【 အလှအပနှင့်ကျန်းမာရေး 】“ ပိုးလေးဖက်နာ ”

【 အလှအပနှင့်ကျန်းမာရေး 】“  ပိုးလေးဖက်နာ ”

လေးဖက်နာရောဂါလို့ပြောမယ်ဆိုရင်

-           ပိုးလေးဖက်နာ (ဘက်တီးရီးယားပိုး‌ ကြောင့်ဖြစ်တဲ့လေးဖက်နာRheumatic Fever)

-           အရေပြားလေးဖက်နာ (SLE)

-           သွေးလေးဖက်နာ (RA) ဆိုပြီး အမျိုးအစားတွေမတူကြပါဘူး။

(သွေးလေးဖက်နာနဲ့အရေပြားလေးဖက်နာကတော့ ကိုယ်ခံအားစနစ်ချို့ယွင်းမှုကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်ပါတယ်။)

 ပိုးလေးဖက်နာဆိုတာကတော့  လည်ချောင်းနာခြင်းကိုအဓိကဖြစ်‌ ‌‌စေတဲ့ streptococcal လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့  ရောဂါဖြစ်ပါတယ်။

ပိုးလေးဖက်နာရောဂါဟာ အသက် ၅ နှစ် နဲ့ ၁၅ နှစ်ကြားအသက်ငယ်ရွယ်သူတွေမှာအဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။

 

ပိုးလေးဖက်နာရောဂါရဲ့လက္ခဏာတွေကတော့

၁- ကိုယ်အပူချိန်တက်ခြင်း

၂-လက်ဆစ်၊ခြေဆစ်၊တံတောင်ဆစ်၊ဒူးခေါင်း စသည့် အဆစ်အမြစ်များနာကျင်‌ ရောင်ရမ်းခြင်း

၃- ပင်ပန်းနွမ်းနယ်ခြင်း

၄- ခန္ဓာကိုယ်တွင်အနီကွက်များထွက်ခြင်း

၅- အရေပြားအောက်တွင်အနီ အလုံးအဖုများထွက်ခြင်း

၆- Chorea လို့ခေါ်တဲ့အကြောဆွဲခြင်း

၇- နှလုံးရောင်ရမ်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း စတဲ့ ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

 

ပိုးလေးဖက်နာရောဂါရှိမရှိကို

-           ရောဂါရာဇဝင်မေးမြန်း၍စမ်းသပ်စစ်ဆေးခြင်း

-           သွေးစစ်ဆေးခြင်း

-           နှလုံး ECG ဆွဲခြင်း

-           Echocardiogram ဟုခေါ်သော နှလုံးတယ်လီဗေးရှင်း

စမ်းသပ်စစ်‌‌ဆေးခြင်း များ ပြုလုပ်၍ရောဂါရှိမရှိသိနိုင်ပါတယ်။

 

ပိုးလေးဖက်နာရောဂါကိုဘယ်လိုကုသနိုင်ပါသလဲ?

ပိုးလေးဖက်နာရောဂါကိုရောဂါအခြေအနေပေါ်မူတည်၍

-           ပိုးသတ်ဆေး

-           အကိုက်အခဲပျောက်ဆေးများနဲ့ကုသနိုင်ပါတယ်။

 

ပိုးလေးဖက်နာရောဂါကို‌ သေချာမကုသရင်တော့ရဲ့နောက်ဆက်တွဲအနေနဲ့ နှလုံး‌အဆို့ရှင်ပျက်စီး‌ ခြင်းကြောင့်

၁- နှလုံးအဆို့ရှင်ကျဉ်းခြင်း

၂- နှလုံးအဆို့ရှင်မလုံခြင်း

၃- နှလုံးကြွက်သားများပျက်စီးခြင်း ကြောင့် နှလုံးခုန်နှုန်းမမှန်ခြင်းစတဲ့ နောက်ဆက်တွဲရောဂါတွေခံစားရနိုင်ပါတယ်။

ASO တက်နေတယ်ပိုးလေးဖက်နာဖြစ်နေပြီလား?

-           ပိုးလေးဖက်နာရောဂါဟုတ်မဟုတ်ကို ဆရာဝန်နဲ့ပြသပြီးတိုင်ပင်သင့်ပါတယ်။

-           ASO ဆိုတာကတော့ streptococcal ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ဓါတ်ခွဲစမ်းသပ်မှုဖြစ်ပြီးASO တက်ရုံနဲ့ပိုးလေးဖက်နာလို့ သတ်မှတ်လို့မရပါဘူး။

-           လည်ချောင်းနာခြင်း၊အရေပြားပိုးဝင်ခြင်းစတာတွေမှာလည်း ASO တက်နိုင်တာဖြစ်လို့ မိမိသဘောနဲ့ ပိုးသတ်ဆေးသောက်တာမျိုးမလုပ်ပဲတတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံမှာသွားရောက်ပြသဖို့အကြံပြုလိုပါတယ်။

 

Dr.Phyu

Photo credit- Centers for Disease Control and Prevention