【 အလှအပနှင့်ကျန်းမာရေး 】နားပြည်ယိုခြင်း အကြောင်းသိကောင်းစရာ

【  အလှအပနှင့်ကျန်းမာရေး  】နားပြည်ယိုခြင်း အကြောင်းသိကောင်းစရာ

နားကိုက်တာ၊ နားထဲ ပိုးဝင်တာ လူတော်တော်များများ ကြုံတွေ့ဖူးကြပါတယ်။ ခံရလည်း တော်တော်ခက်ပါတယ်။ နားထဲက အရည်ထွက်ခြင်း၊ ပြည်ထွက်ခြင်းတွေပါရှိရင်တော့ အကြားအာရုံထိခိုက်တဲ့အထိပါ ဖြစ်နိုင်တာကြောင့် အရေးကြီးပါတယ်။ ဒီအပတ်မှာတော့ နားပြည်ယိုခြင်း ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးမှာပါ။

(၁)နားပိုးဝင်ခြင်း (Acute otitis media)
နားမှာ အပိုင်းသုံးပိုင်းရှိတဲ့အနက် အလယ်ပိုင်းဖြစ်တဲ့ middle ear မှာ ပိုးဝင်တဲ့အခါ နားပြည်ယိုခြင်းနဲ့ တွေ့ရတတ်ပါတယ်။ များသောအားဖြင့် ကလေးတွေမှာ တွေ့ရများပြီး ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စပ်ပိုး ဝင်ခြင်းကြောင့် ဖြစ်တာပါ။ ဒီလို နားထဲပိုးဝင်တဲ့အခါ ဒီလိုလက္ခဏာတွေ တွေ့ရမှာပါ-
-နားကိုက်ခြင်း
-နားထဲမှ ပြည် သို့မဟုတ် အရည်ထွက်ခြင်း
-အကြားအာရုံထိခိုက်ခြင်း
-ကိုယ်ခန္ဓာ balance မထိန်းနိုင်ခြင်း
-အဖျားတက်ခြင်း
-ပိုးဝင်ခြင်းကြောင့် နားထဲမှာ ဖိအားအလွန် တက်လာတဲ့အခါ နားစည်ပေါက်သည်အထိ ဖြစ်နိုင်ပါတယ်။
ကုသခြင်း
-သိပ်မပြင်းထန်ရင်တော့ သူ့အလိုလို ပျောက်ကင်းတတ်ပြီး လိုအပ်ရင်တော့ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေ ပေးဖို့လိုမှာပါ။ ခဏခဏပိုးဝင်တဲ့ recurrent case တွေမှာတော့ tympanostomy tubes လို့ခေါ်တဲ့ ပြွန်လေးတွေနဲ့ middle ear နားအတွင်း စုနေတဲ့ အရည်တွေကို နားစည်ကတဆင့် အပြင်ကို ထုတ်ပစ်ခြင်း ခွဲစိတ်ကုသမှုအထိ လိုနိုင်ပါတယ်။

(၂)Swimmer's ear
ဒါကတော့ နားရဲ့အပြင်ပိုင်းဖြစ်တဲ့ outer ear canal မှာ ပိုးဝင်တာပါ။ Otitis externa လို့လည်းခေါ်ပါတယ်။ နားထဲ ရေဝင်တဲ့အခါ ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ရာက ဖြစ်တာပါ။ ရေကူးတဲ့သူတွေမှာ အဖြစ်များလို့ Swimmer's ear လို့ခေါ်တာပါ။ နောက်တခုက ဂွမ်းတံလေးတွေနဲ့ နားသန့်ရှင်းရေး လုပ်ရာကနေ နားအတွင်း lining  epithelium လေးတွေ ပျက်စီးပြီးလည်း ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေမှာလည်း ပိုးဝင်လွယ်လို့ ဖြစ်နိုင်ချေများပါတယ်။ နားပြည်ယိုတာအပြင်-
-နားထဲမှာ ယားခြင်း
-နားအဝ မြင်ရတဲ့အပိုင်းမှာ ရဲခြင်း၊ ရောင်ရမ်းခြင်း၊ အသားလန်ခြင်း
-နားကိုက်ခြင်း
-နားအူခြင်း
-အဖျားတက်ခြင်း
-ပြန်ရည်ကြော အကျိတ် (Lymph nodes) လေးများကြီးခြင်း
ကုသမှုအနေနဲ့ နားထဲကို ပိုးသတ်ဆေး ear drops ထည့်ခြင်းဖြင့်သက်သာနိုင်ပါတယ်။
ဖြစ်နေစဥ်အတွင်း နားအတွင်းသို့ ရေဆေးခြင်း၊ ရေကူးခြင်း၊ ဂွမ်းတံဖြင့် နားကျစ်ခြင်း၊ နားကြပ်ဖြင့် သီချင်းနားထောင်ခြင်း ဒါတွေ ရှောင်ဖို့ လိုမှာပါ။

(၃)Cholesteatoma
နားစည်နောက်ဘက်ရှိ middle ear cavity တွင်တွေ့ရသော  ကင်ဆာမဟုတ်တဲ့ အကျိတ်ကိုခေါ်တာပါ။ တချို့မှာ မွေးရာပါ ဖြစ်နိုင်ပေမယ့် အများစုကတော့ မွေးရာပါမဟုတ်တဲ့ accquired cause ကြောင့်ဖြစ်တာများပါတယ်။ အရွယ်ကြီးလာရင်တော့ middle ear နားအတွင်းက အရိုးလေးတွေကိုပါ စားပြီး အကြားအာရုံ ထိခိုက်တာ၊ ခေါင်းမူးတာ၊ မျက်နှာကြွက်သားတွေ မလှုပ်နိုင်တာတွေအထိ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့-
-နားကိုက်ခြင်း
-နားထဲက ပြည်၊ အနံ့ဆိုးတဲ့ အရည်တွေထွက်ခြင်း
ဒီ Cholesteatoma ကတော့ သူ့အလိုလိုပျောက်ကင်းလေ့မရှိဘဲ ခွဲစိတ်ဖယ်ရှားဖို့လိုပါတယ်။ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေအတွက် ပိုးသတ်ဆေးပေးဖို့လည်း လိုမှာပါ။

(၄)Foreign object
နားထဲကို ပြင်ပက ပစ္စည်းတွေဝင်ရင်လည်း နားပြည်ယိုတတ်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ကစားရင်းကနေ အရုပ်အပိုင်းအစလေးတွေ၊ ပုတီးစေ့လေးတွေ၊ ကြယ်သီး၊ ပြောင်းဖူးစေ့၊ ဂွမ်းလုံး အင်းဆက်ပိုးမွှားလေးတွေ စတာတွေ နားထဲ ဝင်တတ်ပါတယ်။ နားအပြင်ပိုင်းနားဆိုရင်တော့ အလွယ်တကူထုတ်လို့ရနိုင်ပေမယ့် အတွင်းဘက်ရောက်ရင်တော့ ချက်ချင်းသက်ဆိုင်ရာ ဆရာဝန်ဆီ ပြသင့်ပါတယ်။

(၅)နားစည်ပေါက်ခြင်း (Rupture eardrum)
နားပိုးဝင်ရာကနေ နားထဲမှာ အရည်တွေစုမိလို့ ဖိအားများရာကနေ နားစည်ပေါက်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရတာ၊ အချွန်တခုခုနဲ့ ထိုးမိတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နားပြည်ယိုခြင်းအပြင်-
-ရုတ်တရက် အရမ်းနာခြင်း
-နားကိုက်ခြင်း
- သွေးထွက်ခြင်း
-နားအူခြင်း
-နားမကြားရခြင်း
-ခေါင်းမူးခြင်း စတာတွေပါ တွေ့ရတတ်ပါတယ်။ နားစည်ပေါက်ခြင်းက သူ့အလိုလို အနာကျက်သွားနိုင်ပေမယ့် လိုအပ်ရင်တော့ ခွဲစိတ်ပြုပြင်ဖို့ လိုမှာပါ။ နားကိုက်တာ ပိုးဝင်တာအတွက် ပိုးသတ်ဆေးနဲ့ အနာသက်သာဆေးတွေ လည်း လိုမှာပါ။

ကာကွယ်ခြင်း
နားပြည်ယိုတာ နားပိုးဝင်တာ မဖြစ်ဖို့ကတော့-
-နားထဲကို ပြင်ပ foreign objects တွေ မဝင်အောင် အထူးသဖြင့် ကလေးတွေအနီးအနားမှာ သတိထားဖို့ပါ
-ရေကူးပြီးတဲ့အခါ နားကို သေချာ ခြောက်သွေ့အောင် ထားဖို့နဲ့ နားထဲရေဝင်သွားရင်လည်း ခေါင်းကို တဖက်တချက်စီ​ ဘေးစောင်းပေးခြင်းဖြင့် ရေထုတ်ကြည့်ပါ။
-အရမ်းဆူညံလွန်းတဲ့ အသံတွေကလည်း နားစည်ပေါက်နိုင်တဲ့ အန္တရာယ်ရှိလို့ ear muffs or plugs လေးတွေနဲ့ အကာအကွယ်ယူပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။ ။

ဇီဝက ( ဆေး - ၁ )

 

(  Zawgyi  )

 

 နားကိုက္တာ၊ နားထဲ ပိုးဝင္တာ လူေတာ္ေတာ္မ်ားမ်ား ႀကဳံေတြ႕ဖူးၾကပါတယ္။ ခံရလည္း ေတာ္ေတာ္ခက္ပါတယ္။ နားထဲက အရည္ထြက္ျခင္း၊ ျပည္ထြက္ျခင္းေတြပါရွိရင္ေတာ့ အၾကားအာ႐ုံထိခိုက္တဲ့အထိပါ ျဖစ္ႏိုင္တာေၾကာင့္ အေရးႀကီးပါတယ္။ ဒီအပတ္မွာေတာ့ နားျပည္ယိုျခင္း ျဖစ္ႏိုင္တဲ့ အေၾကာင္းရင္းေတြကို ေဖာ္ျပေပးမွာပါ။

(၁)နားပိုးဝင္ျခင္း (Acute otitis media)
နားမွာ အပိုင္းသုံးပိုင္းရွိတဲ့အနက္ အလယ္ပိုင္းျဖစ္တဲ့ middle ear မွာ ပိုးဝင္တဲ့အခါ နားျပည္ယိုျခင္းနဲ႔ ေတြ႕ရတတ္ပါတယ္။ မ်ားေသာအားျဖင့္ ကေလးေတြမွာ ေတြ႕ရမ်ားၿပီး ဘက္တီးရီးယားပိုး၊ ဗိုင္းရပ္စပ္ပိုး ဝင္ျခင္းေၾကာင့္ ျဖစ္တာပါ။ ဒီလို နားထဲပိုးဝင္တဲ့အခါ ဒီလိုလကၡဏာေတြ ေတြ႕ရမွာပါ-
-နားကိုက္ျခင္း
-နားထဲမွ ျပည္ သို႔မဟုတ္ အရည္ထြက္ျခင္း
-အၾကားအာ႐ုံထိခိုက္ျခင္း
-ကိုယ္ခႏၶာ balance မထိန္းႏိုင္ျခင္း
-အဖ်ားတက္ျခင္း
-ပိုးဝင္ျခင္းေၾကာင့္ နားထဲမွာ ဖိအားအလြန္ တက္လာတဲ့အခါ နားစည္ေပါက္သည္အထိ ျဖစ္ႏိုင္ပါတယ္။
ကုသျခင္း
-သိပ္မျပင္းထန္ရင္ေတာ့ သူ႔အလိုလို ေပ်ာက္ကင္းတတ္ၿပီး လိုအပ္ရင္ေတာ့ ပိုးသတ္ေဆးနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြ ေပးဖို႔လိုမွာပါ။ ခဏခဏပိုးဝင္တဲ့ recurrent case ေတြမွာေတာ့ tympanostomy tubes လို႔ေခၚတဲ့ ႁပြန္ေလးေတြနဲ႔ middle ear နားအတြင္း စုေနတဲ့ အရည္ေတြကို နားစည္ကတဆင့္ အျပင္ကို ထုတ္ပစ္ျခင္း ခြဲစိတ္ကုသမႈအထိ လိုႏိုင္ပါတယ္။

(၂)Swimmer's ear
ဒါကေတာ့ နားရဲ႕အျပင္ပိုင္းျဖစ္တဲ့ outer ear canal မွာ ပိုးဝင္တာပါ။ Otitis externa လို႔လည္းေခၚပါတယ္။ နားထဲ ေရဝင္တဲ့အခါ ဘက္တီးရီးယားနဲ႔ မႈိေတြ ေပါက္ရာက ျဖစ္တာပါ။ ေရကူးတဲ့သူေတြမွာ အျဖစ္မ်ားလို႔ Swimmer's ear လို႔ေခၚတာပါ။ ေနာက္တခုက ဂြမ္းတံေလးေတြနဲ႔ နားသန္႔ရွင္းေရး လုပ္ရာကေန နားအတြင္း lining  epithelium ေလးေတြ ပ်က္စီးၿပီးလည္း ျဖစ္တတ္ပါတယ္။ ဆီးခ်ိဳေရာဂါရွိတဲ့သူေတြမွာလည္း ပိုးဝင္လြယ္လို႔ ျဖစ္ႏိုင္ေခ်မ်ားပါတယ္။ နားျပည္ယိုတာအျပင္-
-နားထဲမွာ ယားျခင္း
-နားအဝ ျမင္ရတဲ့အပိုင္းမွာ ရဲျခင္း၊ ေရာင္ရမ္းျခင္း၊ အသားလန္ျခင္း
-နားကိုက္ျခင္း
-နားအူျခင္း
-အဖ်ားတက္ျခင္း
-ျပန္ရည္ေၾကာ အက်ိတ္ (Lymph nodes) ေလးမ်ားႀကီးျခင္း
ကုသမႈအေနနဲ႔ နားထဲကို ပိုးသတ္ေဆး ear drops ထည့္ျခင္းျဖင့္သက္သာႏိုင္ပါတယ္။
ျဖစ္ေနစဥ္အတြင္း နားအတြင္းသို႔ ေရေဆးျခင္း၊ ေရကူးျခင္း၊ ဂြမ္းတံျဖင့္ နားက်စ္ျခင္း၊ နားၾကပ္ျဖင့္ သီခ်င္းနားေထာင္ျခင္း ဒါေတြ ေရွာင္ဖို႔ လိုမွာပါ။

(၃)Cholesteatoma
နားစည္ေနာက္ဘက္ရွိ middle ear cavity တြင္ေတြ႕ရေသာ  ကင္ဆာမဟုတ္တဲ့ အက်ိတ္ကိုေခၚတာပါ။ တခ်ိဳ႕မွာ ေမြးရာပါ ျဖစ္ႏိုင္ေပမယ့္ အမ်ားစုကေတာ့ ေမြးရာပါမဟုတ္တဲ့ accquired cause ေၾကာင့္ျဖစ္တာမ်ားပါတယ္။ အ႐ြယ္ႀကီးလာရင္ေတာ့ middle ear နားအတြင္းက အ႐ိုးေလးေတြကိုပါ စားၿပီး အၾကားအာ႐ုံ ထိခိုက္တာ၊ ေခါင္းမူးတာ၊ မ်က္ႏွာႂကြက္သားေတြ မလႈပ္ႏိုင္တာေတြအထိ ျဖစ္တတ္ပါတယ္။ လကၡဏာေတြကေတာ့-
-နားကိုက္ျခင္း
-နားထဲက ျပည္၊ အနံ႔ဆိုးတဲ့ အရည္ေတြထြက္ျခင္း
ဒီ Cholesteatoma ကေတာ့ သူ႔အလိုလိုေပ်ာက္ကင္းေလ့မရွိဘဲ ခြဲစိတ္ဖယ္ရွားဖို႔လိုပါတယ္။ ပိုးဝင္တာ၊ ေရာင္ရမ္းတာေတြအတြက္ ပိုးသတ္ေဆးေပးဖို႔လည္း လိုမွာပါ။

(၄)Foreign object
နားထဲကို ျပင္ပက ပစၥည္းေတြဝင္ရင္လည္း နားျပည္ယိုတတ္ပါတယ္။ အထူးသျဖင့္ ကေလးေတြမွာ ကစားရင္းကေန အ႐ုပ္အပိုင္းအစေလးေတြ၊ ပုတီးေစ့ေလးေတြ၊ ၾကယ္သီး၊ ေျပာင္းဖူးေစ့၊ ဂြမ္းလုံး အင္းဆက္ပိုးမႊားေလးေတြ စတာေတြ နားထဲ ဝင္တတ္ပါတယ္။ နားအျပင္ပိုင္းနားဆိုရင္ေတာ့ အလြယ္တကူထုတ္လို႔ရႏိုင္ေပမယ့္ အတြင္းဘက္ေရာက္ရင္ေတာ့ ခ်က္ခ်င္းသက္ဆိုင္ရာ ဆရာဝန္ဆီ ျပသင့္ပါတယ္။

(၅)နားစည္ေပါက္ျခင္း (Rupture eardrum)
နားပိုးဝင္ရာကေန နားထဲမွာ အရည္ေတြစုမိလို႔ ဖိအားမ်ားရာကေန နားစည္ေပါက္ႏိုင္ပါတယ္။ ထိခိုက္ဒဏ္ရာရတာ၊ အခြၽန္တခုခုနဲ႔ ထိုးမိတာ ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ နားျပည္ယိုျခင္းအျပင္-
-႐ုတ္တရက္ အရမ္းနာျခင္း
-နားကိုက္ျခင္း
- ေသြးထြက္ျခင္း
-နားအူျခင္း
-နားမၾကားရျခင္း
-ေခါင္းမူးျခင္း စတာေတြပါ ေတြ႕ရတတ္ပါတယ္။ နားစည္ေပါက္ျခင္းက သူ႔အလိုလို အနာက်က္သြားႏိုင္ေပမယ့္ လိုအပ္ရင္ေတာ့ ခြဲစိတ္ျပဳျပင္ဖို႔ လိုမွာပါ။ နားကိုက္တာ ပိုးဝင္တာအတြက္ ပိုးသတ္ေဆးနဲ႔ အနာသက္သာေဆးေတြ လည္း လိုမွာပါ။

ကာကြယ္ျခင္း
နားျပည္ယိုတာ နားပိုးဝင္တာ မျဖစ္ဖို႔ကေတာ့-
-နားထဲကို ျပင္ပ foreign objects ေတြ မဝင္ေအာင္ အထူးသျဖင့္ ကေလးေတြအနီးအနားမွာ သတိထားဖို႔ပါ
-ေရကူးၿပီးတဲ့အခါ နားကို ေသခ်ာ ေျခာက္ေသြ႕ေအာင္ ထားဖို႔နဲ႔ နားထဲေရဝင္သြားရင္လည္း ေခါင္းကို တဖက္တခ်က္စီ​ ေဘးေစာင္းေပးျခင္းျဖင့္ ေရထုတ္ၾကည့္ပါ။
-အရမ္းဆူညံလြန္းတဲ့ အသံေတြကလည္း နားစည္ေပါက္ႏိုင္တဲ့ အႏၲရာယ္ရွိလို႔ ear muffs or plugs ေလးေတြနဲ႔ အကာအကြယ္ယူပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။

ဇီဝက ( ေဆး - ၁ )