လိင်ဆက်ဆံပြီးတဲ့အခါ မိန်းမကိုယ်မှ သွေးဆင်းခြင်း(Post Coital Bleeding)

လိင်ဆက်ဆံပြီးတဲ့အခါ မိန်းမကိုယ်မှ သွေးဆင်းခြင်း(Post Coital Bleeding)
  Post Coital Bleeding ဆိုတာ လိင်ဆက်ဆံပြီးတဲ့အခါမှာ မိန်းမကိုယ်ကနေ သွေးဆင်းခြင်းဖြစ်ပါတယ်။ ဒီလိုသွေးဆင်းတဲ့ အခါ နာကျင်မှုရှိကောင်းရှိနိုင်ပါတယ်။
သွေးဆင်းခြင်းဟာ သားအိမ်၊ သားအိမ်ခေါင်း၊ မိန်းမ ကိုယ်နဲ့ မိန်းမကိုယ်အနီးမှာရှိတဲ့ တစ်ရှူး (သို့မဟုတ်)အင်္ဂါတွေကဆင်းတာဖြစ်ပါတယ်။ 
လိင်ဆက်ဆံပြီး တာနဲ့သွေးဆင်းရင် သားအိမ်ခေါင်းကင်ဆာကို အရင်ဆုံးစဉ်းစားရပါတယ်။ ဒါပေမယ့် အခြားသွေးဆင်း ရတဲ့အကြောင်းတွေလည်းရှိနေပါသေးတယ်။
ပထမဆုံးလိင်ဆက်ဆံတဲ့အချိန်မှာ အချို့အမျိုး သမီးတွေ သွေးဆင်းပါတယ်။ အချို့ကလည်း မဆင်းကြပါဘူး။ ဒီလိုသွေးဆင်းတာဟာ သူ့အလိုလို ပျောက်သွားတာလည်းရှိပါတယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာလည်း ဖြစ်နိုင်ပါတယ်။
လိင်ဆက်ဆံပြီးချိန်မှာ သွေးဆင်းရတဲ့အကြောင်းတွေအများကြီးရှိပါတယ်။အဲဒါတွေကတော့ -
(၁)အမျိုးသမီးတို့ရဲ့မီးယပ်ရောဂါ (Pelvic Inflammatory Disease) (၂)သားအိမ်မှာရောဂါပြဿနာတစ်ခုခုရှိနေခြင်း။ 
(၃)Chlamydia ပိုးဝင်ခြင်း (သို့မဟုတ်) လိင်မှတစ်ဆင့်ကူးစက်သောရောဂါပိုးဝင်ခြင်း ။
(၄)မီးဖွားထားခြင်း။ 
(၅)လိင်ဆက်ဆံရာတွင် မိန်းမကိုယ်မှ လုံလောက်သောအရည်မထွက်သဖြင့် ချောမွေ့မှုမရှိခြင်း။ 
(၆)သားအိမ်တွင် ကင်ဆာမဟုတ်သော အလုံးအကျိတ်ရှိခြင်း ။
(၇)သားအိမ်ခေါင်းရောင်ရမ်းခြင်း ။
(၈) မိန်းမကိုယ်ကင်ဆာ သို့မဟုတ် သားအိမ်ခေါင်းကင်ဆာ ။
(၉) သားအိမ် သို့မဟုတ် သားအိမ်ခေါင်း၏ ဖွဲ့စည်းပုံမမှန်ခြင်း။ 
(၁၀)ကိုယ်ဝန်ရှိနေခြင်း။ 
(၁၁)သားအိမ်အတွင်း အလုံးရှိခြင်း ။
(၁၂)သားအိမ်တွင်း ဆဲလ်များပွားများလွန်းနေခြင်း ။
(၁၃) သားအိမ်ကင်ဆာ။ 
(၁၄)သွေးခဲမှုစနစ်တွင်ချို့ယွင်းနေခြင်း။ 
(၁၅)ထိခိုက်ဒဏ်ရာရမိခြင်း စတဲ့အချက်တွေပဲဖြစ်ပါတယ်။ 
လိပ်ခေါင်းကြောင့်သွေးထွက်တာနဲ့ မိန်းမကိုယ်လမ်းကြောင်းက ဒဏ်ရာရလို့သွေးထွက်တာဟာ post coital bleeding နဲ့မှားနိုင်ပါတယ်။ Post Coital Bleeding ဟာ
ယားယံခြင်း၊ နေရခက်ခြင်း၊ အဖြူဆင်းခြင်း စတာတွေနဲ့တွဲရင် Trichomonas (သို့မဟုတ်) Candida မှိုရောဂါဖြစ်နိုင်ပါတယ်။ 
ဘယ်လိုစစ်ဆေးကြမလဲ? 
Post Coital Bleeding ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးရောဂါကိုသေချာအောင်စစ်ဆေးရပါမယ်။ ၁.ကိုယ်ဝန်ရှိမရှိစစ်ဆေးခြင်း 
၂. Pelvic Examination ။
၃. တစ်ရှူးစနမူနာယူခြင်း။ 
၄. သားအိမ်မှ အချွဲမြေးယူခြင်း (Pap Smear) ။
၅.တီဗီဓာတ်မှန်(Ultrasound) ။
၆. သားအိမ်ခေါင်းနဲ့မိန်းမကိုယ်ကို Colposcopic Examination ဖြင့်စစ်ဆေးခြင်း ။
၇. ဘတ်တီးရီးယားပိုးအတွက်နမူနာယူပြီး ပိုးမွေးစစ်ဆေးခြင်း။ 
၈. တစ်ရှူးBiopsy လုပ်ခြင်း စတာတွေပဲဖြစ်ပါတယ်။ 
ဒီလိုလိင်ဆက်ဆံပြီးတာနဲ့သွေးဆင်းခြင်းဟာ ရောဂါကြီးတစ်ခုခုရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်လာရင် မပေါ့ဆပဲ သားဖွားမီးယပ်ဆရာဝန်များနဲ့ ပြသပြီး စစ်ဆေးကုသမှုကိုခံယူသင့်ပါတယ်။
 

 

(zawgyi)
 

လိင္ဆက္ဆံၿပီးတဲ့အခါ မိန္းမကိုယ္မွ ေသြးဆင္းျခင္း(Post Coital Bleeding)
  Post Coital Bleeding ဆိုတာ လိင္ဆက္ဆံၿပီးတဲ့အခါမွာ မိန္းမကိုယ္ကေန ေသြးဆင္းျခင္းျဖစ္ပါတယ္။ ဒီလုိေသြးဆင္းတဲ့ အခါ နာက်င္မႈရွိေကာင္းရွိႏိုင္ပါတယ္။
ေသြးဆင္းျခင္းဟာ သားအိမ္၊ သားအိမ္ေခါင္း၊ မိန္းမ ကိုယ္နဲ႔ မိန္းမကိုယ္အနီးမွာရွိတဲ့ တစ္ရႉး (သို႔မဟုတ္)အဂၤါေတြကဆင္းတာျဖစ္ပါတယ္။ 
လိင္ဆက္ဆံၿပီး တာနဲ႔ေသြးဆင္းရင္ သားအိမ္ေခါင္းကင္ဆာကို အရင္ဆံုးစဥ္းစားရပါတယ္။ ဒါေပမယ့္ အျခားေသြးဆင္း ရတဲ့အေၾကာင္းေတြလည္းရွိေနပါေသးတယ္။
ပထမဆံုးလိင္ဆက္ဆံတဲ့အခ်ိန္မွာ အခ်ိဳ႕အမ်ိဳး သမီးေတြ ေသြးဆင္းပါတယ္။ အခ်ိဳ႕ကလည္း မဆင္းၾကပါဘူး။ ဒီလိုေသြးဆင္းတာဟာ သူ႔အလိုလို ေပ်ာက္သြားတာလည္းရွိပါတယ္။ ကိုယ္ဝန္ရွိတဲ့အခ်ိန္မွာလည္း ျဖစ္ႏိုင္ပါတယ္။
လိင္ဆက္ဆံၿပီးခ်ိန္မွာ ေသြးဆင္းရတဲ့အေၾကာင္းေတြအမ်ားႀကီးရွိပါတယ္။အဲဒါေတြကေတာ့ -
(၁)အမ်ိဳးသမီးတို႔ရဲ႕မီးယပ္ေရာဂါ (Pelvic Inflammatory Disease) (၂)သားအိမ္မွာေရာဂါျပႆနာတစ္ခုခုရွိေနျခင္း။ 
(၃)Chlamydia ပိုးဝင္ျခင္း (သို႔မဟုတ္) လိင္မွတစ္ဆင့္ကူးစက္ေသာေရာဂါပိုးဝင္ျခင္း ။
(၄)မီးဖြားထားျခင္း။ 
(၅)လိင္ဆက္ဆံရာတြင္ မိန္းမကိုယ္မွ လံုေလာက္ေသာအရည္မထြက္သျဖင့္ ေခ်ာေမြ႕မႈမရွိျခင္း။ 
(၆)သားအိမ္တြင္ ကင္ဆာမဟုတ္ေသာ အလံုးအက်ိတ္ရွိျခင္း ။
(၇)သားအိမ္ေခါင္းေရာင္ရမ္းျခင္း ။
(၈) မိန္းမကိုယ္ကင္ဆာ သို႔မဟုတ္ သားအိမ္ေခါင္းကင္ဆာ ။
(၉) သားအိမ္ သို႔မဟုတ္ သားအိမ္ေခါင္း၏ ဖြဲ႕စည္းပံုမမွန္ျခင္း။ 
(၁၀)ကိုယ္ဝန္ရွိေနျခင္း။ 
(၁၁)သားအိမ္အတြင္း အလံုးရွိျခင္း ။
(၁၂)သားအိမ္တြင္း ဆဲလ္မ်ားပြားမ်ားလြန္းေနျခင္း ။
(၁၃) သားအိမ္ကင္ဆာ။ 
(၁၄)ေသြးခဲမႈစနစ္တြင္ခ်ိဳ႕ယြင္းေနျခင္း။ 
(၁၅)ထိခိုက္ဒဏ္ရာရမိျခင္း စတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။ 
လိပ္ေခါင္းေၾကာင့္ေသြးထြက္တာနဲ႔ မိန္းမကိုယ္လမ္းေၾကာင္းက ဒဏ္ရာရလို႔ေသြးထြက္တာဟာ post coital bleeding နဲ႔မွားႏိုင္ပါတယ္။ Post Coital Bleeding ဟာ
ယားယံျခင္း၊ ေနရခက္ျခင္း၊ အျဖဴဆင္းျခင္း စတာေတြနဲ႔တြဲရင္ Trichomonas (သို႔မဟုတ္) Candida မႈိေရာဂါျဖစ္ႏိုင္ပါတယ္။ 
ဘယ္လိုစစ္ေဆးၾကမလဲ? 
Post Coital Bleeding ျဖစ္ေနၿပီဆိုရင္ ဆရာဝန္နဲ႔တိုင္ပင္ၿပီးေရာဂါကိုေသခ်ာေအာင္စစ္ေဆးရပါမယ္။ ၁.ကိုယ္ဝန္ရွိမရွိစစ္ေဆးျခင္း 
၂. Pelvic Examination ။
၃. တစ္ရႉးစနမူနာယူျခင္း။ 
၄. သားအိမ္မွ အခြ်ဲေျမးယူျခင္း (Pap Smear) ။
၅.တီဗီဓာတ္မွန္(Ultrasound) ။
၆. သားအိမ္ေခါင္းနဲ႔မိန္းမကိုယ္ကို Colposcopic Examination ျဖင့္စစ္ေဆးျခင္း ။
၇. ဘတ္တီးရီးယားပိုးအတြက္နမူနာယူၿပီး ပိုးေမြးစစ္ေဆးျခင္း။ 
၈. တစ္ရႉးBiopsy လုပ္ျခင္း စတာေတြပဲျဖစ္ပါတယ္။ 
ဒီလိုလိင္ဆက္ဆံၿပီးတာနဲ႔ေသြးဆင္းျခင္းဟာ ေရာဂါႀကီးတစ္ခုခုရဲ႕ လကၡဏာျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ျဖစ္လာရင္ မေပါ့ဆပဲ သားဖြားမီးယပ္ဆရာဝန္မ်ားနဲ႔ ျပသၿပီး စစ္ေဆးကုသမႈကိုခံယူသင့္ပါတယ္။
 
 
 
ဇီ၀က ေဆး - (၁)

 

ဇီ၀က ေဆး - (၁)