【 နိုင်ငံတကာဆောင်းပါး 】“ အိပ်ရာမဝင်ခင် ဖုန်းမသုံးသင့်”

【  နိုင်ငံတကာဆောင်းပါး 】“ အိပ်ရာမဝင်ခင် ဖုန်းမသုံးသင့်”

တရုတ်နိုင်ငံကတရုတ်ဆေးဆရာဝန်အသင်းကထုတ်ပြန်ထားတဲ့ စစ်တမ်းအရ ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့ဆိုရင် အိပ်ရာမဝင်ခင် ဖုန်းမသုံးသင့်ဘူးလို့ လေ့လာတွေ့ရှိထားပါတယ်။တရုတ်နိုင်ငံ မှာ အရွယ်ရောက်ပြီးလူဦးရေသန်း ၃၀၀ဖြစ်တဲ့ တရုတ်နိုင်ငံလူဦးရေရဲ့ လူ ၃၈ဒသမ ၂ ရာခိုင်နှုန်းဟာအိပ်မပျော်နိုင်တဲ့ဝေဒနာခံစားနေရတယ်လို့ အဆိုပါစစ်တမ်းမှာ ဖော်ပြထားပါတယ်။

အသက် အရွယ်အပိုင်းကတော့ အသက် ၂၀ နှင့် ၃၀ အကြားကလူတွေဟာ အိပ်လို့မရတဲ့ဝေဒနာ ခံစားရတဲ့သူအများ ဆုံးဖြစ်ကြောင်း တွေ့ရှိထားပါတယ်။ ပြီးတော့ အဆိုပါအရွယ်ရဲ့ ၈၄ရာခိုင်နူန်းက ဒီဝေဒနာခံစား နေရတယ် လို့သိရပါတယ်။

ညနက်အထိမအိပ်ပဲနေတတ်တဲ့အကျင့်ဆိုးဟာလူငယ်တွေကြားမှာများပြားလာတာ ယုံရခက်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရအသက် ၂၀ ကျော်လူလေးပုံသုံးပုံခန့်ဟာ ည ၁၁ နာရီ ကျော်မှ အိပ်ပြီး၊ သုံးပုံတစ်ပုံဟာနံနက် တစ်နာရီကျော်မှအိပ်ကြတယ်လို့ဖော်ပြထားပါတယ်။

၁၉၉၀-၂၀၀၀ ကြားမှာမွေးတဲ့သူတွေကို လူမှုကွန်ရက်စာမျက်နှာတစ်ခုက အဆိုပါ မျိုးဆက်သစ်တွေ ဟာ  “အိပ်စက်မှု အနည်းဆုံးမျိုးဆက်တွေလို့” ခေါင်းစဉ် တပ်လိုက်တာဟာတကယ်တော့ မဆန်း ပါဘူး။ အခုလို အိပ်လို့မရတဲ့ ဝေဒနာဟာ တစ်ဦးတစ်ယောက်ရဲ့ ပြဿနာတစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာအများနဲ့ဆိုင်တဲ့ ရောဂါဝေဒနာဖြစ်နေပါပြီ။ ဒီလိုမအိပ်နိုင်တဲ့ ဝေဒနာက ဦးနှောက်ကို ကြီးကြီး မားမားထိခိုက်စေနိုင်ပြီးတော့၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးလည်း ဖြစ်စေပါတယ်။

 တွေ့ရှိချက်တွေအရ၊ စိတ်ဓာတ် ကျခြင်း၊ စိုးရိုမ်မှုလွန်ကဲခြင်း၊ ပြီးတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခြင်းတွေ ဟာအိပ်လို့မရတဲ့ ဝေဒနာကို နှစ်ပေါင်းများစွာခံစားနေရတဲ့သူတွေမှာ ၄၀ရာခိုင်နူန်း လောက် ပိုများတယ်လို့လည်းတွေ့ရှိထားပါတယ်။

ဘာကြောင့် လူငယ်တွေအိပ်လို့မရပါသလဲ…..? အများလက်ခံထားတဲ့ အကြောင်းအရင်းကတော့ သူတို့တွေ့ကြုံနေရတဲ့ ဖိအားတွေကြောင့်ပါ။ နေ့စဉ်လူမှုဘဝမှာ နေထိုင်မှုပုံစံ လျင်မြန်စွာပြောင်း လဲလာမှု ဟာ လူငယ်တွေကိုဖိအားပိုများစေပါတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝရဲ့အချိန်ကို အလုပ်ထဲမှာပဲကုန်ဆုံးစေတဲ့ သူတွေမှာဒီပြဿနာကပိုများပါတယ်။ လူငယ်တွေရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုကတော့ “အလုပ်မကြိုး စားဘူးဆိုရင်တော့၊ အလုပ်ထွက်လိုက်” ဆိုတဲ့ ခြိမ်းခြောက် သံတွေကြောင့်ပါ။ ပြီးတော့ အသုံးပြုမှုပိုကျယ်ပြန့်လာတဲ့ စမတ်ဖုန်းတွေလည်းပါ ပါတယ်။

 ဖူကျင် ကတ်သိုလစ် တက္ကသိုလ် ကတွဲဖက်ပါမောက္ခဖြစ်တဲ့ Huang Yangming ၏ ပြောကြားချက် အရတော့ စမတ်ဖုန်းကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းလေးတွေဟာလူတွေ၏ Melatonin လို့ခေါ်တဲ့ အိပ်စက်ခြင်းနှင့်ဆိုင်တဲ့ ဟော်မုန်းတွေကိုပြောင်းလဲစေပြီး၊ ထိုသို့ပြောင်း လဲခြင်း ကလူတွေ၏ အိပ်ချိန်ကိုပြောင်းလဲစေတယ်လို့ သိရပါ တယ်။ လူငယ်အများစုဟာ အိပ်ရာ မဝင်ခင်မှာ ဖုန်းအသုံးပြုတတ်တဲ့ အလေ့အကျင့်ရှိပါတယ်။

ဒီလိုအကြောင်းအရင်းတွေကြောင့် သူတို့ကိုအိပ်စက်စေဖို့ အခက်တွေ့စေပါတယ်။ လာမယ့်နှစ်တွေမှာ လည်းအိပ်လို့မရတဲ့ ဝေဒနာကိုလူအများခံစားဖို့ရှိပါတယ်။ ဒါပေမယ့် ကောင်းကောင်း အိပ်စက်အနားယူချင် တယ်ဆိုရင်တော့ အိပ်ရာမဝင်ခင် မှာဖုန်းအသုံးပြုခြင်းကို ရှောင်ကျဉ် ဖို့လိုပါ တယ်။ ဒီလိုရှောင်ကျဉ် ဖို့ဆိုတာ လည်း လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် အကျင့်ကောင်း ဆိုတာ အခက်ခဲနဲ့ အစပြုရတာပါ။

(  Zawgyi  )

 တ႐ုတ္ႏိုင္ငံကတ႐ုတ္ေဆးဆရာဝန္အသင္းကထုတ္ျပန္ထားတဲ့ စစ္တမ္းအရ ေကာင္းမြန္စြာ အိပ္ေပ်ာ္ႏိုင္ဖို႔ဆိုရင္ အိပ္ရာမဝင္ခင္ ဖုန္းမသုံးသင့္ဘူးလို႔ ေလ့လာေတြ႕ရွိထားပါတယ္။တ႐ုတ္ႏိုင္ငံ မွာ အ႐ြယ္ေရာက္ၿပီးလူဦးေရသန္း ၃၀၀ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံလူဦးေရရဲ႕ လူ ၃၈ဒသမ ၂ ရာခိုင္ႏႈန္းဟာအိပ္မေပ်ာ္ႏိုင္တဲ့ေဝဒနာခံစားေနရတယ္လို႔ အဆိုပါစစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

အသက္ အ႐ြယ္အပိုင္းကေတာ့ အသက္ ၂၀ ႏွင့္ ၃၀ အၾကားကလူေတြဟာ အိပ္လို႔မရတဲ့ေဝဒနာ ခံစားရတဲ့သူအမ်ား ဆုံးျဖစ္ေၾကာင္း ေတြ႕ရွိထားပါတယ္။ ၿပီးေတာ့ အဆိုပါအ႐ြယ္ရဲ႕ ၈၄ရာခိုင္ႏူန္းက ဒီေဝဒနာခံစား ေနရတယ္ လို႔သိရပါတယ္။

ညနက္အထိမအိပ္ပဲေနတတ္တဲ့အက်င့္ဆိုးဟာလူငယ္ေတြၾကားမွာမ်ားျပားလာတာ ယုံရခက္တဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ ေလ့လာေတြ႕ရွိခ်က္ေတြအရအသက္ ၂၀ ေက်ာ္လူေလးပုံသုံးပုံခန႔္ဟာ ည ၁၁ နာရီ ေက်ာ္မွ အိပ္ၿပီး၊ သုံးပုံတစ္ပုံဟာနံနက္ တစ္နာရီေက်ာ္မွအိပ္ၾကတယ္လို႔ေဖာ္ျပထားပါတယ္။

၁၉၉၀-၂၀၀၀ ၾကားမွာေမြးတဲ့သူေတြကို လူမႈကြန္ရက္စာမ်က္ႏွာတစ္ခုက အဆိုပါ မ်ိဳးဆက္သစ္ေတြ ဟာ  “အိပ္စက္မႈ အနည္းဆုံးမ်ိဳးဆက္ေတြလို႔” ေခါင္းစဥ္ တပ္လိုက္တာဟာတကယ္ေတာ့ မဆန္း ပါဘူး။ အခုလို အိပ္လို႔မရတဲ့ ေဝဒနာဟာ တစ္ဦးတစ္ေယာက္ရဲ႕ ျပႆနာတစ္ခုတည္းမဟုတ္ပါဘူး။ဒါဟာအမ်ားနဲ႔ဆိုင္တဲ့ ေရာဂါေဝဒနာျဖစ္ေနပါၿပီ။ ဒီလိုမအိပ္ႏိုင္တဲ့ ေဝဒနာက ဦးေႏွာက္ကို ႀကီးႀကီး မားမားထိခိုက္ေစႏိုင္ၿပီးေတာ့၊ စိတ္ပိုင္းဆိုင္ရာဆိုးက်ိဳးလည္း ျဖစ္ေစပါတယ္။

 ေတြ႕ရွိခ်က္ေတြအရ၊ စိတ္ဓာတ္ က်ျခင္း၊ စိုး႐ိုမ္မႈလြန္ကဲျခင္း၊ ၿပီးေတာ့ ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံစည္ျခင္းေတြ ဟာအိပ္လို႔မရတဲ့ ေဝဒနာကို ႏွစ္ေပါင္းမ်ားစြာခံစားေနရတဲ့သူေတြမွာ ၄၀ရာခိုင္ႏူန္း ေလာက္ ပိုမ်ားတယ္လို႔လည္းေတြ႕ရွိထားပါတယ္။

ဘာေၾကာင့္ လူငယ္ေတြအိပ္လို႔မရပါသလဲ…..? အမ်ားလက္ခံထားတဲ့ အေၾကာင္းအရင္းကေတာ့ သူတို႔ေတြ႕ႀကဳံေနရတဲ့ ဖိအားေတြေၾကာင့္ပါ။ ေန႔စဥ္လူမႈဘဝမွာ ေနထိုင္မႈပုံစံ လ်င္ျမန္စြာေျပာင္း လဲလာမႈ ဟာ လူငယ္ေတြကိုဖိအားပိုမ်ားေစပါတယ္၊ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဘဝရဲ႕အခ်ိန္ကို အလုပ္ထဲမွာပဲကုန္ဆုံးေစတဲ့ သူေတြမွာဒီျပႆနာကပိုမ်ားပါတယ္။ လူငယ္ေတြရင္ဆိုင္ေနရတဲ့ ျပႆနာတစ္ခုကေတာ့ “အလုပ္မႀကိဳး စားဘူးဆိုရင္ေတာ့၊ အလုပ္ထြက္လိုက္” ဆိုတဲ့ ၿခိမ္းေျခာက္ သံေတြေၾကာင့္ပါ။ ၿပီးေတာ့ အသုံးျပဳမႈပိုက်ယ္ျပန႔္လာတဲ့ စမတ္ဖုန္းေတြလည္းပါ ပါတယ္။

 ဖူက်င္ ကတ္သိုလစ္ တကၠသိုလ္ ကတြဲဖက္ပါေမာကၡျဖစ္တဲ့ Huang Yangming ၏ ေျပာၾကားခ်က္ အရေတာ့ စမတ္ဖုန္းကေန ထြက္လာတဲ့ အျပာေရာင္ အလင္းတန္းေလးေတြဟာလူေတြ၏ Melatonin လို႔ေခၚတဲ့ အိပ္စက္ျခင္းႏွင့္ဆိုင္တဲ့ ေဟာ္မုန္းေတြကိုေျပာင္းလဲေစၿပီး၊ ထိုသို႔ေျပာင္း လဲျခင္း ကလူေတြ၏ အိပ္ခ်ိန္ကိုေျပာင္းလဲေစတယ္လို႔ သိရပါ တယ္။ လူငယ္အမ်ားစုဟာ အိပ္ရာ မဝင္ခင္မွာ ဖုန္းအသုံးျပဳတတ္တဲ့ အေလ့အက်င့္ရွိပါတယ္။

ဒီလိုအေၾကာင္းအရင္းေတြေၾကာင့္ သူတို႔ကိုအိပ္စက္ေစဖို႔ အခက္ေတြ႕ေစပါတယ္။ လာမယ့္ႏွစ္ေတြမွာ လည္းအိပ္လို႔မရတဲ့ ေဝဒနာကိုလူအမ်ားခံစားဖို႔ရွိပါတယ္။ ဒါေပမယ့္ ေကာင္းေကာင္း အိပ္စက္အနားယူခ်င္ တယ္ဆိုရင္ေတာ့ အိပ္ရာမဝင္ခင္ မွာဖုန္းအသုံးျပဳျခင္းကို ေရွာင္က်ဥ္ ဖို႔လိုပါ တယ္။ ဒီလိုေရွာင္က်ဥ္ ဖို႔ဆိုတာ လည္း လြယ္ကူတဲ့ကိစၥ မဟုတ္ပါဘူး။ ဒါေပမယ့္ အက်င့္ေကာင္း ဆိုတာ အခက္ခဲနဲ႔ အစျပဳရတာပါ။