【 အလှအပနှင့်ကျန်းမာရေး 】ဆီးကျောက်တည်ခြင်း အကြောင်း (Renal stones)သိကောင်းစရာ

【  အလှအပနှင့်ကျန်းမာရေး  】ဆီးကျောက်တည်ခြင်း အကြောင်း (Renal stones)သိကောင်းစရာ

ဆီးကျောက်တည်ခြင်းဟာ တွေ့ရများတဲ့ အခြေအနေတခုပါ။ ကျောက်ကပ်ထဲမှာ crystals လို့ခေါ်တဲ့ အမှုန်အမွှားလေးတွေ  အနည်ထိုင်ရာကနေ Urinary calculi လို့ခေါ်တဲ့ ကျောက်ဖြစ်လာတာပါ။ အများစုကတော့ calcium သို့မဟုတ် phosphate နဲ့ oxalate  အခြား protein တွေ ပေါင်းစုပီးဖြစ်လာတာပါ။ ကျောက်ကပ်ကနေ ureter (ဆီးပြွန်)၊ bladder (ဆီးအိမ်) နဲ့ urethera လို့ခေါ်တဲ့  ဆီးလမ်းကြောင်းအဝအထိ ဆီးလမ်းကြောင်းတလျှောက် ဘယ်နေရာမှာမဆို ရှိနိုင်ပါတယ်။

ဘယ်အခြေအနေတွေမှာ ဆီးကျောက်တည်ခြင်း ပိုဖြစ်နိုင်သလဲ?
-ရေသောက်နည်းခြင်း
-Oxalate ပါဝင်မှုများတဲ့ အစားအသောက်များ (ဥပမါ- ချောကလက်၊ လက်ဖက်၊ စတော်ဘယ်ရီ၊ အခွံမာသီးများ)
-သွေးတွင်း ကယ်လဆီယမ်များခြင်း (သိုင်းရွိုက်နှင့် ပါရာသိုင်းရွိုက် ပြသနာရှိသူများ၊ ကင်ဆာနှင့် အခြားဆေးပညာအခြေအနေများ )
-သွေးထဲတွင် uric acid များခြင်း ( အဆစ်အမြစ်ရောင် gout ရောဂါရှိသူများ)
-မကြာခဏ ဆီးပိုးဝင်ခြင်း
-အချို့သောဆေးများ (ဥပမါ-ဆီးဆေး ၊ အကိုက်အခဲပျောက်ဆေး၊ indinavir)
- မွေးရာပါ ဆီးလမ်းကြောင်း ချို့ယွင်းချက်ရှိနေခြင်း

ဘယ်လို လက္ခဏာတွေနဲ့ တွေ့ရမှာလဲ?
အချို့သူတွေမှာ ဘာလက္ခဏာမှမပြဘဲလည်း ရှိနိုင်ပါတယ်။ တွေ့ရမယ့် ရောဂါလက္ခဏာတွေကတော့ -
(၁)ဗိုက်အောင့်ခြင်း (Renal colic)
ခါးတဝိုက်ကနေ ပေါင်အတွင်းပိုင်းအထိ အောင့်တတ်ပါတယ်။ တခါတရံ လိင်အင်္ဂါအထိတောင် ပါတတ်ပါတယ်။ ကျောက်က ဆီးလမ်းကြောင်းတလျှောက် ပိတ်မိလို့ ဖြစ်တာပါ။ ချွေးစီးပြန်ခြင်း ပျို့အန်ခြင်း ဖြူဖျော့ခြင်းတွေနဲ့ တွဲတွေ့ရတတ်ပါတယ်။ နာရီပိုင်းအထိကြာတတ်ပြီး လှဲမအိပ်နိုင်လောက်အောင်ထိ အောင့်တတ်ပါတယ်။
(၂)ဆီးထဲသွေးပါခြင်း
(၃)ဆီးအနည်ပါခြင်း
(၄)ဆီးလမ်းကြောင်းပိုးဝင်ခြင်း
(၅)ဆီးသွားနည်းခြင်း တို့ဖြစ်ပါတယ်။

ဘယ်လို စစ်ဆေးမှု တွေ လုပ်သင့်လဲ?
ဆီးကျောက် ရှိ/မရှိနဲ့ ကျောက်ရှိတဲ့တည်နေရာ ဆီးလမ်းကြောင်းပိတ်နေတာရှိ/မရှိကို ဆီးလမ်းကြောင်း တလျှောက် ဓါတ်မှန်ရိုက်စစ်ဆေးခြင်း (CT KUB or plain Xray KUB) ရိုက်ခြင်းဖြင့်သိနိုင်ပါတယ်။ ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်းဖြင့်လည်း သိနိုင်ပါတယ်။
ဆီးကျောက်တည်ရခြင်း အကြောင်းရင်းတွေ သိနိုင်ဖို့ လိုအပ်တဲ့သွေးစစ်မှုတွေ လိုနိုင်သလို ဆီးစစ်ခြင်း (Urine RE)၊ ဆီးပိုးမွေးခြင်း စတာတွေလည်း စစ်ဆေးဖို့လိုမှာပါ။

ကုသခြင်း
(၁)ရောဂါ လက္ခဏာ သက်သာအောင် ကုသခြင်း
အရင်ဆုံး Renal colic ခေါ် ဗိုက်အောင့်တာနဲ့ ပျို့အန်တာ သက်သာဖို့ အကိုက်အခဲပျောက်ဆေး နဲ့ အအန်ပျောက်ဆေး ပေးဖို့လိုမှာပါ။ ဆီးပိုးရှိတဲ့သူတွေအတွက်တော့ ပိုးသတ်ဆေးပေးဖို့လည်း လိုမှာပါ။

(၂)ဆီးကျောက်ချေခြင်း
 ဆီးကျောက် အရွယ်အစားနဲ့ တည်နေရာပေါ် မူတည်ပြီး ကုသတာလည်း ကွာခြားနိုင်ပါတယ်။ အရွယ်အစား ၅မီလီမီတာထက်သေးပြီး ဆီးလမ်းကြောင်းအောက်ပိုင်းမှာရှိရင်တော့ ရေများများသောက်ရင် သူ့အလိုလို ဆီးထဲပါသွားနိုင်ပါတယ်။Nifedipine or Tamsulosin စတဲ့ သောက်ဆေးတွေ ပေးခြင်းဖြင့်လည်း ဆီးကျောက်ကျအောင် လုပ်နိုင်ပါတယ်။ လိုအပ်ရင်တော့ ခန္ဓာကိုယ်ပြင်ပကနေ shock wave ကိုအသုံးပြုပြီး ကျောက်ချေခြင်း (ESWL)၊ ဆီးလမ်းကြောင်းထဲ မှန်ပြောင်းထည့်ပီး လေဆာဖြင့် ကျောက်ချေခြင်း၊ အရွယ်အစားကြီးတဲ့ ကျောက်တွေအတွက်တော့ ခွဲထုတ်ဖို့လိုမှာပါ။ ဆီးပိုးဝင်တာ ဆီးလမ်းကြောင်းပိတ်တာ ဆီးမသွားနိုင်တာ စတဲ့ ဆိုးရွားတဲ့ လက္ခဏာတွေ ရှိလာရင်တော့ ဒီကုသမှုတွေ လုပ်ဖို့လိုပါပီ။

ဆီးကျောက်မတည်အောင် ဘယ်လို ကာကွယ်ရမလဲ?
- ရေများများသောက်ပါ။
-အပေါ်မှာ ပြောတဲ့ oxalate များတဲ့ အစားအသောက်တွေ လျော့စားပါ။
-ဆီးပိုးဝင်ရင် သေချာကုသပါ။
-အဆစ်အမြစ်ရောင် gout ရောဂါရှိသူတွေအနေနဲ့ ဆေးပုံမှန် ကုသမှုခံယူပါ။
 

ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ဆေး (၁)

 

(  Zawgyi  )

 

 ဆီးေက်ာက္တည္ျခင္းဟာ ေတြ႕ရမ်ားတဲ့ အေျခအေနတခုပါ။ ေက်ာက္ကပ္ထဲမွာ crystals လို႔ေခၚတဲ့ အမႈန္အမႊားေလးေတြ  အနည္ထိုင္ရာကေန Urinary calculi လို႔ေခၚတဲ့ ေက်ာက္ျဖစ္လာတာပါ။ အမ်ားစုကေတာ့ calcium သို႔မဟုတ္ phosphate နဲ႔ oxalate  အျခား protein ေတြ ေပါင္းစုပီးျဖစ္လာတာပါ။ ေက်ာက္ကပ္ကေန ureter (ဆီးႁပြန္)၊ bladder (ဆီးအိမ္) နဲ႔ urethera လို႔ေခၚတဲ့  ဆီးလမ္းေၾကာင္းအဝအထိ ဆီးလမ္းေၾကာင္းတေလွ်ာက္ ဘယ္ေနရာမွာမဆို ရွိႏိုင္ပါတယ္။

ဘယ္အေျခအေနေတြမွာ ဆီးေက်ာက္တည္ျခင္း ပိုျဖစ္ႏိုင္သလဲ?
-ေရေသာက္နည္းျခင္း
-Oxalate ပါဝင္မႈမ်ားတဲ့ အစားအေသာက္မ်ား (ဥပမါ- ေခ်ာကလက္၊ လက္ဖက္၊ စေတာ္ဘယ္ရီ၊ အခြံမာသီးမ်ား)
-ေသြးတြင္း ကယ္လဆီယမ္မ်ားျခင္း (သိုင္း႐ြိဳက္ႏွင့္ ပါရာသိုင္း႐ြိဳက္ ျပသနာရွိသူမ်ား၊ ကင္ဆာႏွင့္ အျခားေဆးပညာအေျခအေနမ်ား )
-ေသြးထဲတြင္ uric acid မ်ားျခင္း ( အဆစ္အျမစ္ေရာင္ gout ေရာဂါရွိသူမ်ား)
-မၾကာခဏ ဆီးပိုးဝင္ျခင္း
-အခ်ိဳ႕ေသာေဆးမ်ား (ဥပမါ-ဆီးေဆး ၊ အကိုက္အခဲေပ်ာက္ေဆး၊ indinavir)
- ေမြးရာပါ ဆီးလမ္းေၾကာင္း ခ်ိဳ႕ယြင္းခ်က္ရွိေနျခင္း

ဘယ္လို လကၡဏာေတြနဲ႔ ေတြ႕ရမွာလဲ?
အခ်ိဳ႕သူေတြမွာ ဘာလကၡဏာမွမျပဘဲလည္း ရွိႏိုင္ပါတယ္။ ေတြ႕ရမယ့္ ေရာဂါလကၡဏာေတြကေတာ့ -
(၁)ဗိုက္ေအာင့္ျခင္း (Renal colic)
ခါးတဝိုက္ကေန ေပါင္အတြင္းပိုင္းအထိ ေအာင့္တတ္ပါတယ္။ တခါတရံ လိင္အဂၤါအထိေတာင္ ပါတတ္ပါတယ္။ ေက်ာက္က ဆီးလမ္းေၾကာင္းတေလွ်ာက္ ပိတ္မိလို႔ ျဖစ္တာပါ။ ေခြၽးစီးျပန္ျခင္း ပ်ိဳ႕အန္ျခင္း ျဖဴေဖ်ာ့ျခင္းေတြနဲ႔ တြဲေတြ႕ရတတ္ပါတယ္။ နာရီပိုင္းအထိၾကာတတ္ၿပီး လွဲမအိပ္ႏိုင္ေလာက္ေအာင္ထိ ေအာင့္တတ္ပါတယ္။
(၂)ဆီးထဲေသြးပါျခင္း
(၃)ဆီးအနည္ပါျခင္း
(၄)ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း
(၅)ဆီးသြားနည္းျခင္း တို႔ျဖစ္ပါတယ္။

ဘယ္လို စစ္ေဆးမႈ ေတြ လုပ္သင့္လဲ?
ဆီးေက်ာက္ ရွိ/မရွိနဲ႔ ေက်ာက္ရွိတဲ့တည္ေနရာ ဆီးလမ္းေၾကာင္းပိတ္ေနတာရွိ/မရွိကို ဆီးလမ္းေၾကာင္း တေလွ်ာက္ ဓါတ္မွန္႐ိုက္စစ္ေဆးျခင္း (CT KUB or plain Xray KUB) ႐ိုက္ျခင္းျဖင့္သိႏိုင္ပါတယ္။ ဝမ္းဗိုက္အာထရာေဆာင္း႐ိုက္ျခင္းျဖင့္လည္း သိႏိုင္ပါတယ္။
ဆီးေက်ာက္တည္ရျခင္း အေၾကာင္းရင္းေတြ သိႏိုင္ဖို႔ လိုအပ္တဲ့ေသြးစစ္မႈေတြ လိုႏိုင္သလို ဆီးစစ္ျခင္း (Urine RE)၊ ဆီးပိုးေမြးျခင္း စတာေတြလည္း စစ္ေဆးဖို႔လိုမွာပါ။

ကုသျခင္း
(၁)ေရာဂါ လကၡဏာ သက္သာေအာင္ ကုသျခင္း
အရင္ဆုံး Renal colic ေခၚ ဗိုက္ေအာင့္တာနဲ႔ ပ်ိဳ႕အန္တာ သက္သာဖို႔ အကိုက္အခဲေပ်ာက္ေဆး နဲ႔ အအန္ေပ်ာက္ေဆး ေပးဖို႔လိုမွာပါ။ ဆီးပိုးရွိတဲ့သူေတြအတြက္ေတာ့ ပိုးသတ္ေဆးေပးဖို႔လည္း လိုမွာပါ။

(၂)ဆီးေက်ာက္ေခ်ျခင္း
 ဆီးေက်ာက္ အ႐ြယ္အစားနဲ႔ တည္ေနရာေပၚ မူတည္ၿပီး ကုသတာလည္း ကြာျခားႏိုင္ပါတယ္။ အ႐ြယ္အစား ၅မီလီမီတာထက္ေသးၿပီး ဆီးလမ္းေၾကာင္းေအာက္ပိုင္းမွာရွိရင္ေတာ့ ေရမ်ားမ်ားေသာက္ရင္ သူ႔အလိုလို ဆီးထဲပါသြားႏိုင္ပါတယ္။Nifedipine or Tamsulosin စတဲ့ ေသာက္ေဆးေတြ ေပးျခင္းျဖင့္လည္း ဆီးေက်ာက္က်ေအာင္ လုပ္ႏိုင္ပါတယ္။ လိုအပ္ရင္ေတာ့ ခႏၶာကိုယ္ျပင္ပကေန shock wave ကိုအသုံးျပဳၿပီး ေက်ာက္ေခ်ျခင္း (ESWL)၊ ဆီးလမ္းေၾကာင္းထဲ မွန္ေျပာင္းထည့္ပီး ေလဆာျဖင့္ ေက်ာက္ေခ်ျခင္း၊ အ႐ြယ္အစားႀကီးတဲ့ ေက်ာက္ေတြအတြက္ေတာ့ ခြဲထုတ္ဖို႔လိုမွာပါ။ ဆီးပိုးဝင္တာ ဆီးလမ္းေၾကာင္းပိတ္တာ ဆီးမသြားႏိုင္တာ စတဲ့ ဆိုး႐ြားတဲ့ လကၡဏာေတြ ရွိလာရင္ေတာ့ ဒီကုသမႈေတြ လုပ္ဖို႔လိုပါပီ။

ဆီးေက်ာက္မတည္ေအာင္ ဘယ္လို ကာကြယ္ရမလဲ?
- ေရမ်ားမ်ားေသာက္ပါ။
-အေပၚမွာ ေျပာတဲ့ oxalate မ်ားတဲ့ အစားအေသာက္ေတြ ေလ်ာ့စားပါ။
-ဆီးပိုးဝင္ရင္ ေသခ်ာကုသပါ။
-အဆစ္အျမစ္ေရာင္ gout ေရာဂါရွိသူေတြအေနနဲ႔ ေဆးပုံမွန္ ကုသမႈခံယူပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက ေဆး (၁)