【 အလှအပနှင့်ကျန်းမာရေး 】နှလုံးခုန် စည်းချက်မမှန်ခြင်း (Atrial fibrillation) အ‌ကြောင်း တစေ့တစောင်း

【 အလှအပနှင့်ကျန်းမာရေး  】နှလုံးခုန် စည်းချက်မမှန်ခြင်း (Atrial fibrillation) အ‌ကြောင်း တစေ့တစောင်း

Atrial fibrillation ခေါ် နှလုံးခုန်စည်းချက်မူမမှန်ခြင်းဟာ အသက်ကြီးတဲ့သူတွေမှာ ပိုတွေ့ရများတတ်ပါတယ်။ နှလုံးမှာ structural heart disease လို့ခေါ်တဲ့ အခံ နှလုံးရောဂါ တခုခုရှိတဲ့သူတွေမှာ တွေ့ရလေ့ရှိသည်။ နှလုံးခုန်မမှန်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ နှလုံးထဲက သွေးခဲ(emboli)ပြုတ်ထွက်ပီး အခြားနေရာမှာ ပိတ်မိရင်တော့ လေဖြတ်ခြင်းအထိ ဖြစ်နိုင်လို့ အရေးကြီးတဲ့အခြေအနေတစ်ခုပါ။

ဘာကြောင့်ဖြစ်ရတာလဲ?
နှလုံးအခန်း လေးခန်းအနက်မှ အပေါ်ဘ က် Atria အခန်းနှစ်ခန်းမှာ ပုံမှန်မဟုတ်တဲ့ focus နေရာလေးတွေကနေ discharge ထွက်နေပီး atria အခန်းတွင်းမှာ re-entry circuits ပေါ်နေလို့ ဖြစ်ရတာပါ။

ဘယ်သူတွေမှာ တွေ့ရမှာလဲ?
-နှလုံးသွေးကြောကျဉ်း သွေးကြောပိတ်ဖူးတဲ့သူတွေ
- သွေးတိုးရောဂါရှိတဲ့သူတွေ
- Heart failure နှလုံးအားနည်းတဲ့သူတွေ
- နှလုံးအဆို့ရှင် ကျဉ်းခြင်း ကျယ်ခြင်း (mitral valvular disease) ရှိတဲ့သူတွေ နဲ့ အခြား နှလုံး မှာ ပြသနာရှိတဲ့သူတွေ
- Hyperthyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း များတဲ့သူတွေ မှာတွေ့ရလေ့ရှိသလို caffeine (ကော်ဖီ) ၊ အရက် စတာတွေနဲ့ ခန္ဓာကိုယ်တွင်း ဓါတ်ဆားဓါတ်တွေ မညီမမျှဖြစ်ခြင်း စတာတွေကလည်း ဖြစ်စေနိုင်ပါတယ်။ တခါတရံ အကြောင်းရင်း ရှာမတွေ့ဘဲ ဖြစ်ရင်တော့ lone AF လို့ခေါ်နိုင်ပါတယ်။

ဘယ်လို သတိပြုမိမှာလဲ?
Palpitations လို့ခေါ်တဲ့ ရင်တုန်တယ် လို့ပဲသတိပြုမိမှာပါ။ Pulse သွေးခုန်နှုန်းစမ်းကြည့်ရင်တော့ သာမန်ထက် မြန်နေတဲ့အပြင် စည်းချက်မမှန်တာလည်း သတိပြုမိမှာပါ။ (သာမန်လူတွေရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ ၆၀ ကနေ ၁၀၀ အတွင်း ဖြစ်ပါတယ်) ဒါ့အပြင် ရင်ဘတ်အောင့်တာ မောတာ မူးလဲတာ ဒီလက္ခဏာတွေနဲ့လည်း လာနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း
နှလုံး ECG ဆွဲ ကြည့်ရင်တော့ P wave မရှိဘဲ QRS complex တွေ တခုနဲ့တခု အကွာအဝေးမညီတာ တွေ့ရမှာပါ။ ဒါ့အပြင် ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖို့ Echo စစ်ဆေးခြင်း၊ FBC, နှလုံး သွေးကြောပိတိခြင်းအတွက် အင်ဇိုင်းစစ်ဆေးခြင်း သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း စတဲ့ သွေးစစ်ဆေးမှုတွေလည်း လိုမှာပါ။

ကုသခြင်း
ဖြစ်တဲ့ ကြာချိန်နဲ့ နှလုံးရောဂါ အခံ ရှိမရှိပေါ်မူတည်ပြီး ကုသမှုတွေလည်း ကွာခြားနိုင်ပါတယ်။

နှလုံးခုန်စည်းချက်မမှန်ခြင်းအတွက် ကုသခြင်း (Rhythm control)
DC cardioversion (စက်ဖြင့် နှလုံးနှိုးဆွခြင်း) သို့မဟုတ် amiodarone flecainide စတဲ့ ဆေးတွေနဲ့ ကုသခြင်းဆိုပီး နှစ်မျိုးရှိပါတယ်။ DC cardioversion လုပ်ဖို့ဆိုရင်တော့ နှလုံးထဲမှာ သွေးခဲရှိမရှိ echo အရင်ရိုက်ကြည့်ဖို့ လိုမှာပါ။

နှလုံးခုန်နှုန်းမြန်ခြင်းအတွက် ကုသခြင်း (Rate control)
Beta blockers rate, limiting Ca channel blockers စတဲ့ဆေးတွေနဲ့ ထိန်းမှာပါ။ မရခဲ့ရင်တော့ digoxin amiodarone စတဲ့ဆေးတွေနဲ့ ထိန်းနိုင်ပါတယ်။

Anticoagulation ( သွေးကျဲဆေးပေးခြင်း)
Atrial fibrillation ရှိတဲ့သူတွေဟာ သွေးခဲ emboli ဖြစ်နိုင်ချေများတဲ့အတွက် သွေးကျဲဆေးပေးခြင်း anticoagulation ဟာ အရေးကြီးပါတယ်။ ဒါ့အပြင် DC cardioversion လုပ်မယ့်လူတွေမှာလည်း ကြိုပေးထားဖို့လိုပါတယ်။ SC Heparin (အရေပြားအောက် ဆေးထိုးခြင်း) သို့မဟုတ် warfarin သောက်ဆေးပေးခြင်း လုပ်နိုင်ပါတယ်။

Paroxysmal AF လို့ခေါ်တဲ့ တခါတရံမှ နှလုံးခုန် မူမမှန်တဲ့သူတွေမှာတော့( Pills in the pocket) sotalol or flecainide ကို ဖြစ်တဲ့အချိန်သောက်ဖို့ ဆောင်ထားဖို့လိုမှာပါ။
ကျန်းမာပျော်ရွှင်ကြပါစေ။

 

ဇီဝက ( ဆေး-၁ )

 

(  Zawgyi  )

 

 Atrial fibrillation ေခၚ ႏွလုံးခုန္စည္းခ်က္မူမမွန္ျခင္းဟာ အသက္ႀကီးတဲ့သူေတြမွာ ပိုေတြ႕ရမ်ားတတ္ပါတယ္။ ႏွလုံးမွာ structural heart disease လို႔ေခၚတဲ့ အခံ ႏွလုံးေရာဂါ တခုခုရွိတဲ့သူေတြမွာ ေတြ႕ရေလ့ရွိသည္။ ႏွလုံးခုန္မမွန္ျခင္းေၾကာင့္ ေနာက္ဆက္တြဲအေနနဲ႔ ႏွလုံးထဲက ေသြးခဲ(emboli)ျပဳတ္ထြက္ပီး အျခားေနရာမွာ ပိတ္မိရင္ေတာ့ ေလျဖတ္ျခင္းအထိ ျဖစ္ႏိုင္လို႔ အေရးႀကီးတဲ့အေျခအေနတစ္ခုပါ။

ဘာေၾကာင့္ျဖစ္ရတာလဲ?
ႏွလုံးအခန္း ေလးခန္းအနက္မွ အေပၚဘ က္ Atria အခန္းႏွစ္ခန္းမွာ ပုံမွန္မဟုတ္တဲ့ focus ေနရာေလးေတြကေန discharge ထြက္ေနပီး atria အခန္းတြင္းမွာ re-entry circuits ေပၚေနလို႔ ျဖစ္ရတာပါ။

ဘယ္သူေတြမွာ ေတြ႕ရမွာလဲ?
-ႏွလုံးေသြးေၾကာက်ဥ္း ေသြးေၾကာပိတ္ဖူးတဲ့သူေတြ
- ေသြးတိုးေရာဂါရွိတဲ့သူေတြ
- Heart failure ႏွလုံးအားနည္းတဲ့သူေတြ
- ႏွလုံးအဆို႔ရွင္ က်ဥ္းျခင္း က်ယ္ျခင္း (mitral valvular disease) ရွိတဲ့သူေတြ နဲ႔ အျခား ႏွလုံး မွာ ျပသနာရွိတဲ့သူေတြ
- Hyperthyroidism လို႔ေခၚတဲ့ သိုင္း႐ြိဳက္ေဟာ္မုန္း မ်ားတဲ့သူေတြ မွာေတြ႕ရေလ့ရွိသလို caffeine (ေကာ္ဖီ) ၊ အရက္ စတာေတြနဲ႔ ခႏၶာကိုယ္တြင္း ဓါတ္ဆားဓါတ္ေတြ မညီမမွ်ျဖစ္ျခင္း စတာေတြကလည္း ျဖစ္ေစႏိုင္ပါတယ္။ တခါတရံ အေၾကာင္းရင္း ရွာမေတြ႕ဘဲ ျဖစ္ရင္ေတာ့ lone AF လို႔ေခၚႏိုင္ပါတယ္။

ဘယ္လို သတိျပဳမိမွာလဲ?
Palpitations လို႔ေခၚတဲ့ ရင္တုန္တယ္ လို႔ပဲသတိျပဳမိမွာပါ။ Pulse ေသြးခုန္ႏႈန္းစမ္းၾကည့္ရင္ေတာ့ သာမန္ထက္ ျမန္ေနတဲ့အျပင္ စည္းခ်က္မမွန္တာလည္း သတိျပဳမိမွာပါ။ (သာမန္လူေတြရဲ႕ ႏွလုံးခုန္ႏႈန္းဟာ တစ္မိနစ္မွာ ၆၀ ကေန ၁၀၀ အတြင္း ျဖစ္ပါတယ္) ဒါ့အျပင္ ရင္ဘတ္ေအာင့္တာ ေမာတာ မူးလဲတာ ဒီလကၡဏာေတြနဲ႔လည္း လာႏိုင္ပါတယ္။

စမ္းသပ္စစ္ေဆးျခင္း
ႏွလုံး ECG ဆြဲ ၾကည့္ရင္ေတာ့ P wave မရွိဘဲ QRS complex ေတြ တခုနဲ႔တခု အကြာအေဝးမညီတာ ေတြ႕ရမွာပါ။ ဒါ့အျပင္ ျဖစ္ရတဲ့အေၾကာင္းရင္းကို ရွာဖို႔ Echo စစ္ေဆးျခင္း၊ FBC, ႏွလုံး ေသြးေၾကာပိတိျခင္းအတြက္ အင္ဇိုင္းစစ္ေဆးျခင္း သိုင္း႐ြိဳက္ေဟာ္မုန္း စစ္ေဆးျခင္း စတဲ့ ေသြးစစ္ေဆးမႈေတြလည္း လိုမွာပါ။

ကုသျခင္း
ျဖစ္တဲ့ ၾကာခ်ိန္နဲ႔ ႏွလုံးေရာဂါ အခံ ရွိမရွိေပၚမူတည္ၿပီး ကုသမႈေတြလည္း ကြာျခားႏိုင္ပါတယ္။

ႏွလုံးခုန္စည္းခ်က္မမွန္ျခင္းအတြက္ ကုသျခင္း (Rhythm control)
DC cardioversion (စက္ျဖင့္ ႏွလုံးႏႈိးဆြျခင္း) သို႔မဟုတ္ amiodarone flecainide စတဲ့ ေဆးေတြနဲ႔ ကုသျခင္းဆိုပီး ႏွစ္မ်ိဳးရွိပါတယ္။ DC cardioversion လုပ္ဖို႔ဆိုရင္ေတာ့ ႏွလုံးထဲမွာ ေသြးခဲရွိမရွိ echo အရင္႐ိုက္ၾကည့္ဖို႔ လိုမွာပါ။

ႏွလုံးခုန္ႏႈန္းျမန္ျခင္းအတြက္ ကုသျခင္း (Rate control)
Beta blockers rate, limiting Ca channel blockers စတဲ့ေဆးေတြနဲ႔ ထိန္းမွာပါ။ မရခဲ့ရင္ေတာ့ digoxin amiodarone စတဲ့ေဆးေတြနဲ႔ ထိန္းႏိုင္ပါတယ္။

Anticoagulation ( ေသြးက်ဲေဆးေပးျခင္း)
Atrial fibrillation ရွိတဲ့သူေတြဟာ ေသြးခဲ emboli ျဖစ္ႏိုင္ေခ်မ်ားတဲ့အတြက္ ေသြးက်ဲေဆးေပးျခင္း anticoagulation ဟာ အေရးႀကီးပါတယ္။ ဒါ့အျပင္ DC cardioversion လုပ္မယ့္လူေတြမွာလည္း ႀကိဳေပးထားဖို႔လိုပါတယ္။ SC Heparin (အေရျပားေအာက္ ေဆးထိုးျခင္း) သို႔မဟုတ္ warfarin ေသာက္ေဆးေပးျခင္း လုပ္ႏိုင္ပါတယ္။

Paroxysmal AF လို႔ေခၚတဲ့ တခါတရံမွ ႏွလုံးခုန္ မူမမွန္တဲ့သူေတြမွာေတာ့( Pills in the pocket) sotalol or flecainide ကို ျဖစ္တဲ့အခ်ိန္ေသာက္ဖို႔ ေဆာင္ထားဖို႔လိုမွာပါ။
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ဇီဝက ( ေဆး-၁ )