မိန်းကလေး နှင့် အဖြူဆင်းခြင်း

 မိန်းကလေး နှင့် အဖြူဆင်းခြင်း

မိန်းကလေးတော်တော်များများမှာ အဖြူဆင်းခြင်းနေ့ရက်တွေအတွက် စိတ်ပူပင်ဖူးကြပါတယ်။ ပုံမှန် သဘာဝအရကို မိန်းကလေးတွေမှာအဖြူဆင်းတဲ့ နေ့ရက်တွေရှိပါတယ်။ 

 
ဥပမာ... ရာသီစက်ဝန်း အလယ် မမျိုးဥကြွေတဲ့အချိန် နဲ့ ရာသီမလာခင် အချိန်မှာ ပုံမှန်ထက်အချွဲအမြေ့ ပိုအဆင်းများလို့ အဖြူဆင်း တယ်လို့ သိသာနိုင်တဲ့နေ့ရက်တွေဖြစ်ပါတယ်။
ဒါပေမယ့်ဒီလိုနေ့ရက်တွေမှာ အဖြူဆင်းတာဟာ အရည်ကျဲပြီး အနံ့နံတာမျိုးမရှိဘဲ ရက်ပိုင်းအတွင်း သက်သာသွားတတ်လို့ စိတ်ပူဖို့လည်းမလိုပါဘူး။
 
အဖြူဆင်းတယ်ဆိုတာ ကောင်းတာလား ? မကောင်းတာလား ? ဆိုတာ ဒီအချက်(၆) ချက်ပေါ်မူတည် ပြီး ကြည့်လို့ရပါတယ်။
 
၁) အဖြူဆင်းတာဟာ ရာသီစက်ဝန်းရဲ့ အလယ်( ရာသီလာပြီးရက်နဲ့ ရာသီလာမယ့်ရက် နှစ်ခုရဲ့ကြား) အချိန်မှာဆင်းတာလား?
မိန်းကလေးတွေရဲ့သဘာဝ ခန္ဓာကိုယ် ဟော်မုန်းပြောင်းလဲတာကြောင့်၊ မမျိုးဥကြွေတာတွေကြောင့်ဒီလိုအချိန်မှာ အဖြူဆင်းတတ်ပါတယ်နော်။ ဒီလိုအချိန်မှာဆင်းမယ်ဆိုရင်တော့ သိပ်ပြီးစိတ်ပူစိုးရိမ်ဖို့
မလိုပါဘူး။ ဆင်းတဲ့အဖြူဟာလည်း ခပ်ကြဲကြဲ နဲ့ ခပ်နည်းနည်းပဲ ဆင်းပါလိမ့်မယ်နော်။
 
၂) အဖြူဆင်းတာက ပမာဏများနေပါသလား?
ပုံမှန်အားဖြင့် အဖြူဆင်းခြင်းဟာ အတွင်းခံမှာစွန်းထင်းရလောက်အောင်မများဘူး။ အတုံးလေးတွေမပါဘူးဆိုရင် စိတ်ပူဖို့မလိုပါဘူး။အတွင်းခံပေရလောက်အောင်များမယ်။
အဖတ်အဖတ်လေးတွေ လိုပါဖြစ်နေမယ်ဆိုရင်တော့ မိန်းမကိုယ်မှာမှိုစွဲတာမျိုးဖြစ်နိုင်လို့ ဆရာဝန်နဲ့ဆွေးနွေးဖို့ လိုပါလိမ့်မယ်နော်။
 
၃) အဖြူဆင်းတာအပြင် မိန်းမကိုယ်ယားတာ ရှိပါသလား?
ပုံမှန်အဖြူဆင်းခြင်းမျိုးမှာ မိန်းမကိုယ်ယားလေ့မရှိတတ်ပါဘူးနော်။
တကယ်လို့ မိန်းမကိုယ်ယားလာပြီး ယားတာကလည်း ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မှိုဖြစ် နိုင်လို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။
 
၄) အဖြူဆင်းတဲ့အချိန်မှာ ဆီးပူတာ၊ ကျင်တာမျိုး ရော တွဲပြီးဖြစ်နေပါသေးလား? 
အဖြူလည်းဆင်းတယ်။ ဆီးပူတယ်။ ဆီးကျင်တယ်ဆိုရင်တော့ သတိသာထားပါ နော်။ ဒါဟာ မိန်းမကိုယ်ထဲကို ဘက်တီးရီးယား ပိုးမွှားလေးတွေ ကပ်ညှိနေပါတယ်ဆိုတဲ့
အချက်ပြ လက္ခဏာလေးပါနော်။ သေချာပေါက်ကို ဆရာဝန်နဲ့ပြ ပိုးသတ်ဆေးသေချာသောက်မှ ပျောက်နိုင်ပါလိမ့်မယ်နော်။
 
၅) အဖြူဆင်းတာ အနံ့ပါနံနေပါသလား?
အဖြူဆင်းတာဟာ ပုံမှန် ဆင်းတာဆိုရင် အနံ့မရှိတတ်ပါဘူး။
တကယ်လို့ သတိထားမိလောက်အောင် အနံ့နံလာမယ် ဆိုရင်တော့သတိထားကြပါစို့။ ဒါဟာလည်း မိန်းမကိုယ် ဘက်တီးရီးယား
( Bacteria) ပိုးဝင်တဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။
 
၆) အဖြူဆင်းတာ ဘယ်အသက်အရွယ် မှာလဲ?
အဖြူဆင်းတာဟာ သွေးဆုံးပြီးမှဆိုရင်တော့ အထူးသတိထားဖို့ကို
လိုလာပါပြီ။ သွေးဆုံးပြီးနောက်ပိုင်းမှာ ရာသီသွေးရော၊ အဖြူရော မဆင်းသင့်တော့ပါဘူး။ ဒီအချိန်မှာသဘာဝကို လွန်ဆန်ပြီး အဖြူဆင်းမယ်ဆိုရင်တော့
ပိုစိုးရိမ်စရာရောဂါတွေဖြစ်တဲ့သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာတွေရဲ့ လက္ခဏာတွေဖြစ်နိုင်လို့ပါနော်။ ဒီအရွယ်တွေမှာ အဖြူဆင်းမယ်ဆိုရင်တော့
သိသိခြင်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ဖို့ တိုက်တွန်းပါရစေနော်။
 
ဒါဆို အပေါ်က အချက်( ၆)ချက်ထဲက ကိုယ်နဲ့ တိုက်ဆိုင်တာ
ရှိမရှိကြည့်ပြီး ဆရာဝန်နဲ့ ဆက်ပြီးဆွေးနွေးဖို့လိုမလို သိနိုင်လောက်မယ်လို့ ယူဆပါတယ်နော်။
 အလှတွေတိုးပြီးကျန်းမာကြပါစေ။
 
(zawgyi)
မိန္းကေလး ႏွင့္ အျဖဴဆင္းျခင္း
 
 
မိန္းကေလးေတာ္ေတာ္မ်ားမ်ားမွာ အျဖဴဆင္းျခင္းေန႔ရက္ေတြအတြက္ စိတ္ပူပင္ဖူးၾကပါတယ္။ ပံုမွန္ သဘာဝအရကို မိန္းကေလးေတြမွာအျဖဴဆင္းတဲ့ ေန႔ရက္ေတြရွိပါတယ္။ 
 
ဥပမာ... ရာသီစက္ဝန္း အလယ္ မမ်ိဳးဥေႂကြတဲ့အခ်ိန္ နဲ႔ ရာသီမလာခင္ အခ်ိန္မွာ ပံုမွန္ထက္အခၽြဲအေျမ႕ ပိုအဆင္းမ်ားလို႔ အျဖဴဆင္း တယ္လို႔ သိသာႏိုင္တဲ့ေန႔ရက္ေတြျဖစ္ပါတယ္။
ဒါေပမယ့္ဒီလိုေန႔ရက္ေတြမွာ အျဖဴဆင္းတာဟာ အရည္က်ဲၿပီး အနံ႕နံတာမ်ိဳးမရွိဘဲ ရက္ပိုင္းအတြင္း သက္သာသြားတတ္လို႔ စိတ္ပူဖို႔လည္းမလိုပါဘူး။
 
အျဖဴဆင္းတယ္ဆိုတာ ေကာင္းတာလား ? မေကာင္းတာလား ? ဆိုတာ ဒီအခ်က္(၆) ခ်က္ေပၚမူတည္ ၿပီး ၾကည့္လို႔ရပါတယ္။
 
၁) အျဖဴဆင္းတာဟာ ရာသီစက္ဝန္းရဲ႕ အလယ္( ရာသီလာၿပီးရက္နဲ႔ ရာသီလာမယ့္ရက္ ႏွစ္ခုရဲ႕ၾကား) အခ်ိန္မွာဆင္းတာလား?
မိန္းကေလးေတြရဲ႕သဘာဝ ခႏၶာကိုယ္ ေဟာ္မုန္းေျပာင္းလဲတာေၾကာင့္၊ မမ်ိဳးဥေႂကြတာေတြေၾကာင့္ဒီလိုအခ်ိန္မွာ အျဖဴဆင္းတတ္ပါတယ္ေနာ္။ ဒီလိုအခ်ိန္မွာဆင္းမယ္ဆိုရင္ေတာ့ သိပ္ၿပီးစိတ္ပူစိုးရိမ္ဖို႔
မလိုပါဘူး။ ဆင္းတဲ့အျဖဴဟာလည္း ခပ္ၾကဲၾကဲ နဲ႔ ခပ္နည္းနညး္ပဲ ဆင္းပါလိမ့္မယ္ေနာ္။
 
၂) အျဖဴဆင္းတာက ပမာဏမ်ားေနပါသလား?
ပံုမွန္အားျဖင့္ အျဖဴဆင္းျခင္းဟာ အတြင္းခံမွာစြန္းထင္းရေလာက္ေအာင္မမ်ားဘူး။ အတံုးေလးေတြမပါဘူးဆိုရင္ စိတ္ပူဖို႔မလိုပါဘူး။အတြင္းခံေပရေလာက္ေအာင္မ်ားမယ္။
အဖတ္အဖတ္ေလးေတြ လိုပါျဖစ္ေနမယ္ဆိုရင္ေတာ့ မိန္းမကိုယ္မွာမႈိစြဲတာမ်ိဳးျဖစ္ႏိုင္လို႔ ဆရာဝန္နဲ႔ေဆြးေႏြးဖို႔ လိုပါလိမ့္မယ္ေနာ္။
 
၃) အျဖဴဆင္းတာအျပင္ မိန္းမကိုယ္ယားတာ ရွိပါသလား?
ပံုမွန္အျဖဴဆင္းျခင္းမ်ိဳးမွာ မိန္းမကိုယ္ယားေလ့မရွိတတ္ပါဘူးေနာ္။
တကယ္လို႔ မိန္းမကိုယ္ယားလာၿပီး ယားတာကလည္း ဆက္တိုက္ျဖစ္လာၿပီဆိုရင္ေတာ့ မႈိျဖစ္ ႏိုင္လို႔ ဆရာဝန္နဲ႔ ေဆြးေႏြးတိုင္ပင္ၾကည့္ပါ။
 
၄) အျဖဴဆင္းတဲ့အခ်ိန္မွာ ဆီးပူတာ၊ က်င္တာမ်ိဳး ေရာ တြဲၿပီးျဖစ္ေနပါေသးလား? 
အျဖဴလည္းဆင္းတယ္။ ဆီးပူတယ္။ ဆီးက်င္တယ္ဆိုရင္ေတာ့ သတိသာထားပါ ေနာ္။ ဒါဟာ မိန္းမကိုယ္ထဲကို ဘက္တီးရီးယား ပိုးမႊားေလးေတြ ကပ္ညႇိေနပါတယ္ဆိုတဲ့
အခ်က္ျပ လကၡဏာေလးပါေနာ္။ ေသခ်ာေပါက္ကို ဆရာဝန္နဲ႔ျပ ပိုးသတ္ေဆးေသခ်ာေသာက္မွ ေပ်ာက္ႏိုင္ပါလိမ့္မယ္ေနာ္။
 
၅) အျဖဴဆင္းတာ အနံ႔ပါနံေနပါသလား?
အျဖဴဆင္းတာဟာ ပံုမွန္ ဆင္းတာဆိုရင္ အနံ႔မရွိတတ္ပါဘူး။
တကယ္လို႔ သတိထားမိေလာက္ေအာင္ အနံ႔နံလာမယ္ ဆိုရင္ေတာ့သတိထားၾကပါစို႔။ ဒါဟာလည္း မိန္းမကိုယ္ ဘက္တီးရီးယား
( Bacteria) ပိုးဝင္တဲ့ လကၡဏာျဖစ္ေနႏိုင္ပါတယ္။
 
၆) အျဖဴဆင္းတာ ဘယ္အသက္အရြယ္ မွာလဲ?
အျဖဴဆင္းတာဟာ ေသြးဆံုးၿပီးမွဆိုရင္ေတာ့ အထူးသတိထားဖို႔ကို
လိုလာပါၿပီ။ ေသြးဆံုးၿပီးေနာက္ပိုင္းမွာ ရာသီေသြးေရာ၊ အျဖဴေရာ မဆင္းသင့္ေတာ့ပါဘူး။ ဒီအခ်ိန္မွာသဘာဝကို လြန္ဆန္ၿပီး အျဖဴဆင္းမယ္ဆိုရင္ေတာ့
ပိုစိုးရိမ္စရာေရာဂါေတြျဖစ္တဲ့သားအိမ္ေခါင္းကင္ဆာ၊ သားအိမ္ကင္ဆာေတြရဲ႕ လကၡဏာေတြျဖစ္ႏိုင္လို႔ပါေနာ္။ ဒီအရြယ္ေတြမွာ အျဖဴဆင္းမယ္ဆိုရင္ေတာ့ သိသိျခင္းမွာပဲ
ဆရာဝန္နဲ႔ တိုင္ပင္ဖို႔ တိုက္တြန္းပါရေစေနာ္။
 
ဒါဆို အေပၚက အခ်က္( ၆)ခ်က္ထဲက ကိုယ္နဲ႔ တိုက္ဆိုင္တာ
ရွိမရွိၾကည့္ၿပီး ဆရာဝန္နဲ႔ ဆက္ၿပီးေဆြးေႏြးဖို႔လိုမလို သိႏိုင္ေလာက္မယ္လို႔ ယူဆပါတယ္ေနာ္။
 အလွေတြတိုးၿပီးက်န္းမာၾကပါေစ။