educate)၊ေဖာင္းေနတဲ႔ေသြး ေၾကာမွ်င္ေသးေသးေလးေတြေပၚတာမိ်ဳး(microaneurysm)။ အဆင့္(၁) ခံစားေနရတဲ့သူေတြက
အနည္းဆံုး(၁)ႏွစ္တခါမ်က္စိအျမင္လႊာစစ္ေဆးကုသမွဳခံယူူသင္႔ပါတယ္။ 
အဆင့္ (၂)- Preproliferative retinopathy လို႔ေခၚျပီးအဲ႔ဒီအဆင္႔မွာ ေသြးျပန္ေၾကာအမွ်င္ေတြဖုေနတာမ်ိဳး ေခြေနတာမ်ိဳး(venous beading & venous looping)၊
မ်က္စိအျမင္လႊာမွာပံုစံမမွန္တဲ႔ေသြးေၾကာအမွ်င္ အယွက္ ေတြျဖစ္လာတာမ်ိဳး(IRMA - intraretinal microvascular abnormalities)၊ မ်က္စိအျမင္လႊာ ေသြး လံုလံုေလာက္ေလာက္မရရံုမ်ွမက ေ
သြးေၾကာထဲကအဆီဓာတ္ေတြ ေသြးေၾကာထဲကေနအျပင္ထြက္ျပီး ပြ ေယာင္း ေယာင္းအျဖဴကြက္ေတြျဖစ္လာတာမ်ိဳး(soft exudate)။အဆင့္ (၂) ကေတာ့ Semiurgent referral စတင္အေရးႀကီးလာပါျပီ။ 
အဆင့္(၃)- Proliferative retinopathy ဟာအဆိုးဆံုးအဆင္႔ျဖစ္ပါတယ္။အဲ႔ဒီအဆင္႔ေရာက္ရင္ေတာ႔ မ်က္စိ အျမင္လႊာမွာေသြးေၾကာမွ်င္အသစ္ေတြေနရာအႏွံအျပားျဖစ္လာသလို
(new vessel formation or neovascularization)၊က်ဳံ႕ႏိုင္ဆန္႔ႏိုင္တဲ႔ အမ်ွင္ဓာတ္ေတြလဲထူထပ္လာပါလိမ္႔မယ္ (proliferation of fibrous tissue - retinitis proliferans)အဲဒီ fibrous tissue ေၾကာင့္ မ်က္စိအျမင္လႊာ
ကိုတြယ္ဆက္ထားေသာ အမၽႇင္ေတြ ျပဳတ္ထြက္ကြာထြက္ျပီးမ်က္စိအျမင္လႊာကၽြတ္ထြက္သြားျခင္း (retinal detachment) ေသြးေၾကာမွ်င္ေတြျပဳတ္ထြက္သြားလို႔ မ်က္စိအိမ္အေနာက္ဘက္ခန္း ေသြးယိုစိမ္႔ျခင္း (Vitrous Haemorrhage) ဆိုတဲ့ အေျခအေနရာက္ရင္ေတာ႔ အျမင္အာ႐ံုရုတ္ျခည္းက်ကာမ်က္စိကန္းသြားတတ္ပါတယ္။ 
အဆင္႔(၄)- ကေတာ့ Diabetes maculopathy ျဖစ္ပါတယ္။ မ်က္စိအျမင္လႊာမွာစူးစူးစိုက္စိုက္ၾကည့္တဲ့ အခ်ိန္ မွာ သံုးတဲ႔ macula densa ဆိုတဲ့အစိတ္အပိုင္းရွိပါတယ္။
အဲဒီေနရာမွာ ေသြးယိုစိမ္႔ေနရင္ျဖစ္ေစ (haemorrhage) ေသြးထဲကဓာတ္ပစၥည္းေတြယိုစိမ္႔၍ျဖစ္ေစ (exudates) အျမင္အာရံုခ်ိဳ႕တဲ႔ျခင္းျဖစ္ တတ္ပါတယ္။ 
အဆင့္(၃) ႏွင့္ အဆင္႔(၄) ကေတာ့ urgent referral ျဖစ္ၿပီး Laser Coagulation ကုထံုးနဲ႔အခ်ိန္မီ ကုသလွ်င္ မ်က္စိကြယ္ျခင္း အႏၲရာယ္ကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ 
ေသြးခ်ိဳေဝဒနာရွင္ေတြဟာ မ်က္စိအျမင္လႊာထိခိုက္ေစရံုမွ်မက ငယ္ငယ္ရြယ္ရြယ္နဲ႔အတြင္းတိမ္ ျဖစ္ ျခင္း၊ မ်က္လံုးတြင္း ေရခ်ိန္တက္တဲ႔ေရတိမ္ျဖစ္ျခင္း၊မ်က္လံုးအိမ္တြင္းေရာဂါပိုးဝင္ျခင္းေၾကာင့္
အျမင္ ခ်ိဳ႕ ယြင္း ေစတဲ႔ျပႆနာေတြဟာေသြးခ်ိဳေရာဂါေၾကာင့္ခံစားရတဲ႔ မ်က္လံုးျပႆနာေတြျဖစ္ပါတယ္။ Prevention is better than Cure လို႔ အႀကံျပဳရင္း ေသြးခ်ိဳကို ထိန္းကာ မိမိတို႔မ်က္လံုးေတြကိုကာကြယ္ၾကပါစို႔။ သတၱဝါ အားလံုးသက္ရွည္က်န္းမာေစပါတယ္။
ဇီ၀က ေဆး - ၁