ရာသီတုပ်ကွေးနှင့်ဆောင်ရန်ရှောင်ရန်အကြောင်းတစေ့တစောင်း

ယခုအခါရာသီတုပ်ကွေးကြောင့်သေဆုံးမှုဦးရေမြင့်တက်လာပြီဖြစ်ရာ လူအများသတိထားကာကွယ်နိုင်ရန်
ယခုအပတ်တွင်ရာသီတုပ်ကွေးနှင့်ပတ်သက်၍ဆောင်ရန်ရှောင်ရန်များကိုတင်ပြလိုက်ရပါတယ်။
ရာသီတုပ်ကွေး (Seasonal Influenza) ရောဂါသည် ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှ တဆင့်
ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
 
ပထမဆုံးအနေနဲ့ရှောင်ရန်အချက်များကိုတင်ပြလိုက်ရပါတယ်။
၁)ရာသီတုပ်ကွေးဖြစ်ပွားနေသည့်ဒေသတွင် နေထိုင်သူများအနေနှင့် လူစုလူဝေးနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရပါမည်
(ဥပမာ- စတိတ်ရှိုးပွဲများ၊ ဇာတ်သဘင်ပွဲများ၊ရုပ်ရှင်ရုံများ)
၂)အပြင်မှပြန်လာပြီးချင်းလက်မဆေးဘဲ
 အင်္ကျီ မလဲဘဲအိမ်ရှိကလေးငယ်များအားကိုင်သွယ်ခြင်း၊နမ်းခြင်းမပြုရ။
၃)လူနာအနေနဲ့လက်ဝါးနဲ့အုပ်ပြီးချောင်းဆိုးနှာချေကြတော့ "လူနာ့လက်" မယ် ရောဂာပိုးအများကြီးတွေ့ရမယ်။ ဒီလက်နဲ့ ဟိုကိုင်သည်ကိုင်ပိုးက
သူ့လက်နဲ့ထိသမျှနေရာအနှံ့ရောက်တာပါပဲ။ အဲ့ဒီနေရာ ကိုင်မိတဲ့လူတိုင်း ရဲ့ လက်မှာ ပိုးက ပျံ့ပြီးပါလာမှာပါ။ 
 
ဆောင်ရန်အနေနဲ့ကတော့
၁)အများသုံးပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့လိုပါသည် (ဥပမာ-ဘတ်စ်ကားတံခါးလက်ကိုင်များ၊ ထိုင်ခုံများ၊
အများသုံးအိမ်သာမှပစ္စည်းများ)
၂)အပြင် မှအိမ်သို့ပြန်ရောက်တိုင်း ရေချိုးပြီး အဝတ်အစားလဲလှယ်ပေးသင့်ပါသည်။ ပြင်ပမှအဝတ်အစားများပေါ်တွင် ရောဂါပိုးများ
ကပ်ငြိပါလာနိုင်သဖြင့် အိမ်ရှိကလေးငယ်များကို မကူးစက်စေရန် လုပ်ဆောင်သင့်ပါသည်။
၃)ရောဂါရှိသူများအနေနဲ့နှာခေါင်းစည်း  (N95)တပ်ရပါမည်။
၄)ရောဂါရှိသူအနေနှင့် တခြားသူများသို့ မကူးစက်စေရန် နှာချေခြင်း၊ ချောင်းဆိုးခြင်းပြုလုပ်ပါက လက်ကိုင်ပဝါ (သို့မဟုတ်) တစ်ခါသုံးစက္ကူများကို
စနစ်တကျစွန့်ပစ်ခြင်း၊ လက်ကိုင်ပဝါများကို စနစ်တကျ လျှော်ဖွတ်ခြင်းတို့ ပြုလုပ်ရပါမည်။
၅)အကယ်၍ မိမိတွင် ရာသီတုပ်ကွေး၏လက္ခဏာများ(အပြင်းအထန်ကိုက်ခဲခြင်း၊နှာစေးချေင်းဆိုးခြင်း၊အဖျားကြီးခြင်း၊လည်ပင်းနာခြင်း၊
မလှုပ်ချင်မသယ်ချင်နှုံးနေခြင်း) စတင်ပေါ်ပေါက်လာပါက အချိန်မီ ဆရာဝန်နှင့်အမြန်ဆုံးပြသပြီး ကုသမှုခံယူရပါမယ်။
၆)အာဟာရရှိအောင်စားမယ်။(ဥပမာ-ဗီတာမင် စီ ကြွယ်ဝတဲ့ ချဉ်တဲ့အသီးတွေ၊ အရည်ရွှမ်းတဲ့အသီးတွေ)
၇)အိပ်ရေးဝအောင်အိပ်မယ်။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီ၀က ေဆး (၁)
ရာသီတုပ္ေကြးႏွင့္ေဆာင္ရန္ေ႐ွာင္ရန္အေၾကာင္းတေစ့တေစာင္း
 
ယခုအခါရာသီတုပ္ေကြးေၾကာင့္ေသဆံုးမႈဦးေရျမင့္တက္လာၿပီျဖစ္ရာ လူအမ်ားသတိထားကာကြယ္ႏိုင္ရန္ ယခုအပတ္တြင္ရာသီတုပ္ေကြးႏွင့္
ပတ္သက္၍ေဆာင္ရန္ေ႐ွာင္ရန္မ်ားကိုတင္ျပလိုက္ရပါတယ္။
ရာသီတုပ္ေကြး (Seasonal Influenza) ေရာဂါသည္ ဗိုင္းရပ္စ္ တစ္မ်ိဳးျဖစ္ျပီး အသက္ရွဴလမ္းေၾကာင္းမွ တဆင့္ ကူးစက္တတ္တဲ့
ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။
 
ပထမဆံုးအေနနဲ႔ေ႐ွာင္ရန္အခ်က္မ်ားကိုတင္ျပလိုက္ရပါတယ္။
၁)ရာသီတုပ္ေကြးျဖစ္ပြားေနသည့္ေဒသတြင္ ေနထုိင္သူမ်ားအေနႏွင့္ လူစုလူေ၀းေနရာမ်ားကို အတတ္ႏိုင္ဆံုး ေ႐ွာင္ၾကဥ္ရပါမည္
(ဥပမာ- စတိတ္႐ႈိးပြဲမ်ား၊ ဇာတ္သဘင္ပြဲမ်ား၊႐ုပ္႐ွင္႐ံုမ်ား)
၂)အျပင္မွျပန္လာၿပီးခ်င္းလက္မေဆးဘဲ
 အက်ႌ မလဲဘဲအိမ္ရွိကေလးငယ္မ်ားအားကိုင္သြယ္ျခင္း၊နမ္းျခင္းမျပဳရ။
၃)လူနာအေနနဲ႔လက္ဝါးနဲ႔အုပ္ၿပီးေခ်ာင္းဆိုးႏွာေခ်ၾကေတာ့ "လူနာ့လက္" မယ္ ေရာဂာပိုးအမ်ားႀကီးေတြ႕ရမယ္။ ဒီလက္နဲ႔ ဟိုကိုင္သည္ကိုင္ပိုးက
သူ႔လက္နဲ႔ထိသမွ်ေနရာအႏွံ႔ေရာက္တာပါပဲ။ အဲ့ဒီေနရာ ကိုင္မိတဲ့လူတိုင္း ရဲ႕ လက္မွာ ပိုးက ပ်ံ႕ၿပီးပါလာမွာပါ။ 
 
ေဆာင္္ရန္အေနနဲ႔ကေတာ့
၁)အမ်ားသံုးပစၥည္းမ်ားကို ကိုင္တြယ္ၿပီးတုိင္း လက္ေဆးဖို႔လိုပါသည္ (ဥပမာ-ဘတ္စ္ကားတံခါးလက္ကိုင္မ်ား၊ ထိုင္ခံုမ်ား၊ အမ်ားသံုးအိမ္သာမွပစၥည္းမ်ား)
၂)အျပင္ မွအိမ္သို႔ျပန္ေရာက္တိုင္း ေရခ်ဳိးၿပီး အ၀တ္အစားလဲလွယ္ေပးသင့္ပါသည္။ ျပင္ပမွအ၀တ္အစားမ်ားေပၚတြင္ ေရာဂါပိုးမ်ား ကပ္ၿငိပါလာႏိုင္သျဖင့္
အိမ္႐ွိကေလးငယ္မ်ားကို မကူးစက္ေစရန္ လုပ္ေဆာင္သင့္ပါသည္။
၃)ေရာဂါ႐ွိသူမ်ားအေနနဲ့ႏွာေခါင္းစည္း  (N95)တပ္ရပါမည္။
၄)ေရာဂါ႐ွိသူအေနႏွင့္ တျခားသူမ်ားသို႔ မကူးစက္ေစရန္ ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္းျပဳလုပ္ပါက လက္ကိုင္ပ၀ါ (သို႔မဟုတ္) တစ္ခါသံုးစကၠဴမ်ားကို
စနစ္တက်စြန္႔ပစ္ျခင္း၊ လက္ကိုင္ပ၀ါမ်ားကို စနစ္တက် ေလွ်ာ္ဖြတ္ျခင္းတို႔ ျပဳလုပ္ရပါမည္။
၅)အကယ္၍ မိမိတြင္ ရာသီတုပ္ေကြး၏လကၡဏာမ်ား(အျပင္းအထန္္ကိုက္ခဲျခင္း၊ႏွာေစးေခ်င္းဆိုးျခင္း၊အဖ်ားႀကီးျခင္း၊လည္ပင္းနာျခင္း၊
မလႈပ္ခ်င္မသယ္ခ်င္ႏႈံးေနျခင္း) စတင္ေပၚေပါက္လာပါက အခ်ိန္မီ ဆရာ၀န္ႏွင့္အျမန္ဆံုးျပသၿပီး ကုသမႈခံယူရပါမယ္။
၆)အာဟာရရွိေအာင္စားမယ္။(ဥပမာ-ဗီတာမင္ စီ ႂကြယ္ဝတဲ့ ခ်ဥ္တဲ့အသီးေတြ၊ အရည္ရႊမ္းတဲ့အသီးေတြ)
၇)အိပ္ေရးဝေအာင္အိပ္မယ္။
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။
 
ဇီ၀က ေဆး (၁)