မင်းကွတ်သီးနှင့် ကျန်းမာရေး

မင်းကွက်သီးရဲ့ ဆေးဖက်ဝင်အာနိသင်အကြောင်းကိုပြောရင် အဓိက (၂) ပိုင်းနဲ့ ပြောရပါလိမ့် မယ်။
အဲ့ဒါကတော့ အတွင်းက အဖြူသား (White flesh) နဲ့ အပြင်က အခွံပဲဖြစ်ပါတယ်။အတွင်းက အဖြူသားက စားလို့ရပါတယ်။
အာဟာရဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။အပြင်ပိုင်း အခွံကိုလည်း ထပ်မံပြီး အတွင်းပိုင်း ပျော့ပြောင်းတဲ့အလွှာ
ပယ်ရီကပ် (Pericarp) နဲ့ အပြင်ပိုင်း မာကျောတဲ့အလွှာ အိတ်ချ်စိုကပ်  (Exocarp) ဆိုပြီး (၂) ခု ထပ်ခွဲနိုင်ပါတယ်။
 
 မင်းကွတ်သီးအတွင်းပိုင်းက အဖြူသားကိုစားရင် ရနိုင်တဲ့အာဟာရဓာတ်တွေကတော့ -
(၁) ကာဘိုဟိုက်ဒြိတ်အနေနဲ့အမျှင်ဓာတ်အပါအဝင်၂၀% ရရှိနိုင်ပါတယ်။ဥပမာ ၁၀ဝ ဂရမ်စားရင်၂၀ ဂရမ်ဟာ ကာဘိုဟိုက်ဒြိတ်တွေ ဖြစ်ပါတယ်။
(၂) ဗီတာမင်ဓာတ်တွေ အနည်းငယ်စီ မျှတစွာပါဝင်နေပါတယ် ......B1, B2, B3 (Niacin). B5 (Pantothenic acid), B6, B9 (Folate) နဲ့ Vitamin C
(၃) သတ္တုဓာတ်တွေအနေနဲ့ ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်ပြီး သူ့နောက်မှာ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဖော့စ်ဖရပ်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် သွပ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီးလ်ဓာတ်နဲ့ ဆိုဒီယမ်တို့လည်း အနည်းငယ်စီ ပါဝင်ပါတယ်။
 
 
 အပင်ဓာတုဗေဒပညာ (Phytochemistry) အရမင်းကွတ်သီးရဲ့ အကာပိုင်းမှာပါတယ်ဆိုတဲ့ ဇန်သုန်းတွေဟာ ဆေးဖက်ဝင်အာနိသင်
ထက်မြက်လှတဲ့ ပေါ်လီဖီနောလစ်ဓာတ်ပစ္စည်း (Biologically active polyphenolic compound) ဖြစ်ပါတယ်။
 
သဘာဝအပင်တွေမှာ ဇန်သုန်းတွေဟာ သိပ်တွေ့ရလေ့မရှိဘဲ ရှားပါးဓာတ်ပစ္စည်းတစ်ခုလို့ ပြောနိုင်ပါတယ်။မင်းကွတ်သီးမှ
ာ ဇန်သုန်းအမျိုးအစားပေါင်း (၄၀) ကျော်ပါဝင်ပြီး အယ်ဖာ မန်ဂိုစတင် ၊ ဂါမာ မန်ဂိုစတင်  နဲ့ ဂါစီနုန်း အီး တို့ကတော့ အထင်ရှားဆုံးဖြစ်ပါတယ်။ 
 အမျိုးအစားတစ်ခုချင်းစီမှာ ထူးခြားတဲ့ဆေးဖက်ဝင်အာနိသင်တွေ ပေးတာခြင်းလည်း နည်းနည်းစီကွဲပြားပါတယ်။
 
 အဓိကပေးတဲ့အာနိသင်တွေကတော့ -
(၁) အရောင်ကျစေတဲ့အာနိသင် (Anti-inflammatory action)
(၂) အလာဂျီများကို သက်သာစေခြင်း (Anti-allergic action)
(၃) ကင်ဆာရောဂါသက်သာစေသောအာနိသင် (Anti-cancer action)
တို့ပဲဖြစ်ပါတယ်။
 
အရောင်ကျစေတဲ့ အာနိသင်ကို လေ့လာတဲ့အခါမှာ ဇန်သုန်းဟာ သွေးထဲမှာရှိတဲ့ C-reactive protein (ရောင်ရမ်းရင်ထွက်လာတဲ့ဓာတ်ပစ္စည်း )တွေကို
ကျစေတာတွေ့ရပါတယ်။
 
အလာဂျီများကို သက်သာစေတဲ့အာနိသင် ကို လေ့လာတဲ့အခါမှာ မင်းကွတ်သီးရဲ့ ဇန်သုန်းဟာတွေဟာ အလာဂျီဖြစ်စေတဲ့ အဓိကဓာတ်ပစ္စည်းတွေဖြစ်တဲ့
ဆီရိုတိုနင် (Serotonin)၊ ဟစ်တမင်း(Histamine)နဲ့ ပရော်စတာဂလေဒင် အီးတူး (Prostaglandin E2) တို့ရဲ့ ထုတ်လုပ်မှုကိုလည်း ဟန့်တားနိုင်စွမ်းရှိပါတယ်။
 
 
 ကင်ဆာရောဂါသက်သာစေသောအာနိသင်ကို လေ့လာတဲ့အခါမှာတော့ မင်းကွတ်သီးဟာ ကင်ဆာရောဂါ ကာကွယ်ရေးမှာရော၊ တိုက်ဖျက်ရေးမှာပါ
အသုံးဝင်တဲ့ သဘာဝသစ်သီးတစ်မျိုး ဖြစ်ပါတယ်။မင်းကွတ်သီး အပြင်အကာပိုင်းမှာ ကင်ဆာတိုက်ဖျက်နိုင်တဲ့ဓာတ်ပစ္စည်း (Phytochemicals)
တွေ များစွာပါဝင်နေတာ တွေ့ရပါတယ်။မင်းကွတ်သီးအခွံမှာပါဝင်တဲ့ ဇန်သုန်း ဟာ
ကင်ဆာဆဲလ်တွေဖြစ်တဲ့ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အရိုးကင်ဆာတို့
ကိုသက်သာစေကြောင်းတွေ့ခဲ့ရတယ်။ကျန်တဲ့ကင်ဆာတွေကိုလည်း ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။
 
ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားတဲ့နှုန်းဟာ တဖြည်းဖြည်း မြင့်တက်လို့ လာနေပါတယ်။ကင်ဆာဖြစ်စေတဲ့
အကြောင်းရင်းတွေထဲမှာ အဓိကကျတာကတော့ လူတွေရဲ့ အနေအထိုင်၊ အစားအသောက် မှားယွင်းလို့ ဖြစ်ရတာပါ။ အစားအစာနဲ့ပတ်သက်ရင်
ကင်ဆာအားပေးတဲ့ အစားအစာတွေကိုရှောင်ကြဉ်ပြီး ကင်ဆာကိုကာကွယ်တိုက်ဖျက်နိုင်တဲ့ အစားအစာတွေကို နေ့စဉ်စားပေးမယ်ဆိုရင် ကင်ဆာဖြစ်ဖို့အလားအလာကို လျော့နည်းစေမှာ အမှန်ပဲဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ မင်းကွတ်သီးဖျော်ရည်ဟာလည်း ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိလို့ မကြာခဏ သောက်သုံးသင့်ပါကြောင်း အကြံပြုပြောကြားလိုပါတယ်။
 
**အကြံပြုချက်**
 
 မင်းကွတ်သီးဖျော်ရည် ပြုလုပ်ပုံအဆင့်ဆင့်
 
 မင်းကွတ်သီးရဲ့အတွင်းသား (White flesh) ကတော့ စားလို့ရတော့ ဒီအတိုင်းစားလေ့ရှိကြပါတယ်။ဒါပေမယ့် အပြင်သားကျတော့ စားလေ့မရှိတော့
ဆေးဘက်ဝင်အနေနဲ့ဆိုရင် ဖျော်ရည်လုပ်သောက်မှ အဆင်ပြေပါတယ်။ အတွင်းသားကို ဇွန်းနဲ့ဖယ်လိုက်ရင်အပြင်ပိုင်း မာကြောတဲ့အခွံနဲ့
အတွင်းပိုင်း ပျော့တဲ့အခွံ ရှိပါတယ်။ ပျော့တဲ့အခွံကိုပဲ ဇွန်းနဲ့ခြစ်ပြီး ယူရပါတယ်။ အပြင်ပိုင်း အမာသားနဲ့ ကပ်နေတာတွေတော့ မယူသင့်ပါဘူး။
အင်မတန်ခါးလို့ ဖြစ်ပါတယ်။ အဲ့ဒီအခွံပျော့တွေမှာ အာနိသင်ထက်မြက်တဲ့ ဇန်သုန်းလို့ခေါ်တဲ့ ဖလေဗိုနွိုက်တွေ ပါဝင်နေပါတယ်။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
 
မင္းကြတ္သီးႏွင့္ က်န္းမာေရး 
 
 
မင္းကြက္သီးရဲ႕ ေဆးဖက္ဝင္အာနိသင္အေၾကာင္းကိုေျပာရင္ အဓိက (၂) ပိုင္းနဲ႔ ေျပာရပါလိမ့္ မယ္။ အဲ့ဒါကေတာ့ အတြင္းက အျဖဴသား
(White flesh) နဲ႔ အျပင္က အခြံပဲျဖစ္ပါတယ္။အတြင္းက အျဖဴသားက စားလို႔ရပါတယ္။ အာဟာရဓာတ္လည္း ၾကြယ္ဝစြာ ပါဝင္ပါတယ္။
အျပင္ပိုင္း အခြံကိုလည္း ထပ္မံၿပီး အတြင္းပိုင္း ေပ်ာ့ေျပာင္းတဲ့အလႊာ ပယ္ရီကပ္ (Pericarp) နဲ႔ အျပင္ပိုင္း မာေက်ာတဲ့အလႊာ အိတ္ခ်္စိုကပ္ 
(Exocarp) ဆိုၿပီး (၂) ခု ထပ္ခြဲႏိုင္ပါတယ္။
 
 မင္းကြတ္သီးအတြင္းပိုင္းက အျဖဴသားကိုစားရင္ ရႏိုင္တဲ့အာဟာရဓာတ္ေတြကေတာ့ -
(၁) ကာဘိုဟိုက္ၿဒိတ္အေနနဲ႔အမွ်င္ဓာတ္အပါအဝင္၂၀% ရ႐ွိႏိုင္ပါတယ္။ဥပမာ ၁၀ဝ ဂရမ္စားရင္၂၀ ဂရမ္ဟာ ကာဘိုဟိုက္ၿဒိတ္ေတြ ျဖစ္ပါတယ္။
(၂) ဗီတာမင္ဓာတ္ေတြ အနည္းငယ္စီ မွ်တစြာပါဝင္ေနပါတယ္ ......B1, B2, B3 (Niacin). B5 (Pantothenic acid), B6, B9 (Folate) နဲ႔ Vitamin C
(၃) သတၲဳဓာတ္ေတြအေနနဲ႔ ပိုတက္စီယမ္ ၾကြယ္ဝစြာပါဝင္ၿပီး သူ႔ေနာက္မွာ ကယ္လ္စီယမ္၊ မဂၢနီစီယမ္နဲ႔ ေဖာ့စ္ဖရပ္တို႔ ပါဝင္ပါတယ္။
ဒါ့အျပင္ သြပ္ဓာတ္၊ သံဓာတ္၊ မဂၢနီးလ္ဓာတ္နဲ႔ ဆိုဒီယမ္တို႔လည္း အနည္းငယ္စီ ပါဝင္ပါတယ္။
 
 
 အပင္ဓာတုေဗဒပညာ (Phytochemistry) အရမင္းကြတ္သီးရဲ႕ အကာပိုင္းမွာပါတယ္ဆိုတဲ့ ဇန္သုန္းေတြဟာ ေဆးဖက္ဝင္အာနိသင္
ထက္ျမက္လွတဲ့ ေပၚလီဖီေနာလစ္ဓာတ္ပစၥည္း (Biologically active polyphenolic compound) ျဖစ္ပါတယ္။
 
သဘာဝအပင္ေတြမွာ ဇန္သုန္းေတြဟာ သိပ္ေတြ႕ရေလ့မ႐ွိဘဲ ႐ွားပါးဓာတ္ပစၥည္းတစ္ခုလို႔ ေျပာႏိုင္ပါတယ္။မင္းကြတ္သီးမွာ
ဇန္သုန္းအမ်ဳိးအစားေပါင္း (၄၀) ေက်ာ္ပါဝင္ၿပီး အယ္ဖာ မန္ဂိုစတင္ ၊ ဂါမာ မန္ဂိုစတင္  နဲ႔ ဂါစီႏုန္း အီး တို႔ကေတာ့ အထင္႐ွားဆံုးျဖစ္ပါတယ္။ 
 အမ်ဳိးအစားတစ္ခုခ်င္းစီမွာ ထူးျခားတဲ့ေဆးဖက္ဝင္အာနိသင္ေတြ ေပးတာျခင္းလည္း နည္းနည္းစီကြဲျပားပါတယ္။
 
 အဓိကေပးတဲ့အာနိသင္ေတြကေတာ့ -
(၁) အေရာင္က်ေစတဲ့အာနိသင္ (Anti-inflammatory action)
(၂) အလာဂ်ီမ်ားကို သက္သာေစျခင္း (Anti-allergic action)
(၃) ကင္ဆာေရာဂါသက္သာေစေသာအာနိသင္ (Anti-cancer action)
တို႔ပဲျဖစ္ပါတယ္။
 
အေရာင္က်ေစတဲ့ အာနိသင္ကို ေလ့လာတဲ့အခါမွာ ဇန္သုန္းဟာ ေသြးထဲမွာ႐ွိတဲ့ C-reactive protein (ေရာင္ရမ္းရင္ထြက္လာတဲ့ဓာတ္ပစၥည္း )ေတြကို
က်ေစတာေတြ႕ရပါတယ္။
 
အလာဂ်ီမ်ားကို သက္သာေစတဲ့အာနိသင္ ကို ေလ့လာတဲ့အခါမွာ မင္းကြတ္သီးရဲ႕ ဇန္သုန္းဟာေတြဟာ အလာဂ်ီျဖစ္ေစတဲ့ အဓိကဓာတ္ပစၥည္းေတြျဖစ္တဲ့
ဆီ႐ိုတိုနင္ (Serotonin)၊ ဟစ္တမင္း(Histamine)နဲ႔ ပေရာ္စတာဂေလဒင္ အီးတူး (Prostaglandin E2) တို႔ရဲ႕ ထုတ္လုပ္မႈကိုလည္း ဟန္႔တားႏိုင္စြမ္း႐ွိပါတယ္။
 
 
 ကင္ဆာေရာဂါသက္သာေစေသာအာနိသင္ကို ေလ့လာတဲ့အခါမွာေတာ့ မင္းကြတ္သီးဟာ ကင္ဆာေရာဂါ ကာကြယ္ေရးမွာေရာ၊ တိုက္ဖ်က္ေရးမွာပါ
အသံုးဝင္တဲ့ သဘာဝသစ္သီးတစ္မ်ဳိး ျဖစ္ပါတယ္။မင္းကြတ္သီး အျပင္အကာပိုင္းမွာ ကင္ဆာတိုက္ဖ်က္ႏိုင္တဲ့ဓာတ္ပစၥည္း (Phytochemicals) ေတြ
မ်ားစြာပါဝင္ေနတာ ေတြ႔ရပါတယ္။မင္းကြတ္သီးအခြံမွာပါဝင္တဲ့ ဇန္သုန္း ဟာ
ကင္ဆာဆဲလ္ေတြျဖစ္တဲ့ အစာအိမ္ကင္ဆာ၊ အူမႀကီးကင္ဆာ၊ အဆုတ္ကင္ဆာ၊ ရင္သားကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ အရိုးကင္ဆာတို႔
ကိုသက္သာေစေျကာင္းေတြ႔ခဲ့ရတယ္။က်န္တဲ့ကင္ဆာေတြကိုလည္း ဆက္လက္ေလ့လာေနဆဲ ျဖစ္ပါတယ္။
 
ဒီကေန႔ ကြ်န္ေတာ္တို႔ႏိုင္ငံမွာ ကင္ဆာေရာဂါျဖစ္ပြားတဲ့ႏႈန္းဟာ တျဖည္းျဖည္း ျမင့္တက္လို႔ လာေနပါတယ္။ကင္ဆာျဖစ္ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ
အဓိကက်တာကေတာ့ လူေတြရဲ႕ အေနအထိုင္၊ အစားအေသာက္ မွားယြင္းလို႔ ျဖစ္ရတာပါ။ အစားအစာနဲ႔ပတ္သက္ရင္ ကင္ဆာအားေပးတဲ့
အစားအစာေတြကိုေ႐ွာင္ၾကဥ္ၿပီး ကင္ဆာကိုကာကြယ္တိုက္ဖ်က္ႏိုင္တဲ့ အစားအစာေတြကို ေန႔စဥ္စားေပးမယ္ဆိုရင္ ကင္ဆာျဖစ္ဖို႔အလားအလာကို ေ
လ်ာ့နည္းေစမွာ အမွန္ပဲျဖစ္ပါတယ္။ အဲ့ဒီအထဲမွာ မင္းကြတ္သီးေဖ်ာ္ရည္ဟာလည္း ကင္ဆာမျဖစ္ေအာင္ ကာကြယ္ႏိုင္စြမ္း႐ွိလို႔ မၾကာခဏ ေ
သာက္သံုးသင့္ပါေၾကာင္း အႀကံျပဳေျပာၾကားလိုပါတယ္။
 
**အၾကံျပဳခ်က္**
 
 မင္းကြတ္သီးေဖ်ာ္ရည္ ျပဳလုပ္ပံုအဆင့္ဆင့္
 
 မင္းကြတ္သီးရဲ႕အတြင္းသား (White flesh) ကေတာ့ စားလို႔ရေတာ့ ဒီအတိုင္းစားေလ့႐ွိၾကပါတယ္။ဒါေပမယ့္ အျပင္သားက်ေတာ့ စားေလ့မ႐ွိေတာ့ ေ
ဆးဘက္ဝင္အေနနဲ႔ဆိုရင္ ေဖ်ာ္ရည္လုပ္ေသာက္မွ အဆင္ေျပပါတယ္။ အတြင္းသားကို ဇြန္းနဲ႔ဖယ္လိုက္ရင္အျပင္ပိုင္း မာေၾကာတဲ့အခြံနဲ႔ အတြင္းပိုင္း ေ
ပ်ာ့တဲ့အခြံ ႐ွိပါတယ္။ ေပ်ာ့တဲ့အခြံကိုပဲ ဇြန္းနဲ႔ျခစ္ၿပီး ယူရပါတယ္။ အျပင္ပိုင္း အမာသားနဲ႔ ကပ္ေနတာေတြေတာ့ မယူသင့္ပါဘူး။အင္မတန္ခါးလို႔ ျဖစ္ပါတယ္။
အဲ့ဒီအခြံေပ်ာ့ေတြမွာ အာနိသင္ထက္ျမက္တဲ့ ဇန္သုန္းလို႔ေခၚတဲ့ ဖေလဗိုႏြိဳက္ေတြ ပါဝင္ေနပါတယ္။
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။