အမျိုးသမီးတွေကြားခေတ်စားနေတဲ့ Collagen အကြောင်းတစေ့တစောင်း

အမျိုးသမီးတွေကြားခေတ်စားနေတဲ့ Collagen အကြောင်းတစေ့တစောင်း
 
Collagen ဆိုတာ ဘာလဲ? 
 
Collagen ဆိုတာ ခန္ဓာကိုယ်ရဲ့ ဆံပင်၊ခြေသည်းလက်သည်း၊ အရေပြား၊ သွေးကြော နံရံ၊ အရိုး၊ အရိုးနု နဲ့ အရွတ် စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အများဆုံး တွေ့ရပြီး
ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မရှိမဖြစ် အသားဓာတ်တစ်မျိုးပါပဲ။ Collagen တွေကို ခန္ဓာကိုယ်အတွင်းက သဘာဝအတိုင်း ထုတ်လုပ်ပေးပါတယ်။အဲ့ဒီ
Collagen တွေက အသက်အရွယ်  ရလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်း လျော့နည်းလာပါတယ်။ဒါကြောင့် အသက်အရွယ်အိုမင်းလာတဲ့အခါ သဘာဝအတိုင်းလျော့နည်းလာတဲ့
collagen တွေကြောင့် အသားအရည်က တောင့်တင်းမှုမရှိတော့ဘဲ အရေးအကြောင်းဖြစ်ခြင်း၊ လျော့ရဲလာခြင်းတွေ ဖြစ်ရပါတယ်။
 
Collagen ဘယ်နှမျိုးရှိလဲ? 
 
Collagen ဆိုတာ Amino acid တွေပေါင်းစည်းရာမှ ဖြစ်ပေါ်လာတာမို့ ပါဝင်တဲ့ Amino acid အမျိုးအစား နဲ့ အချိုးအစား ကို လိုက်ပြီး ၅ မျိုးခွဲထားပါတယ်။
Type I:  အရေပြား၊ အရွတ်၊ သွေးကြော၊ ကလီစာ နဲ့ အရိုးတွေမှာ တွေ့ရတဲ့ collagen
Type II: အရိုးနု မှာတွေ့ရတဲ့ collagen
Type III: type 1 နဲ့တူတူ တွဲတွေ့ရတတ်ပြီး တွယ်ဆက်ကြွက်သားတွေမှာ တွေ့ရတတ်တဲ့ collagen
Type IV: ကိုယ်တွင်း ကလီစာတွေရဲ့ အတွင်းလွှာမှာရှိတဲ့ collagen
Type V: cell အပေါ်ယံလွှာ၊ ဆံပင်နဲ့ အချင်း မှာရှိတဲ့ collagen
 
Collagen ကဘာလုပ်ပေးလဲ?
 
အဓိက  လုပ်ဆောင်ချက်တွေကတော့ 
၁) အသားအရည်ကို တင်းရင်းစေတဲ့အတွက် အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း
၂) ကြွက်သားဖွံ့ဖြိုးမှုကို အားပေးခြင်း
၃) အရွတ်နဲ့ အရိုးတွေကို သန်မာစေခြင်း
၄) အစာချေဖျက်စုပ်ယူမှုအားကောင်းစေကာ အူလမ်းကြောင်းကျန်းမာစေခြင်း
၅) ခြေသည်းလက်သည်းနဲ့ ဆံပင် သန်စွမ်းစေခြင်း
၆) နှလုံးကျန်းမာရေး အတွက် အထောက်အကူပေးခြင်း 
၇)မီးလောင်နာ ကဲ့သို့ ဒဏ်ရာတွေ အနာကျက်မြန်အောင်ကုသခြင်း
၈)အရိုးအကြောနှင့် အခြားအလှအပဆိုင်ရာ ခွဲစိတ်မှုများ တွင် အစားထိုးပစ္စည်း အဖြစ်  အသုံးပြု ခြင်း တို့ဖြစ်ပါတယ်။
 
Collagen ကြွယ်ဝ တဲ့ အစားအစာ များ
 
၁) ငါးအမျိုးမျိုး
၂) ဗီတာမင် စီ ကြွယ်ဝတဲ့အသီးအနှံ များ
၃) စားတော်ပဲ
၄) အစေ့အဆန် များ
၅) ကြက်ဥ အကာ
၆) အသား အမျိုးမျိုး (readymade မပါ)
 
Collagen တည်ဆောက်ရေး အတွက်ဆိုရင် အသားဓာတ် နဲ့ vitamin C ကိုပါ လုံလောက်အောင် စားသုံးပေးဖို့ လိုပါတယ်။ အစားအသောက်တွေထဲမှာပါတယ်ဆိုပေမယ့်
အသက်အရွယ်ရလာတာနဲ့အမျှ  Collagen ခမ်းခြောက်သွားတဲ့အတွက် collagen အားဖြည့်ဆေးတွေသောက်သုံးသင့်ပါတယ်။ သတိထားရမှာက collagen သောက်တဲ့ အခါ
အစာအိမ်နဲ့ အူလမ်းကြောင်း မှ စုပ်ယူရလွယ်ကူအောင် အစာစားချိန်နဲ့ အနည်းဆုံး  ၂ နာရီခန့်ခွာရပါမယ်။Collagen အများစုဟာ သောက်သုံးချိန်မှာ ဗိုက်ပြည့်သလို ခံစားရတတ်ပါတယ်။
 
Collagen သောက်ဆေးရည်၊ အမှုန့်၊ ဆေးလုံး၊ လိမ်းဆေးတွေအခုနောက်ပိုင်းမှာ ပိုခေတ်စားလာပါတယ်။အလှကုန်တွေကတော့ အမြဲလှချင်၊ အရွယ်တင်ချင်တဲ့
မိန်းမသားတွေအတွက် အမျိုးမျိုးအာမခံပြီး ရောင်းနေကြမှာပါဘဲ။အသားအရေကို အမှန်တကယ် အကျိုးသက်ရောက်မှုရှိစေတဲ့ အချက်တွေကတော့ ကျန်းမာရေးနဲ့သင့်တော်တဲ့
နေထိုင်စားသောက်မှုပုံစံ၊ ဟော်မုန်းနဲ့ မျိးရိုးဗီဇပါဘဲ။ဒီတော့ရှိပြီးသား collagen ထုတ်လုပ်မှုကို အားပေးဖို့နဲ့ ရှိပြီးသား collagen တွေကိုမပျက်စီးအောင် ထိန်းသိမ်းဖို့က အရေးကြီးပါတယ်။
 
 *နေရောင်နဲ့ တိုက်ရိုက်မထိမိအောင်၊ နေရောင်ထဲကို sunscreen မလိမ်းဘဲမထွက်မိအောင် သတိထားရပါမယ်။နေရောင်ထဲက UVA နဲ့ UVB ရောင်ခြည်တွေက
collagen ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။*
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီဝက ဆေး (၁)
 
 
 
အမ်ိဳးသမီးေတြၾကားေခတ္စားေနတဲ့ Collagen အေၾကာင္းတေစ့တေစာင္း
 
Collagen ဆိုတာ ဘာလဲ? 
 
Collagen ဆိုတာ ခႏၶာကိုယ္ရဲ႕ ဆံပင္၊ေျခသည္းလက္သည္း၊ အေရျပား၊ ေသြးေၾကာ နံရံ၊ အ႐ိုး၊ အ႐ိုးႏု နဲ႔ အရြတ္ စတဲ့ တြယ္ဆက္တစ္ရႉးေတြမွာ အမ်ားဆံုး ေတြ႕ရျပီး ခႏၶာကိုယ္တည္ေဆာက္ေရးအတြက္ မရွိမျဖစ္ အသားဓာတ္တစ္မ်ိဳးပါပဲ။ Collagen ေတြကို ခႏၶာကိုယ္အတြင္းက သဘာ၀အတိုင္း ထုတ္လုပ္ေပးပါတယ္။အဲ့ဒီ Collagen ေတြက အသက္အရြယ္  ရလာတာနဲ႔အမွ် ခႏၶာကိုယ္တြင္း ေလ်ာ့နည္းလာပါတယ္။ဒါေၾကာင့္ အသက္အရြယ္အိုမင္းလာတဲ့အခါ သဘာ၀အတိုင္းေလ်ာ့နည္းလာတဲ့ collagen ေတြေၾကာင့္ အသားအရည္က ေတာင့္တင္းမႈမရွိေတာ့ဘဲ အေရးအေၾကာင္းျဖစ္ျခင္း၊ ေလ်ာ့ရဲလာျခင္းေတြ ျဖစ္ရပါတယ္။
 
Collagen ဘယ္ႏွမ်ိဳးရွိလဲ? 
 
Collagen ဆိုတာ Amino acid ေတြေပါင္းစည္းရာမွ ျဖစ္ေပၚလာတာမို႔ ပါဝင္တဲ့ Amino acid အမ်ိဳးအစား နဲ႔ အခ်ိဳးအစား ကို လိုက္ၿပီး ၅ မ်ိဳးခဲြထားပါတယ္။
Type I:  အေရျပား၊ အရြတ္၊ ေသြးေၾကာ၊ ကလီစာ နဲ႔ အ႐ိုးေတြမွာ ေတြ႕ရတဲ့ collagen
Type II: အ႐ိုးႏု မွာေတြ႕ရတဲ့ collagen
Type III: type 1 နဲ႔တူတူ တဲြေတြ႕ရတတ္ၿပီး တြယ္ဆက္ႂကြက္သားေတြမွာ ေတြ႕ရတတ္တဲ့ collagen
Type IV: ကိုယ္တြင္း ကလီစာေတြရဲ႕ အတြင္းလႊာမွာရွိတဲ့ collagen
Type V: cell အေပၚယံလႊာ၊ ဆံပင္နဲ႔ အခ်င္း မွာရွိတဲ့ collagen
 
Collagen ကဘာလုပ္ေပးလဲ?
 
အဓိက  လုပ္ေဆာင္ခ်က္ေတြကေတာ့ 
၁) အသားအရည္ကို တင္းရင္းေစတဲ့အတြက္ အိုမင္းရင့္ေရာ္မႈကို တားဆီးေပးျခင္း
၂) ႂကြက္သားဖံြ႕ၿဖိဳးမႈကို အားေပးျခင္း
၃) အရြတ္နဲ႔ အ႐ိုးေတြကို သန္မာေစျခင္း
၄) အစာေခ်ဖ်က္စုပ္ယူမႈအားေကာင္းေစကာ အူလမ္းေၾကာင္းက်န္းမာေစျခင္း
၅) ေျခသည္းလက္သည္းနဲ႔ ဆံပင္ သန္စြမ္းေစျခင္း
၆) ႏွလံုးက်န္းမာေရး အတြက္ အေထာက္အကူေပးျခင္း 
၇)မီးေလာင္နာ ကဲ့သို႔ ဒဏ္ရာေတြ အနာက်က္ျမန္ေအာင္ကုသျခင္း
၈)အ႐ိုးအေၾကာႏွင့္ အျခားအလွအပဆိုင္ရာ ခဲြစိတ္မႈမ်ား တြင္ အစားထိုးပစၥည္း အျဖစ္  အသံုးျပဳ ျခင္း တို႔ျဖစ္ပါတယ္။
 
Collagen ႂကြယ္ဝ တဲ့ အစားအစာ မ်ား
 
၁) ငါးအမ်ိဳးမ်ိဳး
၂) ဗီတာမင္ စီ ႂကြယ္ဝတဲ့အသီးအႏွံ မ်ား
၃) စားေတာ္ပဲ
၄) အေစ့အဆန္ မ်ား
၅) ၾကက္ဥ အကာ
၆) အသား အမ်ိဳးမ်ိဳး (readymade မပါ)
 
Collagen တည္ေဆာက္ေရး အတြက္ဆိုရင္ အသားဓာတ္ နဲ႔ vitamin C ကိုပါ လံုေလာက္ေအာင္ စားသံုးေပးဖို႔ လိုပါတယ္။ အစားအေသာက္ေတြထဲမွာပါတယ္ဆိုေပမယ့္
အသက္အရြယ္ရလာတာနဲ႔အမ်ွ  Collagen ခမ္းေျခာက္သြားတဲ့အတြက္ collagen အားျဖည့္ေဆးေတြေသာက္သံုးသင့္ပါတယ္။ သတိထားရမွာက collagen ေသာက္တဲ့ အခါ
အစာအိမ္နဲ႔ အူလမ္းေၾကာင္း မွ စုပ္ယူရလြယ္ကူေအာင္ အစာစားခ်ိန္နဲ႔ အနည္းဆံုး  ၂ နာရီခန္႔ခြာရပါမယ္။Collagen အမ်ားစုုဟာ ေသာက္သံုးခ်ိန္မွာ ဗိုက္ျပည့္သလို ခံစားရတတ္ပါတယ္။
 
Collagen ေသာက္ေဆးရည္၊ အမႈန္႔၊ ေဆးလံုး၊ လိမ္းေဆးေတြအခုေနာက္ပိုင္းမွာ ပိုေခတ္စားလာပါတယ္။အလွကုန္ေတြကေတာ့ အျမဲလွခ်င္၊ အရြယ္တင္ခ်င္တဲ့ မိန္းမသားေတြအတြက္
အမ်ိဳးမ်ိဳးအာမခံၿပီး ေရာင္းေနၾကမွာပါဘဲ။အသားအေရကို အမွန္တကယ္ အက်ိဳးသက္ေရာက္မႈရွိေစတဲ့ အခ်က္ေတြကေတာ့ က်န္းမာေရးနဲ႔သင့္ေတာ္တဲ့ ေနထိုင္စားေသာက္မႈပံုစံ၊ ေဟာ္မုန္းနဲ႔ မ်ိးရိုးဗီဇပါဘဲ။
ဒီေတာ့ရွိၿပီးသား collagen ထုတ္လုပ္မႈကို အားေပးဖို႔နဲ႔ ရွိၿပီးသား collagen ေတြကိုမပ်က္စီးေအာင္ ထိန္းသိမ္းဖို႔က အေရးႀကီးပါတယ္။
 
 *ေနေရာင္နဲ႔ တိုက္ရိုက္မထိမိေအာင္၊ ေနေရာင္ထဲကိုိ sunscreen မလိမ္းဘဲမထြက္မိေအာင္ သတိထားရပါမယ္။ေနေရာင္ထဲက UVA နဲ႔ UVB ေရာင္ျခည္ေတြက collagen ထုတ္လုပ္မႈကို ထိခိုက္ေစပါတယ္။*
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။
 
ဇီ၀က ေဆး (၁)