【 အလှအပနှင့်ကျန်းမာရေး 】ဆီးချိုရောဂါ နှင့် လူပြောများတဲ့ HbA1c

【 အလှအပနှင့်ကျန်းမာရေး 】ဆီးချိုရောဂါ နှင့် လူပြောများတဲ့ HbA1c

မြန်မာနိုင်ငံမှာ မကူးစက်နိုင်သောရောဂါ (Non communicable diseases) အုပ်စုထဲက ဆီးချို၊ သွေးတိုး ရောဂါတွေက တော်တော်အဖြစ်များတဲ့ထဲမှာပါဝင်ပါတယ်။ အိမ်တစ်အိမ်မှာ ဆီးချို ဒါမှမဟုတ် သွေးတိုး ရောဂါရှိတဲ့သူ တစ်ယောက် လောက်တော့ ရှိကြတာများပါတယ်။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာ၊ ကျောက်ကပ်ပျက်စီးတာ စတာတွေက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်လို့ ဆီးချို ထိန်း မထိန်းသေချာ ဂရုစိုက် ဖို့လိုမှာပါ။ ခုနောက်ပိုင်း ဆီးချိုရောဂါရှင်တွေကြားမှာ HbA1c အကြောင်း လူသိများလာကြတယ်။ လက်ထိပ်သွေးဖောက်စစ်တာအပြင် HbA1c လည်း စစ်သင့်ကြောင်း အပြောများလာကြတယ်။

HbA1c ဆိုတာဘာလဲ?

HbA1c ဆိုတာ သွေးထဲမှာရှိတဲ့ glucose တွဲထားသော ဟီမိုဂလိုဘင် (Glycated Hb) အချိုးအဆ ကိုတိုင်းတာပါ။ ဟီမိုဂလိုဘင်ဆိုတာ RBC သွေးနီဥထဲမှာရှိတဲ့ Fe (Iron) ပါဝင်တဲ့ မော်လီကျူးလေးတွေပါ။ ဒီဟီမိုဂလိုဘင်မော်လီကျူးလေးတွေမှာ glucose လာတွယ်ချိတ်လိုက်ရင်တော့ Glycated Haemoglobin လို့ခေါ်ပါတယ်။

သွေးထဲမှာ သကြားဓါတ် (glucose) များလေလေ ဒီ HbA1c ပမာဏလည်း များလေလေပါ။ ဒါကြောင့် HbA1c ပမာဏကို ကြည့်ခြင်းဖြင့် သွေးတွင်းသကြားဓါတ်အနည်းအများကို သိနိုင်ပါတယ်။ ဒါ့အပြင် ဒီ HbA1c ကိုတိုင်းတာခြင်းဖြင့် လက်ရှိ သကြားဓါတ် ထိန်း မထိန်းအပြင် လွန်ခဲ့တဲ့ လပိုင်းအတွင်း သုံးလလောက်အတွင်းက သွေးတွင်း သကြားဓါတ်အခြေအနေကိုပါ သိနိုင်ပါတယ်။ (အကြောင်းရင်းကတော့ သွေးနီဥ (RBCs) လေးတွေရဲ့ သက်တမ်း တနည်းအားဖြင့် RBC လေးတွေကို ခန္ဓာကိုယ်က ဖျက်ပစ်ဖို့ ရက်ပေါင်း ၁၂၀ ကြာလို့ပါ) ဒီအချက်က sugar control ကောင်း မကောင်းစစ်ရာမှာ အသုံးဝင်ပါတယ်။ လက်ထိပ်သွေးဖောက်စစ်ခြင်းက လတ်တလော သွေးတွင်း သကြားဓါတ်အခြေအနေကိုသာ သိနိုင်တာပါ။

HbA1c ကို ဘယ်လို ယူနစ်တွေနဲ့ ဖော်ပြလဲ?

ဓါတ်ခွဲခန်းအများစုကတော့ Diabetes Control and Complications Trial (DCCT) unit ဖြစ်တဲ့ % (4%, 5%) စသည်ဖြင့် ဖော်ပြကြသည်။ ခုနောက်ပိုင်း International Federation of Clinical Chemistry and Laboratory Medicine (IFCC) က IFFC standardised HbA1c unit အဖြစ် mmol/mol နဲ့လည်း သတ်မှတ်ဖော်ပြကြတယ်။ ဒီတော့ ယူနစ်နှစ်မျိုးနဲ့ပြလေ့ရှိတယ်
- %
-mmol/mol တို့ဖြစ်တယ်။

HbA1c ရဲ့ အသုံးဝင်ပုံ

(၁) ဆီးချိုရောဂါ diagnosis သတ်မှတ်တဲ့ နေရာမှာ သုံးခြင်း
- HbA1c 48mmol/mol (6.5%) နှင့်အထက် ရှိရင် ဆီးချိုရှိပီလို့ သတ်မှတ်နိုင်ပါတယ်။
-HbA1c 42-47mmol/mol (6-6.5%) အတွင်းကိုတော့ NICE guideline အရ ဆီးချိုအကြို အဖြစ်သတ်မှတ်ပါတယ်။
(American Diabetes Association, ADA) ကတော့ 39-47mmol/mol (5.7-6.5%) နဲ့ သတ်မှတ်ပါတယ်)

(၂) လွန်ခဲ့သော လပိုင်းအတွင်း သုံးလလောက်အတွင်း ဆီးချို ထိန်း မထိန်း monitor လုပ်ခြင်း

- HbA1c  4-5.9% ကြားကို normal value အဖြစ် ဓါတ်ခွဲခန်းတော်တော်များများက သတ်မှတ်ကြပါတယ်။
-အကြမ်းဖျင်း 7% အောက်ဆိုရင်တော့ ဆီးချို control ရတယ် ပြောနိုင်ပါတယ်
-HbA1c 8% ကျော်ရင်တော့ poor control ဆီးချို မထိန်းဘူး ပြောရမှာပါ
(တန်ဖိုးတွေက ဆီးချိုဖြစ်တဲ့ ကာလနဲ့ ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး အနည်းငယ်ကွာခြားနိုင်တယ်)

သတိပြုရန်မှာ-
- သွေးအားနည်းနေတဲ့ သူနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ HbA1c ပမာဏက သာမန်ထက် နည်းနေတတ်ပါတယ်။
- သွေးရောဂါ အချို့ (Haemoglobinopathy) ရှိတဲ့သူတွေမှာ HbA1c ကိုတိုင်းတာရန် ခက်ခဲပါတယ်။
-ဒါကြောင့် ဒီလူတွေမှာ တိုင်းတာရင်တော့ သတိပြုဖို့လိုမှာပါ။
 

ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက ဆေး(၁)

 

(  Zawgyi  )

 

ျမန္မာႏိုင္ငံမွာ မကူးစက္ႏိုင္ေသာေရာဂါ (Non communicable diseases) အုပ္စုထဲက ဆီးခ်ိဳ၊ ေသြးတိုး ေရာဂါေတြက ေတာ္ေတာ္အျဖစ္မ်ားတဲ့ထဲမွာပါဝင္ပါတယ္။ အိမ္တစ္အိမ္မွာ ဆီးခ်ိဳ ဒါမွမဟုတ္ ေသြးတိုး ေရာဂါရွိတဲ့သူ တစ္ေယာက္ ေလာက္ေတာ့ ရွိၾကတာမ်ားပါတယ္။ ဆီးခ်ိဳေရာဂါရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္တဲ့ ႏွလုံးေသြးေၾကာက်ဥ္းတာ၊ ေလျဖတ္တာ၊ ေက်ာက္ကပ္ပ်က္စီးတာ စတာေတြက အသက္ဆုံးရႈံးသည္အထိ ျဖစ္ႏိုင္လို႔ ဆီးခ်ိဳ ထိန္း မထိန္းေသခ်ာ ဂ႐ုစိုက္ ဖို႔လိုမွာပါ။ ခုေနာက္ပိုင္း ဆီးခ်ိဳေရာဂါရွင္ေတြၾကားမွာ HbA1c အေၾကာင္း လူသိမ်ားလာၾကတယ္။ လက္ထိပ္ေသြးေဖာက္စစ္တာအျပင္ HbA1c လည္း စစ္သင့္ေၾကာင္း အေျပာမ်ားလာၾကတယ္။

HbA1c ဆိုတာဘာလဲ?

HbA1c ဆိုတာ ေသြးထဲမွာရွိတဲ့ glucose တြဲထားေသာ ဟီမိုဂလိုဘင္ (Glycated Hb) အခ်ိဳးအဆ ကိုတိုင္းတာပါ။ ဟီမိုဂလိုဘင္ဆိုတာ RBC ေသြးနီဥထဲမွာရွိတဲ့ Fe (Iron) ပါဝင္တဲ့ ေမာ္လီက်ဴးေလးေတြပါ။ ဒီဟီမိုဂလိုဘင္ေမာ္လီက်ဴးေလးေတြမွာ glucose လာတြယ္ခ်ိတ္လိုက္ရင္ေတာ့ Glycated Haemoglobin လို႔ေခၚပါတယ္။

ေသြးထဲမွာ သၾကားဓါတ္ (glucose) မ်ားေလေလ ဒီ HbA1c ပမာဏလည္း မ်ားေလေလပါ။ ဒါေၾကာင့္ HbA1c ပမာဏကို ၾကည့္ျခင္းျဖင့္ ေသြးတြင္းသၾကားဓါတ္အနည္းအမ်ားကို သိႏိုင္ပါတယ္။ ဒါ့အျပင္ ဒီ HbA1c ကိုတိုင္းတာျခင္းျဖင့္ လက္ရွိ သၾကားဓါတ္ ထိန္း မထိန္းအျပင္ လြန္ခဲ့တဲ့ လပိုင္းအတြင္း သုံးလေလာက္အတြင္းက ေသြးတြင္း သၾကားဓါတ္အေျခအေနကိုပါ သိႏိုင္ပါတယ္။ (အေၾကာင္းရင္းကေတာ့ ေသြးနီဥ (RBCs) ေလးေတြရဲ႕ သက္တမ္း တနည္းအားျဖင့္ RBC ေလးေတြကို ခႏၶာကိုယ္က ဖ်က္ပစ္ဖို႔ ရက္ေပါင္း ၁၂၀ ၾကာလို႔ပါ) ဒီအခ်က္က sugar control ေကာင္း မေကာင္းစစ္ရာမွာ အသုံးဝင္ပါတယ္။ လက္ထိပ္ေသြးေဖာက္စစ္ျခင္းက လတ္တေလာ ေသြးတြင္း သၾကားဓါတ္အေျခအေနကိုသာ သိႏိုင္တာပါ။

HbA1c ကို ဘယ္လို ယူနစ္ေတြနဲ႔ ေဖာ္ျပလဲ?

ဓါတ္ခြဲခန္းအမ်ားစုကေတာ့ Diabetes Control and Complications Trial (DCCT) unit ျဖစ္တဲ့ % (4%, 5%) စသည္ျဖင့္ ေဖာ္ျပၾကသည္။ ခုေနာက္ပိုင္း International Federation of Clinical Chemistry and Laboratory Medicine (IFCC) က IFFC standardised HbA1c unit အျဖစ္ mmol/mol နဲ႔လည္း သတ္မွတ္ေဖာ္ျပၾကတယ္။ ဒီေတာ့ ယူနစ္ႏွစ္မ်ိဳးနဲ႔ျပေလ့ရွိတယ္
- %
-mmol/mol တို႔ျဖစ္တယ္။

HbA1c ရဲ႕ အသုံးဝင္ပုံ

(၁) ဆီးခ်ိဳေရာဂါ diagnosis သတ္မွတ္တဲ့ ေနရာမွာ သုံးျခင္း
- HbA1c 48mmol/mol (6.5%) ႏွင့္အထက္ ရွိရင္ ဆီးခ်ိဳရွိပီလို႔ သတ္မွတ္ႏိုင္ပါတယ္။
-HbA1c 42-47mmol/mol (6-6.5%) အတြင္းကိုေတာ့ NICE guideline အရ ဆီးခ်ိဳအႀကိဳ အျဖစ္သတ္မွတ္ပါတယ္။
(American Diabetes Association, ADA) ကေတာ့ 39-47mmol/mol (5.7-6.5%) နဲ႔ သတ္မွတ္ပါတယ္)

(၂) လြန္ခဲ့ေသာ လပိုင္းအတြင္း သုံးလေလာက္အတြင္း ဆီးခ်ိဳ ထိန္း မထိန္း monitor လုပ္ျခင္း

- HbA1c  4-5.9% ၾကားကို normal value အျဖစ္ ဓါတ္ခြဲခန္းေတာ္ေတာ္မ်ားမ်ားက သတ္မွတ္ၾကပါတယ္။
-အၾကမ္းဖ်င္း 7% ေအာက္ဆိုရင္ေတာ့ ဆီးခ်ိဳ control ရတယ္ ေျပာႏိုင္ပါတယ္
-HbA1c 8% ေက်ာ္ရင္ေတာ့ poor control ဆီးခ်ိဳ မထိန္းဘူး ေျပာရမွာပါ
(တန္ဖိုးေတြက ဆီးခ်ိဳျဖစ္တဲ့ ကာလနဲ႔ ေရာဂါျပင္းထန္မႈေပၚမူတည္ၿပီး အနည္းငယ္ကြာျခားႏိုင္တယ္)

သတိျပဳရန္မွာ-
- ေသြးအားနည္းေနတဲ့ သူနဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာေတာ့ HbA1c ပမာဏက သာမန္ထက္ နည္းေနတတ္ပါတယ္။
- ေသြးေရာဂါ အခ်ိဳ႕ (Haemoglobinopathy) ရွိတဲ့သူေတြမွာ HbA1c ကိုတိုင္းတာရန္ ခက္ခဲပါတယ္။
-ဒါေၾကာင့္ ဒီလူေတြမွာ တိုင္းတာရင္ေတာ့ သတိျပဳဖို႔လိုမွာပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက ေဆး(၁)