【 အလှအပနှင့်ကျန်းမာရေး 】မျက်ကွင်းညို ခြင်းအကြောင်းတစေ့တစောင်း

【 အလှအပနှင့်ကျန်းမာရေး  】မျက်ကွင်းညို ခြင်းအကြောင်းတစေ့တစောင်း

မျက်ကွင်းညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။မျက်လုံးပတ်ပတ်လည်မှာ ရှိတဲ့ ဆံချည်မျှင် သွေးကြောလေးတွေထဲက ဟေမိုဂလိုဘင် (Hemoglobin) များပျက်စီးဆုံးရှုံးခြင်းကြောင့်  မျက်ကွင်းညိုလာရခြင်းဖြစ်ပါတယ်။

မျက်ကွင်းညိုခြင်းကို အောက်ပါအကြောင်းအရာများကြောင့် ဖြစ်စေနိုင်ပါတယ်။
၁) အိပ်ရေးပျက်တဲ့အခါ မျက်ကွင်းညိုလာတတ်ပါတယ်။ မျက်လုံးအောက်မှာ ဖောင်းလာပြီး မျက်လုံးအစ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။

၂) အလင်းရောင်စူးတဲ့ တီဗီ၊ ဖုန်းတို့ ကြည့်တာများလာရင် မျက်လုံးနားက သွေးကြောတွေ ရောင်ရမ်းတာဖြစ်စေလို့ မျက်ကွင်းညိုတတ်ပါတယ်။

၃)ရေဓာတ်ခမ်းခြောက်ခြင်းကလဲ မျက်ကွင်းညို ခြင်းရဲ့ အကြောင်းတခုပါ။ ရေများများ သောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။

၄)အသက်ကြီးလာတဲ့အခါ မျက်လုံးအောက်က အရေပြားတင်းရင်းမှု၊ အဆီဓာတ် လျော့နည်းလာခြင်းကြောင့် မျက်ကွင်းညို လာတတ်ပါတယ်။

၅) နေရောင်ထိတွေ့မှုများလာတဲ့ အခါ မျက်နှာ အပါအဝင် မျက်လုံးတစ်ဝိုက်အရေပြားလေးတွေက နေလောင်ပြီး Melanin ဆိုတဲ့ ရောင်ခြယ်ပစ္စည်းထုတ်တဲ့အခါ မျက်ကွင်းညို လာပါတယ်။

၆) နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း၊စိတ်ဖိစီးမှုများခြင်း ကြောင့်လဲ မျက်ကွင်းညို လာတတ်ပါတယ်။

၇)မိသားစု မျိုးရိုးအရ မျက်ကွင်းညိုမယ်ဆိုရင် မိမိမှာလည်း မျက်ကွင်းညိုနိုင်ပါတယ်။

မျက်နှာတွင်ဖြစ်ပေါ်နေခြင်းကြောင့်သာ အလှအပအတွက် စိတ်ရှုပ်စရာဖြစ်ပေမယ့် မျက်ကွင်းညို ခြင်းကို သက်သာစေဖို့အတွက် နည်းလမ်းလေးတွေလည်းရှိပါတယ်။

- အိပ်ရေးဝဝအိပ်ပါ။ နေ့စဉ်ရက်ဆက် အိပ်ရေးပျက်ခြင်းကြောင့်လည်း မျက်တွင်းချိုင့်ပြီး မျက်ကွင်းညိုသကဲ့သို့ဖြစ်ပေါ်စေ တတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေးဝဝ အိပ်ဖို့လည်း လိုအပ်လှပါတယ်။
- အရည်ရွှမ်းသောအသီးအနှံ၊လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို များများစားပေးပါ။
- ရေများများသောက်ပါ။အသားအရေကို စိုပြေစေပါတယ်။
- အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပါ။ မျက်စိကို နေရောင်နှင့် တိုက်ရိုက်မထိတွေ့ပါစေနှင့်။
- စိတ်ဖိစီးမှုကင်းဝေးပါစေ။
- သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးတစ်ဝိုက်၁၅မိနစ်ခန့်နေ့စဉ်ကပ်ပေးပါ။
-သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာ ပွတ်လိမ်းပေးပါ။
-Vitamin E ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။
-Chemical Peeling( ဓာတုပစ္စည်းနဲ့ အရေပြား သန့်စင်ပေးခြင်း) ၊လေဆာနဲ့ မျက်ကွင်းညိုသက်သာအောင်ကုသခြင်းတို့လဲပြု လုပ်နိုင်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက  ( ဆေး -၁ )

(  Zawgyi  )

 မ်က္ကြင္းညိဳျခင္းဟာ တကယ္ေတာ့ ေရာဂါတစ္ခုမဟုတ္ပါဘူး။မ်က္လုံးပတ္ပတ္လည္မွာ ရွိတဲ့ ဆံခ်ည္မွ်င္ ေသြးေၾကာေလးေတြထဲက ေဟမိုဂလိုဘင္ (Hemoglobin) မ်ားပ်က္စီးဆုံးရႈံးျခင္းေၾကာင့္  မ်က္ကြင္းညိဳလာရျခင္းျဖစ္ပါတယ္။

မ်က္ကြင္းညိဳျခင္းကို ေအာက္ပါအေၾကာင္းအရာမ်ားေၾကာင့္ ျဖစ္ေစႏိုင္ပါတယ္။
၁) အိပ္ေရးပ်က္တဲ့အခါ မ်က္ကြင္းညိဳလာတတ္ပါတယ္။ မ်က္လုံးေအာက္မွာ ေဖာင္းလာၿပီး မ်က္လုံးအစ္တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။

၂) အလင္းေရာင္စူးတဲ့ တီဗီ၊ ဖုန္းတို႔ ၾကည့္တာမ်ားလာရင္ မ်က္လုံးနားက ေသြးေၾကာေတြ ေရာင္ရမ္းတာျဖစ္ေစလို႔ မ်က္ကြင္းညိဳတတ္ပါတယ္။

၃)ေရဓာတ္ခမ္းေျခာက္ျခင္းကလဲ မ်က္ကြင္းညိဳ ျခင္းရဲ႕ အေၾကာင္းတခုပါ။ ေရမ်ားမ်ား ေသာက္ျခင္းျဖင့္ အသားအေရကို စိုေျပေစပါတယ္။

၄)အသက္ႀကီးလာတဲ့အခါ မ်က္လုံးေအာက္က အေရျပားတင္းရင္းမႈ၊ အဆီဓာတ္ ေလ်ာ့နည္းလာျခင္းေၾကာင့္ မ်က္ကြင္းညိဳ လာတတ္ပါတယ္။

၅) ေနေရာင္ထိေတြ႕မႈမ်ားလာတဲ့ အခါ မ်က္ႏွာ အပါအဝင္ မ်က္လုံးတစ္ဝိုက္အေရျပားေလးေတြက ေနေလာင္ၿပီး Melanin ဆိုတဲ့ ေရာင္ျခယ္ပစၥည္းထုတ္တဲ့အခါ မ်က္ကြင္းညိဳ လာပါတယ္။

၆) ေန႔စဥ္ရက္ဆက္ ပင္ပန္းႏြမ္းနယ္ျခင္း၊စိတ္ဖိစီးမႈမ်ားျခင္း ေၾကာင့္လဲ မ်က္ကြင္းညိဳ လာတတ္ပါတယ္။

၇)မိသားစု မ်ိဳး႐ိုးအရ မ်က္ကြင္းညိဳမယ္ဆိုရင္ မိမိမွာလည္း မ်က္ကြင္းညိဳႏိုင္ပါတယ္။

မ်က္ႏွာတြင္ျဖစ္ေပၚေနျခင္းေၾကာင့္သာ အလွအပအတြက္ စိတ္ရႈပ္စရာျဖစ္ေပမယ့္ မ်က္ကြင္းညိဳ ျခင္းကို သက္သာေစဖို႔အတြက္ နည္းလမ္းေလးေတြလည္းရွိပါတယ္။

- အိပ္ေရးဝဝအိပ္ပါ။ ေန႔စဥ္ရက္ဆက္ အိပ္ေရးပ်က္ျခင္းေၾကာင့္လည္း မ်က္တြင္းခ်ိဳင့္ၿပီး မ်က္ကြင္းညိဳသကဲ့သို႔ျဖစ္ေပၚေစ တတ္ပါတယ္။ ဒါေၾကာင့္ ပုံမွန္ အိပ္ေရးဝဝ အိပ္ဖို႔လည္း လိုအပ္လွပါတယ္။
- အရည္႐ႊမ္းေသာအသီးအႏွံ၊လတ္ဆတ္ေသာ ဟင္းသီးဟင္း႐ြက္မ်ားကို မ်ားမ်ားစားေပးပါ။
- ေရမ်ားမ်ားေသာက္ပါ။အသားအေရကို စိုေျပေစပါတယ္။
- အျပင္ထြက္ရင္ ေနကာမ်က္မွန္တပ္ပါ။ မ်က္စိကို ေနေရာင္ႏွင့္ တိုက္႐ိုက္မထိေတြ႕ပါေစႏွင့္။
- စိတ္ဖိစီးမႈကင္းေဝးပါေစ။
- သခြားသီးကို ပါးပါးလွီးၿပီး မ်က္လုံးတစ္ဝိုက္၁၅မိနစ္ခန႔္ေန႔စဥ္ကပ္ေပးပါ။
-သံလြင္ဆီကို မ်က္စိေဘးပတ္လည္တြင္ ညင္သာစြာ ပြတ္လိမ္းေပးပါ။
-Vitamin E ကဲ့သို႔ေသာ ကရင္မ္ မ်ားကိုလည္း မ်က္လုံးပတ္လည္တြင္ လိမ္းေပးႏိုင္ပါတယ္။
-Chemical Peeling( ဓာတုပစၥည္းနဲ႔ အေရျပား သန႔္စင္ေပးျခင္း) ၊ေလဆာနဲ႔ မ်က္ကြင္းညိဳသက္သာေအာင္ကုသျခင္းတို႔လဲျပဳ လုပ္ႏိုင္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက  ( ေဆး -၁ )