အယ်လ်ဇိုင်းမားရောဂါ အကြောင်း(Alzheimer's disease)တစေ့တစောင်း

အယ်လ်ဇိုင်းမားရောဂါ (Alzheimer's disease) ဆိုတာ ဦးနှောက်ပိုင်းဆိုင်ရာရောဂါ
တစ်မျိုးဖြစ်ပြီး မှတ်ဉာဏ်၊စဉ်းစားတွေးခေါ်နိုင်မှု၊ မှန်ကန်စွာချင့်ချိန်ဆုံးဖြတ်နိုင်မှု နှင့် အနေအထိုင် အပြုအမူတို့ပြောင်းလဲလာသော
ရောဂါ ဖြစ်သည်။မျိုးရိုးလိုက်နိုင်သည့်ရောဂါဖြစ်သည်။
 
အယ်လ်ဇိုင်းမားရောဂါဘာကြောင့်ဖြစ်လဲ?
 ဦးနှောက်ဆဲလ်ကလပ်စည်းများပေါ်တွင်
မူမမှန်သောပရိုတင်းဓာတ်များ (Amyloid plaques) များကပ်ရောက်စုပုံ အနည်ထိုင်လာခြင်းကြောင့် ဦးနှောက်၊အာရုံကြောဆဲလ်များပုံမှန်ထက်ပို၍ ပျက်စီးလာခြင်းဖြစ်သည်။
ထို့ပြင် မျိုးရိုးဗီဇပြောင်းလဲလာခြင်း၊စိတ်ဖိစီးမှုများပြားခြင်း၊လူနေမှုပုံစံ နှင့် ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲလာမှုများနှင့်ဆက်စပ်မှုရှိပါတယ်။
လေ့လာချက်များအရ အသက် ၆၅ နှစ်ကျော်သူများ၏ ၅ ရာခိုင်နှုန်းမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်လေ့ရှိသည်။ ဒါပေမဲ့ အသက်အရွယ် အိုမင်းခြင်း၏သာမန်ဖြစ်စဉ်တခုမဟုတ်ပါ။
 
အယ်လ်ဇိုင်းမားရောဂါမှာအဆင့်(၄)ဆင့်ရှိပါတယ်။
ပထမအဆင့် (Mild Cognitive Impairment)
-အရေးကြီးသောရက်၊အဖြစ်အပျက်များကိုသတိမေ့လာခြင်း။
-ရင်းနှီးကျွမ်းဝင်ပြီးသားအရာများကိုမေ့လျော့လာခြင်း။
 
ဒုတိယအဆင့်(Early Stage)
-နေ့စဉ်ပုံမှန်လုပ်နေကျကိစ္စရပ်များကို အစီအစဉ်တကျ မလုပ်ဆောင်နိုင်တော့ခြင်း(ဥပမာ 
ဈေးသွားခြင်း)
-စကားပြောဆိုရာတွင် စကားလုံး ရှာဖွေရခက်ခဲလာခြင်း၊ပြောမည့်စကားလုံးများမေ့လျော့လာခြင်း။
-ပစ္စည်းများအထားအသိုမှားခြင်း၊မကြာခဏပျောက်ခြင်း၊ထားနေကျနေရာတွင်မထားခြင်း။
 
တတိယအဆင့် (Middle Stage)
-အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းအားလျော့နည်းလာခြင်း။
-မိမိကိုယ်မိမိ ဂရုစိုက်နိုင်မှု၊စောင့်ရှောက်နိုင်မှုလျော့နည်းလာခြင်း(ဥပမာ ဝတ်စားဆင်ယင်မှု၊တကိုယ်ရည်သန့်ရှင်းရေးမလုပ်နိုင်ခြင်း)
-အချိန် နှင့် နေရာ များရောထွေးလာခြင်း
-စိတ်ဓာတ်ကျလာခြင်း၊သံသယများလာခြင်း၊
ကြောက်လန့်ခြင်း၊သောကများလာခြင်း။
 
စတုတ္ထအဆင့် (Late Stage)
-လူနာသည် ပတ်ဝန်းကျင် ကိုလုံးလုံးလျားလျားမသိတော့ဘဲ စကားပြောဆိုမှုများအလွန်ပင်ခက်ခဲလာပြီး စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာခြင်း။
-လမ်းလျောက်ခြင်း၊ထိုင်ထပြုလုပ်ခြင်း၊အစာမျိုချခြင်း တို့ကိုကောင်းစွာမပြုလုပ်နိုင်တော့ခြင်း။
-ဆီး၊ဝမ်းမထိန်းနိုင်ခြင်း။
-ပြင်ပရောဂါများအလွယ်တကူဝင်ရောက်နိုင်ခြင်း။(ဥပမာ အဆုတ်အအေးမိခြင်း၊ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ အရေပြားပိုးဝင်ခြင်း)
 
ဘယ်လိုသိနိုင်မလဲ?
-လူနာ၏ မှတ်ဉာဏ် အသိဉာဏ် အပြုအမူဆိုင်ရာမေးခွန်းများမေးခြင်း။
-အာရုံစူးစိုက်နိုင်မှု၊ပြသနာဖြေရှင်းနိုင်စွမ်း နှင့်ပတ်သက်တဲ့မေးခွန်းမေးခြင်း။
-ဆေးဓာတ်မှန်ရိုက်ခြင်း(MRI,SPECT) နှင့်
သွေးစစ်ဆေးခြင်းများပြုလုပ်ခြင်း။
 
အယ်လ်ဇိုင်းမားရောဂါ ကိုမည်သို့ကုမလဲ။
အယ်လ်ဇိုင်းမားရောဂါရှိသည်ဟု သံသယ ဖြစ်လျင် သက်ဆိုင်ရာ ဦးနှောက်အာရုံကြောအထူးကုဆရာဝန်ကြီးနဲ့ ဆွေးနွေးတိုင်ပင် ကုသပါ။ရောဂါအဆင့်အလိုက်
သတ်မှတ်ထာတဲ့ဆေးဝါးများနဲ့ကုသပါ။ အချို့ဆေးဝါးများက
စဉ်းစားတွေးခေါ်ခြင်းနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာစွမ်းရည်များ လျော့ပါးနိုင်မှုမရှိအောင်နှင့် 
ရောဂါ တဆင့်မှတဆင့် လျင်မြန်စွာကူပြောင်းမှု လျော့နည်းအောင်ကူညီပေးနိုင်ပါတယ်။
ဆေးဝါးကုသခြင်း အပြင်လူနာ၏အမူအကျင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို မိသားစုဝင် များအနေနဲ့ လိုက်လျောညီထွေစွာနေထိုင်ရပါမယ်။ အားပေးရမယ်၊
စာနာနားလည်ပြီးနှိမ်ချဆက်ဆံခြင်းမပြုသင့်ပါ။
 
ဘယ်လိုကာကွယ်မလဲ? 
-ကိုယ်လှုပ်ရှားအားကစားပြုလုပ်ခြင်း
-စာဖတ်ခြင်း
-အပေါင်းအသင်းမိတ်ဆွေများနှင့်တွေ့ခြင်း
-သင်တင့်မျှတပြီးအာဟာရရှိရှိစားသောက်ခြင်း
-အရက်ဆေးလိပ်အလွန်အကျွံသောက်ခြင်းမှရှောင်ခြင်း
-စိတ်ကျန်းမာရေးအတွက်တရားထိုင်ခြင်း
-ဉာဏ်စမ်းဂိမ်းများဆော့ခြင်း၊
-သီချင်းနားဆင်ခြင်း တို့ပြုလုပ်နိုင်ပါတယ်။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီ၀က ေဆး(၁)

အယ္လ္ဇိုင္းမားေရာဂါ
အေၾကာင္း(Alzheimer's disease)တေစ့တေစာင္း
 
 
အယ္လ္ဇိုင္းမားေရာဂါ (Alzheimer's disease) ဆိုတာ ဦးေႏွာက္ပိုင္းဆိုင္ရာေရာဂါ
တစ္မ်ိဳးျဖစ္ၿပီး မွတ္ဥာဏ္၊စဥ္းစားေတြးေခၚႏိုင္မႈ၊ မွန္ကန္စြာခ်င့္ခ်ိန္ဆံုးျဖတ္ႏိုင္မႈ ႏွင့္ အေနအထိုင္ အျပဳအမူတို႔ေျပာင္းလဲလာေသာ
ေရာဂါ ျဖစ္သည္။မ်ိဳးရိုးလိုက္ႏိုင္သည့္ေရာဂါျဖစ္သည္။
 
အယ္လ္ဇိုင္းမားေရာဂါဘာေၾကာင့္ျဖစ္လဲ?
 ဦးေႏွာက္ဆဲလ္ကလပ္စည္းမ်ားေပၚတြင္
မူမမွန္ေသာပ႐ိုတင္းဓာတ္မ်ား (Amyloid plaques) မ်ားကပ္ေရာက္စုပံု အနည္ထိုင္လာျခင္းေၾကာင့္ ဦးေႏွာက္၊အာရံုေၾကာဆဲလ္မ်ားပံုမွန္ထက္ပို၍ ပ်က္စီးလာျခင္းျဖစ္သည္။
ထို႔ျပင္ မ်ိဳး႐ိုးဗီဇေျပာင္းလဲလာျခင္း၊စိတ္ဖိစီးမႈမ်ားျပားျခင္း၊လူေနမႈပံုစံ ႏွင့္ ပတ္ဝန္းက်င္ဆိုင္ရာေျပာင္းလဲလာမႈမ်ားႏွင့္ဆက္စပ္မႈ႐ွိပါတယ္။
ေလ့လာခ်က္မ်ားအရ အသက္ ၆၅ ႏွစ္ေက်ာ္သူမ်ား၏ ၅ ရာခိုင္ႏႈန္းမွာ အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ေလ့ရွိသည္။ ဒါေပမဲ့ အသက္အရြယ္ အိုမင္းျခင္း၏သာမန္ျဖစ္စဥ္တခုမဟုတ္ပါ။
 
အယ္လ္ဇိုင္းမားေရာဂါမွာအဆင့္(၄)ဆင့္႐ွိပါတယ္။
ပထမအဆင့္ (Mild Cognitive Impairment)
-အေရးႀကီးေသာရက္၊အျဖစ္အပ်က္မ်ားကိုသတိေမ့လာျခင္း။
-ရင္းႏွီးကြၽမ္းဝင္ၿပီးသားအရာမ်ားကိုေမ့ေလ်ာ့လာျခင္း။
 
ဒုတိယအဆင့္(Early Stage)
-ေန႔စဥ္ပံုမွန္လုပ္ေနက်ကိစၥရပ္မ်ားကို အစီအစဥ္တက် မလုပ္ေဆာင္ႏိုင္ေတာ့ျခင္း(ဥပမာ 
ေစ်းသြားျခင္း)
-စကားေျပာဆိုရာတြင္ စကားလံုး ႐ွာေဖြရခက္ခဲလာျခင္း၊ေျပာမည့္စကားလံုးမ်ားေမ့ေလ်ာ့လာျခင္း။
-ပစၥည္းမ်ားအထားအသိုမွားျခင္း၊မၾကာခဏေပ်ာက္ျခင္း၊ထားေနက်ေနရာတြင္မထားျခင္း။
 
တတိယအဆင့္ (Middle Stage)
-အမွားအမွန္ ေဝဖန္ပိုင္းျခားႏိုင္စြမ္းအားေလ်ာ့နည္းလာျခင္း။
-မိမိကိုယ္မိမိ ဂ႐ုစိုက္ႏိုင္မႈ၊ေစာင့္ေ႐ွာက္ႏိုင္မႈေလ်ာ့နည္းလာျခင္း(ဥပမာ ဝတ္စားဆင္ယင္မႈ၊တကိုယ္ရည္သန္႔႐ွင္းေရးမလုပ္ႏိုင္ျခင္း)
-အခ်ိန္ ႏွင့္ ေနရာ မ်ားေရာေထြးလာျခင္း
-စိတ္ဓာတ္က်လာျခင္း၊သံသယမ်ားလာျခင္း၊
ေၾကာက္လန္႔ျခင္း၊ေသာကမ်ားလာျခင္း။
 
စတုတၳအဆင့္ (Late Stage)
-လူနာသည္ ပတ္ဝန္းက်င္ ကိုလံုးလံုးလ်ားလ်ားမသိေတာ့ဘဲ စကားေျပာဆိုမႈမ်ားအလြန္ပင္ခက္ခဲလာၿပီး စိတ္ပိုင္းဆိုင္ရာသာမက
႐ုပ္ပိုင္းဆိုင္ရာပါ ထိခိုက္လာျခင္း။
-လမ္းေလ်ာက္ျခင္း၊ထိုင္ထျပဳလုပ္ျခင္း၊အစာမ်ိဳခ်ျခင္း တို႔ကိုေကာင္းစြာမျပဳလုပ္ႏိုင္ေတာ့ျခင္း။
-ဆီး၊ဝမ္းမထိန္းႏိုင္ျခင္း။
-ျပင္ပေရာဂါမ်ားအလြယ္တကူဝင္ေရာက္ႏိုင္ျခင္း။(ဥပမာ အဆုတ္အေအးမိျခင္း၊ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္း၊ အေရျပားပိုးဝင္ျခင္း)
 
ဘယ္လိုသိႏိုင္မလဲ?
-လူနာ၏ မွတ္ဥာဏ္ အသိဥာဏ္ အျပဳအမူဆိုင္ရာေမးခြန္းမ်ားေမးျခင္း။
-အာရံုစူးစိုက္ႏိုင္မႈ၊ျပသနာေျဖ႐ွင္းႏိုင္စြမ္း ႏွင့္ပတ္သက္တဲ့ေမးခြန္းေမးျခင္း။
-ေဆးဓာတ္မွန္႐ိုက္ျခင္း(MRI,SPECT) ႏွင့္
ေသြးစစ္ေဆးျခင္းမ်ားျပဳလုပ္ျခင္း။
 
အယ္လ္ဇိုင္းမားေရာဂါ ကိုမည္သို႔ကုမလဲ။
အယ္လ္ဇိုင္းမားေရာဂါ႐ွိသည္ဟု သံသယ ျဖစ္လ်င္ သက္ဆိုင္ရာ ဦးေႏွာက္အာရံုေၾကာအထူးကုဆရာဝန္ႀကီးနဲ႔ ေဆြးေႏြးတိုင္ပင္ ကုသပါ။ေရာဂါအဆင့္အလိုက္
သတ္မွတ္ထာတဲ့ေဆးဝါးမ်ားနဲ႔ကုသပါ။ အခ်ိဳ႕ေဆးဝါးမ်ားက
စဥ္းစားေတြးေခၚျခင္းႏွင့္ မွတ္ဥာဏ္ပိုင္းဆိုင္ရာစြမ္းရည္မ်ား ေလ်ာ့ပါးႏိုင္မႈမ႐ွိေအာင္ႏွင့္ 
ေရာဂါ တဆင့္မွတဆင့္ လ်င္ျမန္စြာကူေျပာင္းမႈ ေလ်ာ့နည္းေအာင္ကူညီေပးႏိုင္ပါတယ္။
ေဆးဝါးကုသျခင္း အျပင္လူနာ၏အမူအက်င့္ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈမ်ားကို မိသားစုဝင္ မ်ားအေနနဲ႔ လိုက္ေလ်ာညီေထြစြာေနထိုင္ရပါမယ္။ အားေပးရမယ္၊
စာနာနားလည္ၿပီးႏွိမ္ခ်ဆက္ဆံျခင္းမျပဳသင့္ပါ။
 
ဘယ္လိုကာကြယ္မလဲ? 
-ကိုယ္လႈပ္႐ွားအားကစားျပဳလုပ္ျခင္း
-စာဖတ္ျခင္း
-အေပါင္းအသင္းမိတ္ေဆြမ်ားႏွင့္ေတြ႕ျခင္း
-သင္တင့္မ်ွတၿပီးအာဟာရ႐ွိ႐ွိစားေသာက္ျခင္း
-အရက္ေဆးလိပ္အလြန္အကြၽံေသာက္ျခင္းမွေ႐ွာင္ျခင္း
-စိတ္က်န္းမာေရးအတြက္တရားထိုင္ျခင္း
-ဥာဏ္စမ္းဂိမ္းမ်ားေဆာ့ျခင္း၊
-သီခ်င္းနားဆင္ျခင္း တို႔ျပဳလုပ္ႏိုင္ပါတယ္။
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ဇီ၀က ေဆး (၁)