【 အလှအပနှင့်ကျန်းမာရေး 】သံဓါတ်ချို့တဲ့ခြင်း ကြောင့်ဖြစ်တဲ့သွေးအားနည်းရောဂါ

【  အလှအပနှင့်ကျန်းမာရေး  】သံဓါတ်ချို့တဲ့ခြင်း ကြောင့်ဖြစ်တဲ့သွေးအားနည်းရောဂါ

ကျွန်တော်တို့နိုင်ငံရဲ့ စားသောက်ပုံအရ သွေးအားနည်းရောဂါကတော်တော်အဖြစ်များပါတယ်။သွေးအားနည်းတယ်ဆိုတာ သွေးထဲက ဟီမိုဂလိုဘင် ပမာဏ နည်းတာကိုခေါ်တာပါ။သွေးအားနည်းရခြင်း အကြောင်းရင်းများစွာ ရှိပါတယ်။ ဒီထဲကမှ အပေါများဆုံး အကြောင်းရင်းကတော့ သံဓါတ်ချို့တဲ့ခြင်း(Iron Deficiency Anaemia, IDA)ပါ။ မိန်းမတွေက ယောကျ်ားတွေထက် သံဓါတ်ချို့တဲ့ နိုင်ခြေ ပိုများပါတယ်။ ဘာလို့ဆို သူတို့က လစဉ် ရာသီသွေးဆင်းခြင်းဖြင့် သွေးဆုံးရှုံးမှု ရှိလို့ပါ။

သံဓါတ်ချို့တဲ့ခြင်း နှင့် သွေးအားနည်းခြင်း ဘယ်လိုဆက်စပ်လဲ?

သွေးနီဥလေးတွေကို ရိုးတွင်းခြင်ဆီကထုတ်ပေးရာမှာ လိုအပ်တဲ့ ကုန်ကြမ်းက Fe လို့ခေါ်တဲ့ သံဓါတ်ပါ။ ဒါ​ကြောင့် သံဓါတ်ချို့တဲ့ရင် သွေးအားနည်းခြင်းဖြစ်စေပါတယ်။ သံဓါတ်ချို့တဲ့လို့ သွေးအားနည်းခြင်း (IDA) ဖြစ်စေတဲ့ အကြောင်းရင်းတွေက-
(၁) Blood loss - ခန္ဓာကိုယ်တ​နေရာရာက​နေ သွေးဆုံးရှုံးတာများခြင်း
-အမျိုးသမီးများတွင် ရာသီသွေးဆင်းတာများခြင်း (menstraution)
-အူလမ်းကြောင်း တလျှောက်မှ အ​ကြောင်းအမျိုးမျိုးကြောင့် သွေးထွက်​ခြင်း (GI bleeding) ဥပမာ- သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ လိပ်ခေါင်း (piles) မှ ဝမ်းထဲသွေးပါခြင်း၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာများ
(၂)Poor diet-အစားအသောက်ချို့တဲ့ခြင်း (အထူးသဖြင့် ကလေးငယ်တွေမှာ အာဟာရချို့တဲ့ခြင်းနှင့် တွဲတတ်သည်)
(၃)Malabsorption (အူစုပ်ယူမှုအားနည်းခြင်း)
-Coeliac disease လို့ခေါ်တဲ့ ရောဂါတမျိုးမှာ တွေ့ရသည်။ သံဓါတ်ပြန်ဖြည့်ပေးသော်လည်း ရေရှည် သံဓါတ်အားနည်းခြင်း နဲ့တွဲတတ်ပါသည်။
(၄)Hookworm လို့ခေါ်တဲ့ သန်ကောင်တမျိုးကြောင့် အူလမ်းကြောင်းမှ သွေးဆုံးရှုံးခြင်း တို့ဖြစ်ပါတယ်။

 သွေးအားနည်းနေရင် ဘယ်လိုခံစားရမလဲ?
သာမန်ထက် ဖြူ ဖျော့နေခြင်း၊ နုံးခြင်း၊ မောခြင်း၊ ခေါင်းမူးခြင်း ရိပ်ကနဲဖြစ်ခြင်း၊ ရင်တုန်ခြင်း၊ အစားအသောက်ပျက်ခြင်း စတာတွေနဲ့ တွေ့ရမှာပါ။ လကြာရှည်စွာ သံဓါတ်အားနည်းနေတဲ့သူတွေမှာတော့ အပေါ်မှာပြောတဲ့ သွေးအားနည်းတဲ့ လက္ခဏာတွေအပြင် ​ကြာရှည် သံဓါတ်ချို့တဲ့လက္ခဏာတွေဖြစ်တဲ့-
-လက်သည်း ခြေသည်း ပုံပျက်ခြင်း (Koilonychia)
-နှုတ်ခမ်းထောင့်တွင် အနာဖြစ်ခြင်း (Angular cheilosis)
-လျှာရဲယံရောင်ရမ်းခြင်း (Atrophic glossitis) နှင့်
-လည်ချောင်းတွင် ပိတ်ဆို့ခြင်း အစာနင်ခြင်း ဖြစ်စေတဲ့ post cricoid web ဒါတွေနဲ့လည်း တွဲတွေ့ရမှာပါ။

သင့်မှာ သွေးအားနည်းနေကြောင်း ဘယ်လိုစစ်ဆေးသိနိုင်မလဲ?
Full Blood Count သွေးဆဲလ် ပမာဏ စစ်ကြည့်ခြင်းဖြင့် Hb လို့ခေါ်တဲ့ ဟီမိုဂလိုဘင် % နည်းနေခြင်းဖြင့် သိနိုင်ပါတယ်။
အမျိုးသားတွေမှာတော့ ဟီမိုဂလိုဘင် ပမာဏ 13.5 g/dL အောက် နဲ့ အမျိုးသမီးတွေမှာ 11.5g/dL အောက် ရှိရင် သွေးအားနည်းခြင်း (Anaemia) လို့သတ်မှတ်နိုင်ပါတယ်။
ဒါ့အပြင် သံဓါတ်ချို့တဲ့ခြင်းအတွက် Fe study လို့ခေါ်တဲ့ စစ်ဆေးမှုတခု လုပ်နိုင်ပါတယ်။

သင့်မှာ သံဓါတ်ချို့တဲ့မှုကြောင့် သွေးအားနည်းနေတာ သိတာနဲ့ ဘာကြောင့်ဖြစ်ရလဲ အကြောင်းရင်းတွေသိဖို့ ရှာသင့်ပါတယ်။
-လိပ်ခေါင်း ရှိ/မရှိ စစ်ဆေးခြင်း
-အစာအိမ်မှန်ပြောင်းကြည့်ခြင်း (OGDS)
-အူမကြီး မှန်ပြောင်းကြည့်ခြင်း (Colonoscopy)
-Coeliac serology
-ဝမ်းစစ်ခြင်း (Stool microscopy for ova) စတာတွေ ရှာသင့်ပါတယ်။

ကုသခြင်း

သံဓါတ်ချို့တဲ့ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို အရင်ရှာဖွေကုသရမှာပါ။ သံဓါတ်ပြန်လည်ဖြည့်တင်းဖို့ကတော့ ပါးစပ်ကနေပဲ သံဓါတ်သောက်ဆေး (ferrous sulfate  200mg/8h  PO) ပေးနိုင်ပါတယ်။ ဒီ သံဓါတ်ဆေးတွေက ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်မအီမလည်ဖြစ်ခြင်း၊ ဝမ်းအရောင်မည်းခြင်း စတာတွေ ဖြစ်စေတတ်ပါတယ်။  ဟီမိုဂလိုဘင် ၇% အောက် ရောက်မှ သို့မဟုတ် သွေးဆုံးရှုံးမှုများရင် နှလုံးသွေးကြောကျဉ်းရောဂါရှိရင် သွေးအားနည်း လက္ခဏာပြင်းထန်ရင်တော့  သွေးသွင်းကုသဖို့ လိုအပ်မှာပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက ( ဆေး-၁ )

(  Zawgyi  )

 ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ စားေသာက္ပုံအရ ေသြးအားနည္းေရာဂါကေတာ္ေတာ္အျဖစ္မ်ားပါတယ္။ေသြးအားနည္းတယ္ဆိုတာ ေသြးထဲက ဟီမိုဂလိုဘင္ ပမာဏ နည္းတာကိုေခၚတာပါ။ေသြးအားနည္းရျခင္း အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္။ ဒီထဲကမွ အေပါမ်ားဆုံး အေၾကာင္းရင္းကေတာ့ သံဓါတ္ခ်ိဳ႕တဲ့ျခင္း(Iron Deficiency Anaemia, IDA)ပါ။ မိန္းမေတြက ေယာက်္ားေတြထက္ သံဓါတ္ခ်ိဳ႕တဲ့ ႏိုင္ေျခ ပိုမ်ားပါတယ္။ ဘာလို႔ဆို သူတို႔က လစဥ္ ရာသီေသြးဆင္းျခင္းျဖင့္ ေသြးဆုံးရႈံးမႈ ရွိလို႔ပါ။

သံဓါတ္ခ်ိဳ႕တဲ့ျခင္း ႏွင့္ ေသြးအားနည္းျခင္း ဘယ္လိုဆက္စပ္လဲ?

ေသြးနီဥေလးေတြကို ႐ိုးတြင္းျခင္ဆီကထုတ္ေပးရာမွာ လိုအပ္တဲ့ ကုန္ၾကမ္းက Fe လို႔ေခၚတဲ့ သံဓါတ္ပါ။ ဒါ​ေၾကာင့္ သံဓါတ္ခ်ိဳ႕တဲ့ရင္ ေသြးအားနည္းျခင္းျဖစ္ေစပါတယ္။ သံဓါတ္ခ်ိဳ႕တဲ့လို႔ ေသြးအားနည္းျခင္း (IDA) ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြက-
(၁) Blood loss - ခႏၶာကိုယ္တ​ေနရာရာက​ေန ေသြးဆုံးရႈံးတာမ်ားျခင္း
-အမ်ိဳးသမီးမ်ားတြင္ ရာသီေသြးဆင္းတာမ်ားျခင္း (menstraution)
-အူလမ္းေၾကာင္း တေလွ်ာက္မွ အ​ေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသြးထြက္​ျခင္း (GI bleeding) ဥပမာ- ေသြးအန္ျခင္း၊ ဝမ္းမည္းမည္းသြားျခင္း၊ လိပ္ေခါင္း (piles) မွ ဝမ္းထဲေသြးပါျခင္း၊ အစာအိမ္အူလမ္းေၾကာင္း ကင္ဆာမ်ား
(၂)Poor diet-အစားအေသာက္ခ်ိဳ႕တဲ့ျခင္း (အထူးသျဖင့္ ကေလးငယ္ေတြမွာ အာဟာရခ်ိဳ႕တဲ့ျခင္းႏွင့္ တြဲတတ္သည္)
(၃)Malabsorption (အူစုပ္ယူမႈအားနည္းျခင္း)
-Coeliac disease လို႔ေခၚတဲ့ ေရာဂါတမ်ိဳးမွာ ေတြ႕ရသည္။ သံဓါတ္ျပန္ျဖည့္ေပးေသာ္လည္း ေရရွည္ သံဓါတ္အားနည္းျခင္း နဲ႔တြဲတတ္ပါသည္။
(၄)Hookworm လို႔ေခၚတဲ့ သန္ေကာင္တမ်ိဳးေၾကာင့္ အူလမ္းေၾကာင္းမွ ေသြးဆုံးရႈံးျခင္း တို႔ျဖစ္ပါတယ္။

 ေသြးအားနည္းေနရင္ ဘယ္လိုခံစားရမလဲ?
သာမန္ထက္ ျဖဴ ေဖ်ာ့ေနျခင္း၊ ႏုံးျခင္း၊ ေမာျခင္း၊ ေခါင္းမူးျခင္း ရိပ္ကနဲျဖစ္ျခင္း၊ ရင္တုန္ျခင္း၊ အစားအေသာက္ပ်က္ျခင္း စတာေတြနဲ႔ ေတြ႕ရမွာပါ။ လၾကာရွည္စြာ သံဓါတ္အားနည္းေနတဲ့သူေတြမွာေတာ့ အေပၚမွာေျပာတဲ့ ေသြးအားနည္းတဲ့ လကၡဏာေတြအျပင္ ​ၾကာရွည္ သံဓါတ္ခ်ိဳ႕တဲ့လကၡဏာေတြျဖစ္တဲ့-
-လက္သည္း ေျခသည္း ပုံပ်က္ျခင္း (Koilonychia)
-ႏႈတ္ခမ္းေထာင့္တြင္ အနာျဖစ္ျခင္း (Angular cheilosis)
-လွ်ာရဲယံေရာင္ရမ္းျခင္း (Atrophic glossitis) ႏွင့္
-လည္ေခ်ာင္းတြင္ ပိတ္ဆို႔ျခင္း အစာနင္ျခင္း ျဖစ္ေစတဲ့ post cricoid web ဒါေတြနဲ႔လည္း တြဲေတြ႕ရမွာပါ။

သင့္မွာ ေသြးအားနည္းေနေၾကာင္း ဘယ္လိုစစ္ေဆးသိႏိုင္မလဲ?
Full Blood Count ေသြးဆဲလ္ ပမာဏ စစ္ၾကည့္ျခင္းျဖင့္ Hb လို႔ေခၚတဲ့ ဟီမိုဂလိုဘင္ % နည္းေနျခင္းျဖင့္ သိႏိုင္ပါတယ္။
အမ်ိဳးသားေတြမွာေတာ့ ဟီမိုဂလိုဘင္ ပမာဏ 13.5 g/dL ေအာက္ နဲ႔ အမ်ိဳးသမီးေတြမွာ 11.5g/dL ေအာက္ ရွိရင္ ေသြးအားနည္းျခင္း (Anaemia) လို႔သတ္မွတ္ႏိုင္ပါတယ္။
ဒါ့အျပင္ သံဓါတ္ခ်ိဳ႕တဲ့ျခင္းအတြက္ Fe study လို႔ေခၚတဲ့ စစ္ေဆးမႈတခု လုပ္ႏိုင္ပါတယ္။

သင့္မွာ သံဓါတ္ခ်ိဳ႕တဲ့မႈေၾကာင့္ ေသြးအားနည္းေနတာ သိတာနဲ႔ ဘာေၾကာင့္ျဖစ္ရလဲ အေၾကာင္းရင္းေတြသိဖို႔ ရွာသင့္ပါတယ္။
-လိပ္ေခါင္း ရွိ/မရွိ စစ္ေဆးျခင္း
-အစာအိမ္မွန္ေျပာင္းၾကည့္ျခင္း (OGDS)
-အူမႀကီး မွန္ေျပာင္းၾကည့္ျခင္း (Colonoscopy)
-Coeliac serology
-ဝမ္းစစ္ျခင္း (Stool microscopy for ova) စတာေတြ ရွာသင့္ပါတယ္။

ကုသျခင္း

သံဓါတ္ခ်ိဳ႕တဲ့ျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကို အရင္ရွာေဖြကုသရမွာပါ။ သံဓါတ္ျပန္လည္ျဖည့္တင္းဖို႔ကေတာ့ ပါးစပ္ကေနပဲ သံဓါတ္ေသာက္ေဆး (ferrous sulfate  200mg/8h  PO) ေပးႏိုင္ပါတယ္။ ဒီ သံဓါတ္ေဆးေတြက ပ်ိဳ႕အန္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ဗိုက္မအီမလည္ျဖစ္ျခင္း၊ ဝမ္းအေရာင္မည္းျခင္း စတာေတြ ျဖစ္ေစတတ္ပါတယ္။  ဟီမိုဂလိုဘင္ ၇% ေအာက္ ေရာက္မွ သို႔မဟုတ္ ေသြးဆုံးရႈံးမႈမ်ားရင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရွိရင္ ေသြးအားနည္း လကၡဏာျပင္းထန္ရင္ေတာ့  ေသြးသြင္းကုသဖို႔ လိုအပ္မွာပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက ( ေဆး-၁ )