သရက်ရွက်ကင်ဆာ

သရက်ရွက်ကင်ဆာ

Pancreatic cancer သရက်ရွက်ကင်ဆာ 
ပန်ကရိယ သို့မဟုတ် မုန့်ချိုအိတ် ဆိုတာ ခန္ဓာကိုယ်ရဲ့ အစာခြေအဖွဲ့အစည်းမှာ အရေးပါတဲ့ ဂလင်းတစ်ခု ဖြစ်ပါတယ်။ အစာအိမ်နဲ့ အသည်းကြားထဲမှာ ကပ်နေပြီး ရင်ညွန့်အောက်နားမှာ ရှိနေတာပါ။ 
အစာခြေပြီး စွမ်းအင်ထုတ်တဲ့ ဖြစ်စဉ်မှာ ပါဝင်ပါတယ်။ သူ့ရဲ့ နာမည်အကြီးဆုံးနဲ့ လူသိအများဆုံးအလုပ်ကတော့ အင်ဆူလင်ဟော်မုန်းကို ထုတ်ပေးပြီးတော့ သွေးထဲက သကြားဓာတ်ကို မျှတအောင် ဖန်တီးပေးတာပါ။အစာချေဖျက်ပေးတဲ့ Enzymesတွေလဲထုတ်ပေးပါသေးတယ်။
သရက်ရွက်ကင်ဆာထဲမှာ ၉၅% က Adenocarcinoma အမျိုးအစားဖြစ်တယ်။ ကျန်တာက Neuroendocrine tumors ဖြစ်တယ်။ ယောက်ျားတွေက မိန်းမတွေထက် ၃ဝ% ပိုအဖြစ်များတယ်။ မျိုးရိုးလိုက်တာ ၅-၁ဝ% ရှိတယ်။
အသက်ကြီးမှဖြစ်တတ်တယ်။အသက် ၆ဝ ကျော်မှာအဖြစ်များပြီး ၄ဝအောကအဖြစ်နည်းတယ်။ ဆေးလိပ် သောက်သူတွေ၊ အစားအသောက်မှာ အသီးအရွက်နဲ့ နည်းသူတွေ၊
အသားစားများသူတွေ၊ အချိုစားများသူတွေ၊ အဝလွန်သူတွေ၊ Helicobacter pylori infectionပိုးဝင်ခံရသူတွေ၊သွားဖုံးရောဂါရှိသူတွေ (Gingivitis or periodontal disease)နှင့်
အစာအိမ်ခွဲထားသူတွေ(Partial gastrectomy) ွမှာ အဖြစ်များတာ တွေ့ရတယ်။     ကင်ဆာကြောင့် သေဆုံးရသူများစာရင်းထဲမှာ အမေရိကန်မှာဆိုရင်အဆင့် ၄ နေရာရှိပြီး တကမ္ဘာလုံးဆိုရင်တော့အဆင့်၈နေရာမှာ ရှိနေပါတယ်။
ရောဂါဖြစ်ကာစ ဘာမှမခံစားရသေးဘူး။ ဒါကြောင့် နောက်ကျမှသာ ရောဂါရှိနေတာကို သိရတာများတယ်။ ဗိုက်အပေါ်ပိုင်း နာမယ်။ နာရင် နောက်ကျောအထိနာမယ်။ ရင်ခေါင်းပူးမယ်။ လေအောင့်သလိုဖြစ်နေမယ်။
အစာစားချင်စိတ်ပျက်မယ်။ ပျို့ချင်အန်ချင်မယ်။ ဝမ်းပျက်မယ်။ လူက ပိန်လာမယ်။ ဆီး နဲ့ အသားဝါမယ်။ ရောဂါဖြစ်ပွားမှုရဲ့၇၅% မှာ သရက်ရွက်ရဲ့ ခေါင်းပိုင်းမှာဖြစ်ပြီး သည်းခြေလမ်းကိုပိတ်နေရင် ဝမ်းအရောင် ပျော့နေမယ်။
အသားဝါနဲ့အတူ ယားယံမယ်။  အဆုတ်သွေးကြော ပိတ်နိုင်တယ်။ ဆီးချိုပါဖြစ်လာမယ်။ ကင်ဆာက တခြားနေရာပြန့်လာရင် ပြန်တဲ့နေရာပေါ်မူတည်ပြီး ခံစားလာရမှာတွေပါ တွဲရှိနေမယ်။ 
CT scan ကို ဆေးထိုးပြီးရိုက်ရင် သိနိုင်တယ်။
 
 
Exocrine pancreas cancer အမျိုးအစားကို ခွဲစိတ်ကုသလို့ရတယ်။Exocrine pancreatic cancer အမျိုးအစားက ဆိုးတယ်။ ၅ နှစ် နေနိုင်တဲ့ရာခိုင်နှုန်းက ၆% နဲ့ ၁ နှစ်နေနိုင်သူက ၂၅% အသီးသီးရှိတယ်။ 
အဆင့်အပေါ်မှာမူတည်တယ်။ သရက်ရွက်ခေါင်းပိုင်းမှာဖြစ်ရင် ဆိုတမျိုး၊ အမြီးပိုင်းဆိုတမျိုးခွဲတယ်။ ခွဲပြီးရင် Chemotherapy ကင်ဆာဆေး (Gemcitabine) သုံးတာများတယ်။ ဓါတ်ကင်ခြင်း (Radiation)လဲလုပ်နိုင်တယ်။ 
Pancreatic neuroendocrine tumors အမျိုးအစားဆိုရင် ကင်ဆာဆဲလ်မဟုတ်လို့ စောင့်ကြည့်ရသေးတယ်။ လိုအပ်လာရင်ခွဲစိတ်မယ်။ တချို့ကို ဟော်မုန်းဆေး(Octreotide)ပေးတတ်တယ်။
  ဓါတ်ကင်ခြင်းနဲ့ဆေးသွင်းကုသခြင်းများလဲလုပ်နိုင်တယ်။
ဇီဝက ဆေး (၁)

(zawigyi)

Pancreatic cancer သရက္ရြက္ကင္ဆာ 
ပန္ကရိယ သို႔မဟုတ္ မုန္႔ခ်ဳိအိတ္ ဆိုတာ ခႏၶာကိုယ္ရဲ႕ အစာေျခအဖြဲ႔အစည္းမွာ အေရးပါတဲ့ ဂလင္းတစ္ခု ျဖစ္ပါတယ္။ အစာအိမ္နဲ႔ အသည္းၾကားထဲမွာ ကပ္ေနၿပီး ရင္ညြန္႔ေအာက္နားမွာ ရွိေနတာပါ။
  အစာေျခၿပီး စြမ္းအင္ထုတ္တဲ့ ျဖစ္စဥ္မွာ ပါ၀င္ပါတယ္။ သူ႔ရဲ႕ နာမည္အႀကီးဆံုးနဲ႔ လူသိအမ်ားဆံုးအလုပ္ကေတာ့ အင္ဆူလင္ေဟာ္မုန္းကို ထုတ္ေပးၿပီးေတာ့ ေသြးထဲက သၾကားဓာတ္ကို မွ်တေအာင္ ဖန္တီးေပးတာပါ။
အစာေခ်ဖ်က္ေပးတဲ႔ Enzymesေတြလဲထုတ္ေပးပါေသးတယ္။
သရက္ရြက္ကင္ဆာထဲမွာ ၉၅% က Adenocarcinoma အမ်ိဳးအစားျဖစ္တယ္။ က်န္တာက Neuroendocrine tumors ျဖစ္တယ္။ ေယာက္်ားေတြက မိန္းမေတြထက္ ၃ဝ% ပိုအျဖစ္မ်ားတယ္။ မ်ိဳးရိုးလိုက္တာ ၅-၁ဝ% ရွိတယ္။
အသက္ၾကီးမွျဖစ္တတ္တယ္။အသက္ ၆ဝ ေက်ာ္မွာအျဖစ္မ်ားျပီး ၄ဝေအာကအျဖစ္္နည္းတယ္။ ေဆးလိပ္ ေသာက္သူေတြ၊ အစားအေသာက္မွာ အသီးအရြက္နဲ႔ နည္းသူေတြ၊ အသားစားမ်ားသူေတြ၊
အခ်ိဳစားမ်ားသူေတြ၊ အဝလြန္သူေတြ၊ Helicobacter pylori infectionပိုးဝင္ခံရသူေတြ၊သြားဖံုးေရာဂါရွိသူေတြ (Gingivitis or periodontal disease)ႏွင့္
အစာအိမ္ခြဲထားသူေတြ(Partial gastrectomy) ြမွာ အျဖစ္မ်ားတာ ေတြ႔ရတယ္။     ကင္ဆာေၾကာင့္ ေသဆံုးရသူမ်ားစာရင္းထဲမွာ အေမရိကန္မွာဆိုရင္အဆင္႔္ ၄ ေနရာရွိၿပီး တကမာၻလံုးဆိုရင္ေတာ႔အဆင္႔၈ေနရာမွာ ရွိေနပါတယ္။
ေရာဂါျဖစ္ကာစ ဘာမွမခံစားရေသးဘူး။ ဒါေၾကာင့္ ေနာက္က်မွသာ ေရာဂါရွိေနတာကို သိရတာမ်ားတယ္။ ဗိုက္အေပၚပိုင္း နာမယ္။ နာရင္ ေနာက္ေက်ာအထိနာမယ္။ ရင္ေခါင္းပူးမယ္။ ေလေအာင့္သလိုျဖစ္ေနမယ္။
အစာစားခ်င္စိတ္ပ်က္မယ္။ ပ်ိဳ႕ခ်င္အန္ခ်င္မယ္။ ဝမ္းပ်က္မယ္။ လူက ပိန္လာမယ္။ ဆီး နဲ႔ အသားဝါမယ္။ ေရာဂါျဖစ္ပြားမွဳရဲ႕၇၅% မွာ သရက္ရြက္ရဲ႕ ေခါင္းပိုင္းမွာျဖစ္ျပီး သည္းေျခလမ္းကိုပိတ္ေနရင္ ဝမ္းအေရာင္ ေပ်ာ့ေနမယ္။
အသားဝါနဲ႔အတူ ယားယံမယ္။  အဆုတ္ေသြးေၾကာ ပိတ္ႏိုင္တယ္။ ဆီးခ်ိဳပါျဖစ္လာမယ္။ ကင္ဆာက တျခားေနရာျပန္႔လာရင္ ျပန္တဲ့ေနရာေပၚမူတည္ၿပီး ခံစားလာရမွာေတြပါ တြဲရွိေနမယ္။ 
CT scan ကို ေဆးထိုးျပီးရိုက္ရင္ သိႏိုင္တယ္။
 
 Exocrine pancreas cancer အမ်ိဳးအစားကို ခြဲစိတ္ကုသလို႔ရတယ္။Exocrine pancreatic cancer အမ်ိဳးအစားက ဆိုးတယ္။ ၅ ႏွစ္ ေနႏိုင္တဲ့ရာခိုင္ႏွဳန္းက ၆% နဲ႔ ၁ ႏွစ္ေနႏိုင္သူက ၂၅% အသီးသီးရွိတယ္။ 
အဆင့္အေပၚမွာမူတည္တယ္။ သရက္ရြက္ေခါင္းပိုင္းမွာျဖစ္ရင္ ဆိုတမ်ိဳး၊ အျမီးပိုင္းဆိုတမ်ိဳးခြဲတယ္။ ခြဲျပီးရင္ Chemotherapy ကင္ဆာေဆး (Gemcitabine) သံုးတာမ်ားတယ္။ ဓါတ္ကင္ျခင္း (Radiation)လဲလုပ္ႏိုင္တယ္။
Pancreatic neuroendocrine tumors အမ်ိဳးအစားဆိုရင္ ကင္ဆာဆဲလ္မဟုတ္လို႔ ေစာင့္ၾကည့္ရေသးတယ္။ လိုအပ္လာရင္ခြဲစိတ္မယ္။ တခ်ိဳ႕ကို ေဟာ္မုန္းေဆး(Octreotide)ေပးတတ္တယ္။ 
ဓါတ္ကင္ျခင္းနဲ႔ေဆးသြင္းကုသျခင္းမ်ားလဲလုပ္ႏိုင္တယ္။
ဇီ၀က ေဆး (၁)