【 အလှအပနှင့်ကျန်းမာရေး 】ခါးကြောညပ်ခြင်းအကြောင်းသိကောင်းစရာ

 【  အလှအပနှင့်ကျန်းမာရေး  】ခါးကြောညပ်ခြင်းအကြောင်းသိကောင်းစရာ

လူ့ခန္ဓာကိုယ် ကျောရိုးဆစ်မဟာ ခေါင်းကနေ တင်ပါးဆုံထိ အရိုးပေါင်း (၃၃) ခု ရှိပါတယ်။  ကျောရိုးဆစ်ကို အပိုင်းလိုက်ခွဲကြည့်ရင် cervical, thoracic, lumbar, sacrum, coccyx ဆိုပြီး ငါးမျိုးရှိပါတယ်။  အရိုးတွေဟာ တခုနဲ့တခု ထပ်နေကြပြီး အောက်ဆုံးက တြိဂံပုံအရိုး sacrum ပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးဖွဲ့စည်းပုံအရ ဖိအားဒဏ်ကို အခံရဆုံးက အောက်ဆုံးက lumbar နဲ့ sacrum ရိုးတွေသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောညပ်တဲ့ရောဂါအများစုဟာ ခါးမှာသာဖြစ်ကြ တယ်။

လူ့ခန္ဓာကိုယ်မှာ အကြီးဆုံး အာရုံခံနာ့ဖ်ကို sciatic nerve လို့ခေါ်ပါတယ်။ ခါးအောက်ပိုင်း (L3 level) စထွက်လာတဲ့ ဒီအာရုံကြောဟာ တင်ပါးဆုံနောက်ပိုင်းကနေ ခြေဖဝါးထိ ရှည်လျားတယ်။sciatic nerve ကို ဖိမိရာက ဖြစ်လာတဲ့ လက္ခဏာတွေကို sciatica (ခါးကြောညပ်ခြင်း)လို့ ခေါ်ပါ တယ်။  

sciatica အများစုဟာ lumbar disc herniation ခါးရိုးဆစ်ကျွံရာကနေအဖြစ်များတယ်။ ကိုယ်ဝန်ဆောင်စဉ် ကလေးဦးခေါင်းက အာရုံကြော သွားဖိမိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အရိုး၊ကြွက်သား၊ အဖုအကျိတ်၊ ပိုးဝင်တာ၊ သွေးယိုရာကနေလည်း ဖြစ်တတ်ပါတယ်။

sciatica ဟာ လူလတ်ပိုင်းအရွယ်ဖြစ်တဲ့အသက်၄၀-၅၀ကြား ဖြစ်လေ့ ရှိတယ်။  လေ့လာမှုတွေအရ ကမ္ဘာ့လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းထိ ဖြစ်နိုင်တယ်။အရပ်ရှည်သူဟာ သာမန်ထက် ပိုဖြစ်နိုင်ချေ များတယ်။ ဒါတင်မက အလေးမသူ၊ အမြဲထိုင်နေရသူ၊ ကားမောင်းသူတွေ၊ဆေးလိပ်သောက်တဲ့ သူတွေဟာ သူများထက်ပိုဖြစ်နိုင်တယ်။

sciatica ရဲ့ လက္ခဏာတွေက အများစု မှာ ခြေထောက်တစ်ဖက်တည်းမှာသာဖြစ်တယ်။ခါး၊တင်ပါး၊ခြေထောက်အောက်ပိုင်း တလျှောက် နာတာဖြစ်တယ်။ ခါးနာတာထက် ခြေထောက်၊ တင်ပါးဆုံအောက်ပိုင်း နာတာပိုဖြစ်တယ်။ နာကျင်မှုက ခြေဖျားထိ သွားနိုင်တယ်။ဖြစ်တဲ့ခြေထာက် က ထုံကျင်၊ အားယုတ်တာ၊ အားနည်းတာ၊ ထောက်ရခက်တာမျိုး ရှိနိုင်တယ်။ တခါတရံမှဖြစ်တာ ရှိသလို ဆက်တိုက် နာနေတာမျိုးလည်း ရှိပါတယ်။ ပုံမှန်အားဖြင့် လမ်းလျှောက် ချိန်၊ ခါးကုန်းလိုက်တဲ့ အချိန်၊ ခြေထောက် ထောက်ချိန်မျိုးမှာ စူးကနဲ နာတတ်တယ်။ လက္ခဏာတွေက အာရုံကြောကို သွားထောက်တဲ့ နေရာပေါ်မူတည်ပြီး ကွာခြားသွားတာဖြစ် ပါတယ်။ လှဲအိပ်လိုက် ရင်တော့ သက်သာသွားနိုင်တယ်။

sciatica ဟုတ် မဟုတ် လက်တွေ့စမ်းသပ်ကြည့်နိုင်တယ်။ အိပ်နေရင်း ခြေထောက်တဖက်ကို မြှောက်ခိုင်းပါ သို့မဟုတ် ဆောင့်ကြောင့် ထိုင်ရာကနေ ထခိုင်းကြည့်ပါ သို့မဟုတ် လမ်းလျှောက် တဲ့အခါ ဖနောင့် သို့မဟုတ် ခြေဖျားပေါ် အားပြု ုပြီးထောက်ခိုင်းကြည့်ပါ။ အထက်ပါအခြေအနေတွေ မှာ နာကျင်တာ ပိုဆိုးလာတယ်ဆိုရင် sciatica ကြောင့် ဖြစ်နိုင်တယ်။ လိုအပ်ရင် ဓာတ်မှန် X Rays ရိုက်ကြည့်ပါ။ တခါတရံ CT scan သို့မဟုတ် MRI တမျိုးမျိုးရိုက်ပြီး သိရှိနိုင်တယ်။

sciatica ဖြစ်သူအများစုဟာ လပိုင်းအတွင်း ပြန်လည်သက်သာနိုင်တယ်။ ကံဆိုးတဲ့သူတွေကတော့ နှစ်ချီကြာနိုင်တယ်။ အကြောညပ်တာအတွက် အပူအအေး အဆင်ပြေသလို ကပ်လို့ရတယ်။ နာကျင်မှုအတွက် သောက်ဆေး၊လိမ်းဆေး သုံးနိုင်တယ်။ သောက်ဆေးထဲမှာ အကိုက်အခဲပျောက်ဆေးတွေသောက်ရတယ်။ paracetamol, ibuprofen, aspirin, ketoprofen, naproxen စသည်ဖြင့် ရောဂါပေါ်မူတည်ပြီး ပေးရတယ်။ အရမ်းဆိုးရင်တော့ ခွဲစိတ်ဖို့လိုအပ်ပါတယ်။
lumber disc herniationမှာ microdiscectomy  (အပေါက်သေးသေးလေးဖောက်ပြီး ကျွံတဲ့အဆစ် က နေရာကို ဖယ်ထုတ်လိုက်ခြင်း) ပြုလုပ်နိုင်ပါတယ်။

ကျန်းမာကြပါစေ။

(   Zawgyi   )

 လူ႔ခႏၶာကိုယ္ ေက်ာ႐ိုးဆစ္မဟာ ေခါင္းကေန တင္ပါးဆုံထိ အ႐ိုးေပါင္း (၃၃) ခု ရွိပါတယ္။  ေက်ာ႐ိုးဆစ္ကို အပိုင္းလိုက္ခြဲၾကည့္ရင္ cervical, thoracic, lumbar, sacrum, coccyx ဆိုၿပီး ငါးမ်ိဳးရွိပါတယ္။  အ႐ိုးေတြဟာ တခုနဲ႔တခု ထပ္ေနၾကၿပီး ေအာက္ဆုံးက ႀတိဂံပုံအ႐ိုး sacrum ေပၚမွာ တည္ေဆာက္ထားတယ္။ အ႐ိုးဖြဲ႕စည္းပုံအရ ဖိအားဒဏ္ကို အခံရဆုံးက ေအာက္ဆုံးက lumbar နဲ႔ sacrum ႐ိုးေတြသာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အာ႐ုံေၾကာညပ္တဲ့ေရာဂါအမ်ားစုဟာ ခါးမွာသာျဖစ္ၾက တယ္။

လူ႔ခႏၶာကိုယ္မွာ အႀကီးဆုံး အာ႐ုံခံနာ့ဖ္ကို sciatic nerve လို႔ေခၚပါတယ္။ ခါးေအာက္ပိုင္း (L3 level) စထြက္လာတဲ့ ဒီအာ႐ုံေၾကာဟာ တင္ပါးဆုံေနာက္ပိုင္းကေန ေျခဖဝါးထိ ရွည္လ်ားတယ္။sciatic nerve ကို ဖိမိရာက ျဖစ္လာတဲ့ လကၡဏာေတြကို sciatica (ခါးေၾကာညပ္ျခင္း)လို႔ ေခၚပါ တယ္။  

sciatica အမ်ားစုဟာ lumbar disc herniation ခါး႐ိုးဆစ္ကြၽံရာကေနအျဖစ္မ်ားတယ္။ ကိုယ္ဝန္ေဆာင္စဥ္ ကေလးဦးေခါင္းက အာ႐ုံေၾကာ သြားဖိမိလို႔လည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့ျပင္ အ႐ိုး၊ႂကြက္သား၊ အဖုအက်ိတ္၊ ပိုးဝင္တာ၊ ေသြးယိုရာကေနလည္း ျဖစ္တတ္ပါတယ္။

sciatica ဟာ လူလတ္ပိုင္းအ႐ြယ္ျဖစ္တဲ့အသက္၄၀-၅၀ၾကား ျဖစ္ေလ့ ရွိတယ္။  ေလ့လာမႈေတြအရ ကမာၻ႔လူဦးေရရဲ႕ ၄၃ ရာခိုင္ႏႈန္းထိ ျဖစ္ႏိုင္တယ္။အရပ္ရွည္သူဟာ သာမန္ထက္ ပိုျဖစ္ႏိုင္ေခ် မ်ားတယ္။ ဒါတင္မက အေလးမသူ၊ အၿမဲထိုင္ေနရသူ၊ ကားေမာင္းသူေတြ၊ေဆးလိပ္ေသာက္တဲ့ သူေတြဟာ သူမ်ားထက္ပိုျဖစ္ႏိုင္တယ္။

sciatica ရဲ႕ လကၡဏာေတြက အမ်ားစု မွာ ေျခေထာက္တစ္ဖက္တည္းမွာသာျဖစ္တယ္။ခါး၊တင္ပါး၊ေျခေထာက္ေအာက္ပိုင္း တေလွ်ာက္ နာတာျဖစ္တယ္။ ခါးနာတာထက္ ေျခေထာက္၊ တင္ပါးဆုံေအာက္ပိုင္း နာတာပိုျဖစ္တယ္။ နာက်င္မႈက ေျခဖ်ားထိ သြားႏိုင္တယ္။ျဖစ္တဲ့ေျခထာက္ က ထုံက်င္၊ အားယုတ္တာ၊ အားနည္းတာ၊ ေထာက္ရခက္တာမ်ိဳး ရွိႏိုင္တယ္။ တခါတရံမွျဖစ္တာ ရွိသလို ဆက္တိုက္ နာေနတာမ်ိဳးလည္း ရွိပါတယ္။ ပုံမွန္အားျဖင့္ လမ္းေလွ်ာက္ ခ်ိန္၊ ခါးကုန္းလိုက္တဲ့ အခ်ိန္၊ ေျခေထာက္ ေထာက္ခ်ိန္မ်ိဳးမွာ စူးကနဲ နာတတ္တယ္။ လကၡဏာေတြက အာ႐ုံေၾကာကို သြားေထာက္တဲ့ ေနရာေပၚမူတည္ၿပီး ကြာျခားသြားတာျဖစ္ ပါတယ္။ လွဲအိပ္လိုက္ ရင္ေတာ့ သက္သာသြားႏိုင္တယ္။

sciatica ဟုတ္ မဟုတ္ လက္ေတြ႕စမ္းသပ္ၾကည့္ႏိုင္တယ္။ အိပ္ေနရင္း ေျခေထာက္တဖက္ကို ေျမႇာက္ခိုင္းပါ သို႔မဟုတ္ ေဆာင့္ေၾကာင့္ ထိုင္ရာကေန ထခိုင္းၾကည့္ပါ သို႔မဟုတ္ လမ္းေလွ်ာက္ တဲ့အခါ ဖေနာင့္ သို႔မဟုတ္ ေျခဖ်ားေပၚ အားျပဳ ုၿပီးေထာက္ခိုင္းၾကည့္ပါ။ အထက္ပါအေျခအေနေတြ မွာ နာက်င္တာ ပိုဆိုးလာတယ္ဆိုရင္ sciatica ေၾကာင့္ ျဖစ္ႏိုင္တယ္။ လိုအပ္ရင္ ဓာတ္မွန္ X Rays ႐ိုက္ၾကည့္ပါ။ တခါတရံ CT scan သို႔မဟုတ္ MRI တမ်ိဳးမ်ိဳး႐ိုက္ၿပီး သိရွိႏိုင္တယ္။

sciatica ျဖစ္သူအမ်ားစုဟာ လပိုင္းအတြင္း ျပန္လည္သက္သာႏိုင္တယ္။ ကံဆိုးတဲ့သူေတြကေတာ့ ႏွစ္ခ်ီၾကာႏိုင္တယ္။ အေၾကာညပ္တာအတြက္ အပူအေအး အဆင္ေျပသလို ကပ္လို႔ရတယ္။ နာက်င္မႈအတြက္ ေသာက္ေဆး၊လိမ္းေဆး သုံးႏိုင္တယ္။ ေသာက္ေဆးထဲမွာ အကိုက္အခဲေပ်ာက္ေဆးေတြေသာက္ရတယ္။ paracetamol, ibuprofen, aspirin, ketoprofen, naproxen စသည္ျဖင့္ ေရာဂါေပၚမူတည္ၿပီး ေပးရတယ္။ အရမ္းဆိုးရင္ေတာ့ ခြဲစိတ္ဖို႔လိုအပ္ပါတယ္။
lumber disc herniationမွာ microdiscectomy  (အေပါက္ေသးေသးေလးေဖာက္ၿပီး ကြၽံတဲ့အဆစ္ က ေနရာကို ဖယ္ထုတ္လိုက္ျခင္း) ျပဳလုပ္ႏိုင္ပါတယ္။

က်န္းမာၾကပါေစ။