【 အလှအပနှင့်ကျန်းမာရေး 】အသည်းလုပ်ငန်းဆောင်တာ စစ်ဆေးခြင်း (Liver Function Test) အကြောင်းသိကောင်း စရာ

 【  အလှအပနှင့်ကျန်းမာရေး  】အသည်းလုပ်ငန်းဆောင်တာ စစ်ဆေးခြင်း (Liver Function Test) အကြောင်းသိကောင်း စရာ

အသည်းဟာ လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့
၁) အစာအာဟာရများ ဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ် ပရိုတိန်း နဲ့ အဆီတွေရဲ့ ဇီဝဖြစ်စဉ်တွေလုပ်ဆောင်ခြင်း
၂) ဗီတာမင်နှင့် သတ္တုဓာတ်များကို သိုလှောင်သိမ်းဆည်းပေးခြင်း
၃) သွေးကြောလေးတွေ အရည်မစိမ့်ထွက်အောင် ထိန်းသိမ်းပေးတဲ့ albumin လို့ခေါ်တဲ့ အသားဓါတ်တမျိုးထုတ်ပေးခြင်း
၄) ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သွေးခဲစေတဲ့ ပစ္စည်းများထုတ်ပေးခြင်း
၅) ရောဂါခုခံရေးစနစ်တွင် ပါဝင်ခြင်း
၆) ခန္ဓာကိုယ်မှ မလိုအပ်သည်များကို စွန့်ထုတ်ပေးခြင်း စတဲ့ လုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင်ပေးနေတဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုပါ။

ဒီလိုအရေးကြီးတဲ့အသည်းကောင်းကောင်းအလုပ် လုပ်/မလုပ် ဘယ်လိုစစ်ဆေးမလဲ?

=======================

Liver Function Test (LFT) စစ်ဖို့လိုပါတယ်။
1.အဝါဓါတ်စစ်ဆေးခြင်း (bilirubin)
2.အသည်း အင်ဇိုင်းများစစ်ဆေးခြင်း (Alanine aminotransferase ALT & asparyate aminotransferase AST)
3.သည်းခြေလမ်းကြောင်းအတွက် စစ်ဆေးခြင်း (Alkaline phosphatase ALP & Gamma-glutanyl transferase GGT)
4.အသားဓါတ်တမျိုးစစ်ဆေးခြင်း (Albumin) တို့ပါဝင်ပါတယ်။

အသည်းလုပ်ငန်းဆောင်တာ မကောင်းခြင်း (Abnormal Liver Function Test)

=====================
1.အဝါဓါတ်များခြင်း (Raised bilirubin)
Bilirubin အဝါဓါတ်ဟာ  သွေးနီဥလေးတွေထဲက ဟီမိုဂလိုဘင် ပြိုကွဲရာက ထွက်လာတာပါ။ သွေးထဲမှာ မပျော်ဝင်နိုင်တဲ့ unconjugated အမျိုးအစားပါ။ အသည်းက ဒီသွေးထဲမှာမပျော်တဲ့ အဝါဓါတ်ကို ရေမှာပျော်ပီး ဆီးထဲ ဝမ်းထဲကနေ စွန့်ထုတ်နိုင်အောင် လုပ်ဆောင်ခြင်း (Conjugation) လုပ်ပေးတာပါ။ ဒါကြောင့် အဝါဓါတ်များနေရင် unconjugated or Conjugated ပေါ်မူတည်ပြီး အကြောင်းရင်း ကွာခြားနိုင်ပါသေးတယ်။
- အသည်းပျက်စီးလို့ အဝါဓါတ်များရင်တော့ Unconjugated ရော Conjugated ရော နှစ်မျိုးလုံးတက်တဲ့အပြင် အသည်း အင်ဇိုင်းတွေပါ တက်နေမှာပါ။
-သွေးနီဥတွေ အဖျက်ခံနေရတဲ့ haemolytic anaemia လို့ခေါ်တဲ့ သွေးရောဂါတွေမှာတော့ unconjugated တွေများနေမှာပါ။
-သည်းခြေလမ်းကြောင်းပိတ်မိနေတဲ့ အခြေအနေ cholestatic jaundice မှာတော့ Conjugated တွေများနေမှာပါ။

2.အသည်း အင်ဇိုင်းများ တက်နေခြင်း (Raised ALT,AST)
အသည်းအင်ဇိုင်းတွေ နှစ်ဆထက်ပိုတက်နေရင်တော့ အသည်းပျက်စီးနေပါပီ။
အသည်း အင်ဇိုင်း တက်တဲ့ပမာဏပေါ်မူတည်ပြီး အသည်းထိခိုက်ရတဲ့အကြောင်းရင်းလည်း ကွာနိုင်ပါတယ်။

<100 U/L ဆိုရင်တော့
-B ပိုး Cပိုးကြောင့် အသည်းပျက်စီးခြင်း
-အသည်းအဆီဖုံးခြင်း
-Haemochromatosis လို့ခေါ်တဲ့ အသည်းမှာ သံဓါတ်တွေ စုပုံခြင်း

100-300 U/L ဆိုရင်တော့-
အပေါ်မှာပြောထားတဲ့ ရောဂါ၃ခုအပြင်
-အရက်ကြောင့် အသည်းရောင်ခြင်း (Alcoholic hepatitis)
-အရက်ကြောင့်မဟုတ်သော အသည်းရောင်ခြင်း (Non alcoholic steatohepatitis)
-ခုခံအားစံလွဲမှားလို့ဖြစ်တဲ့ အသည်းရောင်ခြင်း (Autoimmune hepatitis)
-အသည်းမှာ Copper များစုပုံခြင်း (Wilson disease)

>300 U/L ဆိုရင်တော့-
-ဆေးကြောင့် ရုတ်တရက်အသည်းပျက်စီးခြင်း (Paracetamol induced)
-အဆိပ် သင့်ခြင်း (Amantia phalloides poisoning)
-virus ပိုးများကြောင့် အသည်းရောင်ခြင်း (Acute viral hepatitis)
-B ပိုး ပြန်ကြွခြင်း (Flare up)
-အသည်း သွေးအိုင်ခြင်း 'Ischaemic liver
(အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါမှာတော့ AST က ALT ထက်နှစ်ဆနီးပါးတက်နေတာတွေ့ရမှာပါ။)

3.Alkaline phosphatase ALP & GGT

==========================

 GGT တမျိုးတည်းတက်နေရင်တော့ အရက်နဲ့ အသည်းကို ထိခိုက်စေတဲ့ဆေးတွေကြောင့် ဖြစ်နိုင်ပါတယ်။
ALP ရော GGT ပါ အဆများစွာတက်နေရင်တော့ သည်းခြေလမ်းကြောင်းပိတ်လို့ဖြစ်တဲ့ Obstructive or cholestatic jaundice စဉ်းစားရမှာပါ။ဝမ်းဗိုက် အာထရာဆောင်းရိုက်ကြည့်ပီး သည်းခြေလမ်းကြောင်း ကျယ်/မကျယ် စစ်ဆေးပီး လိုအပ်တာတွေဆက်လက်စစ်ဆေးဖို့လိုမှာပါ။

4.အသားဓါတ် စစ်ဆေးခြင်း (Albumin)

=======================

Albumin ဟာ အသည်းကအများဆုံးထုတ် ပေးတာဖြစ်ပီး သွေးကြောတွေဆီက အရည်မစိမ့်ထွက်အောင် လုပ်ပေးတာပါ။ နာတာရှည် အသည်းပျက်စီးတဲ့သူတွေမှာ Albumin လို့ခေါ်တဲ့ အသားဓါတ် နည်းနေတာ တွေ့ရမှာပါ။ဒါကြောင့် နာတာရှည်အသည်းပျက်စီးတဲ့သူတွေမှာ ရေဖျင်းဆွဲ ခြင်း ဖောရောင်ခြင်း တွေ့ရတာပါ။

အသည်းပျက်စီးတဲ့သူတွေမှာ အရေးကြီးတဲ့ စစ်ဆေးမှုတစ်ခုကတော့ coagulation profile(PT, APTT, INR) စစ်တာပါ။ အသည်းဟာ သွေးခဲခြင်းဖြစ်စဉ်မှာပါတဲ့ factors တော်တော်များများကို ထုတ်ပေးပါတယ်။ အသည်းပျက်စီးတဲ့သူတွေမှာ ဒီ factors တွေမထုတ်နိုင်လို့ အထူးသဖြင့် Vitamin K dependent factors (II, VII, IX, X) လျော့နည်းနေလို့ PT (INR) ပိုကြာရှည်နေမှာပါ။သာမန်လူတွေထက် သွေးထွက်နိုင်ခြေပိုများပါတယ်။ PT (INR) စစ်ခြင်းဖြင့် အသည်းပျက်စီးတာကိုလည်း သိနိုင်ပါတယ်။
 
ကျန်းမာ‌‌ပျော်ရွှင်ကြပါစေ။
ဇီဝက ( ဆေး-၁ )

(  Zawgyi  )

 အသည္းဟာ လူ႔ခႏၶာကိုယ္အတြက္ အလြန္အေရးႀကီးေသာ အစိတ္အပိုင္းတစ္ခုျဖစ္သည္။ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့
၁) အစာအာဟာရမ်ား ျဖစ္တဲ့ ကာဗိုဟိုက္ဒရိတ္ ပ႐ိုတိန္း နဲ႔ အဆီေတြရဲ႕ ဇီဝျဖစ္စဥ္ေတြလုပ္ေဆာင္ျခင္း
၂) ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ားကို သိုေလွာင္သိမ္းဆည္းေပးျခင္း
၃) ေသြးေၾကာေလးေတြ အရည္မစိမ့္ထြက္ေအာင္ ထိန္းသိမ္းေပးတဲ့ albumin လို႔ေခၚတဲ့ အသားဓါတ္တမ်ိဳးထုတ္ေပးျခင္း
၄) ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ေသြးခဲေစတဲ့ ပစၥည္းမ်ားထုတ္ေပးျခင္း
၅) ေရာဂါခုခံေရးစနစ္တြင္ ပါဝင္ျခင္း
၆) ခႏၶာကိုယ္မွ မလိုအပ္သည္မ်ားကို စြန႔္ထုတ္ေပးျခင္း စတဲ့ လုပ္ငန္းေဆာင္တာမ်ားစြာကို လုပ္ေဆာင္ေပးေနတဲ့ အေရးႀကီးအစိတ္အပိုင္းတစ္ခုပါ။

ဒီလိုအေရးႀကီးတဲ့အသည္းေကာင္းေကာင္းအလုပ္ လုပ္/မလုပ္ ဘယ္လိုစစ္ေဆးမလဲ?

=======================

Liver Function Test (LFT) စစ္ဖို႔လိုပါတယ္။
1.အဝါဓါတ္စစ္ေဆးျခင္း (bilirubin)
2.အသည္း အင္ဇိုင္းမ်ားစစ္ေဆးျခင္း (Alanine aminotransferase ALT & asparyate aminotransferase AST)
3.သည္းေျခလမ္းေၾကာင္းအတြက္ စစ္ေဆးျခင္း (Alkaline phosphatase ALP & Gamma-glutanyl transferase GGT)
4.အသားဓါတ္တမ်ိဳးစစ္ေဆးျခင္း (Albumin) တို႔ပါဝင္ပါတယ္။

အသည္းလုပ္ငန္းေဆာင္တာ မေကာင္းျခင္း (Abnormal Liver Function Test)

=====================
1.အဝါဓါတ္မ်ားျခင္း (Raised bilirubin)
Bilirubin အဝါဓါတ္ဟာ  ေသြးနီဥေလးေတြထဲက ဟီမိုဂလိုဘင္ ၿပိဳကြဲရာက ထြက္လာတာပါ။ ေသြးထဲမွာ မေပ်ာ္ဝင္ႏိုင္တဲ့ unconjugated အမ်ိဳးအစားပါ။ အသည္းက ဒီေသြးထဲမွာမေပ်ာ္တဲ့ အဝါဓါတ္ကို ေရမွာေပ်ာ္ပီး ဆီးထဲ ဝမ္းထဲကေန စြန႔္ထုတ္ႏိုင္ေအာင္ လုပ္ေဆာင္ျခင္း (Conjugation) လုပ္ေပးတာပါ။ ဒါေၾကာင့္ အဝါဓါတ္မ်ားေနရင္ unconjugated or Conjugated ေပၚမူတည္ၿပီး အေၾကာင္းရင္း ကြာျခားႏိုင္ပါေသးတယ္။
- အသည္းပ်က္စီးလို႔ အဝါဓါတ္မ်ားရင္ေတာ့ Unconjugated ေရာ Conjugated ေရာ ႏွစ္မ်ိဳးလုံးတက္တဲ့အျပင္ အသည္း အင္ဇိုင္းေတြပါ တက္ေနမွာပါ။
-ေသြးနီဥေတြ အဖ်က္ခံေနရတဲ့ haemolytic anaemia လို႔ေခၚတဲ့ ေသြးေရာဂါေတြမွာေတာ့ unconjugated ေတြမ်ားေနမွာပါ။
-သည္းေျခလမ္းေၾကာင္းပိတ္မိေနတဲ့ အေျခအေန cholestatic jaundice မွာေတာ့ Conjugated ေတြမ်ားေနမွာပါ။

2.အသည္း အင္ဇိုင္းမ်ား တက္ေနျခင္း (Raised ALT,AST)
အသည္းအင္ဇိုင္းေတြ ႏွစ္ဆထက္ပိုတက္ေနရင္ေတာ့ အသည္းပ်က္စီးေနပါပီ။
အသည္း အင္ဇိုင္း တက္တဲ့ပမာဏေပၚမူတည္ၿပီး အသည္းထိခိုက္ရတဲ့အေၾကာင္းရင္းလည္း ကြာႏိုင္ပါတယ္။

<100 U/L ဆိုရင္ေတာ့
-B ပိုး Cပိုးေၾကာင့္ အသည္းပ်က္စီးျခင္း
-အသည္းအဆီဖုံးျခင္း
-Haemochromatosis လို႔ေခၚတဲ့ အသည္းမွာ သံဓါတ္ေတြ စုပုံျခင္း

100-300 U/L ဆိုရင္ေတာ့-
အေပၚမွာေျပာထားတဲ့ ေရာဂါ၃ခုအျပင္
-အရက္ေၾကာင့္ အသည္းေရာင္ျခင္း (Alcoholic hepatitis)
-အရက္ေၾကာင့္မဟုတ္ေသာ အသည္းေရာင္ျခင္း (Non alcoholic steatohepatitis)
-ခုခံအားစံလြဲမွားလို႔ျဖစ္တဲ့ အသည္းေရာင္ျခင္း (Autoimmune hepatitis)
-အသည္းမွာ Copper မ်ားစုပုံျခင္း (Wilson disease)

>300 U/L ဆိုရင္ေတာ့-
-ေဆးေၾကာင့္ ႐ုတ္တရက္အသည္းပ်က္စီးျခင္း (Paracetamol induced)
-အဆိပ္ သင့္ျခင္း (Amantia phalloides poisoning)
-virus ပိုးမ်ားေၾကာင့္ အသည္းေရာင္ျခင္း (Acute viral hepatitis)
-B ပိုး ျပန္ႂကြျခင္း (Flare up)
-အသည္း ေသြးအိုင္ျခင္း 'Ischaemic liver
(အရက္ေၾကာင့္ျဖစ္တဲ့ အသည္းေရာဂါမွာေတာ့ AST က ALT ထက္ႏွစ္ဆနီးပါးတက္ေနတာေတြ႕ရမွာပါ။)

3.Alkaline phosphatase ALP & GGT

==========================

 GGT တမ်ိဳးတည္းတက္ေနရင္ေတာ့ အရက္နဲ႔ အသည္းကို ထိခိုက္ေစတဲ့ေဆးေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
ALP ေရာ GGT ပါ အဆမ်ားစြာတက္ေနရင္ေတာ့ သည္းေျခလမ္းေၾကာင္းပိတ္လို႔ျဖစ္တဲ့ Obstructive or cholestatic jaundice စဥ္းစားရမွာပါ။ဝမ္းဗိုက္ အာထရာေဆာင္း႐ိုက္ၾကည့္ပီး သည္းေျခလမ္းေၾကာင္း က်ယ္/မက်ယ္ စစ္ေဆးပီး လိုအပ္တာေတြဆက္လက္စစ္ေဆးဖို႔လိုမွာပါ။

4.အသားဓါတ္ စစ္ေဆးျခင္း (Albumin)

=======================

Albumin ဟာ အသည္းကအမ်ားဆုံးထုတ္ ေပးတာျဖစ္ပီး ေသြးေၾကာေတြဆီက အရည္မစိမ့္ထြက္ေအာင္ လုပ္ေပးတာပါ။ နာတာရွည္ အသည္းပ်က္စီးတဲ့သူေတြမွာ Albumin လို႔ေခၚတဲ့ အသားဓါတ္ နည္းေနတာ ေတြ႕ရမွာပါ။ဒါေၾကာင့္ နာတာရွည္အသည္းပ်က္စီးတဲ့သူေတြမွာ ေရဖ်င္းဆြဲ ျခင္း ေဖာေရာင္ျခင္း ေတြ႕ရတာပါ။

အသည္းပ်က္စီးတဲ့သူေတြမွာ အေရးႀကီးတဲ့ စစ္ေဆးမႈတစ္ခုကေတာ့ coagulation profile(PT, APTT, INR) စစ္တာပါ။ အသည္းဟာ ေသြးခဲျခင္းျဖစ္စဥ္မွာပါတဲ့ factors ေတာ္ေတာ္မ်ားမ်ားကို ထုတ္ေပးပါတယ္။ အသည္းပ်က္စီးတဲ့သူေတြမွာ ဒီ factors ေတြမထုတ္ႏိုင္လို႔ အထူးသျဖင့္ Vitamin K dependent factors (II, VII, IX, X) ေလ်ာ့နည္းေနလို႔ PT (INR) ပိုၾကာရွည္ေနမွာပါ။သာမန္လူေတြထက္ ေသြးထြက္ႏိုင္ေျခပိုမ်ားပါတယ္။ PT (INR) စစ္ျခင္းျဖင့္ အသည္းပ်က္စီးတာကိုလည္း သိႏိုင္ပါတယ္။
 
က်န္းမာ‌‌ေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက ( ေဆး-၁ )