【 အလှအပနှင့်ကျန်းမာရေး 】ခြေထောက်သွေးခဲပိတ်ခြင်း (DVT) အကြောင်းတစေ့တစောင်း

【  အလှအပနှင့်ကျန်းမာရေး 】ခြေထောက်သွေးခဲပိတ်ခြင်း (DVT) အကြောင်းတစေ့တစောင်း

ခြေထောက် နှင့် ပေါင်ရှိ သွေးပြန်ကြောမကြီးများအတွင်း သွေးခဲပိတ်ခြင်းကို ခေါ်သည်။ ထိုသို့ သွေးခဲပိတ်ခြင်းဖြင့် ခြေထောက်အတွင်းရှိ သွေးပြန်ကြောများအတွင်း သွေးလှည့်လည် စီးဆင်း ခြင်းကို နှေးကွေးရပ်တန့်စေပါသည်။ အနောက်နိုင်ငံတွေမှာတော့ တနှစ်တာဖြစ်ပွားမှုနှုန်း တထောင်မှာ တယောက်နှုန်းရှိပါတယ်။ ခြေထောက်သွေးခဲမှ ပြုတ်ထွက်ပြီး အဆုတ်တွင်း သွေးခဲ ပိတ်ခြင်း (Pulmonary Embolism) ဖြစ်ပီး အသက်အန္တရာယ်ရှိတဲ့ထိဖြစ်နိုင်တာကြောင့် သတိပြု သင့်ပါတယ်။

အထူးသဖြင့် ဒီလိုလူတွေမှာ သွေးခဲပိတ်နိုင်ခြေ ပိုများပါတယ်။
-အသက်ကြီးသူများ
-အသက်ငယ်ပေမယ့် မျိုးရိုးရာဇဝင်ရှိသူများ
-ကာလရှည်ကြာ မလှုပ်မရှားနေသူများ
-နာတာရှည်ရောဂါဖြင့် အိပ်ရာထဲလဲနေသူများ
-ကင်ဆာရောဂါဝေဒနာရှင်များ
-အဝလွန်သူများ
-ယခင် ခြေထောက်သွေးခဲပိတ်ရာဇဝင်ရှိသူများ
-ကား ရထား လေယာဉ်ဖြင့် အချိန်ကြာမြင့်စွာ ခရီးသွားထားသူများ
-အချိန်ကြာရှည် အနေအထားမပြောင်းဘဲ တရားထိုင်သူများ
-ခွဲစိတ်ပြီး လူနာများ
-ကိုယ်ဝန်ဆောင်မိခင်များ နှင့် မီးဖွားပြီးစမိခင်များ
-ကိုယ်ဝန်တားဆေးထိုးသူများ
-မီးယပ်ဆုံးရောဂါအတွက် ဟော်မုန်းဆေးသုံးသူများ
-ဆေးလိပ်သောက်သူများ
-အပြင်းအထန် နှိပ်နယ်ခြင်း ခံသူများ
- သွေးပျစ်တဲ့ရောဂါရှိသူများ (Polycythemia)
-အူရောင်ရောဂါရှိသူများ (Inflammatory Bowel Disease)
-ခုခံအားစနစ်မှားယွင်းရောဂါ (Anti phospholipid Syndrome)

ရောဂါလက္ခဏာတွေကတော့-
-ခြေထောက် သို့မဟုတ် ပေါင် တဖက် သို့မဟုတ် နှစ်ဖက်လုံး ရောင်ခြင်း နီရဲခြင်း နာခြင်း
-ထိ လျှင် နာခြင်း
-အရေ ပြားပူနေခြင်း အရောင်ပြောင်းခြင်း
-အထူးသဖြင့် အပေါ်ကပြောတဲ့ အခြေအနေရှိသူတွေမှာ ပိုဂရုပြုသင့်ပါတယ်။

ဘယ်လိုရောဂါရှာဖွေမလဲ?
Colour Doppler အာထရာဆောင်းရိုက်ပြီး ခြေထောက်အတွင်းရှိ ဘယ်သွေးပြန်ကြောပိတ်နေလဲ သိနိုင်ပါတယ်။

ကုသခြင်း

ကုသခြင်းကတော့ သွေးကျဲဆေးပေးခြင်းပါ။ အခြေအနေပေါ်လိုက်ပြီး ခြောက်ပတ်ကနေ ခြောက်လအထိပေးရပါတယ်။ သွေးကျဲဆေး ထိုးဆေး (Low molecular weight heparin) ပေးပြီး နောက် warfarin သို့မဟုတ် အသစ်ပေါ်တဲ့  DOAC သောက်ဆေးများဆက်ပေးရမှာပါ။ Warfarin သောက်ဆေးသောက်နေသူများကတော့ ပုံမှန် PT/INR လို့ခေါ်တဲ့ သွေးအမြဲစစ်ခြင်း ဖြင့် သွေးကျဲပမာဏကို စစ်ဆေးနေသင့်ပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးများ

(၁)အဆုတ်တွင်း သွေးကြောပိတ်ခြင်း
-အဆုတ်တွင်း သွေးကြောပိတ်လျှင် သေဆုံးနိုင်ခြေမှာ ရက် ၃၀ အတွင်း ၄.၉ရာခိုင်နှုန်းရှိပါတယ် (၂၀ဦးလျှင် တစ်ဦး)။ မောခြင်း၊ အသက်ရှုရခက်ခဲခြင်း၊  သွေးတွင်း အောက်ဆီဂျင်ပမာဏ ပြုတ်ကျခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း စတဲ့လက္ခဏာတွေနဲ့ တွေ့ရမှာပါ။ D-dimer လို့ခေါ်တဲ့ သွေးတမျိုးစစ်နိုင်သလို အဆုတ်တွင်းသွေးကြောများကို CT scan ဖြင့် စစ်ဆေးခြင်း (CTPA) လုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်ပါတယ်။

(၂)အကြိမ်ကြိမ်ပြန်ဖြစ်တတ်ခြင်း
တစ်ကြိမ် ခြေထောက်သွေးခဲပိတ်ဖူးတဲ့သူမှာ တနှစ်အတွင်း ၅ရာခိုင်နှုန်း ပြန်ဖြစ်နိုင်ချေရှိပါတယ်။

(၃)နာတာရှည်သွေးခဲပိတ်ခြင်းကြောင့် အဆုတ်သွေးတိုးခြင်း (Pulmonary hypertension)

(၄) သွေးကျဲဆေးများ ကြောင့် သွေးထွက်နိုင်ခြေများခြင်း
နှာခေါင်းသွေးထွက်တာ သွားဖုံးသွေးထွက်တာ ဆီးထဲသွေးပါတာကစလို့ ဦးနှောက်သွေးယိုခြင်း အစာအိမ်သွေးကြောပေါက်ခြင်း စတာတွေထိ ဖြစ်နိုင်ပါတယ်။

ခြေထောက်သွေးခဲမပိတ်အောင်ဘယ်လိုကာကွယ်ကြမလဲ?
ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်ပါတယ်။
-ခြေထောက်လေ့ကျင့်ခန်းလုပ်ပေးပါ။
-အချိန်အကြာကြီး ပုံစံတခုတည်းထိုင်ခြင်းမှ ရှောင်ပါ။
-အိပ်ရာထဲ ရေရှည်လှဲနေရသူများ ကုတင်ပေါ်မှာတင် ခြေကျင်းဝတ် နင်းချခြင်း ကော့ခြင်း ဒူးခေါင်းအကွေးအဆန့်လုပ်ခြင်း စတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးပါ။
-လိုအပ်လျှင် DVT stocking အသုံးပြုပါ။
-အချို့သော သွေးခဲနိုင်ချေများတဲ့ လူနာတွေမှာ အကြီးစားခွဲစိတ်မှုမလုပ်ခင် စက်အသုံးပြု၍ သွေးခဲမပိတ်အောင်ကာကွယ်ခြင်း (Intermittent pneumatic compression)၊ သွေးကျဲဆေး prophylaxis ပေးခြင်း ဖြင့် ကာကွယ်နိုင်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက ( ဆေး-၁ )

(  Zawgyi  )

 ေျခေထာက္ ႏွင့္ ေပါင္ရွိ ေသြးျပန္ေၾကာမႀကီးမ်ားအတြင္း ေသြးခဲပိတ္ျခင္းကို ေခၚသည္။ ထိုသို႔ ေသြးခဲပိတ္ျခင္းျဖင့္ ေျခေထာက္အတြင္းရွိ ေသြးျပန္ေၾကာမ်ားအတြင္း ေသြးလွည့္လည္ စီးဆင္း ျခင္းကို ေႏွးေကြးရပ္တန႔္ေစပါသည္။ အေနာက္ႏိုင္ငံေတြမွာေတာ့ တႏွစ္တာျဖစ္ပြားမႈႏႈန္း တေထာင္မွာ တေယာက္ႏႈန္းရွိပါတယ္။ ေျခေထာက္ေသြးခဲမွ ျပဳတ္ထြက္ၿပီး အဆုတ္တြင္း ေသြးခဲ ပိတ္ျခင္း (Pulmonary Embolism) ျဖစ္ပီး အသက္အႏၲရာယ္ရွိတဲ့ထိျဖစ္ႏိုင္တာေၾကာင့္ သတိျပဳ သင့္ပါတယ္။

အထူးသျဖင့္ ဒီလိုလူေတြမွာ ေသြးခဲပိတ္ႏိုင္ေျခ ပိုမ်ားပါတယ္။
-အသက္ႀကီးသူမ်ား
-အသက္ငယ္ေပမယ့္ မ်ိဳး႐ိုးရာဇဝင္ရွိသူမ်ား
-ကာလရွည္ၾကာ မလႈပ္မရွားေနသူမ်ား
-နာတာရွည္ေရာဂါျဖင့္ အိပ္ရာထဲလဲေနသူမ်ား
-ကင္ဆာေရာဂါေဝဒနာရွင္မ်ား
-အဝလြန္သူမ်ား
-ယခင္ ေျခေထာက္ေသြးခဲပိတ္ရာဇဝင္ရွိသူမ်ား
-ကား ရထား ေလယာဥ္ျဖင့္ အခ်ိန္ၾကာျမင့္စြာ ခရီးသြားထားသူမ်ား
-အခ်ိန္ၾကာရွည္ အေနအထားမေျပာင္းဘဲ တရားထိုင္သူမ်ား
-ခြဲစိတ္ၿပီး လူနာမ်ား
-ကိုယ္ဝန္ေဆာင္မိခင္မ်ား ႏွင့္ မီးဖြားၿပီးစမိခင္မ်ား
-ကိုယ္ဝန္တားေဆးထိုးသူမ်ား
-မီးယပ္ဆုံးေရာဂါအတြက္ ေဟာ္မုန္းေဆးသုံးသူမ်ား
-ေဆးလိပ္ေသာက္သူမ်ား
-အျပင္းအထန္ ႏွိပ္နယ္ျခင္း ခံသူမ်ား
- ေသြးပ်စ္တဲ့ေရာဂါရွိသူမ်ား (Polycythemia)
-အူေရာင္ေရာဂါရွိသူမ်ား (Inflammatory Bowel Disease)
-ခုခံအားစနစ္မွားယြင္းေရာဂါ (Anti phospholipid Syndrome)

ေရာဂါလကၡဏာေတြကေတာ့-
-ေျခေထာက္ သို႔မဟုတ္ ေပါင္ တဖက္ သို႔မဟုတ္ ႏွစ္ဖက္လုံး ေရာင္ျခင္း နီရဲျခင္း နာျခင္း
-ထိ လွ်င္ နာျခင္း
-အေရ ျပားပူေနျခင္း အေရာင္ေျပာင္းျခင္း
-အထူးသျဖင့္ အေပၚကေျပာတဲ့ အေျခအေနရွိသူေတြမွာ ပိုဂ႐ုျပဳသင့္ပါတယ္။

ဘယ္လိုေရာဂါရွာေဖြမလဲ?
Colour Doppler အာထရာေဆာင္း႐ိုက္ၿပီး ေျခေထာက္အတြင္းရွိ ဘယ္ေသြးျပန္ေၾကာပိတ္ေနလဲ သိႏိုင္ပါတယ္။

ကုသျခင္း

ကုသျခင္းကေတာ့ ေသြးက်ဲေဆးေပးျခင္းပါ။ အေျခအေနေပၚလိုက္ၿပီး ေျခာက္ပတ္ကေန ေျခာက္လအထိေပးရပါတယ္။ ေသြးက်ဲေဆး ထိုးေဆး (Low molecular weight heparin) ေပးၿပီး ေနာက္ warfarin သို႔မဟုတ္ အသစ္ေပၚတဲ့  DOAC ေသာက္ေဆးမ်ားဆက္ေပးရမွာပါ။ Warfarin ေသာက္ေဆးေသာက္ေနသူမ်ားကေတာ့ ပုံမွန္ PT/INR လို႔ေခၚတဲ့ ေသြးအၿမဲစစ္ျခင္း ျဖင့္ ေသြးက်ဲပမာဏကို စစ္ေဆးေနသင့္ပါတယ္။

ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား

(၁)အဆုတ္တြင္း ေသြးေၾကာပိတ္ျခင္း
-အဆုတ္တြင္း ေသြးေၾကာပိတ္လွ်င္ ေသဆုံးႏိုင္ေျခမွာ ရက္ ၃၀ အတြင္း ၄.၉ရာခိုင္ႏႈန္းရွိပါတယ္ (၂၀ဦးလွ်င္ တစ္ဦး)။ ေမာျခင္း၊ အသက္ရႈရခက္ခဲျခင္း၊  ေသြးတြင္း ေအာက္ဆီဂ်င္ပမာဏ ျပဳတ္က်ျခင္း၊ ႏွလုံးခုန္ႏႈန္းျမန္လာျခင္း စတဲ့လကၡဏာေတြနဲ႔ ေတြ႕ရမွာပါ။ D-dimer လို႔ေခၚတဲ့ ေသြးတမ်ိဳးစစ္ႏိုင္သလို အဆုတ္တြင္းေသြးေၾကာမ်ားကို CT scan ျဖင့္ စစ္ေဆးျခင္း (CTPA) လုပ္ျခင္းျဖင့္ ေရာဂါရွာေဖြႏိုင္ပါတယ္။

(၂)အႀကိမ္ႀကိမ္ျပန္ျဖစ္တတ္ျခင္း
တစ္ႀကိမ္ ေျခေထာက္ေသြးခဲပိတ္ဖူးတဲ့သူမွာ တႏွစ္အတြင္း ၅ရာခိုင္ႏႈန္း ျပန္ျဖစ္ႏိုင္ေခ်ရွိပါတယ္။

(၃)နာတာရွည္ေသြးခဲပိတ္ျခင္းေၾကာင့္ အဆုတ္ေသြးတိုးျခင္း (Pulmonary hypertension)

(၄) ေသြးက်ဲေဆးမ်ား ေၾကာင့္ ေသြးထြက္ႏိုင္ေျခမ်ားျခင္း
ႏွာေခါင္းေသြးထြက္တာ သြားဖုံးေသြးထြက္တာ ဆီးထဲေသြးပါတာကစလို႔ ဦးေႏွာက္ေသြးယိုျခင္း အစာအိမ္ေသြးေၾကာေပါက္ျခင္း စတာေတြထိ ျဖစ္ႏိုင္ပါတယ္။

ေျခေထာက္ေသြးခဲမပိတ္ေအာင္ဘယ္လိုကာကြယ္ၾကမလဲ?
ႀကိဳတင္ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုထိေရာက္ပါတယ္။
-ေျခေထာက္ေလ့က်င့္ခန္းလုပ္ေပးပါ။
-အခ်ိန္အၾကာႀကီး ပုံစံတခုတည္းထိုင္ျခင္းမွ ေရွာင္ပါ။
-အိပ္ရာထဲ ေရရွည္လွဲေနရသူမ်ား ကုတင္ေပၚမွာတင္ ေျခက်င္းဝတ္ နင္းခ်ျခင္း ေကာ့ျခင္း ဒူးေခါင္းအေကြးအဆန႔္လုပ္ျခင္း စတဲ့ ေလ့က်င့္ခန္းေတြလုပ္ေပးပါ။
-လိုအပ္လွ်င္ DVT stocking အသုံးျပဳပါ။
-အခ်ိဳ႕ေသာ ေသြးခဲႏိုင္ေခ်မ်ားတဲ့ လူနာေတြမွာ အႀကီးစားခြဲစိတ္မႈမလုပ္ခင္ စက္အသုံးျပဳ၍ ေသြးခဲမပိတ္ေအာင္ကာကြယ္ျခင္း (Intermittent pneumatic compression)၊ ေသြးက်ဲေဆး prophylaxis ေပးျခင္း ျဖင့္ ကာကြယ္ႏိုင္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက ( ေဆး-၁ )