【 အလှအပနှင့်ကျန်းမာရေး 】 ကျီးကန်းပါးစပ် (Angular stomatitis) အ‌ကြောင်းသိကောင်းစရာ

 【  အလှအပနှင့်ကျန်းမာရေး  】 ကျီးကန်းပါးစပ် (Angular stomatitis) အ‌ကြောင်းသိကောင်းစရာ

နှုတ်ခမ်းထောင့်​လေးမှာ ကွဲတာ၊ အနာဖြစ်တာ လူတိုင်းနီးပါးကြုံဖူးကြမှာပါ။ ဒီလိုဖြစ်ရင် ပါးစပ်ဟလို့မကောင်းဘဲ စပ်ဖျင်း ဖျင်းဖြစ်မယ် နာမယ်။ ဒီအနာ​လေးတွေကို ကျီးကန်းပါးစပ်ဖြစ်တယ်လို့ လူအများသိကြပါတယ်။ ဆေးပညာ အခေါ်အဝေါ် အရတော့ Angular chelitis (Angular Stomatitis) လို့ခေါ်ပါတယ်။ ဒီအပတ်မှာတော့ ဒီ Angular Stomatitis ခေါ် ကျီးကန်းပါးစပ် အကြောင်း ဖော်ပြပေးမှာပါ။

Angular Stomatitis ခေါ် ကျီးကန်းပါးစပ်က ကလေးငယ်တွေကစလို့ လူကြီးအထိ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်တဲ့။ နှုတ်ခမ်းထောင့် တဖက်တည်းမှာဖြစ်နိုင်သလို နှစ်ဖက်လုံးလည်း ဖြစ်တတ်ပါတယ်။ ရက်အနည်းငယ်လောက်ကြာရင် သူ့အလိုလို ပျောက်သွားတာလည်း ရှိသလို တချို့သူတွေမှာတော့ ပိုကြာတာလည်းရှိတတ်ပါတယ်။

ဘယ်လိုတွေ့ရမလဲ?
စဖြစ်ဖြစ်ချင်း နှုတ်ခမ်းထောင့်လေးမှာ ခပ်ထူထူလေးဖြစ်ပီး ဘေးနားလေးတွေ ရဲလာမယ်။ နောက်ပိုင်းမှာ တြိဂံပုံစံမျိုး ရဲနေတဲ့ နေရာလေးဖြစ်လာပြီး ရောင်လာမယ် အရေပြားလေးတွေ ကွဲလာမယ်။ အနာဖြစ်လာမယ်။ ဒီလို လက္ခဏာတွေနဲ့ တွဲတွေ့ရမယ်-
-နှုတ်ခမ်းကွဲခြင်း
-အရည်ကြည်ဖုထွက်ခြင်း
-နှုတ်ခမ်းခြောက်ပြီးကွာခြင်း
-ယားယံခြင်း
-ပါးစပ်ဟရင် နာခြင်း
-စပ်ဖျင်းဖျင်းဖြစ်ခြင်း
-အစားစားရခက်ခြင်း အစားအသောက်ပျက်ခြင်း

ဘာကြောင့်ဖြစ်တာလဲ?
(၁)ပိုးဝင်ခြင်း
(၂)အာဟာရချို့တဲ့ခြင်း
(၃)အချို့သော systemic ရောဂါများ
နှင့် ခုခံအားကျဆင်းခြင်း
(၄)အချို့ဆေးများ
(၅)ဓါတ်မတည့်ခြင်း
(၆)သွားတု အံကပ် အံဝင်ခွင်ကျ မဖြစ်ခြင်း

(၁)ပိုးဝင်ခြင်း
ကျီးကန်းပါးစပ်က ပိုးဝင်ခြင်းကြောင့်ဖြစ်တာများပါတယ်။ အဓိကကတော့ တံတွေးကြောင့် မှိုပိုးဝင်ခြင်းပါ။ နှုတ်ခမ်းထောင့်နားနေရာက တံတွေး saliva စုတဲ့နေရာဖြစ်လို့ အက်ကွဲခြင်း၊ ခြောက်သွေ့ခြင်းဖြစ်လွယ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ လျှာနဲ့သပ်တာ နှုတ်ခမ်းသပ်တာ လုပ်တဲ့အကျင့်ရှိကြပါတယ်။ ဒါကြောင့် တံတွေးစုတဲ့ ဒီနှုတ်ခမ်းထောင့် နေရာက မှိုစွဲဖို့ အများဆုံးပါ။ အများဆုံးက Candida မှိုကြောင့်ဖြစ်တာပါ။ ဘက်တီးရီးယားပိုးတွေဖြစ်တဲ့ Staphylococcus aureus, Beta haemolytic streptococcus ဒီအကောင်တွေကလည်း ဖြစ်စေနိုင်ပါတယ်။ ရေယုန်ပိုး (herpes) ကြောင့်ဖြစ်ရင်တော့ cold sores(herpes labialis) လို့ခေါ်ပါတယ်။

(၂)အာဟာရချို့တဲ့ခြင်း
သံဓါတ်, ဗီတာမင် ဘီ အုပ်စု နှင့် ဇင့်ဓါတ် ချို့တဲ့ခြင်းကလည်း ကျီးကန်းပါးစပ် ဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ တခုပါဝင်ပါတယ်။ ​ကြာရှည် သံဓါတ်ချို့တဲ့သူ​တွေမှာ တော့ အခြားဒီလက္ခဏာတွေနဲ့ တွဲတွေ့ရမှာပါ-
-လက်သည်း ခြေသည်း ပုံပျက်ခြင်း (Koilonychia)
-လျှာ နီရဲ ရောင်ရမ်းခြင်း (Glossitis)
-‌သွေးအားနည်းခြင်း (Anaemia)

(၃)အချို့သော systemic ရောဂါများနှင့် ခုခံအားကျဆင်းခြင်း
အူလမ်းကြောင်း စုပ်ယူမှုမကောင်းတဲ့ ရောဂါတွေကလည်း အာဟာရချို့တဲ့တာဖြစ်စေလို့ ကျီးကန်းပါးစပ်ဖြစ်တာနဲ့ ဆက်စပ်မှုရှိပါတယ်။ နာတာရှည် အူရောင်ရမ်းတဲ့ ရောဂါတွေဖြစ်တဲ့ (Ulcerative Colitis, Chron) စတဲ့ရောဂါတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ခုခံအားနည်းနေတဲ့ သူတွေဖြစ်တဲ့ HIV ဝေဒနာသည်တွေ၊ ဆီးချိုသမား၊ ကင်ဆာဖြစ်တဲ့ သူတွေမှာ လည်း ပိုဖြစ်လွယ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကလည်း ကျီးကန်းပါးစပ် ပိုဖြစ်စေတဲ့ factor ထဲ ပါပါတယ်။

(၄)အချို့ဆေးများ
အချို့ဆေးတွေ ဖြစ်တဲ့ isotretinoin (ဗီတာမင်အေ)၊ sorafinib ၊ indinavir စတဲ့ဆေးတွေကလည်း အသားခြောက်တာ နှုတ်ခမ်းခြောက်တာ ဖြစ်စေလို့ ပိုဖြစ်စေပါတယ်။

(၅)ဓါတ်မတည့်ခြင်း
နှုတ်ခမ်းနီ၊ သွားတိုက်ဆေး၊ အလှကုန် နဲ့ အစားအသောက်တွေ ဓါတ်မတည့်ရင်လည်း ဖြစ်တတ်ပါတယ်။

(၆)သွားတု၊ အံကပ် အံဝင်ခွင်ကျမ​​ဖြစ်ခြင်း ကလည်း နှုတ်ခမ်းထောင့်မှာ အ​ရေးအကြောင်းပိုဖြစ်စေလို့ မှိုပိုးဝင်လွယ်ပါတယ်။

ဘယ်လိုကုသမလဲ?
ပုံမှန်အားဖြင့်တော့ အိမ်မှာကုရင်းနဲ့ ပျောက်တာများပါတယ်။ အိမ်မှာ အလွယ်တကူ လုပ်နိုင်တဲ့ ကုသနည်းတွေကတော့-
-အနာကို antiseptic ပိုးသတ်ဆေး လိမ်းပြီး သန့်အောင်ထားခြင်း
-စတီးရွိုက်ပါတဲ့ လိမ်းဆေး လိမ်းခြင်း
-နှုတ်ခမ်းကွဲတာ သက်သာအောင် vaseline လို အဆီတမျိုးမျိုး လိမ်းခြင်း
-ရေ ခဏခဏသောက်ပေးခြင်း
၂ ပတ်ထက်ပိုကြာနေမယ် ခဏခဏပြန်ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ ကုသမှုခံယူပါ။ မှို နဲ့ ဘက်တီးရီးယားပိုးတွေကြောင့်ဆို ပိုးက ဘေးကို ပျံ့တာ မက်ခရုပေါက်တာတွေလည်း ဖြစ်နိုင်လို့ပါ။ အာဟာရချို့တဲ့လို့ ဖြစ်ရင်တော့ သံဓါတ်အားဆေး၊ ဗီတာမင် အားဆေးတွေနဲ့ ပြန်ဖြည့်ဖို့ လိုမှာပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက ( ဆေး-၁ )

(  Zawgyi  )

 ႏႈတ္ခမ္းေထာင့္​ေလးမွာ ကြဲတာ၊ အနာျဖစ္တာ လူတိုင္းနီးပါးႀကဳံဖူးၾကမွာပါ။ ဒီလိုျဖစ္ရင္ ပါးစပ္ဟလို႔မေကာင္းဘဲ စပ္ဖ်င္း ဖ်င္းျဖစ္မယ္ နာမယ္။ ဒီအနာ​ေလးေတြကို က်ီးကန္းပါးစပ္ျဖစ္တယ္လို႔ လူအမ်ားသိၾကပါတယ္။ ေဆးပညာ အေခၚအေဝၚ အရေတာ့ Angular chelitis (Angular Stomatitis) လို႔ေခၚပါတယ္။ ဒီအပတ္မွာေတာ့ ဒီ Angular Stomatitis ေခၚ က်ီးကန္းပါးစပ္ အေၾကာင္း ေဖာ္ျပေပးမွာပါ။

Angular Stomatitis ေခၚ က်ီးကန္းပါးစပ္က ကေလးငယ္ေတြကစလို႔ လူႀကီးအထိ အသက္အ႐ြယ္မေ႐ြးျဖစ္ႏိုင္ပါတယ္တဲ့။ ႏႈတ္ခမ္းေထာင့္ တဖက္တည္းမွာျဖစ္ႏိုင္သလို ႏွစ္ဖက္လုံးလည္း ျဖစ္တတ္ပါတယ္။ ရက္အနည္းငယ္ေလာက္ၾကာရင္ သူ႔အလိုလို ေပ်ာက္သြားတာလည္း ရွိသလို တခ်ိဳ႕သူေတြမွာေတာ့ ပိုၾကာတာလည္းရွိတတ္ပါတယ္။

ဘယ္လိုေတြ႕ရမလဲ?
စျဖစ္ျဖစ္ခ်င္း ႏႈတ္ခမ္းေထာင့္ေလးမွာ ခပ္ထူထူေလးျဖစ္ပီး ေဘးနားေလးေတြ ရဲလာမယ္။ ေနာက္ပိုင္းမွာ ႀတိဂံပုံစံမ်ိဳး ရဲေနတဲ့ ေနရာေလးျဖစ္လာၿပီး ေရာင္လာမယ္ အေရျပားေလးေတြ ကြဲလာမယ္။ အနာျဖစ္လာမယ္။ ဒီလို လကၡဏာေတြနဲ႔ တြဲေတြ႕ရမယ္-
-ႏႈတ္ခမ္းကြဲျခင္း
-အရည္ၾကည္ဖုထြက္ျခင္း
-ႏႈတ္ခမ္းေျခာက္ၿပီးကြာျခင္း
-ယားယံျခင္း
-ပါးစပ္ဟရင္ နာျခင္း
-စပ္ဖ်င္းဖ်င္းျဖစ္ျခင္း
-အစားစားရခက္ျခင္း အစားအေသာက္ပ်က္ျခင္း

ဘာေၾကာင့္ျဖစ္တာလဲ?
(၁)ပိုးဝင္ျခင္း
(၂)အာဟာရခ်ိဳ႕တဲ့ျခင္း
(၃)အခ်ိဳ႕ေသာ systemic ေရာဂါမ်ား
ႏွင့္ ခုခံအားက်ဆင္းျခင္း
(၄)အခ်ိဳ႕ေဆးမ်ား
(၅)ဓါတ္မတည့္ျခင္း
(၆)သြားတု အံကပ္ အံဝင္ခြင္က် မျဖစ္ျခင္း

(၁)ပိုးဝင္ျခင္း
က်ီးကန္းပါးစပ္က ပိုးဝင္ျခင္းေၾကာင့္ျဖစ္တာမ်ားပါတယ္။ အဓိကကေတာ့ တံေတြးေၾကာင့္ မႈိပိုးဝင္ျခင္းပါ။ ႏႈတ္ခမ္းေထာင့္နားေနရာက တံေတြး saliva စုတဲ့ေနရာျဖစ္လို႔ အက္ကြဲျခင္း၊ ေျခာက္ေသြ႕ျခင္းျဖစ္လြယ္ပါတယ္။ ဒီလိုျဖစ္တဲ့အခါ လွ်ာနဲ႔သပ္တာ ႏႈတ္ခမ္းသပ္တာ လုပ္တဲ့အက်င့္ရွိၾကပါတယ္။ ဒါေၾကာင့္ တံေတြးစုတဲ့ ဒီႏႈတ္ခမ္းေထာင့္ ေနရာက မႈိစြဲဖို႔ အမ်ားဆုံးပါ။ အမ်ားဆုံးက Candida မႈိေၾကာင့္ျဖစ္တာပါ။ ဘက္တီးရီးယားပိုးေတြျဖစ္တဲ့ Staphylococcus aureus, Beta haemolytic streptococcus ဒီအေကာင္ေတြကလည္း ျဖစ္ေစႏိုင္ပါတယ္။ ေရယုန္ပိုး (herpes) ေၾကာင့္ျဖစ္ရင္ေတာ့ cold sores(herpes labialis) လို႔ေခၚပါတယ္။

(၂)အာဟာရခ်ိဳ႕တဲ့ျခင္း
သံဓါတ္, ဗီတာမင္ ဘီ အုပ္စု ႏွင့္ ဇင့္ဓါတ္ ခ်ိဳ႕တဲ့ျခင္းကလည္း က်ီးကန္းပါးစပ္ ျဖစ္ေစတဲ့ အေၾကာင္းရင္းထဲမွာ တခုပါဝင္ပါတယ္။ ​ၾကာရွည္ သံဓါတ္ခ်ိဳ႕တဲ့သူ​ေတြမွာ ေတာ့ အျခားဒီလကၡဏာေတြနဲ႔ တြဲေတြ႕ရမွာပါ-
-လက္သည္း ေျခသည္း ပုံပ်က္ျခင္း (Koilonychia)
-လွ်ာ နီရဲ ေရာင္ရမ္းျခင္း (Glossitis)
-‌ေသြးအားနည္းျခင္း (Anaemia)

(၃)အခ်ိဳ႕ေသာ systemic ေရာဂါမ်ားႏွင့္ ခုခံအားက်ဆင္းျခင္း
အူလမ္းေၾကာင္း စုပ္ယူမႈမေကာင္းတဲ့ ေရာဂါေတြကလည္း အာဟာရခ်ိဳ႕တဲ့တာျဖစ္ေစလို႔ က်ီးကန္းပါးစပ္ျဖစ္တာနဲ႔ ဆက္စပ္မႈရွိပါတယ္။ နာတာရွည္ အူေရာင္ရမ္းတဲ့ ေရာဂါေတြျဖစ္တဲ့ (Ulcerative Colitis, Chron) စတဲ့ေရာဂါေတြနဲ႔လည္း ဆက္စပ္မႈရွိပါတယ္။ ခုခံအားနည္းေနတဲ့ သူေတြျဖစ္တဲ့ HIV ေဝဒနာသည္ေတြ၊ ဆီးခ်ိဳသမား၊ ကင္ဆာျဖစ္တဲ့ သူေတြမွာ လည္း ပိုျဖစ္လြယ္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းကလည္း က်ီးကန္းပါးစပ္ ပိုျဖစ္ေစတဲ့ factor ထဲ ပါပါတယ္။

(၄)အခ်ိဳ႕ေဆးမ်ား
အခ်ိဳ႕ေဆးေတြ ျဖစ္တဲ့ isotretinoin (ဗီတာမင္ေအ)၊ sorafinib ၊ indinavir စတဲ့ေဆးေတြကလည္း အသားေျခာက္တာ ႏႈတ္ခမ္းေျခာက္တာ ျဖစ္ေစလို႔ ပိုျဖစ္ေစပါတယ္။

(၅)ဓါတ္မတည့္ျခင္း
ႏႈတ္ခမ္းနီ၊ သြားတိုက္ေဆး၊ အလွကုန္ နဲ႔ အစားအေသာက္ေတြ ဓါတ္မတည့္ရင္လည္း ျဖစ္တတ္ပါတယ္။

(၆)သြားတု၊ အံကပ္ အံဝင္ခြင္က်မ​​ျဖစ္ျခင္း ကလည္း ႏႈတ္ခမ္းေထာင့္မွာ အ​ေရးအေၾကာင္းပိုျဖစ္ေစလို႔ မႈိပိုးဝင္လြယ္ပါတယ္။

ဘယ္လိုကုသမလဲ?
ပုံမွန္အားျဖင့္ေတာ့ အိမ္မွာကုရင္းနဲ႔ ေပ်ာက္တာမ်ားပါတယ္။ အိမ္မွာ အလြယ္တကူ လုပ္ႏိုင္တဲ့ ကုသနည္းေတြကေတာ့-
-အနာကို antiseptic ပိုးသတ္ေဆး လိမ္းၿပီး သန႔္ေအာင္ထားျခင္း
-စတီး႐ြိဳက္ပါတဲ့ လိမ္းေဆး လိမ္းျခင္း
-ႏႈတ္ခမ္းကြဲတာ သက္သာေအာင္ vaseline လို အဆီတမ်ိဳးမ်ိဳး လိမ္းျခင္း
-ေရ ခဏခဏေသာက္ေပးျခင္း
၂ ပတ္ထက္ပိုၾကာေနမယ္ ခဏခဏျပန္ျဖစ္တယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပၿပီး လိုအပ္တဲ့ ကုသမႈခံယူပါ။ မႈိ နဲ႔ ဘက္တီးရီးယားပိုးေတြေၾကာင့္ဆို ပိုးက ေဘးကို ပ်ံ႕တာ မက္ခ႐ုေပါက္တာေတြလည္း ျဖစ္ႏိုင္လို႔ပါ။ အာဟာရခ်ိဳ႕တဲ့လို႔ ျဖစ္ရင္ေတာ့ သံဓါတ္အားေဆး၊ ဗီတာမင္ အားေဆးေတြနဲ႔ ျပန္ျဖည့္ဖို႔ လိုမွာပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက ( ေဆး-၁ )