【 အလှအပနှင့်ကျန်းမာရေး 】 “ သားဥအိမ် ကင်ဆာ”

【 အလှအပနှင့်ကျန်းမာရေး 】 “ သားဥအိမ် ကင်ဆာ”

အမျိုးသမီးများမှာဖြစ်တတ်တဲ့ သားဥအိမ်ကင်ဆာအကြောင်းကိုပြောပြပေးလိုပါတယ်။

သားဥအိမ်ဟာ အမျိုးသမီးများအတွက် လစဉ်သားဥကြွေခြင်းကိုဖြစ်စေပြီး‌ အမျိုးသမီးများအတွက် ဟော်မုန်းထိန်းချုပ်မှုမှာ ပါဝင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

သားဥအိမ်ကင်ဆာဟာ ရောဂါအဆင့်မြင့်လာမှ လက္ခဏာပြတတ်တာဖြစ်တဲ့အတွက် စသိချိန်မှာ ကင်ဆာအဆင့်မြင့်နေတာမျိုး ဖြစ်နိုင်ပါတယ်။

ဘယ်လိုသူတွေမှာအဖြစ်ပိုများနိုင်ပါသလဲ?

၁- မိသားစုမျိုးရိုးထဲတွင် သားဥအိမ်ကင်ဆာဖြစ်ဖူးသူများ

၂- ကိုယ်ဝန်မဆောင်ဖူးသူများ

၃- ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ နှင့် အူမကြီးကင်ဆာရောဂါရှိသူများ

၄- Endometriosis လို့ခေါ်တဲ့သားအိမ်အမြှေးပါးတစ်သျှူးရောဂါရှိသူများ

၅- သွေးဆုံးပြီးနောက် ဟော်မုန်းဆေးသုံးသူများ

၆- ရာသီသွေးစပေါ်သောအသက်အရွယ်စောသူများနှင့် သွေးဆုံးချိန်နောက်ကျသူများ

၇- အဝလွန်သူများ

၈- အသက်အရွယ်ကြီးသူများ စတဲ့သူတွေမှာဖြစ်နိုင်ချေပိုများပါတယ်။

ရောဂါလက္ခဏာတွေကတော့

၁- ဝမ်းဗိုက်တင်းပြီး ပြည့်နေသကဲ့သို့ခံစားရခြင်း

၂- ကိုယ်အလေးချိန်ကျဆင်းခြင်း

၃- ဆီးခုံတစ်ဝိုက် မအီမသာခံစားရခြင်း

၄- အစားအသောက်ပျက်ခြင်း၊ အစားနည်းနည်းစားပြီးသည်နှင့်ပြည့်အင်သည်ဟုခံစားရခြင်း

၅- နုံးခြင်း၊မောပန်းလွယ်ခြင်း

၆- ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းခြင်း၊

မိန်းမကိုယ်မှအခြားသောအရည်များဆင်းခြင်း

၇- ဝမ်းဗိုက်တွင်အလုံးစမ်းမိခြင်း၊ဝမ်းဗိုက် ပူလာခြင်း

၈- ဆီးခဏခဏသွားခြင်း၊ဝမ်းချုပ်ခြင်း စတဲ့ရောဂါလက္ခဏာတွေကိုခံစားရနိုင်ပါတယ်။

ကာကွယ်လို့ရပါသလား?

ကိုယ်ဝန်တားဆေး‌သောက်သုံးသူတွေမှာတော့ သားဥအိမ်ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ ဒါပေမယ့် သားဥအိမ်ကင်ဆာကာကွယ်ဖို့ဆိုပြီးတားဆေးသောက်ခြင်းကနေ ဘေးထွက်ဆိုးကျိုးခံစားရနိုင်ပါတယ်။

ဒါကြောင့်သားဥအိမ်ကင်ဆာအတွက် အဓိကကာကွယ်ခြင်းကတော့ အာဟာရမျှတအောင်စားသုံးပြီး ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထိန်းသိမ်းသင့်ပါတယ်။

မိမိမှာ သားဥအိမ်ကင်ဆာမျိုးရိုးရှိတယ်ဆိုရင်တော့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ်။စောစောစီးစီးရောဂါရှိမှန်းသိပါက ခွဲစိတ်ကုသမှုခံယူခြင်းဖြင့် ကုသနိုင်ပါတယ်။

Dr.Phyu

Photo crd- everydayhealth.com