【 အလှအပနှင့်ကျန်းမာရေး 】သတိပြုစရာ သွေးလွန်တုပ်ကွေး အန္တရာယ်အကြောင်း

【 အလှအပနှင့်ကျန်းမာရေး 】သတိပြုစရာ သွေးလွန်တုပ်ကွေး အန္တရာယ်အကြောင်း

ဒီရက်ပိုင်း COVID 19 ကြောင့် စိတ်ပူနေကြတဲ့အချိန် မေမေတို့ မေ့မထားသင့်တာကတော့ သွေးလွန်တုပ်ကွေး အန္တရာယ်ပါ။ ခုရက်ပိုင်း မိုးစရွာလာတာနဲ့ ခြင်တွေပေါက်ဖွားလာမယ်။ ဒီ (Dengue fever) လို့ခေါ်တဲ့ သွေးလွန်တုပ်ကွေးဖြစ်သူဟာ မြန်မာနိုင်ငံမှာ နှစ်စဉ် သောင်းဂဏန်း လောက်ရှိပြီး အသက်ဆုံးရှုံးသူ ရာချီရှိပါတယ်။ အခုအပတ်မှာတော့ သွေးလွန်တုပ်ကွေး ဘာကြောင့်ဖြစ်ရတာလဲ ဘယ်လိုလက္ခဏာတွေ သတိပြုရမလဲ ဆိုတာဖော်ပြပေးမှာပါ။

သွေးလွန်တုပ်ကွေး (Dengue fever) ဘာကြောင့်ဖြစ်တာလဲ?

ခြင်ကိုက်ရင် သွေးလွန်တုပ်ကွေးဖြစ်တတ်တာ လူတိုင်းသိကြပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ Dengue virus ကို သယ်ဆောင်တဲ့ Aedes (အေးဒီးစ်) ခြင်ကျား အကိုက်ခံရ ခြင်းကြောင့် ဖြစ်တာပါ။ ဒီအေးဒီးစ်ခြင်ကျားအမက သွေးလွန်တုပ်ကွေး ဖြစ်နေတဲ့ လူဆီက သွေးကို စုပ်ယူလိုက်မယ် ပြီးရင် သူ့ခန္ဓာကိုယ်ထဲမှာ ဒီ virus တွေပွားမယ် ဒီလို Dengue virus တွေသယ်ဆောင်ထားတဲ့ခြင်က နောက်လူတယောက်ဆီကိုက်တဲ့အခါ သူ့ရဲ့ တံတွေးဂလင်းထဲက saliva တံတွေးကတဆင့် ကူးစက်စေ ပါတယ်။  ဒီခြင်တွေက နေ့အချိန်မှာ အများအားဖြင့် ကိုက်လေ့ရှိပြီး ရေကြည်၊ ရေသန့်တွင် ပေါက်ပွားလေ့ရှိပါတယ်။ တနှစ်ပတ်လုံး သွေးလွန် တုပ်ကွေး ဖြစ်နိုင်ပေမယ့် မိုးရာသီမှာ ခြင်ကျားအများဆုံးပေါက်ပွားတာကြောင့် အဖြစ်များဆုံးပါ။

 c ဆိုတာဘာလဲ?

ဒီဗိုင်းရပ်စ်က Flavivirus အုပ်စုဝင်ဖြစ်ပြီး RNA virus အမျိုးအစားဖြစ်ပါတယ်။ Dengue virus က ခြင်ကိုက်ခံရတဲ့အခါ ခြင်ရဲ့ saliva ကတဆင့် ကိုက်ခံရတဲ့သူရဲ့ သွေးထဲရောက်မယ် သွေးဖြူ ဥလေးတွေထဲ ဝင်ရောက်ပီး  သွေးဖြူဥလေးတွေက ခန္ဓာကိုယ်ထဲ ပြင်ပကရောဂါပိုး တခုခု ဝင်နေတာ တုံ့ပြန်တဲ့အနေနဲ့ Cytokines, interferons စတဲ့ အချက်ပြပစ္စည်းတွေထွက်တယ်။ ဒီပစ္စည်းတွေက ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းစတဲ့ လက္ခဏာတွေဖြစ်စေတာပါ။ ဒါ့အပြင် သွေးကြောမျှင်လေး တွေရဲ့ အရည်စိမ့်ထွက်မှုအား capillary permeability တက်တာကြောင့် သွေးကြောထဲက အရည်တွေ အပြင်ထွက်မယ်။ အသည်းကိုလည်း ထိနိုင်သလို ခြင်ဆီက သွေးမွှားဥထုတ်တာလည်း နည်းစေတာကြောင့် သွေးထွက်တာတွေဖြစ်တာပါ။

Dengue virus serotypes ၅ မျိုးရှိပါတယ်။ Serotype တစ်မျိုးစီအပေါ် ခန္ဓာကိုယ်က ထွက်တဲ့ ခုခံမှုက သီးခြားဖြစ်ပီး အခြား serotype တခုအတွက် မကာကွယ်နိုင်ပါဘူး။ ဒါကြောင့်မို့ မိမိကလေး သွေးလွန်တုပ်ကွေးဖြစ်ဖူးလို့ နောက်တကြိမ် မဖြစ်နိုင်တာ မဟုတ်ပါဘူး။ နောက်တကြိမ် ခြင်ကိုက်မခံရအောင် ဂရုစိုက်သင့်ပါတယ်။
 
ဘယ်အသက်အရွယ်တွေမှာ ပိုဖြစ်တတ်လဲ?

အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အများအားဖြင့် အသက် ၅နှစ်မှ ၁၅နှစ်အတွင်း အဖြစ်များတာ တွေ့ရပြီး ကျား မ မရွေးဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာဖြစ်ခဲ့ရင်တော့ ဆီးချိုရောဂါ၊ ရင်ကြပ်ရောဂါ စတဲ့ နာတာရှည်ရောဂါရှိတဲ့သူတွေမှာ ဖြစ်ခဲ့ရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့
၁)အဖျားကြီး၍မှိန်းနေခြင်း
၂)ခန္ဓာကိုယ်မှာအနီစက် rash တွေထွက်ခြင်း၊
၃)ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊
၄)အစားအသောက်ပျက်ခြင်း၊
၅)အော့အန်ဝမ်းပျက်ခြင်း စတဲ့ လက္ခဏာမျိုးစုံနဲ့ တွေ့တတ်ပါတယ်။

ဒါ့အပြင်မိမိကလေးမှာ အောက်ပါအချက်တွေရှိရင်တော့ အန္တရာယ်လက္ခဏာတွေဖြစ်လို့ အထူးသတိပြုရမှာပါ-
-ကော်ဖီနှစ်ရောင် အန်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း
-မကြာခဏအန်ခြင်း
-ဗိုက်အောင့်ခြင်း
- နုံးခွေခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း
-အဖျားကျပေမယ့် လန်းလန်းဆန်းဆန်းမရှိခြင်း
ဒီအချက်တွေထဲက တခုခုရှိနေရင် ဆေးရုံချက်ချင်းသွားဖို့လိုပါတယ်။ သွေးလွန်တုပ်ကွေးကြောင့် သွေးလန့်ခြင်း (Dengue shock syndrome) ဖြစ်နိုင်ပါတယ်။
ကလေး အဖျားကျပြီး ပြန်ကောင်းလာတဲ့ recovery phase မှာခြေဖဝါး လက်ဖဝါးတွေကလွဲလို့ နေရာအနှံ့Dengue recovery rash တွေ့ရတတ်ပါတယ်။ယားလည်း ယားတတ်ပါတယ်။

ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေလုပ်မလဲ?

နီးစပ်ရာ ဆေးခန်းမှာ အမြန်ဆုံးပြသပြီး သွေးပေါင်ချိန်တိုင်းကိရိယာ နှင့်  (Hess test) ပြုလုပ် ခြင်း နှင့် လိုအပ်တဲ့သွေးစစ်ဆေးမှုတွေ ဖြစ်တဲ့ သွေးလွန်တုပ်ကွေး ရှိ/မရှိ (NS1Ag) စစ်ဆေးခြင်း၊ dengue virus specific antibodies (IgG, IgM) စတာတွေ စစ်ဆေးခြင်းဖြင့်လည်း သိနိုင်ပါ တယ်။

အားလုံးပဲ သွေးလွန်တုပ်ကွေး လက္ခဏာတွေအကြောင်း သိရှိပြီး သတိပြုနိုင်ကြပါစေ။

ကျန်းမာပျော်ရွှင်ကြပါစေ။

ဇီဝက (ဆေး-၁ )

(  Zawgyi  )

 ဒီရက္ပိုင္း COVID 19 ေၾကာင့္ စိတ္ပူေနၾကတဲ့အခ်ိန္ ေမေမတို႔ ေမ့မထားသင့္တာကေတာ့ ေသြးလြန္တုပ္ေကြး အႏၲရာယ္ပါ။ ခုရက္ပိုင္း မိုးစ႐ြာလာတာနဲ႔ ျခင္ေတြေပါက္ဖြားလာမယ္။ ဒီ (Dengue fever) လို႔ေခၚတဲ့ ေသြးလြန္တုပ္ေကြးျဖစ္သူဟာ ျမန္မာႏိုင္ငံမွာ ႏွစ္စဥ္ ေသာင္းဂဏန္း ေလာက္ရွိၿပီး အသက္ဆုံးရႈံးသူ ရာခ်ီရွိပါတယ္။ အခုအပတ္မွာေတာ့ ေသြးလြန္တုပ္ေကြး ဘာေၾကာင့္ျဖစ္ရတာလဲ ဘယ္လိုလကၡဏာေတြ သတိျပဳရမလဲ ဆိုတာေဖာ္ျပေပးမွာပါ။

ေသြးလြန္တုပ္ေကြး (Dengue fever) ဘာေၾကာင့္ျဖစ္တာလဲ?

ျခင္ကိုက္ရင္ ေသြးလြန္တုပ္ေကြးျဖစ္တတ္တာ လူတိုင္းသိၾကပါတယ္။ ေသြးလြန္တုပ္ေကြး ျဖစ္ေစတဲ့ Dengue virus ကို သယ္ေဆာင္တဲ့ Aedes (ေအးဒီးစ္) ျခင္က်ား အကိုက္ခံရ ျခင္းေၾကာင့္ ျဖစ္တာပါ။ ဒီေအးဒီးစ္ျခင္က်ားအမက ေသြးလြန္တုပ္ေကြး ျဖစ္ေနတဲ့ လူဆီက ေသြးကို စုပ္ယူလိုက္မယ္ ၿပီးရင္ သူ႔ခႏၶာကိုယ္ထဲမွာ ဒီ virus ေတြပြားမယ္ ဒီလို Dengue virus ေတြသယ္ေဆာင္ထားတဲ့ျခင္က ေနာက္လူတေယာက္ဆီကိုက္တဲ့အခါ သူ႔ရဲ႕ တံေတြးဂလင္းထဲက saliva တံေတြးကတဆင့္ ကူးစက္ေစ ပါတယ္။  ဒီျခင္ေတြက ေန႔အခ်ိန္မွာ အမ်ားအားျဖင့္ ကိုက္ေလ့ရွိၿပီး ေရၾကည္၊ ေရသန႔္တြင္ ေပါက္ပြားေလ့ရွိပါတယ္။ တႏွစ္ပတ္လုံး ေသြးလြန္ တုပ္ေကြး ျဖစ္ႏိုင္ေပမယ့္ မိုးရာသီမွာ ျခင္က်ားအမ်ားဆုံးေပါက္ပြားတာေၾကာင့္ အျဖစ္မ်ားဆုံးပါ။

 c ဆိုတာဘာလဲ?

ဒီဗိုင္းရပ္စ္က Flavivirus အုပ္စုဝင္ျဖစ္ၿပီး RNA virus အမ်ိဳးအစားျဖစ္ပါတယ္။ Dengue virus က ျခင္ကိုက္ခံရတဲ့အခါ ျခင္ရဲ႕ saliva ကတဆင့္ ကိုက္ခံရတဲ့သူရဲ႕ ေသြးထဲေရာက္မယ္ ေသြးျဖဴ ဥေလးေတြထဲ ဝင္ေရာက္ပီး  ေသြးျဖဴဥေလးေတြက ခႏၶာကိုယ္ထဲ ျပင္ပကေရာဂါပိုး တခုခု ဝင္ေနတာ တုံ႔ျပန္တဲ့အေနနဲ႔ Cytokines, interferons စတဲ့ အခ်က္ျပပစၥည္းေတြထြက္တယ္။ ဒီပစၥည္းေတြက ဖ်ားျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္းစတဲ့ လကၡဏာေတြျဖစ္ေစတာပါ။ ဒါ့အျပင္ ေသြးေၾကာမွ်င္ေလး ေတြရဲ႕ အရည္စိမ့္ထြက္မႈအား capillary permeability တက္တာေၾကာင့္ ေသြးေၾကာထဲက အရည္ေတြ အျပင္ထြက္မယ္။ အသည္းကိုလည္း ထိႏိုင္သလို ျခင္ဆီက ေသြးမႊားဥထုတ္တာလည္း နည္းေစတာေၾကာင့္ ေသြးထြက္တာေတြျဖစ္တာပါ။

Dengue virus serotypes ၅ မ်ိဳးရွိပါတယ္။ Serotype တစ္မ်ိဳးစီအေပၚ ခႏၶာကိုယ္က ထြက္တဲ့ ခုခံမႈက သီးျခားျဖစ္ပီး အျခား serotype တခုအတြက္ မကာကြယ္ႏိုင္ပါဘူး။ ဒါေၾကာင့္မို႔ မိမိကေလး ေသြးလြန္တုပ္ေကြးျဖစ္ဖူးလို႔ ေနာက္တႀကိမ္ မျဖစ္ႏိုင္တာ မဟုတ္ပါဘူး။ ေနာက္တႀကိမ္ ျခင္ကိုက္မခံရေအာင္ ဂ႐ုစိုက္သင့္ပါတယ္။
 
ဘယ္အသက္အ႐ြယ္ေတြမွာ ပိုျဖစ္တတ္လဲ?

အသက္အ႐ြယ္မေ႐ြးျဖစ္ႏိုင္ေပမယ့္ ကေလးေတြမွာ ပိုအျဖစ္မ်ားပါတယ္။ အမ်ားအားျဖင့္ အသက္ ၅ႏွစ္မွ ၁၅ႏွစ္အတြင္း အျဖစ္မ်ားတာ ေတြ႕ရၿပီး က်ား မ မေ႐ြးျဖစ္ႏိုင္ပါတယ္။ လူႀကီးေတြမွာျဖစ္ခဲ့ရင္ေတာ့ ဆီးခ်ိဳေရာဂါ၊ ရင္ၾကပ္ေရာဂါ စတဲ့ နာတာရွည္ေရာဂါရွိတဲ့သူေတြမွာ ျဖစ္ခဲ့ရင္ေတာ့ အသက္အႏၲရာယ္ရွိႏိုင္ပါတယ္။

ေရာဂါလကၡဏာေတြကေတာ့
၁)အဖ်ားႀကီး၍မွိန္းေနျခင္း
၂)ခႏၶာကိုယ္မွာအနီစက္ rash ေတြထြက္ျခင္း၊
၃)ေခါင္းကိုက္ျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း၊
၄)အစားအေသာက္ပ်က္ျခင္း၊
၅)ေအာ့အန္ဝမ္းပ်က္ျခင္း စတဲ့ လကၡဏာမ်ိဳးစုံနဲ႔ ေတြ႕တတ္ပါတယ္။

ဒါ့အျပင္မိမိကေလးမွာ ေအာက္ပါအခ်က္ေတြရွိရင္ေတာ့ အႏၲရာယ္လကၡဏာေတြျဖစ္လို႔ အထူးသတိျပဳရမွာပါ-
-ေကာ္ဖီႏွစ္ေရာင္ အန္ျခင္း၊ ႏွာေခါင္းေသြးလွ်ံျခင္း၊ သြားဖုံးေသြးယိုျခင္း
-မၾကာခဏအန္ျခင္း
-ဗိုက္ေအာင့္ျခင္း
- ႏုံးေခြျခင္း၊ ဂနာမၿငိမ္ျဖစ္ျခင္း
-အဖ်ားက်ေပမယ့္ လန္းလန္းဆန္းဆန္းမရွိျခင္း
ဒီအခ်က္ေတြထဲက တခုခုရွိေနရင္ ေဆး႐ုံခ်က္ခ်င္းသြားဖို႔လိုပါတယ္။ ေသြးလြန္တုပ္ေကြးေၾကာင့္ ေသြးလန႔္ျခင္း (Dengue shock syndrome) ျဖစ္ႏိုင္ပါတယ္။
ကေလး အဖ်ားက်ၿပီး ျပန္ေကာင္းလာတဲ့ recovery phase မွာေျခဖဝါး လက္ဖဝါးေတြကလြဲလို႔ ေနရာအႏွံ႔Dengue recovery rash ေတြ႕ရတတ္ပါတယ္။ယားလည္း ယားတတ္ပါတယ္။

ဘယ္လိုစမ္းသပ္စစ္ေဆးမႈေတြလုပ္မလဲ?

နီးစပ္ရာ ေဆးခန္းမွာ အျမန္ဆုံးျပသၿပီး ေသြးေပါင္ခ်ိန္တိုင္းကိရိယာ ႏွင့္  (Hess test) ျပဳလုပ္ ျခင္း ႏွင့္ လိုအပ္တဲ့ေသြးစစ္ေဆးမႈေတြ ျဖစ္တဲ့ ေသြးလြန္တုပ္ေကြး ရွိ/မရွိ (NS1Ag) စစ္ေဆးျခင္း၊ dengue virus specific antibodies (IgG, IgM) စတာေတြ စစ္ေဆးျခင္းျဖင့္လည္း သိႏိုင္ပါ တယ္။

အားလုံးပဲ ေသြးလြန္တုပ္ေကြး လကၡဏာေတြအေၾကာင္း သိရွိၿပီး သတိျပဳႏိုင္ၾကပါေစ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ဇီဝက (ေဆး-၁ )