
【 အလှအပနှင့်ကျန်းမာရေး 】“ နှစ်မျိုးစပ်ကိုဗစ်ကာကွယ်ဆေးအကြောင်းသိကောင်းစရာ(Bivalent Covid Vaccine)”
ဗိုင်းရပ်စ်ပိုးတွေဟာပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲခြင်း၊မျိုးရိုးဗီဇပြောင်းလဲခြင်း စတဲ့နည်းအမျိုးမျိုးနဲ့ ရောဂါကူးစက်စေနိုင်ပါတယ်။ဒါကြောင့်ကာကွယ်ဆေးထိုးထားပေမယ့်လည်းရောဂါပြင်းထန်မှုကိုသာ လျော့ချနိုင်ပြီး လုံးဝမကူးစက်အောင်မတားဆီးနိုင်ကြပါဘူး။
အခုနောက်ဆုံးထွက်ရှိထားတဲ့ ကိုဗစ်ကာကွယ်ဆေး (Bivalent Vaccine)နှစ်မျိုးစပ် ကိုဗစ်ကာကွယ် ဆေးဆိုတာကတော့
- ကိုဗစ်ဗိုင်းရပ်မူလ မျိုးရိုးဗီဇ (Original Wild Type Spike Protein)နှင့်
- ကူးစက်မှုမြန်တဲ့ အိုမီခရွန်( Omicron BA.4,BA.5 subvarinats Spike Protein) မျိုးရိုးဗီဇ ၂မျိုးပေါင်းထုတ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။
နှစ်မျိုးစပ်ကိုဗစ်ကာကွယ်ဆေး bivalent Vaccine တွေကတော့
- Moderna Covid-19 Bivalent နဲ့
- Pfizer -BioNTech Covid-19 Bivalent တို့ပဲဖြစ်ပါတယ်။
ဒီ ကာကွယ်ဆေး၂မျိုးလုံးဟာ messenger RNA (mRNA) နည်းနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး ယခုထွက်ရှိသမျှ ကိုဗစ်ကာကွယ်ဆေးအားလုံးထဲမှာ အကောင်းဆုံးဖြစ်ပါတယ်။
နှစ်မျိုးစပ်ကာကွယ်ဆေးထိုးပြီးရင်ရောဂါလုံးဝမကူးနိုင်တော့ဘူးလား?
ဗီဇ၂မျိုးပေါင်းစပ်ထားတဲ့ကာကွယ်ဆေးကတော့ မျိုးရိုးဗီဇတစ်မျိုးပဲပါဝင်တဲ့ monovalent vaccine တွေထက်ပိုမိုကောင်းမွန်ပြီး ရောဂါကူးစက်နှုန်း၊ပြင်းထန်နှုန်းလျော့ချပေးပါတယ်။ဒါပေမယ့် ၁၀၀ ရာခိုင်နှုုန်းကာကွယ်မှုတော့မပေးနိုင်ပါဘူး။
ဒါကြောင့် ကာကွယ်ဆေးထိုးပြီးသူတွေအနေနဲ့ လက်ဆေးခြင်း၊ လူထူထပ်သော နေရာများတွင်Mask နှာခေါင်းစည်းဝတ်ဆင်ခြင်း စတဲ့နည်းလမ်းတွေ ဆက်လက်ပြုလုပ်နေဖို့လိုပါတယ်။
အရင်ကိုဗစ်ကာကွယ်ဆေးနဲ့၂မျိုးစပ်ကာကွယ်ဆေး အချိန်ဘယ်လောက်ခြားဖို့လိုပါသလဲ? နောက်ဆုံး ထိုးထားတဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ၂မျိုးစပ်ကာကွယ်ဆေး အနည်းဆုံး ၂လခြားဖို့လိုပါတယ်။
၂မျိုးစပ်ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကဘာတွေလဲ?
၂မျိုးစပ်ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ ယခင်ကာကွယ်ဆေးများနဲ့အတူတူပါပဲ။
- ဆေးထိုးထားသောလက်မောင်းတစ်ဝိုက်နာခြင်း
- ခေါင်းကိုက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ဖျားခြင်း
- ခေါင်းမူးခြင်း၊ပျို့အန်ခြင်း
- အဆစ်အမြစ်များနာခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
ဒါကြောင့်ကိုဗစ်ကာကွယ်ဆေးထိုးထားတာ၆လပြည့်ပြီဆိုရင်တော့ အားဖြည့် Booster Dose ကာကွယ်ဆေး တစ်လုံး ထပ်ထိုးထားဖို့တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo credit- CIDRAP