မြန်မာ့သနပ်ခါး နှင့် အလှအပ

မြန်မာ့သနပ်ခါး နှင့် အလှအပ
 
သနပ်ခါးပင်က သဘာဝဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်သည်။ မြန်မာအမျိုးသမီးအများစုက သနပ်ခါးကို နှစ်ခြိုက်စွာလိမ်းကြသည်။
ကလေးငယ်များကိုလည်း သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် သနပ်ခါးလိမ်းပေးတတ်သည့် ရိုးရာရှိသည်။
 
သနပ်ခါး ရဲ့အံ့မခန်းဂုဏ်သတ္တိတွေကတော့ 
 (၁)အသားရေကိုအေးမြစေတဲ့ သနပ်ခါးရဲ့ဂုဏ်သတ္တိ (cooling effect)
သနပ်ခါးလေး ပါးပေါ်တင်လိုက်တာနဲ့ အေးကနဲ့ဖြစ်သွားတဲ့အရသာက နွေရာသီတဲ့အပူဒဏ်ကို ကျော် ဖြတ်ပြီး စိတ်ကြည်လင်သွားစေပါတယ်။ 
(၂)SPF ပါတာကြောင့်နေရောင်ဒဏ်ကိုအပြည့်အဝကာကွယ်ပေးခြင်း (Sun Protection Effect) 
် နေရောင်ခြည်နဲ့ အသားရေတိုက်ရိုက်ထိတွေ့မှု့ကို ကာကွယ်ပေးတော့ နေပူထဲထွက်ရင် နေလောင်တာကို ကာကွယ်ပြီးသားပေါ့။
(၃)အရွယ်မတိုင်ခင် အိုမင်းခြင်းကို ကာကွယ်တဲ့ အာနိသင်(Antiaging effect)
 အရေပြားကောင်းခြင်းအတွက် အထောက်ကူပြုတဲ့ ကော်လာဂျင်( collagen) နဲ့ elastin ဓါတ်တွေကိုတိုးပွားအောင်ကူညီပေးတယ်။
(၄)အရေပြားပေါ်ကရောဂါပိုးတွေကိုသေစေတဲ့ အာနိသင် ( antibiotic effect)
သနပ်ခါးမှာ coumarin နဲ့ marmesin ဆိုတဲ့ ဓါတ်နှစ်မျိုး အဓိကပါဝင်တယ်။
coumarin ဓါတ်က အရေပြားပေါ်ကရောဂါပိုးတွေကိုသေစေပါတယ်။
 
(၅)အသားအရေကိုပျက်စီးထိခိုက်စေတဲ့ free radicals တွေကို ဓါတ်တိုးဆန့်ကျင် တိုက်ခိုက်ပေးခြင်း(antioxidant effect )
 
(၆)အရေပြား ယောင်ယမ်းနီရဲခြင်းကိုသက်သာစေခြင်း(anti-inflammatory effect)
 
(၇)အရေပြားအတွင်းမှာရှိတဲ့ အမဲစက်တွေဖြစ်ပေါ်အောင်အားပေးတဲ tyrosinase ဆိုတဲ့ဓါတ်ကို တားပေးတဲ့ အာနိသင်အပျော့စား ရှိတဲ့အတွက် အမဲစက်နဲ့
နေလောင်ကွက်တွေကို မှိန်စေခြင်း( anti-thyrosinase effect)
 
သဘာဝသနပ်ခါးတုံးသန့်သန့်ကို ကျောက်ပြင်သန့်သန့်၊ ရေသန့်သန့်နှင့် သွေးလိမ်းပေးပါ။ စိုထိုင်းသော သနပ်ခါးတုံးတွင် မှိုစွဲတတ်၍ သနပ်ခါးတုံးနှင့် ကျောက်ပြင်ကို
ပုံမှန်ဆေးကြောပါ။ အဖုံးပါသော ရေပုလင်း/ဗူးကို သုံးပါ၊ မကြာခဏရေလဲပေးပါ။ 
 
ဒါ့ကြောင့် ယနေ့ခေတ်မှာ အဆင့်မြင့်နည်းပညာတွေနဲ့ သနပ်ခါးရဲ့ အာနိသင်တွေကို အသားရေထိန်းသိမ်းတဲ့ cosmetic တွေမှာ တွင်တွင်ကြယ်ကြယ်သုံးနေကြတာပေါ့။
အားလုံးလှပနိုင်ကြပါစေ။
 
(!!! မွေးကင်းစမှတစ်နှစ်ထိ ကလေးများ၏ အရေပြားက လူကြီးများထက် အဆများစွာပါးသည်။ ရှလွယ် ပြဲလွယ် လောင်လွယ်သည်။ 
၆ လအောက် ကလေး၏အရေပြားမှ သဘာဝအဆီဓာတ်က နည်းသေး၍ သနပ်ခါးက အရေပြားကို ပိုခြောက်သွေ့စေနိုင်သည်။

ကလေးအရေပြားခြောက်လျှင် ယားယံ၍ မအီမသာဖြစ်နိုင်သည်။ နို့ပွေးက ခြောက်သွေ့သော အရေပြားတွင် အဖြစ်များ၍ နို့ပွေးရှိလျှင် သနပ်ခါးမလိမ်းသင့်ပါ!!!)
ဇီဝက ဆေး(၁)

 (zawgyi)

 
 
 
 
 
 
 
 
 

ဇီဝက ဆေး(၁)