【 အလှအပနှင့်ကျန်းမာရေး 】လက်ကောက်ဝတ် နာ့ဗ်ကြောဖိမိခြင်း (Carpel tunnel syndrome) အကြောင်းသိကောင်းစရာ

【  အလှအပနှင့်ကျန်းမာရေး  】လက်ကောက်ဝတ် နာ့ဗ်ကြောဖိမိခြင်း  (Carpel tunnel syndrome) အကြောင်းသိကောင်းစရာ

Carpel tunnel syndrome ဆိုတာ လက်ကောက်ဝတ်မှာရှိတဲ့ median nerve လို့ခေါ်တဲ့ နာ့ဗ်ကြော ဖိမိလို့ ဖြစ်လာတဲ့ ဆေးပညာအခြေအနေတခုပါ။ Median nerve နဲ့ လက်ရဲ့ (Tendons) အရွတ် ၉ ချောင်းရယ်က လက်ကောက်ဝတ်အတွင်းက carpel tunnel ဆိုတဲ့နေရာကနေ ဖြတ်သွားကြရင်း ဖိမိတာပါ။ အထူးသဖြင့် လက်ကောက်ဝတ်ကျဉ်းသော်လည်း ယောကျာ်းလေးများမှာကဲ့သို့ အရွတ်ကြီးတဲ့ အမျိုးသမီးတွေမှာ တွေ့ရတတ်သည်။

ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -
-အဝလွန်ခြင်း
-ကိုယ်ဝန်ဆောင်မိခင်များ
-ကွန်ပျူတာစာရိုက်ခြင်းနှင့် Vibrating tools တုန်ခါစေတဲ့ ပစ္စည်းများဖြင့် ကိုင်တွယ်အလုပ်လုပ်ရသူများ
-Rheumatoid Arthritis အရိုးလေးဘက်နာရှိသူများ
-သိုင်းရိုက်ဟော်မုန်းနည်းခြင်း (Myxoedema)
-Acromegaly လို့ခေါ်တဲ့ ကြီးထွားမှုဟော်မုန်းများတဲ့သူတွေ
-လက်ကို ကြာရှည်စွာ ကွေးပီး Splint စည်းထားရသူတွေ (ဥပမာ Colles splint)
-လက်ကောက်ဝတ်အတွင်းမှာ lipoma ganglioma စတဲ့ အကျတ်ရှိသူတွေ
-Amyloidosis, Sarcoidosis စတဲ့ ရောဂါရှိသူတွေ မှာ တွေ့ရတတ်ပါတယ်။

Median nerve ကလက်ရဲ့ ဘယ်နေရာတွေကို supply လုပ်နေတာလဲ?
Median nerve ဆိုတာ လက်ရဲ့ လက်မ လက်ညှိုး လက်ခလယ်နဲ့ လက်သူကြွယ်ရဲ့ တခြမ်းအထိ ထိတွေ့ခံစားမှုကို ပေးနေတဲ့ နာဗ့်ကြောတချောင်းပါ။ ဒါ့အပြင် လက်မကို အခြားလက်ချောင်းလေးတွေဆီကနေ ခွာဖို့လုပ်တဲ့နေရာမှာ ပါဝင်တဲ့ ကြွက်သား(Abductor pollicis brevis) ကိုလည်း ပေးပါတယ်။

Carpel tunnel syndrome ဖြစ်ရင် ဘယ်လိုလက္ခဏာတွေနဲ့ တွေ့ရမှာလဲ?
-လက်နဲ့ လက်မောင်းတလျှောက် ကိုက်ခြင်း (အထူးသဖြင့် ညဘက်တွေမှာ ပိုဖြစ်လေ့ရှိတယ်)
-လက်မ လက်ညှိုး လက်ခလယ် တွင် ထုံကျင်ခြင်း (အိပ်နေစဉ်ဖြစ်လေ့ရှိသဖြင့် ကုတင်ဘေးသို့ လက်ကို တွဲလောင်းချခြင်း သို့မဟုတ် ခါပေးခြင်းဖြင့် သက်သာလေ့ရှိသည်)
-လက်မအောက်ရှိ ကြွက်သားများသိမ်ခြင်း (Wasting of thenar eminence) နှင့် လက်မကို လက်ချောင်းလေးများမှ မကားနိုင်ခြင်း

ဘယ်လို စစ်ဆေးမှုတွေပြုလုပ်မလဲ?
Carpel tunnel syndrome အတွက် သီးသန့်စစ်ဆေးနိုင်တဲ့ test နှစ်ခုရှိပါတယ်။
(၁)Phalen's test - လက်ကောက်ဝတ်ကို တစ်မိနစ်ကြာ လုံးဝကွေးထားမယ်ဆိုရင် အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ တွေ့ရခြင်းဖြစ်ပါသည်။
(၂)Tinel's test - လက်ကောက်ဝတ်က နာ့ဗ်ကြောရှိတဲ့နေရာကို ခေါက်ကြည့်ရင် ကျင်တာကိုခံစားရခြင်းဖြစ်ပါတယ်။
(ဖော်ပြပါ test နှစ်ခုလုံးမှာ ရောဂါ diagnosis ကို အတိအကျတော့ မပေးနိုင်ပါ။)
-ဖော်ပြပါ Tests တွေ positive ဖြစ်ရင်တော့ ထိတဲ့နေရာနှင့် ဘယ်လောက်ဖိမိတာ ဆိုးရွားကြောင်း သိနိုင်ဖို့ နာဗ့်ကြောကို စစ်ဆေးခြင်း (Neurophysiology, Nerve conduction study and electromyography) လုပ်ကြည့်ဖို့ လိုအပ်ပါတယ်။

ကုသခြင်း
Splint စည်းခြင်း - လက်ကောက်ဝတ်ကို တဖြောင့်တည်းဖြစ်အောင် စည်းထားခြင်းဖြစ်ပါသည်။
လက်ကောက်ဝတ်သို့ စတီးရွိုက် ထိုးခြင်းကလည်း သက်သာစေပါတယ်။
ခွဲစိတ်ခြင်း (Surgery with carpel tunnel release) - ဖိမိနေတဲ့ နာဗ့်ကြောကို လွတ်သွားအောင် ခွဲစိတ်ခြင်းဖြစ်ပါသည်။

ကျန်းမာပျော်ရွှင်ကြပါစေ။

ဇီဝက ( ဆေး -၁ )
 
(  Zawgyi  )
 
 Carpel tunnel syndrome ဆိုတာ လက္ေကာက္ဝတ္မွာရွိတဲ့ median nerve လို႔ေခၚတဲ့ နာ့ဗ္ေၾကာ ဖိမိလို႔ ျဖစ္လာတဲ့ ေဆးပညာအေျခအေနတခုပါ။ Median nerve နဲ႔ လက္ရဲ႕ (Tendons) အ႐ြတ္ ၉ ေခ်ာင္းရယ္က လက္ေကာက္ဝတ္အတြင္းက carpel tunnel ဆိုတဲ့ေနရာကေန ျဖတ္သြားၾကရင္း ဖိမိတာပါ။ အထူးသျဖင့္ လက္ေကာက္ဝတ္က်ဥ္းေသာ္လည္း ေယာက်ာ္းေလးမ်ားမွာကဲ့သို႔ အ႐ြတ္ႀကီးတဲ့ အမ်ိဳးသမီးေတြမွာ ေတြ႕ရတတ္သည္။

ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကေတာ့ -
-အဝလြန္ျခင္း
-ကိုယ္ဝန္ေဆာင္မိခင္မ်ား
-ကြန္ပ်ဴတာစာ႐ိုက္ျခင္းႏွင့္ Vibrating tools တုန္ခါေစတဲ့ ပစၥည္းမ်ားျဖင့္ ကိုင္တြယ္အလုပ္လုပ္ရသူမ်ား
-Rheumatoid Arthritis အ႐ိုးေလးဘက္နာရွိသူမ်ား
-သိုင္း႐ိုက္ေဟာ္မုန္းနည္းျခင္း (Myxoedema)
-Acromegaly လို႔ေခၚတဲ့ ႀကီးထြားမႈေဟာ္မုန္းမ်ားတဲ့သူေတြ
-လက္ကို ၾကာရွည္စြာ ေကြးပီး Splint စည္းထားရသူေတြ (ဥပမာ Colles splint)
-လက္ေကာက္ဝတ္အတြင္းမွာ lipoma ganglioma စတဲ့ အက်တ္ရွိသူေတြ
-Amyloidosis, Sarcoidosis စတဲ့ ေရာဂါရွိသူေတြ မွာ ေတြ႕ရတတ္ပါတယ္။

Median nerve ကလက္ရဲ႕ ဘယ္ေနရာေတြကို supply လုပ္ေနတာလဲ?
Median nerve ဆိုတာ လက္ရဲ႕ လက္မ လက္ညႇိဳး လက္ခလယ္နဲ႔ လက္သူႂကြယ္ရဲ႕ တျခမ္းအထိ ထိေတြ႕ခံစားမႈကို ေပးေနတဲ့ နာဗ့္ေၾကာတေခ်ာင္းပါ။ ဒါ့အျပင္ လက္မကို အျခားလက္ေခ်ာင္းေလးေတြဆီကေန ခြာဖို႔လုပ္တဲ့ေနရာမွာ ပါဝင္တဲ့ ႂကြက္သား(Abductor pollicis brevis) ကိုလည္း ေပးပါတယ္။

Carpel tunnel syndrome ျဖစ္ရင္ ဘယ္လိုလကၡဏာေတြနဲ႔ ေတြ႕ရမွာလဲ?
-လက္နဲ႔ လက္ေမာင္းတေလွ်ာက္ ကိုက္ျခင္း (အထူးသျဖင့္ ညဘက္ေတြမွာ ပိုျဖစ္ေလ့ရွိတယ္)
-လက္မ လက္ညႇိဳး လက္ခလယ္ တြင္ ထုံက်င္ျခင္း (အိပ္ေနစဥ္ျဖစ္ေလ့ရွိသျဖင့္ ကုတင္ေဘးသို႔ လက္ကို တြဲေလာင္းခ်ျခင္း သို႔မဟုတ္ ခါေပးျခင္းျဖင့္ သက္သာေလ့ရွိသည္)
-လက္မေအာက္ရွိ ႂကြက္သားမ်ားသိမ္ျခင္း (Wasting of thenar eminence) ႏွင့္ လက္မကို လက္ေခ်ာင္းေလးမ်ားမွ မကားႏိုင္ျခင္း

ဘယ္လို စစ္ေဆးမႈေတြျပဳလုပ္မလဲ?
Carpel tunnel syndrome အတြက္ သီးသန႔္စစ္ေဆးႏိုင္တဲ့ test ႏွစ္ခုရွိပါတယ္။
(၁)Phalen's test - လက္ေကာက္ဝတ္ကို တစ္မိနစ္ၾကာ လုံးဝေကြးထားမယ္ဆိုရင္ အေပၚမွာ ေဖာ္ျပထားတဲ့ လကၡဏာေတြ ေတြ႕ရျခင္းျဖစ္ပါသည္။
(၂)Tinel's test - လက္ေကာက္ဝတ္က နာ့ဗ္ေၾကာရွိတဲ့ေနရာကို ေခါက္ၾကည့္ရင္ က်င္တာကိုခံစားရျခင္းျဖစ္ပါတယ္။
(ေဖာ္ျပပါ test ႏွစ္ခုလုံးမွာ ေရာဂါ diagnosis ကို အတိအက်ေတာ့ မေပးႏိုင္ပါ။)
-ေဖာ္ျပပါ Tests ေတြ positive ျဖစ္ရင္ေတာ့ ထိတဲ့ေနရာႏွင့္ ဘယ္ေလာက္ဖိမိတာ ဆိုး႐ြားေၾကာင္း သိႏိုင္ဖို႔ နာဗ့္ေၾကာကို စစ္ေဆးျခင္း (Neurophysiology, Nerve conduction study and electromyography) လုပ္ၾကည့္ဖို႔ လိုအပ္ပါတယ္။

ကုသျခင္း
Splint စည္းျခင္း - လက္ေကာက္ဝတ္ကို တေျဖာင့္တည္းျဖစ္ေအာင္ စည္းထားျခင္းျဖစ္ပါသည္။
လက္ေကာက္ဝတ္သို႔ စတီး႐ြိဳက္ ထိုးျခင္းကလည္း သက္သာေစပါတယ္။
ခြဲစိတ္ျခင္း (Surgery with carpel tunnel release) - ဖိမိေနတဲ့ နာဗ့္ေၾကာကို လြတ္သြားေအာင္ ခြဲစိတ္ျခင္းျဖစ္ပါသည္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ဇီဝက ( ေဆး -၁ )